ပရီးမီးယားလိဂ် ၃လပတ် ရီပို့ကတ်

Photo Credit

Photo Credit

ရာသီစတင်လာတာ ၃လ၊ ပွဲအားဖြင့် ၁၂ပွဲရှိလာခဲ့ပြီဖြစ်သလို အဲဒီကာလအတွင်း ပြည်တွင်းနဲ့ ဥရောပပွဲတေအများကြီးကစားခဲ့ပြီး နိုင်ငံတကာရက်သတ္တပတ် ၂ခုလည်း ကျော်ဖြတ်ခဲ့ပြီးပါပြီ။ အခုလိုတတိယမြောက်နိုင်ငံတကာရက်သတ္တပတ်ကာလထဲ ဖြတ်သန်းနေရချိန်မှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ အနေအထားကို ပြန်လည်ဆန်းစစ်ဖို့ လိုလာပါတယ်။

Photo Credit

လီဗာပူးက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ လက်ရှိချန်ပီယံ စီးတီးကို ၃-၁ ဂိုးနဲ့အနိုင်ယူကာ ဒုတိယနေရာက လက်စတာကို ၈ မှတ်ဖြတ်ပြီး ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နေပါတယ်။ တန်းဆင်းဇုန်ထဲမှာတော့ ဝက်ဖို့ဒ်၊ နောဝစ်ချ်နဲ့ ဆောက်သမ်တန်တို့ ရပ်တည်နေရပြီး ပရီးမီးယားလိဂ်ပထမ ၃လပတ်ရီပို့ကတ်မှာ ကြီး ၆ကြီးအပြင် လက်စတာအသင်းရဲ့ရီပို့ကတ်ကိုပါ ဖော်ပြချင်ပါတယ်။

Photo Credit

လီဗာပူး
အောင်မြင်မှုများ
စီးတီးကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တာက ဒီရာသီ လီဗာပူးအသင်း ဘယ်လောက်ကောင်းတယ်ဆိုတာ ထပ်မံသက်သေပြနိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်။ နည်းပြကလော့ပ်ရဲ့လီဗာပူးဟာ တစ်ရာသီလုံးမှာမှ စုစုပေါင်း ၂ မှတ်ပဲ လျော့ကျထားပြီး အခုလိုရာသီအစောပိုင်းကာလမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

Photo Credit

အားနည်းချက်များ
လက်ရှိအချိန်မှာ လီဗာပူးအသင်းက အားနည်းချက်ရယ်လို့ သိပ်မရှိဘူးလို့ ထင်စရာရှိပေမယ့် တိုက်စစ်ပိုင်းမှာ အရန်အင်အားမတေင့်တင်းတာက တစ်ချိန်ချိန်မှာ ဒုက္ခပေးလာနိုင်ပါတယ်။ အိုရီဂီက အံ့အားသင့်စရာကောင်းတဲ့တိုက်စစ်မှူးဖြစ်ပေမယ့် ဆာလာမပါဝင်နိုင်ခဲ့တဲ့အိုးလ်ထရက်ဖို့ဒ်သရေပွဲမှာ လီဗာပူးတိုက်စစ်ရုန်းကန်ခဲ့ရတာကို တွေ့မြင်ခဲ့ရပါတယ်။

Photo Credit

ကြယ်ပွင့်
တိုက်စစ် ၃ယောက်တွဲဖြစ်တဲ့ မာနေး၊ ဆာလာနဲ့ ဖာမီနိုတို့ထဲက တစ်ယောက်ကို ရွေးထုတ်ဖို့က ခက်ခဲတာမှန်ပေမယ့် ဆီနီဂေါလက်ရွေးစင် မာနေးက လက်တလောပိုကောင်းနေပါတယ်။ သူဟာ လီဗာပူးအတွက် ၇ဂိုးသွင်းယူပေးထားပြီး ပွဲကြီးတွေမှာ ပိုမိုခြေစွမ်းပြလေ့ရှိပါတယ်။
အဆင့်သတ်မှတ်ချက် A+

Photo Credit

လက်စတာ
အောင်မြင်မှုများ
အရင်လက်စတာလို အခုလက်စတာအသင်း လိုက်လုပ်နိုင်မလား။ နည်းပြရော်ဂျာဟာ လွန်ခဲ့တဲ့ဖေဖော်ဝါရီလက နည်းပြဟောင်း ပူရယ်ရဲ့နေရာမှာ လက်စတာနည်းပြအဖြစ် အစားထိုးတာဝန်ယူပြီးချိန်ကတည်းက အသင်းကို အလုံးစုံပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ သူတို့ဟာ အကောင်းဆုံးပုံစံရရှိနေပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ တကယ့်ကိုအသိအမှတ်ပြုရမယ့်စွမ်းဆောင်ရည်ဖြစ်ပါတယ်။

