ပိုကယ်ဖလားဗိုလ်လုပွဲမှာ ဟာလန်းနဲ့ ဆန်ချိုတို့ ၂ဂိုးစီသွင်းပြီး ဒေါ့မန်နဲ့ ပထမဆုံး ဆုဖလားဆွတ်ခူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘွန်ဒက်စ်လီဂါကနေ ချန်ပီယံလိ၈်ဝင်ခွင့် အသည်းအသန် ကြိုးစားနေရတဲ့ ဒေါ့မန်ဟာ ပိုကယ်ဖလားဗိုလ်လုပွဲမှာတော့ လိုက်ဇစ်အသင်းကို အနိုင်ယူဗိုလ်စွဲသွားခဲ့ပါတယ်။

ပိုကယ်ဖလားဗိုလ်လုပွဲမှာ လိုက်ဇစ်ကို ၄-၁ နဲ့ ဒေါ့မွန်ဟာ အနိုင်ရခဲ့တာဖြစ်ပြီး ဒါဟာ ၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဆုဖလားဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ခဲ့ပါတယ်။

ပိုကယ်ဖလားဗိုလ်လုပွဲမှာတော့ ဒေါ့မွန်အတွက် ဆန်ချိုနဲ့ ဟာလန်းတို့က တစ်ယောက်ကို၂ ဂိုးစီသွင်းယူပေးခဲ့ကြပါတယ်။

ပွဲစကတည်းက ဒေါ့မွန်တို့ တိုက်စစ်ဆင်ကစားခဲ့တာဖြစ်ပြီး လိုက်ဇစ်ခံစစ်ပိုင်းဟာ ဒေါ့မွန်ရဲ့ တန်ပြန်တိုက်စစ်တွေကို မထိန်းနိုင်ခဲ့ဘဲ မာကိုရူးစ်၊ ဟာလန်း နဲ့ ဆန်ချိုတို့ အတွဲအဖက်က ခြေစွမ်းပြခဲ့ကာ သူတို့သုံးဦးပေါင်းစပ်မှုတွေနဲ့ ဂိုးတွေရခတာလည်းဖြစ်ပါတယ်။

ပွဲအစ ၅မိနစ်မှာကတည်းက ဆန်ချိုရဲ့ ဂိုးနဲ့ စဖွင့်ခဲ့ပြီး ဟလန်းနဲ့ ဆန်ချိုတို့က ၁ဂိုးစီထပ်သွင်းခဲ့တဲ့အတွက် ပထမပိုင်းမှာကတည်းက ဒေါ့မန်က ၃ဂိုးပြတ် ဦးဆောင်နေခဲ့တာပါ။

ဒီပွဲမှာ ပြောစရာဖြစ်ခဲ့တာကတော့ ဟာလန်းရဲ့ နောက်ဆုံးသွင်းဂိုးပါပဲ။

ဆန်ချိုက ဘောလုံးကို တောက်လျှောက်ဆွဲပြေးခဲ့ပြီး ဂိုးဧရိယာအတွင်းအရောက်မှာ ဟာလန်းဆီကို ပေးပို့ခဲ့ပါတယ်။

ဒါကို ဟာလန်းက ဒီဂိုးကို သူ့ရဲ့သွင်းနေကျပုံစံအတိုင်း ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ချိန်မှာ ခြေချော်ဟန်ချက်ပျက်ခဲ့ပြီးမှ ဘောလုံးက ညာခြေထောက်ကိုထိ မြောက်တက်သွားခဲ့ပြီး ဂိုးထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပုံမှန်ကန်သွင်းတဲ့ကန်ချက်ဆိုရင် ဂိုးဝင်ချင်မှဝင်မယ့် အနေအထားမှာ ခြေချော်လဲကျပြီး ကန်သွင်းတဲ့ဘောလုံးက အခြားခြေတစ်ချောင်းကိုထိမှန်ပြီး လမ်းကြောင်းပြောင်းပြီး ဂိုးဝင်ခဲ့တာဖြစ်ပါတယ်။

လာမယ့်ရာသီမှာ ဘိုင်ယန်မြူးနစ်နည်းပြဖြစ်လာတော့မယ့် နာဂယ်စမန်းအတွက်တော့ လိုက်ဇစ်အတွက် ဆုဖလားတစ်လုံးဆွတ်ခူးပေးဖို့ ရည်မှန်းချက်ပျက်ပြယ်ခဲ့ရပြီး နည်းပြဘဝ ပထမဆုံးဆုဖလားနဲ့လည်း လွဲချော်ခဲ့ရပါတယ်။

ဒါပေမယ့် ဟာလန်းနဲ့ ဆန်ချိုအတွက်ကတော့ ဒေါ့မန်အသင်းနဲ့အတူ ဆုဖလားတစ်လုံးကို ပထမဆုံးအကြိမ်ရရှိခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာ ၂ဂိုးစီသွင်းနိုင်ခဲပတာက ပိုပြီး အမှတ်တရ ရှိစေခဲ့မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပိုကယ္ဖလားဗိုလ္လုပြဲမွာ ဟာလန္းနဲ႔ ဆန္ခ်ိဳတို႔ ၂ဂိုးစီသြင္းၿပီး ေဒါ့မန္နဲ႔ ပထမဆုံး ဆုဖလားဆြတ္ခူး

