ပါတီပွဲကြိုက်တဲ့ သူ့ရဲ့ lifestyle ကြောင့် နေမာကို ခေါ်မယ့်အရေး နောက်ဆုတ်လိုက်တဲ့ မန်ယူ

photo-daily mail

photo-gettyimages

နေမာရဲ့ပါတီပွဲကြိုက်တဲ့ lifestyle နဲ့ ငွေမက်လွန်းတဲ့ သူ့ဖခင်တို့ကြောင့် မန်ယူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အဲဒါဘရာဇီးကြယ်ပွင့်ကို ခေါ်မယ့်အရေး နောက်ဆုတ်လိုက်တယ်လို့ သတင်းတက်လာပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တစ်လျှောက်လုံး အဲဒီဘရာဇီးသားဟာ ပီအက်စ်ဂျီကနေ ထွက်ခွာချင်ခဲ့တာဖြစ်ပြီး စပိန်ကိုပြန်ဖို့အတွက် ရီးရဲလ်၊ဘာစီလိုနာတို့နဲ့ သတင်းတွေအဆက်မပြတ်ထွက်ပေါ်ခဲ့တာပါ။ နေမာကိုခေါ်နိုင်ဖို့ ငွေကြေးတတ်နိုင်တဲ့အနည်းငယ်သောအသင်းတွေထဲမှာ မန်ယူလည်း ပါဝင်ပါတယ်။ ဒါပေမဲ့လည်း မန်ယူဟာ သူ့ရဲ့အကျင့်စရိုက်နဲ့ သူ့ဖခင်ရဲ့တောင်းဆိုမှုတွေကြောင့် ခေါ်မယ့်အရေးနောက်ဆုတ်လိုက်တယ်လို့ ထင်ရပါတယ်။

photo-gettyimages

ဒါကို ဗြိတိန်သတင်းစာတစ်စောင်ဖြစ်တဲ့ The Athletic က သတင်းထောက်တစ်ယောက်က ဖော်ပြခဲ့တာပါ။ သူ့ရဲ့အဆိုအရဆိုရင် နေမာဟာ မန်ယူစိတ်ဝင်စားတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ နေမာဟာ အစစ်အမှန် A အဆင့်ရှိစူပါစတားတစ်ယောက်ဖြစ်ပြီး အသင်းအမှုဆောင်ချုပ်အက်ဝုဒ်ဝပ်ကလည်း ကလပ်အနေနဲ့ ကလပ်အနေနဲ့ အသင်းမှာ Ballond’Or ဆုမှန်းနိုင်တဲ့ကစားသမားတစ်ယောက် အနည်းဆုံးရှိသင့်တယ်လို့ ယုံကြည်နေတာပါ။

photo-social media

ဒါပေမဲ့ အသင်းမှာရှိတဲ့သူတချို့ကတော့ ပါတီပွဲကြိုက်တဲ့ နေမာရဲ့ lifefstyle နဲ့ ကွင်းပြင်ပမှာ လက်လွတ်စပယ်နေတတ်တဲ့သူ့အမူအကျင့်ကြောင့် စိုးရိမ်မှုတွေရှိခဲ့ကြပါတယ်။တကယ်လည်း နေမာဟာ သူ့ရဲ့ဆယ်လစ်ဘရစ်တီသူငယ်ချင်းတွေနဲ့အတူ နာမည်ကြီးပွဲလမ်းသဘင်တွေမှာ ပုံမှန်ဝင်လိုက်ထွက်လိုက်နဲ့ကို ရှိနေတာပါ။ သူ့ရဲ့Instagram လူမှုစာမျက်နှာထက်မှာလည်း ဖော်မြူလာဝမ်းကားမောင်းချန်ပီယံဟာမီလ်တန်၊ ဂီတအနုပညာရှင်တွေဖြစ်တဲ့ ရီဟားနား၊ ဒရိတ်တို့လို လူတွေနဲ့အတူ နိုက်ကလပ်တွေက ပုံတွေနဲ့သာ ပြည့်နှက်နေတာပါ။ ဒဏ်ရာကြောင့် ချိုင်းထောက်နဲ့သွားနေရတာတောင် နိုက်ကလပ်တက်ခဲ့သူပါ။ ဒါကြောင့်လည်း မန်ယူဘက်က ကမ်းလှမ်းမှုမလုပ်တော့တာလို့ The Athletic သတင်းစာက ရေးသားခဲ့ပါတယ်။

[Zawgyi]

ပါတီပြဲႀကိဳက္တဲ့ သူ႔ရဲ႕ lifestyle ေၾကာင့္ ေနမာကို ေခၚမယ့္အေရး ေနာက္ဆုတ္လိုက္တဲ့ မန္ယူ