Photo Credit

အားနည်းချက်များ
အခုချိန်အထိ လက်စတာအသင်းရဲ့အားနည်းချက်ရယ်လို့ လိုက်ရှာလို့မရသေးပါဘူး။ သူတို့ဟာ ပရီးမီးယားလိဂ်ရဲ့ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ဒီထက်တိုးတက်လာဦးမယ်လို့ ပြောဖို့တော့ ခက်ပါတယ်။ ဒါပေမဲ့ တကယ်လို့ ဒီပုံစံအတိုင်း ဆက်လက်စွမ်းဆောင်နေဦးမယ်ဆိုရင်တော့ ဖြစ်ပေါ်လာနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးစိတ်တွေဝင်လာနိုင်တာကိုတော့ ကြိုတင်တားဆီးဖို့ လိုပါတယ်။

Photo Credit

ကြယ်ပွင့်
အသက် ၃၂နှစ်အရွယ်ရှိ တိုက်စစ်မှူး ဂျေမီဗာဒီဟာ ၁၁ဂိုးသွင်းယူကာ လက်တလောဂိုးသွင်းအများဆုံးကစားသမားဖြစ်နေပါတယ်။ သူဟာ အသင်းရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးအဖြစ် ဆက်လက်ရပ်တည်နေပြီး ဆောက်သမ်တန်ကို ဝ-၉ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။
အဆင့်သတ်မှတ်ချက် A+

Photo Credit

ချဲလ်ဆီး
အောင်မြင်မှုများ
ရာသီအစမှာ ကျဉ်းထဲကျပ်ထဲရောက်ခဲ့ရတဲ့ ချဲလ်ဆီးဟာ အပြောင်းအရွှေ့ပိတ်ပင်ခံထားရချိန်မှာ လူငယ်တွေကို ရဲရဲရင့်ရင့်စင်တင်ပေးခဲ့ပြီး အခုတော့ အသီးအပွင့်တွေ စတင်ခံစားနေရပါပြီ။ နည်းပြလမ်းပတ်ကလည်း ပရီးမီးယားလိဂ်အတွေ့အကြုံမရှိလို့ အစောပိုင်းမှာ ဝေဖန်ခံခဲ့ရပေမယ့် အခုတော့ အသင်းကို တတိယနေရာမှာရပ်တည်စေနိုင်တဲ့အထိ ဦးဆောင်ထားနိုင်ပါတယ်။

Photo Credit

အားနည်းချက်များ
လူငယ်အခြေပြုမူဝါဒက အလုပ်ဖြစ်နေတာမှန်ပေမယ့် တိုးတက်ဖို့လိုအပ်နေတဲ့ဧရိယာတွေလည်း ရှိနေပါတယ်။ ခံစစ်ပိုင်းက စိုးရိမ်နေရဆဲဖြစ်ပြီး ဂိုးသမား ကီပါကလည်း အခုချိန်အထိ Clean Sheets ၃ပွဲပဲရထားပါတယ်။ ပြောရရင် ၁၇ဂိုးအထိပေးထားရတဲ့ ချဲလ်ဆီးခံစစ်က ထိပ်ဆုံး ၁၀သင်းစာရင်းမှာ ဘန်လေပြီးရင် အဆိုးရွားဆုံးဖြစ်နေပါတယ်။

Photo Credit

ကြယ်ပွင့်
သံသယဝင်နေသူတွေမှားယွင်းကြောင်း သက်သေပြခဲ့တဲ့ တိုက်စစ်မှူး အေဘရာဟမ်ပါ။ လွန်ခဲ့တဲ့ ၂နှစ်က တန်းဆင်းခဲ့ရတဲ့ဆွမ်ဆီးအသင်းမှာ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ဂိုးအထိရရှိထားပြီး အင်္ဂလန်အသင်းအတွက်ပါ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အဆင့်သတ်မှတ်ချက် A

