ပရီးမီးယားလိဂ် ပွဲတွေအတွက် လော်ရိုးရဲ့ သုံးသပ်ခန့်မှန်းချက်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ် ပြိုင်ပွဲကတော့ တဖြည်းဖြည်း ပြီးဆုံးဖို့ နီးကပ်လာခဲ့ပြီ ဖြစ်ပါတယ်။ ပွဲစဉ် ၃၇ နဲ့ ပတ်သက်ပြီး ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

-ယူနိုက်တက် Vs ဖူဟမ်

■မေ ၁၈၊ ည ၁၁နာရီခွဲ

ယူနိုက်တက်ဟာ လာမယ့် တစ်ပတ်မှာ ယူရိုပါလိဂ် ဖိုင်နယ်ကို ကစား သွားရမှာ ဖြစ်ပေမယ့် ဒါဟာ ဒီရာသီရဲ့ နောက်ဆုံး အိမ်ကွင်း ပွဲစဉ် ဖြစ်နေတဲ့ အပြင်

ပရိသတ်တွေလည်း လာရောက် ကြည့်ရှုမှာ ဖြစ်တာကြောင့် ကျွန်တော် ကတော့ အိုလီ အနေနဲ့ တောင့်တင်းတဲ့ လူစာရင်းကို ထုတ်သုံး သွားလိမ့်မယ်လို့ ထင်ပါတယ်။
အိုးထရပ်ဖို့ဒ်မှာ အနိုင်ရခဲ့မယ် ဆိုရင် ဒါဟာ ဒီရာသီကို ကောင်းမွန်တဲ့ အဆုံးသတ်မှု ဖြစ်လာမှာပါ။

ကျွန်တော် ကတော့ ဖူဟမ်တို့ သူတို့ကို တားဆီးနိုင်လိမ့်မယ်လို့ မထင်ပါဘူး။

– ဂိုး ခန့်မှန်းချက် :ယူနိုက်တက် ၃-ဝ ဖူဟမ်

-ဘရိုက်တန် Vs မန်စီးတီး

■မေ ၁၉၊ နံနက် ၀၀:၃၀ နာရီ

စီးတီး ခံစစ်က အကောင်းဆုံး ကစားသမားတွေကို နယူးကာဆယ်ကို နိုင်ခဲ့တဲ့ ပွဲမှာ အနားပေးထားတာကြောင့် ဒီပွဲမှာတော့ ပြန်ထည့် သုံးမှာ သေချာပါတယ်။

ဘရိုက်တန်ကတော့ သပ်သပ်ရပ်ရပ် ကစားတတ်ကြတာ သိပါတယ်။ ဒါပေမယ့် စီးတီးကိုတော့ သူတို့ နိုင်မှာ မဟုတ်ဘူး။

-ဂိုးခန့်မှန်းချက် :မန်စီးတီး ၃-၀ ဘရိုက်တန်

– ချဲလ်ဆီး Vs လက်စတာ

■မေ ၁၉ ၊ နံနက် ၁:၄၅ နာရီ

အက်ဖ်အေဖလားဖိုင်နယ်မှာတော့ လက်စတာဟာ ချဲလ်ဆီးကို အနိုင်ယူကာ သူတို့အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီတစ်ကြိမ် ပရီးမီးယားလိဂ်မှာ တွေ့ဆုံရာမှာတော့ ကျွန်တော် ချဲလ်ဆီးကိုပဲ ရွေးချင်ပါတယ်။

ချဲလ်ဆီး အနေနဲ့ လက်စတာကို ပြန်လည် လက်စားချေချင် နေမှာဖြစ်ပြီး သူတို့ရဲ့ top 4 မျှော်လင့်ချက်ပီပြင်စေဖို့ အတွက်ကလည်း အနိုင်ရဖို့ လိုအပ်နေပါတယ်။

-ဂိုးခန့်မှန်းချက် : ချဲလ်ဆီး ၂-ဝလက်စတာ

-ဘန်လေ Vs လီဗာပူး

■မေ၂၀၊ နံနက် ၁:၄၅ နာရီ

ဘန်လေဟာ ဂိုးသွင်းနိုင်မှာ ဖြစ်ပြီး လီဗာပူးအတွက် သက်သောင့်သက်သာ ဖြစ်မယ့်ည ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါပေမယ့် လီဗာပူးတို့ အနိုင်ရလိမ့်မယ်လို့ပဲ ထင်ပါတယ်။ လီဗာပူးဟာ လက်ကျန် ၂ ပွဲစလုံးကို အနိုင်ရခဲ့မယ် ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိမှာပါ။

