ပါရီညနေခင်းမှာ ရှုံးနိမ့်သူဆိုတာမရှိဘူးလို့ ဗန်ဒိုက်ဖွင့်ဟ

PC ; Internet

ရွှေဘောလုံးဆုချီးမြှင့်မယ့် ပါရီညချမ်းမှာ ရှုံးနိမ့်သူဆိုတာမရှိဘူးလို့ လီဗာပူးနောက်ခံလူဗန်ဒိုက်က ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။ဥရောပဘောလုံးလောကရဲ့ ဂုဏ်ယူစရာအကောင်းဆုံးတစ်ဦးချင်းဆုအတွက် ပရီးမီးယားလိဂ်ကြယ်ပွင့်ဟာ ရေပန်းစားသူတစ်ဦးဖြစ်နေပါတယ်။ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီက အကောင်းဆုံးဆုရှင်ဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့် ရွှေဘောလုံး ၅ထပ်ကွမ်းရှင် အာဂျင်တီးနားတိုက်စစ်မှူးအတွက် ဗန်ဒိုက်ဟာ အကောင်းဆုံးပြိုင်ဘက်ဖြစ်နေဆဲပါပဲ။

PC ; Internet

ဒါဟာ လီဗာပူးကို ချန်ပီယံလိဂ်ဖလားရယူပေးခဲ့တာ၊နယ်သာလန်အသင်းကို နေးရှင်းလိဂ်ဗိုလ်လုပွဲရောက်အောင် ဦးဆောင်ပေးခဲ့တာ၊သြဂုတ်လက ချီးမြှင့်ခဲ့တဲ့ ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးဆုကို ရရှိထားတာ စတဲ့အချက်တွေက အထောက်အပံ့ပေးနေပါတယ်။ကာယကံရှင်ကိုယ်တိုင်ကလည်း သူ့ရဲ့ပါရီခရီးစဉ်နဲ့ပတ်သက်ပြီး “ အကြောင်းပြချက်တစ်ခုအတွက် အဲဒီနေရာကို ကျွန်တော်သွားမှာပါ။

PC ; Internet

အဲဒီညနေခင်းမှာ ရှုံးနိမ့်သူဆိုတာ မရှိပါဘူး။မနှစ်က ကလပ်အသင်းနဲ့နိုင်ငံလက်ရွေးစင်အသင်းအတွက် စွမ်းဆောင်မှုတွေကြောင့် ဒီနေရာထဲရောက်ခွင့်ရတာကိုလည်း ကျွန်တော်ဂုဏ်ယူပါတယ်။ပြောရရင် ဒီနေရာကို ကစားသမားအတော်များများ ရောက်မလာနိုင်ပါဘူး။ဂုဏ်ယူစရာဆိုတာလေးနဲ့တင် သွားရတာတန်ပါတယ် ” လို့ ဖွင့်ဟလိုက်ပါတယ်။တကယ်လို့ ၂၀၁၉ ရွှေဘောလုံးဆုရှင်ဟာ ဗန်ဒိုက်ဖြစ်လာရင်တော့ လီဗာပူးနောက်ခံလူအတွက် ပထမဆုံးဆွတ်ခူးနိုင်ခြင်းဖြစ်လာမှာပါ။

(zawgyi)

ေရႊေဘာလံုးဆုခ်ီးျမွင့္မယ့္ ပါရီညခ်မ္းမွာ ရံႈးနိမ့္သူဆိုတာမရွိဘူးလို႔ လီဗာပူးေနာက္ခံလူဗန္ဒိုက္က ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။ဥေရာပေဘာလံုးေလာကရဲ႕ ဂုဏ္ယူစရာအေကာင္းဆံုးတစ္ဦးခ်င္းဆုအတြက္ ပရီးမီးယားလိဂ္ၾကယ္ပြင့္ဟာ ေရပန္းစားသူတစ္ဦးျဖစ္ေနပါတယ္။ဘာစီလိုနာအသင္းေခါင္းေဆာင္မက္ဆီက အေကာင္းဆံုးဆုရွင္ျဖစ္ဖို႔ ေရပန္းအစားဆံုးျဖစ္ေနေပမယ့္ ေရႊေဘာလံုး ၅ထပ္ကြမ္းရွင္ အာဂ်င္တီးနားတိုက္စစ္မွဴးအတြက္ ဗန္ဒိုက္ဟာ အေကာင္းဆံုးၿပိဳင္ဘက္ျဖစ္ေနဆဲပါပဲ။ဒါဟာ လီဗာပူးကို ခ်န္ပီယံလိဂ္ဖလားရယူေပးခဲ့တာ၊နယ္သာလန္အသင္းကို ေနးရွင္းလိဂ္ဗိုလ္လုပြဲေရာက္ေအာင္ ဦးေဆာင္ေပးခဲ့တာ၊ၾသဂုတ္လက ခ်ီးျမွင့္ခဲ့တဲ့ ယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆံုးဆုကို ရရွိထားတာ စတဲ့အခ်က္ေတြက အေထာက္အပံ့ေပးေနပါတယ္။ကာယကံရွင္ကိုယ္တိုင္ကလည္း သူ႔ရဲ႕ပါရီခရီးစဥ္နဲ႔ပတ္သက္ၿပီး “ အေၾကာင္းျပခ်က္တစ္ခုအတြက္ အဲဒီေနရာကို ကၽြန္ေတာ္သြားမွာပါ။အဲဒီညေနခင္းမွာ ရံႈးနိမ့္သူဆိုတာ မရွိပါဘူး။မႏွစ္က ကလပ္အသင္းနဲ႔ႏိုင္ငံလက္ေရြးစင္အသင္းအတြက္ စြမ္းေဆာင္မႈေတြေၾကာင့္ ဒီေနရာထဲေရာက္ခြင့္ရတာကိုလည္း ကၽြန္ေတာ္ဂုဏ္ယူပါတယ္။ေျပာရရင္ ဒီေနရာကို ကစားသမားအေတာ္မ်ားမ်ား ေရာက္မလာႏိုင္ပါဘူး။ဂုဏ္ယူစရာဆိုတာေလးနဲ႔တင္ သြားရတာတန္ပါတယ္ ” လို႔ ဖြင့္ဟလိုက္ပါတယ္။တကယ္လို႔ ၂၀၁၉ ေရႊေဘာလံုးဆုရွင္ဟာ ဗန္ဒိုက္ျဖစ္လာရင္ေတာ့ လီဗာပူးေနာက္ခံလူအတြက္ ပထမဆံုးဆြတ္ခူးႏိုင္ျခင္းျဖစ္လာမွာပါ။