Photo Credit

မန်စီးတီး
အောင်မြင်မှုများ
လက်ရှိအချိန်မှာ သူတု့ိက ရုန်းကန်နေရတာမှန်ပေမယ့် ချန်ပီယံအသင်းတစ်သင်းအနေနဲ့ ကြီးမားတဲ့စွမ်းရည်တွေလည်း ပြသထားပါတယ်။ သူတို့ဟာ ဝက်ဖို့ဒ်ကို ၈ဂိုး၊ ဝက်စ်ဟမ်းကို ၅ဂိုးနဲ့ ဘရိုက်တန်ကို ၄ဂိုးသွင်းယူထားပြီး တစ်ပွဲပျမ်းမျှ သွင်းဂိုး ၃ဂိုးနီးပါးရှိ ၃၅ ဂိုးသွင်းယူထားတဲ့တိုက်စစ်က ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်ဖြစ်နေပါတယ်။

Photo Credit

အားနည်းချက်များ
ဆန့်ကျင်ဘက်အနေနဲ့ ခံစစ်ပိုင်းကတော့ စိုးရိမ်စရာဖြစ်နေပါတယ်။ ကံဆိုးလို့ အဓိကနောက်ခံလူ လာပေါ်တီ ကာလရှည်အနားယူနေရသလို ဦးစားပေးဂိုးသမား အီဒါဆန်ကလည်း ကြွက်သားဒဏ်ရာကြောင့် အရေးကြီးပွဲဖြစ်တဲ့ လီဗာပူးနဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။ ပြီးတော့ အသင်းခေါင်းဆောင် ကွန်ပနီရဲ့နေရာမှာ အခုချိန်အထိ အစားမထိုးနိုင်သေးတာကလည်း အဓိကပြဿနာတစ်ရပ်ဖြစ်နေပါတယ်။

Photo Credit

ကြယ်ပွင့်
ဒဏ်ရာပြဿနာကြောင့် ယမန်နှစ်ရာသီက ပွဲအများးစုလွဲချော်ခဲ့ရတဲ့ဒီဘရိုင်းက ဒီရာသီမှာတော့ အထူးခြေစွမ်းပြနေပါတယ်။ ဂိုးဖန်တီးမှု ၉ကြိမ်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး အနီးကပ်ဆုံးပြိုင်ဘက်ထက် ၂ဆကျော်ပိုများနေပါတယ်။
အဆင့်သတ်မှတ်ချက် D+

Photo Credit

အာဆင်နယ်
အောင်မြင်မှုများ
ဥရောပမှာ ရှေ့တိုးထွက်နေပြီး စောစောစီးစီးအုပ်စုအဆင့်ကို ကျော်ဖြတ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ အာဆင်နယ်က မှားယွင်းတဲ့အကြောင်းအရာတွေနဲ့ပဲ ခေါင်းကြီးပိုင်းသတင်းဖြစ်နေပြီး အထင်ရှားဆုံးကတော့ အသင်းခေါင်းဆောင် ဇာခါနဲ့ပရိသတ်တွေကြားဖြစ်ပွားခဲ့တဲ့ပြဿနာပါ။

Photo Credit

အားနည်းချက်များ
ရာသီအစက ရလဒ်တွေသိပ်မဆိုးခဲ့ပေမယ့် အခုတော့ တစ်ဖြည်းဖြည်းကျလာပြီး နည်းပြအမ်မရီလည်း ဖိအားဝင်နေပါတယ်။ အရင်တုန်းက အနီးကပ်အပေးအယူလေးတွေနဲ့ကစားပုံလှပခဲ့တဲ့အာဆင်နယ်ဟာ အခုတော့ ခံစစ်ကနေ တိုက်စစ်ကို အဝေးပေးပို့မှုတွေနဲ့ ကစားနေပါတယ်။

Photo Credit

ကြယ်ပွင့်
အူဘာမီယန်းဖြစ်ပါတယ်။ သူဟာ ၁၂ပွဲကစားပြီးချိန်မှာ ၈ဂိုးသွင်းယူထားပြီး ဇာခါ အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီးနောက် အသင်းခေါင်းဆောင်သစ်ဖြစ်လာသူပါ။
အဆင့်သတ်မှတ်ချက် D-

Photo Credit

ယူနိုက်တက်
အောင်မြင်မှုများ
နည်းပြဆိုးလ်ရှားလက်ထက် အရမ်းကိုဆိုးရွားတဲ့ရာသီအစရလဒ်တွေထဲကနေ အောင်မြင်မှုကိုရှာဖွေရတာက နည်းနည်းတော့ခက်ပါတယ်။ အသင်းရဲ့အနေအထားအရ ဘယ်နေရာမှာမှ ကောင်းမွန်တယ်လို့ ပြောဖို့ မလုံလောက်ပေမယ့် လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဂိုးတွေပုံမှန်နီးပါးသွင်းယူနိုင်တာ၊ ဂျိမ်းစ်လိုလူငယ်ကစားသမားတွေ ခြေစွမ်းပြနေတာတွေကြောင့် ရာသီအကုန်အထိ ဆက်လက်တိုးတက်ဖို့ မျှော်လင့်ရပါတယ်။