-ဂိုးခန့်မှန်းချက် : လီဗာပူး 3- 1 ဘန်လေ

-ပဲလေ့စ် Vs အာဆင်နယ်

■မေ၂၀၊ နံနက် ၀၀:၃၀နာရီ

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက် အနိုင်ရထားခဲ့ပြီး ဆဲဟတ်ပက်မှာ ၄ ပွဲဆက် အနိုင်ကို ဖန်တီးနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။

တကယ်လို့ ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန် အနေနဲ့ ရာသီကုန်မှာ ထွက်ခွာတော့မယ် ဆိုရင် ဒီပွဲစဉ် မတိုင်မီ တရားဝင် ကြေငြာလိုက်သင့်ပါတယ်။

အဲဒါက ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုလည်း ဖြစ်လာနိုင်ပါတယ်။

-ဂိုးခန့်မှန်းချက် : ပဲလေ့စ် 0- 2 အာဆင်နယ်

အခြားပွဲစဉ်များအတွက် လော်ရိုး ရဲ့ ဂိုးခန့်မှန်းရလဒ်များ

Tottenham 2-1 Aston Villa

Southampton 0-2 Leeds

Everton 2-0 Wolves

Newcastle 2-1 Sheff Utd

West Brom 0-2 West Ham

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္ ပြဲေတြအတြက္ ေလာ္႐ိုးရဲ႕ သုံးသပ္ခန႔္မွန္းခ်က္မ်ား

ပရီးမီးယားလိဂ္ ၿပိဳင္ပြဲကေတာ့ တျဖည္းျဖည္း ၿပီးဆုံးဖို႔ နီးကပ္လာခဲ့ၿပီ ျဖစ္ပါတယ္။ ပြဲစဥ္ ၃၇ နဲ႔ ပတ္သက္ၿပီး ဘီဘီစီမွ ပင္တိုင္ သုံးသပ္သူ ေလာ္႐ိုးက အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။

-ယူႏိုက္တက္ Vs ဖူဟမ္
■ေမ ၁၈၊ ည ၁၁နာရီခြဲ

ယူႏိုက္တက္ဟာ လာမယ့္ တစ္ပတ္မွာ ယူ႐ိုပါလိဂ္ ဖိုင္နယ္ကို ကစား သြားရမွာ ျဖစ္ေပမယ့္ ဒါဟာ ဒီရာသီရဲ႕ ေနာက္ဆုံး အိမ္ကြင္း ပြဲစဥ္ ျဖစ္ေနတဲ့ အျပင္ ပရိသတ္ေတြလည္း လာေရာက္ ၾကည့္ရႈမွာ ျဖစ္တာေၾကာင့္ ကြၽန္ေတာ္ ကေတာ့ အိုလီ အေနနဲ႔ ေတာင့္တင္းတဲ့ လူစာရင္းကို ထုတ္သုံး သြားလိမ့္မယ္လို႔ ထင္ပါတယ္။
အိုးထရပ္ဖို႔ဒ္မွာ အႏိုင္ရခဲ့မယ္ ဆိုရင္ ဒါဟာ ဒီရာသီကို ေကာင္းမြန္တဲ့ အဆုံးသတ္မႈ ျဖစ္လာမွာပါ။ ကြၽန္ေတာ္ ကေတာ့ ဖူဟမ္တို႔ သူတို႔ကို တားဆီးႏိုင္လိမ့္မယ္လို႔ မထင္ပါဘူး။
– ဂိုး ခန႔္မွန္းခ်က္ :ယူႏိုက္တက္ ၃-ဝ ဖူဟမ္