ေနမာရဲ႕ပါတီပြဲႀကိဳက္တဲ့ lifestyle နဲ႔ ေငြမက္လြန္းတဲ့ သူ႔ဖခင္တုိ႔ေၾကာင့္ မန္ယူဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ အဲဒါဘရာဇီးၾကယ္ပြင့္ကို ေခၚမယ့္အေရး ေနာက္ဆုတ္လုိက္တယ္လို႔ သတင္းတက္လာပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တစ္ေလွ်ာက္လုံး အဲဒီဘရာဇီးသားဟာ ပီအက္စ္ဂ်ီကေန ထြက္ခြာခ်င္ခဲ့တာျဖစ္ၿပီး စပိန္ကိုျပန္ဖို႔အတြက္ ရီးရဲလ္၊ဘာစီလိုနာတို႔နဲ႔ သတင္းေတြအဆက္မျပတ္ထြက္ေပၚခဲ့တာပါ။ ေနမာကိုေခၚႏိုင္ဖို႔ ေငြေၾကးတတ္ႏိုင္တဲ့အနည္းငယ္ေသာအသင္းေတြထဲမွာ မန္ယူလည္း ပါ၀င္ပါတယ္။ ဒါေပမဲ့လည္း မန္ယူဟာ သူ႔ရဲ႕အက်င့္စရိုက္နဲ႔ သူ႔ဖခင္ရဲ႕ေတာင္းဆုိမႈေတြေၾကာင့္ ေခၚမယ့္အေရးေနာက္ဆုတ္လုိက္တယ္လို႔ ထင္ရပါတယ္။

ဒါကို ၿဗိတိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ The Athletic က သတင္းေထာက္တစ္ေယာက္က ေဖာ္ျပခဲ့တာပါ။ သူ႔ရဲ႕အဆုိအရဆုိရင္ ေနမာဟာ မန္ယူစိတ္၀င္စားတဲ့ကစားသမားတစ္ေယာက္ျဖစ္ခဲ့တာပါ။ ဘာေၾကာင့္လဲဆုိေတာ့ ေနမာဟာ အစစ္အမွန္ A အဆင့္ရွိစူပါစတားတစ္ေယာက္ျဖစ္ၿပီး အသင္းအမႈေဆာင္ခ်ဳပ္အက္၀ုဒ္၀ပ္ကလည္း ကလပ္အေနနဲ႔ ကလပ္အေနနဲ႔ အသင္းမွာ Ballond’Or ဆုမွန္းႏိုင္တဲ့ကစားသမားတစ္ေယာက္ အနည္းဆုံးရွိသင့္တယ္လို႔ ယုံၾကည္ေနတာပါ။

ဒါေပမဲ့ အသင္းမွာရွိတဲ့သူတခ်ိဳ႕ကေတာ့ ပါတီပြဲႀကိဳက္တဲ့ ေနမာရဲ႕ lifefstyle နဲ႔ ကြင္းျပင္ပမွာ လက္လြတ္စပယ္ေနတတ္တဲ့သူ႔အမူအက်င့္ေၾကာင့္ စိုးရိမ္မႈေတြရွိခဲ့ၾကပါတယ္။ တကယ္လည္း ေနမာဟာ သူ႔ရဲ႕ဆယ္လစ္ဘရစ္တီသူငယ္ခ်င္းေတြနဲ႔အတူ နာမည္ႀကီးပြဲလမ္းသဘင္ေတြမွာ ပုံမွန္၀င္လုိုက္ထြက္လုိက္နဲ႔ကို ရွိေနတာပါ။ သူ႔ရဲ႕Instagram လူမႈစာမ်က္ႏွာထက္မွာလည္း ေဖာ္ျမဴလာ၀မ္းကားေမာင္းခ်န္ပီယံဟာမီလ္တန္၊ ဂီတအႏုပညာရွင္ေတြျဖစ္တဲ့ ရီဟားနား၊ ဒရိတ္တုိ႔လုိ လူေတြနဲ႔အတူ ႏိုက္ကလပ္ေတြက ပုံေတြနဲ႔သာ ျပည့္ႏွက္ေနတာပါ။ ဒဏ္ရာေၾကာင့္ ခ်ိဳင္းေထာက္နဲ႔သြားေနရတာေတာင္ ႏိုက္ကလပ္တက္ခဲ့သူပါ။ ဒါေၾကာင့္လည္း မန္ယူဘက္က ကမ္းလွမး္မႈမလုပ္ေတာ့တာလို႔ The Athletic သတင္းစာက ေရးသားခဲ့ပါတယ္။