Photo Credit

အားနည်းချက်များ
အဝေးကွင်းခြေစွမ်းက စိုးရိမ်နေရဆဲပါပဲ။ ယခုအချိန်အထိ ပြိုင်ပွဲစုံအဝေးကွင်း ၃ပွဲအနိုင်ရထားပေမယ့် အဲဒီထဲမှာ ၂ပွဲက ဖလားပွဲတွေဖြစ်သလို ပရီးမီးယားလိဂ်အဝေးကွင်းနိုင်ပွဲကလည်း ခြေစွမ်းကျဆင်းနေတဲ့ နောဝစ်ချ်ကိုပါ။ ကွင်းအတွင်း ဦးဆောင်သူကင်းမဲ့နေတာကလည်း အဓိကပြဿနာတစ်ရပ်ဖြစ်နေပါတယ်။

Photo Credit

ကြယ်ပွင့်
မက်တိုမီနေးပါ။ နည်းပြဟောင်း မော်ရင်ဟိုလက်ထက်က စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ပေါ့ဂ်ဘာထက် မက်တိုမီနေးကို ပိုမိုဦးစားပေးခဲ့လို့ ဝေဖန်ခံခဲ့ရပေမယ့် အခုတော့ ယူနိုက်တက်ကွင်းလယ်မှာ အရေးပါသူဖြစ်နေပါပြီ။
အဆင့်သတ်မှတ်ချက် D-

Photo Credit

စပါး
အောင်မြင်မှုများ
ယူနိုက်တက်လိုပဲ အောင်မြင်မှုကို ရှာဖွေဖို့ ခက်ခဲပါတယ်။ တစ်ခုတော့ရှိပါတယ်။ ချန်ပီယံလိဂ်မှာနောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေမှုပါ။ ဒါတောင် ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ၂-၇ဂိုးနဲ့အရေးနိမ့်ခဲ့ပါသေးတယ်။

Photo Credit

အားနည်းချက်များ
တည်ငြိမ်မှုကင်းမဲ့တဲ့ခံစစ်ကြောင်းနဲ့ တစ်သမတ်တည်းမရှိတဲ့ခြေစွမ်းပါ။ စပါးဟာ တကယ်လို့ပွဲအစမှာ ကစားပုံမကောင်းခဲ့ရင် သူတို့ဘာမှမလုပ်နိုင်တော့တဲ့ပုံစံမျိုးဖြစ်သွားတတ်ပါတယ်။

Photo Credit

ကြယ်ပွင့်
ဆွန်ဟောင်မင်က ဆိုးရွားမှုတွေကြားထဲကနေ တောက်ပနေသူပါ။
အဆင့်သတ်မှတ်ချက် F

Photo Credit

Zawgyi

ပရီးမီးယားလိဂ္ ၃လပတ္ ရီပို႔ကတ္

ရာသီစတင္လာတာ ၃လ၊ ပြဲအားျဖင့္ ၁၂ပဲြရွိလာခဲ့ၿပီျဖစ္သလုိ အဲဒီကာလအတြင္း ျပည္တြင္းနဲ႔ ဥေရာပပဲြေတ အမ်ားႀကီး ကစားခဲ့ၿပီး ႏုိင္ငံတကာရက္သတၱပတ္ ၂ခုလည္း ေက်ာ္ျဖတ္ခဲ့ၿပီးပါၿပီ။ အခုလိုတတိယေျမာက္ႏိုင္ငံတကာ ရက္သတၱပတ္ ကာလထဲ ျဖတ္သန္းေနရခ်ိန္မွာ ပရီးမီးယားလိဂ္အသင္းေတြရဲ႕ အေနအထားကို ျပန္လည္ဆန္းစစ္ဖို႔ လိုလာပါတယ္။ လီဗာပူးက ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာ လက္ရွိခ်န္ပီယံ စီးတီးကို ၃-၁ ဂိုးနဲ႔အႏိုင္ယူကာ ဒုတိယေနရာက လက္စတာကို ၈ မွတ္ျဖတ္ၿပီး ထိပ္ဆုံးကေန ဆက္လက္ဦးေဆာင္ေနပါတယ္။ တန္းဆင္းဇုန္ထဲမွာေတာ့ ၀က္ဖုိ႔ဒ္၊ ေနာ၀စ္ခ်္နဲ႔ ေဆာက္သမ္တန္ တုိ႔ ရပ္တည္ေနရၿပီး ပရီးမီးယားလိဂ္ပထမ ၃လပတ္ရီပို႔ကတ္မွာ ႀကီး ၆ႀကီးအျပင္ လက္စတာအသင္း ရဲ႕ ရီပို႔ကတ္ကိုပါ ေဖာ္ျပခ်င္ပါတယ္။

