ပါ့သ္မွာ ၿပိဳင္ဘက္ေဟာင္းကို အလြယ္တကူဂုိးျပတ္အႏိုင္ရရွိခဲ့ဲတဲ့ယူႏုိက္တက္

Photo Credit ; Getty Images

Photo Credit ; Getty Images

ရာသီသစ္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြျပဳလုပ္ေနတဲ့ယူႏုိက္တက္ဟာ ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္ရဲ႕ဒုတိယေျမာက္ပြဲအျဖစ္ ၾသစေၾတးလ်ႏုိင္ငံ၊ ပါ့သ္ၿမိဳ႕မွာ ၿပိဳင္ဘက္ေဟာင္း လိဒ္ယူႏုိက္တက္နဲ႔ကစားခဲ့ရာ ၄-၀ ဂုိးနဲ႔အလြယ္တကူဂိုးျပတ္အႏုိင္ရရွိသြားပါတယ္။ ယူႏိုက္တက္ဟာ ပထမဆုံးပြဲအျဖစ္ အိမ္ရွင္ပါ့သ္ဂလိုရီနဲ႔ ကစားခဲ့ရာမွာ ၂-၀ ဂိုးနဲ႔အႏိုင္ရထားၿပီး ဒီပြဲအၿပီး စေနေန႔မွာ အင္တာမီလန္အသင္းနဲ႔ အင္တာေနရွင္နယ္ခ်န္ပီယံဖလားအဖြင့္ပြဲအျဖစ္ကစားရမွာျဖစ္ပါတယ္။

Photo Credit ; Getty Images

ယူႏိုက္တက္ဟာ ပထမပိုင္းမွာ ဂိုးသမား ဒီဂီယာကလြဲလို႔ အဓိကကစားသမားအားလုံးနီးပါးအသုံးျပဳခဲ့ၿပီး ကစားသမားသစ္ေတြျဖစ္တဲ့ ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာနဲ႔ ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္တုိ႔အျပင္ အသင္းေျပာင္းေရႊ႕ဖုိ႔ သတင္းေတြထြက္ေပၚေနတဲ့ ကြင္းလယ္လူ ေပါ့ဂ္ဘာလည္း ဦးစားေပးကစားသမားအျဖစ္ ပါ၀င္ကစားခဲ့ပါတယ္။ ပြဲအစ ၇မိနစ္မွာပဲ ယူႏုိက္တက္အသင္း ဦးေဆာင္ဂုိးရရွိသြားခဲ့ၿပီး ေပါ့ဂ္ဘာရဲ႕လွပတဲ့ဖန္တီးေပးမႈကေန ၀မ္ဘစ္ဆာကာ ျဖတ္တင္ေပးလုိက္တာကို ဂရင္း၀ုဒ္က ေျပး၀င္ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

Photo Credit ; AAPIMAGE

ယူႏုိက္တက္ကပဲ ပြဲကိုလႊမ္းမိုးကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂၇မိနစ္မွာေတာ့ တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္က လိဒ္ယူႏိုက္တက္ခံစစ္ကို လွလွပပေက်ာ္ျဖတ္ကာ ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းအေတြ႕ အပိုင္ကန္သြင္းယူႏိုင္ခဲ့လုိ႔ ဒုတိယေျမာက္ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။ ပထမပိုင္းၿပီးခါနီးမွာ ယူႏိုက္တက္အသင္း တတိယေျမာက္ဦးေဆာင္ဂိုးရဖို႔ နီးစပ္ခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ အသာေမွ်ာေပးတာကို ေျပးလုိက္လာတဲ့ ဒန္နီရယ္ဂ်ိမ္းစ္ အေ၀းတုိင္ေထာင့္ထဲ အနိမ့္ေဘာကန္သြင္းခဲ့ေပမယ့္ တိုင္ထိထြက္သြားလုိ႔နစ္နာခဲ့ရပါတယ္။

