

ဘိုင္ယန္ျမဴ းနစ္အသင္းဟာ စီးရီးေအကလပ္ အင္တာမီလန္အသင္းရဲ႕ေတာင္ပံကစားသမားျဖစ္တဲ႔ အိုင္ဗန္ပါရီဆစ္ကို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ေခၚယူလိုက္ၿပီလို႔ အတည္ျပဳေၾကညာလိုက္ပါတယ္။
ဘိုင္ယန္ဟာ အသက္ ၃၀ ရွိၿပီျဖစ္တဲ႔ ပါရီဆစ္အတြက္ကနဦးအငွားေခၚယူေၾကး ယူရို ၅ သန္းေပးရမွာျဖစ္ၿပီး ရာသီကုန္လို႔သူ႔ေျခစြမ္းကိုသေဘာက်မယ္ဆိုရင္ေနာက္ထပ္ယူရိုသန္း ၂၀ ထပ္ေပးရမွာျဖစ္ပါတယ္။ လက္ရွိအငွားစာခ်ဳပ္ဟာ ၂၀၂၀ ဇြန္လအထိသက္တမ္းရွိမွာျဖစ္ပါတယ္။

ဘိုင္ယန္ဟာ ၀ါရင့္ေတာင္ပံကစားသမားေတြျဖစ္တဲ႔ ရစ္ဘာရီ၊ ေရာ္ဘင္တို႔နဲ႔လမ္းခြဲၿပီးတဲ႔ေနာက္ အစားထိုးရမယ္႔သူေတြကိုရရွိဖို႔ ႀကိဳးစားခဲ့ေပမယ္႔ အဆင္မေျပခဲ့ပါဘူး။ ခ်ဲလ္ဆီးက အိုဒြိဳင္းကိုေခၚယူဖို႔ ကမး္လွမ္းမႈက ပယ္ခ်ခံခဲ့ရသလို မန္စီးတီးက ဆာနီကိုလည္းရရွိကာနီးက်မွ ကစားသမားကဒဏ္ရာအျပင္းအထန္ရသြားတဲ႔အတြက္ လက္လႊတ္ခဲ့ရပါတယ္။

ဒါေၾကာင့္လည္း အင္တာမီလန္မွေနရာရဖို႔ရုန္းကန္ရေတာ႔မယ္႔ ခရိုေအးရွားလက္ေရြးစင္ ပါရီဆစ္ကိုအငွားနဲ႔ေခၚဖို႔ကမ္းလွမ္းလိုက္တာျဖစ္ၿပီး အဆုံးသတ္မွာေခၚယူႏိုင္ခဲ့ပါတယ္။ ပါရီဆစ္ဟာ ဘြန္ဒက္စ္လီဂါအေတြ႔အႀကံဳ ရွိသူျဖစ္ၿပီး ၂၀၁၁ ကေန ၂၀၁၃ အထိေဒါ့မန္၊ အဲဒီကေန ၀ုဖ္ဘတ္ကိုေျပာငး္ခဲ့ၿပီး ၂၀၁၅ မွာအင္တာမီလန္ကိုေရာက္ရွိသြားသူျဖစ္ပါတယ္။

ဘိုင္ယန္နဲ႔လက္မွတ္ေရးထိုးၿပီးခ်ိန္မွာ ပါရီဆစ္က”ဂ်ာမနီကိုျပန္ေရာက္လာတဲ႔အတြက္ အရမး္ကိုေက်နပ္မိပါတယ္။ ဘိုင္ယန္ျမဴ းနစ္ဟာ ကမၻာ႔အေကာင္းဆုံးကလပ္ေတြထဲကတစ္ခုပါ။တိုက္စစ္ဦးစားေပးတဲ႔အသင္းလည္းျဖစ္လို႔ က်ြန္ေတာ္နဲ႔အံကိုက္ပါဘဲ” လို႔ေျပာသြားပါတယ္။

Unicode
ပါရီဆစ်ကို တစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူလိုက်တဲ့ ဘိုင်ယန်မြူ းနစ်
ဘိုင်ယန်မြူ းနစ်အသင်းဟာ စီးရီးအေကလပ် အင်တာမီလန်အသင်းရဲ့တောင်ပံကစားသမားဖြစ်တဲ့ အိုင်ဗန်ပါရီဆစ်ကို တစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူလိုက်ပြီလို့ အတည်ပြုကြေညာလိုက်ပါတယ်။
ဘိုင်ယန်ဟာ အသက် ၃၀ ရှိပြီဖြစ်တဲ့ ပါရီဆစ်အတွက်ကနဦးအငှားခေါ်ယူကြေး ယူရို ၅ သန်းပေးရမှာဖြစ်ပြီး ရာသီကုန်လို့သူ့ခြေစွမ်းကိုသဘောကျမယ်ဆိုရင်နောက်ထပ်ယူရိုသန်း ၂၀ ထပ်ပေးရမှာဖြစ်ပါတယ်။ လက်ရှိအငှားစာချုပ်ဟာ ၂၀၂၀ ဇွန်လအထိသက်တမ်းရှိမှာဖြစ်ပါတယ်။
ဘိုင်ယန်ဟာ ဝါရင့်တောင်ပံကစားသမားတွေဖြစ်တဲ့ ရစ်ဘာရီ၊ ရော်ဘင်တို့နဲ့လမ်းခွဲပြီးတဲ့နောက် အစားထိုးရမယ့်သူတွေကိုရရှိဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ချဲလ်ဆီးက အိုဒွိုင်းကိုခေါ်ယူဖို့ ကမ်းလှမ်းမှုက ပယ်ချခံခဲ့ရသလို မန်စီးတီးက ဆာနီကိုလည်းရရှိကာနီးကျမှ ကစားသမားကဒဏ်ရာအပြင်းအထန်ရသွားတဲ့အတွက် လက်လွှတ်ခဲ့ရပါတယ်။
ဒါကြောင့်လည်း အင်တာမီလန်မှနေရာရဖို့ရုန်းကန်ရတော့မယ့် ခရိုအေးရှားလက်ရွေးစင် ပါရီဆစ်ကိုအငှားနဲ့ခေါ်ဖို့ကမ်းလှမ်းလိုက်တာဖြစ်ပြီး အဆုံးသတ်မှာခေါ်ယူနိုင်ခဲ့ပါတယ်။ ပါရီဆစ်ဟာ ဘွန်ဒက်စ်လီဂါအတွေ့အကြုံ ရှိသူဖြစ်ပြီး ၂၀၁၁ ကနေ ၂၀၁၃ အထိဒေါ့မန်၊ အဲဒီကနေ ဝုဖ်ဘတ်ကိုပြောင်းခဲ့ပြီး ၂၀၁၅ မှာအင်တာမီလန်ကိုရောက်ရှိသွားသူဖြစ်ပါတယ်။
ဘိုင်ယန်နဲ့လက်မှတ်ရေးထိုးပြီးချိန်မှာ ပါရီဆစ်က”ဂျာမနီကိုပြန်ရောက်လာတဲ့အတွက် အရမ်းကိုကျေနပ်မိပါတယ်။ ဘိုင်ယန်မြူ းနစ်ဟာ ကမ္ဘာ့အကောင်းဆုံးကလပ်တွေထဲကတစ်ခုပါ။တိုက်စစ်ဦးစားပေးတဲ့အသင်းလည်းဖြစ်လို့ ကျွန်တော်နဲ့အံကိုက်ပါဘဲ” လို့ပြောသွားပါတယ်။