လီဗာပူး

ေအာင္ျမင္မႈမ်ား

စီးတီးကို ၃-၁ ဂိုးနဲ႔အႏုိင္ရခဲ့တာက ဒီရာသီ လီဗာပူးအသင္း ဘယ္ေလာက္ေကာင္းတယ္ဆုိတာ ထပ္မံ သက္ေသျပႏိုင္ ခဲ့တဲ့ ပဲြျဖစ္ပါတယ္။ နည္းျပကေလာ့ပ္ရဲ႕လီဗာပူးဟာ တစ္ရာသီလုံးမွာမွ စုစုေပါင္း ၂ မွတ္ပဲ ေလ်ာ့က်ထားၿပီး အခုလို ရာသီအေစာပိုင္းကာလမွာပဲ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖုိ႔ ေရပန္းအစားဆုံးျဖစ္ေနပါတယ္။

အားနည္းခ်က္မ်ား

လက္ရွိအခ်ိန္မွာ လီဗာပူးအသင္းက အားနည္းခ်က္ရယ္လုိ႔ သိပ္မရွိဘူးလုိ႔ ထင္စရာရွိေပမယ့္ တုိက္စစ္ပိုင္းမွာ အရန္ အင္အားမေတင့္တင္းတာက တစ္ခ်ိန္ခ်ိန္မွာ ဒုကၡေပးလာႏိုင္ပါတယ္။ အိုရီဂီက အံ့အားသင့္စရာေကာင္းတဲ့ တုိက္စစ္မွဴး ျဖစ္ေပမယ့္ ဆာလာမပါ၀င္ႏိုင္ခဲ့တဲ့အုိးလ္ထရက္ဖို႔ဒ္သေရပြဲမွာ လီဗာပူးတိုက္စစ္႐ုန္းကန္ခဲ့ရတာကို ေတြ႕ျမင္ခဲ့ရပါတယ္။
ၾကယ္ပြင့္
တုိက္စစ္ ၃ေယာက္တြဲျဖစ္တဲ့ မာေနး၊ ဆာလာနဲ႔ ဖာမီႏုိတုိ႔ထဲက တစ္ေယာက္ကို ေရြးထုတ္ဖို႔က ခက္ခဲတာမွန္ေပမယ့္ ဆီနီေဂါလက္ေရြးစင္ မာေနးက လက္တေလာပုိေကာင္းေနပါတယ္။ သူဟာ လီဗာပူးအတြက္ ၇ဂိုးသြင္းယူေပးထားၿပီး ပြဲႀကီးေတြမွာ ပိုမိုေျခစြမ္းျပေလ့ရွိပါတယ္။
အဆင့္သတ္မွတ္ခ်က္ A+

လက္စတာ
ေအာင္ျမင္မႈမ်ား
အရင္လက္စတာလုိ အခုလက္စတာအသင္း လုိက္လုပ္ႏုိင္မလား။ နည္းျပေရာ္ဂ်ာဟာ လြန္ခဲ့တဲ့ေဖေဖာ္၀ါရီလက နည္းျပေဟာင္း ပူရယ္ရဲ႕ေနရာမွာ လက္စတာနည္းျပအျဖစ္ အစားထိုးတာ၀န္ယူၿပီးခ်ိန္ကတည္းက အသင္းကို အလုံးစုံ ျပဳျပင္ေျပာင္းလဲႏိုင္ခဲ့ပါတယ္။ သူတုိ႔ဟာ အေကာင္းဆုံးပုံစံရရွိေနၿပီး ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ တကယ့္ကို အသိအမွတ္ျပဳရမယ့္စြမ္းေဆာင္ရည္ျဖစ္ပါတယ္။