Photo Credit

ဒုတိယပိုင္းမွာေတာ့ ယူႏုိက္တက္အသင္းက တစ္သင္းလုံးလူစားလဲကာ အေျပာင္းအလဲလုပ္ကစားခဲ့ၿပီး ပြဲခ်ိန္ ၅၁မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ေနာက္ခံလူ ဖီးလ္ဂ်ံဳးစ္က ေျပး၀င္ေခါင္းတုိက္သြင္းယူႏုိင္ခဲ့လုိ႔ တတိယေျမာက္ဂိုးရရွိခဲ့ပါတယ္။ ပြဲခ်ိန္ ၆၉မိနစ္မွာ တဟစ္ေခ်ာင္ေၾကာင့္ ရရွိလာတဲ့ပင္နယ္တီကို မာရွယ္က အဆုံးသတ္ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့လို႔ ယူႏုိက္တက္လည္း လိဒ္ယူႏုိက္တက္ကို ၄ဂိုးျပတ္အႏိုင္ရရွိသြားခဲ့ပါတယ္။

Photo Credit ; Getty Images

Unicode

ပါ့သ်မှာ ပြိုင်ဘက်ဟောင်းကို အလွယ်တကူဂိုးပြတ်အနိုင်ရရှိခဲ့ဲတဲ့ယူနိုက်တက်

ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲခရီးစဉ်ရဲ့ဒုတိယမြောက်ပွဲအဖြစ် သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့မှာ ပြိုင်ဘက်ဟောင်း လိဒ်ယူနိုက်တက်နဲ့ကစားခဲ့ရာ ၄-၀ ဂိုးနဲ့အလွယ်တကူဂိုးပြတ်အနိုင်ရရှိသွားပါတယ်။ ယူနိုက်တက်ဟာ ပထမဆုံးပွဲအဖြစ် အိမ်ရှင်ပါ့သ်ဂလိုရီနဲ့ ကစားခဲ့ရာမှာ ၂-၀ ဂိုးနဲ့အနိုင်ရထားပြီး ဒီပွဲအပြီး စနေနေ့မှာ အင်တာမီလန်အသင်းနဲ့ အင်တာနေရှင်နယ်ချန်ပီယံဖလားအဖွင့်ပွဲအဖြစ်ကစားရမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပထမပိုင်းမှာ ဂိုးသမား ဒီဂီယာကလွဲလို့ အဓိကကစားသမားအားလုံးနီးပါးအသုံးပြုခဲ့ပြီး ကစားသမားသစ်တွေဖြစ်တဲ့ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာနဲ့ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်တို့အပြင် အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာလည်း ဦးစားပေးကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ပွဲအစ ၇မိနစ်မှာပဲ ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ပေါ့ဂ်ဘာရဲ့လှပတဲ့ဖန်တီးပေးမှုကနေ ဝမ်ဘစ်ဆာကာ ဖြတ်တင်ပေးလိုက်တာကို ဂရင်းဝုဒ်က ပြေးဝင်ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ကပဲ ပွဲကိုလွှမ်းမိုးကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၇မိနစ်မှာတော့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က လိဒ်ယူနိုက်တက်ခံစစ်ကို လှလှပပကျော်ဖြတ်ကာ ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့ အပိုင်ကန်သွင်းယူနိုင်ခဲ့လို့ ဒုတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ယူနိုက်တက်အသင်း တတိယမြောက်ဦးဆောင်ဂိုးရဖို့ နီးစပ်ခဲ့ပြီး ရက်ရှ်ဖို့ဒ် အသာမျှောပေးတာကို ပြေးလိုက်လာတဲ့ ဒန်နီရယ်ဂျိမ်းစ် အဝေးတိုင်ထောင့်ထဲ အနိမ့်ဘောကန်သွင်းခဲ့ပေမယ့် တိုင်ထိထွက်သွားလို့နစ်နာခဲ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ ယူနိုက်တက်အသင်းက တစ်သင်းလုံးလူစားလဲကာ အပြောင်းအလဲလုပ်ကစားခဲ့ပြီး ပွဲချိန် ၅၁မိနစ်မှာတော့ ထောင့်ကန်ဘောကနေ နောက်ခံလူ ဖီးလ်ဂျုံးစ်က ပြေးဝင်ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ တတိယမြောက်ဂိုးရရှိခဲ့ပါတယ်။ ပွဲချိန် ၆၉မိနစ်မှာ တဟစ်ချောင်ကြောင့် ရရှိလာတဲ့ပင်နယ်တီကို မာရှယ်က အဆုံးသတ်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့လို့ ယူနိုက်တက်လည်း လိဒ်ယူနိုက်တက်ကို ၄ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။