ဘြန္ဒက္စ္လီဂါကေန ခ်န္ပီယံလိ၈္ဝင္ခြင့္ အသည္းအသန္ ႀကိဳးစားေနရတဲ့ ေဒါ့မန္ဟာ ပိုကယ္ဖလားဗိုလ္လုပြဲမွာေတာ့ လိုက္ဇစ္အသင္းကို အႏိုင္ယူဗိုလ္စြဲသြားခဲ့ပါတယ္။ ပိုကယ္ဖလားဗိုလ္လုပြဲမွာ လိုက္ဇစ္ကို ၄-၁ နဲ႔ ေဒါ့မြန္ဟာ အႏိုင္ရခဲ့တာျဖစ္ၿပီး ဒါဟာ ၅ ႏွစ္အတြင္းမွာ ပထမဆုံးအႀကိမ္ ဆုဖလားဆြတ္ခူးႏိုင္ခဲ့တာလည္း ျဖစ္ခဲ့ပါတယ္။

ပိုကယ္ဖလားဗိုလ္လုပြဲမွာေတာ့ ေဒါ့မြန္အတြက္ ဆန္ခ်ိဳနဲ႔ ဟာလန္းတို႔က တစ္ေယာက္ကို၂ ဂိုးစီသြင္းယူေပးခဲ့ၾကပါတယ္။ ပြဲစကတည္းက ေဒါ့မြန္တို႔ တိုက္စစ္ဆင္ကစားခဲ့တာျဖစ္ၿပီး လိုက္ဇစ္ခံစစ္ပိုင္းဟာ ေဒါ့မြန္ရဲ႕ တန္ျပန္တိုက္စစ္ေတြကို မထိန္းႏိုင္ခဲ့ဘဲ မာကို႐ူးစ္၊ ဟာလန္း နဲ႔ ဆန္ခ်ိဳတို႔ အတြဲအဖက္က ေျခစြမ္းျပခဲ့ကာ သူတို႔သုံးဦးေပါင္းစပ္မႈေတြနဲ႔ ဂိုးေတြရခတာလည္းျဖစ္ပါတယ္။ ပြဲအစ ၅မိနစ္မွာကတည္းက ဆန္ခ်ိဳရဲ႕ ဂိုးနဲ႔ စဖြင့္ခဲ့ၿပီး ဟလန္းနဲ႔ ဆန္ခ်ိဳတို႔က ၁ဂိုးစီထပ္သြင္းခဲ့တဲ့အတြက္ ပထမပိုင္းမွာကတည္းက ေဒါ့မန္က ၃ဂိုးျပတ္ ဦးေဆာင္ေနခဲ့တာပါ။

ဒီပြဲမွာ ေျပာစရာျဖစ္ခဲ့တာကေတာ့ ဟာလန္းရဲ႕ ေနာက္ဆုံးသြင္းဂိုးပါပဲ။ ဆန္ခ်ိဳက ေဘာလုံးကို ေတာက္ေလွ်ာက္ဆြဲေျပးခဲ့ၿပီး ဂိုးဧရိယာအတြင္းအေရာက္မွာ ဟာလန္းဆီကို ေပးပို႔ခဲ့ပါတယ္။ ဒါကို ဟာလန္းက ဒီဂိုးကို သူ႔ရဲ႕သြင္းေနက်ပုံစံအတိုင္း ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့ခ်ိန္မွာ ေျခေခ်ာ္ဟန္ခ်က္ပ်က္ခဲ့ၿပီးမွ ေဘာလုံးက ညာေျခေထာက္ကိုထိ ေျမာက္တက္သြားခဲ့ၿပီး ဂိုးထဲကို ဝင္သြားခဲ့တာျဖစ္ပါတယ္။ ပုံမွန္ကန္သြင္းတဲ့ကန္ခ်က္ဆိုရင္ ဂိုးဝင္ခ်င္မွဝင္မယ့္ အေနအထားမွာ ေျခေခ်ာ္လဲက်ၿပီး ကန္သြင္းတဲ့ေဘာလုံးက အျခားေျခတစ္ေခ်ာင္းကိုထိမွန္ၿပီး လမ္းေၾကာင္းေျပာင္းၿပီး ဂိုးဝင္ခဲ့တာျဖစ္ပါတယ္။

လာမယ့္ရာသီမွာ ဘိုင္ယန္ျမဴးနစ္နည္းျပျဖစ္လာေတာ့မယ့္ နာဂယ္စမန္းအတြက္ေတာ့ လိုက္ဇစ္အတြက္ ဆုဖလားတစ္လုံးဆြတ္ခူးေပးဖို႔ ရည္မွန္းခ်က္ပ်က္ျပယ္ခဲ့ရၿပီး နည္းျပဘဝ ပထမဆုံးဆုဖလားနဲ႔လည္း လြဲေခ်ာ္ခဲ့ရပါတယ္။ ဒါေပမယ့္ ဟာလန္းနဲ႔ ဆန္ခ်ိဳအတြက္ကေတာ့ ေဒါ့မန္အသင္းနဲ႔အတူ ဆုဖလားတစ္လုံးကို ပထမဆုံးအႀကိမ္ရရွိခဲ့တာျဖစ္ၿပီး ဗိုလ္လုပြဲမွာ ၂ဂိုးစီသြင္းႏိုင္ခဲပတာက ပိုၿပီး အမွတ္တရ ရွိေစခဲ့မွာပါ။