အားနည္းခ်က္မ်ား

အခုခ်ိန္အထိ လက္စတာအသင္းရဲ႕အားနည္းခ်က္ရယ္လုိ႔ လုိက္ရွာလုိ႔မရေသးပါဘူး။ သူတုိ႔ဟာ ပရီးမီးယားလိဂ္ရဲ႕ ခံစစ္အေကာင္းဆုံးအသင္းအျဖစ္ ရပ္တည္ေနၿပီး ဒီထက္တုိးတက္လာဦးမယ္လုိ႔ ေျပာဖုိ႔ေတာ့ ခက္ပါတယ္။ ဒါေပမဲ့ တကယ္လုိ႔ ဒီပုံစံအတုိင္း ဆက္လက္စြမ္းေဆာင္ေနဦးမယ္ဆုိရင္ေတာ့ ျဖစ္ေပၚလာႏိုင္တဲ့ ကိုယ့္ကိုယ္ကိုယ္ အထင္ႀကီးစိတ္ေတြ၀င္လာႏုိင္တာကိုေတာ့ ႀကိဳတင္တားဆီးဖုိ႔ လိုပါတယ္။

ၾကယ္ပြင့္
အသက္ ၃၂ႏွစ္အရြယ္ရွိ တုိက္စစ္မွဴး ေဂ်မီဗာဒီဟာ ၁၁ဂိုးသြင္းယူကာ လက္တေလာဂိုးသြင္းအမ်ားဆုံး ကစားသမား ျဖစ္ေနပါတယ္။ သူဟာ အသင္းရဲ႕ေၾကာက္စရာအေကာင္းဆုံးတုိက္စစ္မွဴးအျဖစ္ ဆက္လက္ရပ္တည္ေနၿပီး ေဆာက္ သမ္တန္ကို ၀-၉ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။
အဆင့္သတ္မွတ္ခ်က္ A+

ခ်ဲလ္ဆီး
ေအာင္ျမင္မႈမ်ား
ရာသီအစမွာ က်ဥ္းထဲက်ပ္ထဲေရာက္ခဲ့ရတဲ့ ခ်ဲလ္ဆီးဟာ အေျပာင္းအေရႊ႕ပိတ္ပင္ခံထားရခ်ိန္မွာ လူငယ္ေတြကို ရဲရဲ ရင့္ရင့္စင္တင္ေပးခဲ့ၿပီး အခုေတာ့ အသီးအပြင့္ေတြ စတင္ခံစားေနရပါၿပီ။ နည္းျပလမ္းပတ္ကလည္း ပရီးမီးယားလိဂ္ အေတြ႕အႀကံဳမရွိလုိ႔ အေစာပိုင္းမွာ ေ၀ဖန္ခံခဲ့ရေပမယ့္ အခုေတာ့ အသင္းကို တတိယေနရာမွာရပ္တည္ေစႏိုင္တဲ့အထိ ဦးေဆာင္ထားႏိုင္ပါတယ္။

အားနည္းခ်က္မ်ား
လူငယ္အေျချပဳမူ၀ါဒက အလုပ္ျဖစ္ေနတာမွန္ေပမယ့္ တုိးတက္ဖုိ႔လိုအပ္ေနတဲ့ဧရိယာေတြလည္း ရိွေနပါတယ္။ ခံစစ္ပိုင္း က စုိးရိမ္ေနရဆဲျဖစ္ၿပီး ဂိုးသမား ကီပါကလည္း အခုခ်ိန္အထိ Clean Sheets ၃ပြဲပဲရထားပါတယ္။ ေျပာရရင္ ၁၇ဂိုး အထိ ေပးထားရတဲ့ ခ်ဲလ္ဆီးခံစစ္က ထိပ္ဆုံး ၁၀သင္းစာရင္းမွာ ဘန္ေလၿပီးရင္ အဆုိးရြားဆုံးျဖစ္ေနပါတယ္။

ၾကယ္ပြင့္
သံသယ၀င္ေနသူေတြမွားယြင္းေၾကာင္း သက္ေသျပခဲ့တဲ့ တုိက္စစ္မွဴး ေအဘရာဟမ္ပါ။ လြန္ခဲ့တဲ့ ၂ႏွစ္က တန္းဆင္း ခဲ့ရတဲ့ဆြမ္ဆီးအသင္းမွာ ႐ုန္းကန္ခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္သြင္းဂိုး ၁၀ဂိုးအထိရရွိထားၿပီး အဂၤလန္အသင္းအတြက္ပါ ပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
အဆင့္သတ္မွတ္ခ်က္ A

