ပရီးမီးယားလိဂ် သမိုင်းဝင်စံချိန်တစ်ခုရယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းရဲ့ နာမည်ကျော်တိုက်စစ်အတွဲဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ဟာ ပဲလေ့စ်အသင်းကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် (၂၆)နှစ်ကြာတင်ရှိထားတဲ့ စံချိန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ပဲ့လေစ်အသင်းနဲ့ပွဲမှာ စပါးအသင်းအတွက် ဂိုးတွေကို ဂါရတ်ဘေးလ် (၂ဂိုး)၊ ဟယ်ရီကိန်း(၂ ဂိုး)တို့က သွင်းယူခဲ့ပြီး ပွဲချိန်(၇၆)မိနစ်မှာ ဟယ်ရီကိန်းသွင်းယူခဲ့တဲ့ စတုတ္ထမြောက်ဂိုးကို ဆွန်ဟောင်မင်က ဖန်တီးပေးခဲ့တာပါ။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ရဲ့အတွဲအဖက်ကနေ စပါးအသင်း ရရှိခဲ့တဲ့သွင်းဂိုးက (၁၄)ဂိုးအထိရှိနေပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးအရေအတွက်အများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးတိုက်စစ်အတွဲအဖက်က ၁၉၉၄-၉၅ ရာသီတုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ ဘလက်ဘန်းအသင်း နာမည်ကျော်တိုက်စစ်မှူးဟောင်းတွေဖြစ်ကြတဲ့ အလန်ရှီးယားနဲ့ ခရစ္စဆပ်တန်တို့ဖြစ်ပြီး သူတို့နှစ်ဦးရဲ့အတွဲအဖက်ကနေ သွင်းယူခဲ့တာက (၁၃)ဂိုးအထိရှိခဲ့ပါတယ်။

အဲဒီစံချိန်ကို မီလုနီးပါးဖြစ်ခဲ့တာက ဘုန်းမောက်တိုက်စစ်အတွဲဖြစ်တဲ့ ရိုင်ယန်ဖရေဆာနဲ့ ကော်လမ်ဝီလ်ဆင်တို့အတွဲဖြစ်ပြီး ၂၀၁၈-၁၉ ရာသီတုန်းက (၁၂)ဂိုးအထိသွင်းခဲ့ကြပေမယ့် တစ်ဂိုးအကွာနဲ့ လက်လွှတ်ခဲ့ရတာပါ။ အခုအချိန်မှာတော့ ဆွန်ဟောင်မင်နဲ့ ဟယ်ရီကိန်းတို့တိုက်စစ်အတွဲအဖက်က အလန်ရှီးယား+ဆပ်တန်တို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်သမိုင်းဝင်စံချိန်ကို ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆွန်ဟောင်မင်နဲ့ ဟယ်ရိကိန်းတို့ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ(၄)ရက်ကတည်းက အလန်ရှီးယား+ဆပ်တန်တို့အတွဲ စွမ်းဆောင်ရည်မှတ်တမ်းကို အမီလိုက်နိုင်ခဲ့တာဖြစ်ပြီး (၂)လကျော်အကြာမှာ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်နဲ့ ဟယ်ရီကိန်းတို့ဟာ ဒီရာသီ စပါးအသင်းရဲ့တိုက်စစ်မှာ အဓိက ကစားသမားတွေအဖြစ် ခြေစွမ်းပြကစားနေပြီး ဆွန်ဟောင်မင်က (၁၃)ဂိုး၊ ဟယ်ရီကိန်းက (၁၆)ဂိုးသွင်းယူထားပါတယ်။

ဟယ်ရီကိန်းဟာ လက်ရှိအချိန်အထိ ဂိုးဖန်တီးမှု (၁၃)ကြိမ်ပြုလုပ်ထားသလို အဲဒီထဲမှာ အကြိမ်အများစုက ဆွန်ဟောင်မင်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တာဖြစ်ပြီး ဆွန်ဟောင်မင်ရဲ့ ဂိုးဖန်တီးမှု(၉)ကြိမ်မှာလည်း ဟယ်ရီကိန်း ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးတဲ့အရေအတွက်က ပိုများခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္ သမိုင္းဝင္စံခ်ိန္တစ္ခုရယူႏိုင္ခဲ့တဲ့ ဟယ္ရီကိန္းနဲ႔ ဆြန္ေဟာင္မင္

စပါးအသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္အတြဲျဖစ္တဲ့ ဟယ္ရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ဟာ ပဲေလ့စ္အသင္းကို (၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတစ္ေလွ်ာက္ (၂၆)ႏွစ္ၾကာတင္ရွိထားတဲ့ စံခ်ိန္တစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။ ပဲ့ေလစ္အသင္းနဲ႔ပြဲမွာ စပါးအသင္းအတြက္ ဂိုးေတြကို ဂါရတ္ေဘးလ္ (၂ဂိုး)၊ ဟယ္ရီကိန္း(၂ ဂိုး)တို႔က သြင္းယူခဲ့ၿပီး ပြဲခ်ိန္(၇၆)မိနစ္မွာ ဟယ္ရီကိန္းသြင္းယူခဲ့တဲ့ စတုတၳေျမာက္ဂိုးကို ဆြန္ေဟာင္မင္က ဖန္တီးေပးခဲ့တာပါ။ ဒီရာသီ ပရီးမီးယားလိဂ္မွာ ဟယ္ရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ရဲ႕အတြဲအဖက္ကေန စပါးအသင္း ရရွိခဲ့တဲ့သြင္းဂိုးက (၁၄)ဂိုးအထိရွိေနၿပီး ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ဂိုးအေရအတြက္အမ်ားဆုံးအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ တစ္ရာသီအတြင္း သြင္းဂိုးအမ်ားဆုံးတိုက္စစ္အတြဲအဖက္က ၁၉၉၄-၉၅ ရာသီတုန္းက ခ်န္ပီယံျဖစ္ခဲ့တဲ့ ဘလက္ဘန္းအသင္း နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္းေတြျဖစ္ၾကတဲ့ အလန္ရွီးယားနဲ႔ ခရစၥဆပ္တန္တို႔ျဖစ္ၿပီး သူတို႔ႏွစ္ဦးရဲ႕အတြဲအဖက္ကေန သြင္းယူခဲ့တာက (၁၃)ဂိုးအထိရွိခဲ့ပါတယ္။ အဲဒီစံခ်ိန္ကို မီလုနီးပါးျဖစ္ခဲ့တာက ဘုန္းေမာက္တိုက္စစ္အတြဲျဖစ္တဲ့ ႐ိုင္ယန္ဖေရဆာနဲ႔ ေကာ္လမ္ဝီလ္ဆင္တို႔အတြဲျဖစ္ၿပီး ၂၀၁၈-၁၉ ရာသီတုန္းက (၁၂)ဂိုးအထိသြင္းခဲ့ၾကေပမယ့္ တစ္ဂိုးအကြာနဲ႔ လက္လႊတ္ခဲ့ရတာပါ။ အခုအခ်ိန္မွာေတာ့ ဆြန္ေဟာင္မင္နဲ႔ ဟယ္ရီကိန္းတို႔တိုက္စစ္အတြဲအဖက္က အလန္ရွီးယား+ဆပ္တန္တို႔ကို ေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္သမိုင္းဝင္စံခ်ိန္ကို ပိုင္ဆိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဆြန္ေဟာင္မင္နဲ႔ ဟယ္ရိကိန္းတို႔ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလ(၄)ရက္ကတည္းက အလန္ရွီးယား+ဆပ္တန္တို႔အတြဲ စြမ္းေဆာင္ရည္မွတ္တမ္းကို အမီလိုက္ႏိုင္ခဲ့တာျဖစ္ၿပီး (၂)လေက်ာ္အၾကာမွာ စံခ်ိန္သစ္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္နဲ႔ ဟယ္ရီကိန္းတို႔ဟာ ဒီရာသီ စပါးအသင္းရဲ႕တိုက္စစ္မွာ အဓိက ကစားသမားေတြအျဖစ္ ေျခစြမ္းျပကစားေနၿပီး ဆြန္ေဟာင္မင္က (၁၃)ဂိုး၊ ဟယ္ရီကိန္းက (၁၆)ဂိုးသြင္းယူထားပါတယ္။ ဟယ္ရီကိန္းဟာ လက္ရွိအခ်ိန္အထိ ဂိုးဖန္တီးမႈ (၁၃)ႀကိမ္ျပဳလုပ္ထားသလို
အဲဒီထဲမွာ အႀကိမ္အမ်ားစုက ဆြန္ေဟာင္မင္ဂိုးသြင္းႏိုင္ေအာင္ ဖန္တီးေပးခဲ့တာျဖစ္ၿပီး ဆြန္ေဟာင္မင္ရဲ႕ ဂိုးဖန္တီးမႈ(၉)ႀကိမ္မွာလည္း ဟယ္ရီကိန္း ဂိုးသြင္းႏိုင္ဖို႔ ဖန္တီးေပးတဲ့အေရအတြက္က ပိုမ်ားခဲ့ပါတယ္။