-ဘ႐ိုက္တန္ Vs မန္စီးတီး

■ေမ ၁၉၊ နံနက္ ၀၀:၃၀ နာရီ

စီးတီး ခံစစ္က အေကာင္းဆုံး ကစားသမားေတြကို နယူးကာဆယ္ကို ႏိုင္ခဲ့တဲ့ ပြဲမွာ အနားေပးထားတာေၾကာင့္ ဒီပြဲမွာေတာ့ ျပန္ထည့္ သုံးမွာ ေသခ်ာပါတယ္။ ဘ႐ိုက္တန္ကေတာ့ သပ္သပ္ရပ္ရပ္ ကစားတတ္ၾကတာ သိပါတယ္။ ဒါေပမယ့္ စီးတီးကိုေတာ့ သူတို႔ ႏိုင္မွာ မဟုတ္ဘူး။
-ဂိုးခန႔္မွန္းခ်က္ :မန္စီးတီး ၃-၀ ဘ႐ိုက္တန္

– ခ်ဲလ္ဆီး Vs လက္စတာ
■ေမ ၁၉ ၊ နံနက္ ၁:၄၅ နာရီ
အက္ဖ္ေအဖလားဖိုင္နယ္မွာေတာ့ လက္စတာဟာ ခ်ဲလ္ဆီးကို အႏိုင္ယူကာ သူတို႔အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ ပထမဦးဆုံး အႀကိမ္ ဆုဖလားကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒီတစ္ႀကိမ္ ပရီးမီးယားလိဂ္မွာ ေတြ႕ဆုံရာမွာေတာ့ ကြၽန္ေတာ္ ခ်ဲလ္ဆီးကိုပဲ ေ႐ြးခ်င္ပါတယ္။ ခ်ဲလ္ဆီး အေနနဲ႔ လက္စတာကို ျပန္လည္ လက္စားေခ်ခ်င္ ေနမွာျဖစ္ၿပီး သူတို႔ရဲ႕ top 4 ေမွ်ာ္လင့္ခ်က္ပီျပင္ေစဖို႔ အတြက္ကလည္း အႏိုင္ရဖို႔ လိုအပ္ေနပါတယ္။
-ဂိုးခန႔္မွန္းခ်က္ : ခ်ဲလ္ဆီး ၂-ဝလက္စတာ

-ဘန္ေလ Vs လီဗာပူး
■ေမ၂၀၊ နံနက္ ၁:၄၅ နာရီ
ဘန္ေလဟာ ဂိုးသြင္းႏိုင္မွာ ျဖစ္ၿပီး လီဗာပူးအတြက္ သက္ေသာင့္သက္သာ ျဖစ္မယ့္ည ျဖစ္လာမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ လီဗာပူးတို႔ အႏိုင္ရလိမ့္မယ္လို႔ပဲ ထင္ပါတယ္။ လီဗာပူးဟာ လက္က်န္ ၂ ပြဲစလုံးကို အႏိုင္ရခဲ့မယ္ ဆိုရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရရွိမွာပါ။
-ဂိုးခန႔္မွန္းခ်က္ : လီဗာပူး 3- 1 ဘန္ေလ

-ပဲေလ့စ္ Vs အာဆင္နယ္
■ေမ၂၀၊ နံနက္ ၀၀:၃၀နာရီ
အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ ၃ ပြဲဆက္ အႏိုင္ရထားခဲ့ၿပီး ဆဲဟတ္ပက္မွာ ၄ ပြဲဆက္ အႏိုင္ကို ဖန္တီးႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ တကယ္လို႔ ပဲေလ့စ္နည္းျပ ႐ြိဳင္းေဟာ့ဆန္ အေနနဲ႔ ရာသီကုန္မွာ ထြက္ခြာေတာ့မယ္ ဆိုရင္ ဒီပြဲစဥ္ မတိုင္မီ တရားဝင္ ေၾကျငာလိုက္သင့္ပါတယ္။ အဲဒါက ကစားသမားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ ျမႇင့္တင္မႈလည္း ျဖစ္လာႏိုင္ပါတယ္။
-ဂိုးခန႔္မွန္းခ်က္ : ပဲေလ့စ္ 0- 2 အာဆင္နယ္

အျခားပြဲစဥ္မ်ားအတြက္ ေလာ္႐ိုး ရဲ႕ ဂိုးခန႔္မွန္းရလဒ္မ်ား
Tottenham 2-1 Aston Villa
Southampton 0-2 Leeds
Everton 2-0 Wolves
Newcastle 2-1 Sheff Utd

West Brom 0-2 West Ham