မန္စီးတီး
ေအာင္ျမင္မႈမ်ား
လက္ရွိအခ်ိန္မွာ သူတု႔ိက ႐ုန္းကန္ေနရတာမွန္ေပမယ့္ ခ်န္ပီယံအသင္းတစ္သင္းအေနနဲ႔ ႀကီးမားတဲ့စြမ္းရည္ေတြလည္း ျပသထားပါတယ္။ သူတုိ႔ဟာ ၀က္ဖုိ႔ဒ္ကို ၈ဂိုး၊ ၀က္စ္ဟမ္းကို ၅ဂိုးနဲ႔ ဘ႐ိုက္တန္ကို ၄ဂိုးသြင္းယူထားၿပီး တစ္ပြဲပ်မ္းမွ် သြင္းဂိုး ၃ဂိုးနီးပါးရွိ ၃၅ ဂိုးသြင္းယူထားတ့ဲတုိက္စစ္က ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးတုိက္စစ္ျဖစ္ေနပါတယ္။

အားနည္းခ်က္မ်ား
ဆန္႔က်င္ဘက္အေနနဲ႔ ခံစစ္ပိုင္းကေတာ့ စိုးရိမ္စရာျဖစ္ေနပါတယ္။ ကံဆိုးလုိ႔ အဓိကေနာက္ခံလူ လာေပၚတီ ကာလရွည္ အနားယူေနရသလို ဦးစားေပးဂိုးသမား အီဒါဆန္ကလည္း ႂကြက္သားဒဏ္ရာေၾကာင့္ အေရးႀကီးပြဲျဖစ္တဲ့ လီဗာပူးနဲ႔ပြဲကို လြဲေခ်ာ္ခဲ့ရပါတယ္။ ၿပီးေတာ့ အသင္းေခါင္းေဆာင္ ကြန္ပနီရဲ႕ေနရာမွာ အခုခ်ိန္အထိ အစားမထိုးႏိုင္ေသးတာကလည္း အဓိကျပႆနာတစ္ရပ္ျဖစ္ေနပါတယ္။

ၾကယ္ပြင့္
ဒဏ္ရာျပႆနာေၾကာင့္ ယမန္ႏွစ္ရာသီက ပဲြအမ်ားးစုလဲြေခ်ာ္ခဲ့ရတဲ့ဒီဘ႐ိုင္းက ဒီရာသီမွာေတာ့ အထူးေျခစြမ္း ျပ ေနပါ တယ္။ ဂိုးဖန္တီးမႈ ၉ႀကိမ္နဲ႔ ထိပ္ဆုံးကေန ဦးေဆာင္ေနၿပီး အနီးကပ္ဆုံးၿပိဳင္ဘက္ထက္ ၂ဆေက်ာ္ပိုမ်ားေနပါတယ္။
အဆင့္သတ္မွတ္ခ်က္ D+

အာဆင္နယ္
ေအာင္ျမင္မႈမ်ား
ဥေရာပမွာ ေရွ႕တုိးထြက္ေနၿပီး ေစာေစာစီးစီးအုပ္စုအဆင့္ကို ေက်ာ္ျဖတ္ဖုိ႔ ျပင္ဆင္ေနပါတယ္။ ဒါေပမဲ့ အာဆင္နယ္က မွားယြင္းတ့ဲအေၾကာင္းအရာေတြနဲ႔ပဲ ေခါင္းႀကီးပိုင္းသတင္းျဖစ္ေနၿပီး အထင္ရွားဆုံးကေတာ့ အသင္းေခါင္းေဆာင္ ဇာခါနဲ႔ ပရိသတ္ေတြၾကားျဖစ္ပြားခဲ့တဲ့ျပႆနာပါ။

အားနည္းခ်က္မ်ား
ရာသီအစက ရလဒ္ေတြသိပ္မဆုိးခဲ့ေပမယ့္ အခုေတာ့ တစ္ျဖည္းျဖည္းက်လာၿပီး နည္းျပအမ္မရီလည္း ဖိအား၀င္ေနပါ တယ္။ အရင္တုန္းက အနီးကပ္အေပးအယူေလးေတြနဲ႔ကစားပုံလွပခဲ့တဲ့အာဆင္နယ္ဟာ အခုေတာ့ ခံစစ္ကေန တုိက္စစ္ ကို အေ၀းေပးပုိ႔မႈေတြနဲ႔ ကစားေနပါတယ္။

ၾကယ္ပြင့္
အူဘာမီယန္းျဖစ္ပါတယ္။ သူဟာ ၁၂ပြဲကစားၿပီးခ်ိန္မွာ ၈ဂိုးသြင္းယူထားၿပီး ဇာခါ အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွားခံခဲ့ရၿပီးေနာက္ အသင္းေခါင္းေဆာင္သစ္ျဖစ္လာသူပါ။
အဆင့္သတ္မွတ္ခ်က္ D-

ယူႏုိက္တက္
ေအာင္ျမင္မႈမ်ား
နည္းျပဆုိးလ္ရွားလက္ထက္ အရမ္းကိုဆုိးရြားတဲ့ရာသီအစရလဒ္ေတြထဲကေန ေအာင္ျမင္မႈကိုရွာေဖြရတာက နည္းနည္း ေတာ့ခက္ပါတယ္။ အသင္းရဲ႕အေနအထားအရ ဘယ္ေနရာမွာမွ ေကာင္းမြန္တယ္လုိ႔ ေျပာဖို႔ မလုံေလာက္ေပမယ့္ လူငယ္တိုက္စစ္မွဴး ရက္ရွ္ဖုိ႔ဒ္ ဂိုးေတြပုံမွန္နီးပါးသြင္းယူႏုိင္တာ၊ ဂ်ိမ္းစ္လိုလူငယ္ကစားသမားေတြ ေျခစြမ္းျပေနတာ ေတြေၾကာင့္ ရာသီအကုန္အထိ ဆက္လက္တုိးတက္ဖို႔ ေမွ်ာ္လင့္ရပါတယ္။

အားနည္းခ်က္မ်ား
အေ၀းကြင္းေျခစြမ္းက စုိးရိမ္ေနရဆဲပါပဲ။ ယခုအခ်ိန္အထိ ၿပိဳင္ပြဲစုံအေ၀းကြင္း ၃ပြဲအႏိုင္ရထားေပမယ့္ အဲဒီထဲမွာ ၂ပြဲက ဖလားပြဲေတြျဖစ္သလုိ ပရီးမီးယားလိဂ္အေ၀းကြင္းႏုိင္ပြဲကလည္း ေျခစြမ္းက်ဆင္းေနတဲ့ ေနာ၀စ္ခ်္ကိုပါ။ ကြင္းအတြင္း ဦးေဆာင္သူကင္းမဲ့ေနတာကလည္း အဓိကျပႆနာတစ္ရပ္ျဖစ္ေနပါတယ္။

ၾကယ္ပြင့္
မက္တိုမီေနးပါ။ နည္းျပေဟာင္း ေမာ္ရင္ဟိုလက္ထက္က စံခိ်န္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားတ့ဲ ေပါ့ဂ္ဘာထက္ မက္တိုမီေနးကို ပိုမိုဦးစားေပးခဲ့လုိ႔ ေ၀ဖန္ခံခဲ့ရေပမယ့္ အခုေတာ့ ယူႏိုက္တက္ကြင္းလယ္မွာ အေရးပါသူျဖစ္ေနပါၿပီ။
အဆင့္သတ္မွတ္ခ်က္ D-

စပါး
ေအာင္ျမင္မႈမ်ား
ယူႏုိက္တက္လုိပဲ ေအာင္ျမင္မႈကို ရွာေဖြဖို႔ ခက္ခဲပါတယ္။ တစ္ခုေတာ့ရွိပါတယ္။ ခ်န္ပီယံလိဂ္မွာေနာက္တစ္ဆင့္တက္ဖုိ႔ အေျခအေနေကာင္းေနမႈပါ။ ဒါေတာင္ ဘုိင္ယန္ျမဴးနစ္ကို အိမ္ကြင္းမွာ ၂-၇ဂိုးနဲ႔အေရးနိမ့္ခဲ့ပါေသးတယ္။

အားနည္းခ်က္မ်ား
တည္ၿငိမ္မႈကင္းမဲ့တဲ့ခံစစ္ေၾကာင္းနဲ႔ တစ္သမတ္တည္းမရွိတဲ့ေျခစြမ္းပါ။ စပါးဟာ တကယ္လုိ႔ပြဲအစမွာ ကစားပုံ မေကာင္း ခဲ့ရင္ သူတုိ႔ဘာမွမလုပ္ႏိုင္ေတာ့တဲ့ပုံစံမ်ိဳးျဖစ္သြားတတ္ပါတယ္။

ၾကယ္ပြင့္
ဆြန္ေဟာင္မင္က ဆုိးရြားမႈေတြၾကားထဲကေန ေတာက္ပေနသူပါ။
အဆင့္သတ္မွတ္ခ်က္ F