ပရီးမီးယားလိဂ် ပထမဆုံး ပွဲထွက်ခွင့် ပိုင်ဆိုင်ခဲ့တဲ့ ဗန်ဒီဘိခ် ပေါ့ဂ်ဘာနေရာကို ခြိမ်းခြောက်နိုင်ပြီလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ ပရိသတ်တွေ မျှော်လင့်နေကြတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ် ပရီးမီးယားလိဂ်မှာ ပထမဆုံး ပွဲထွက်ခွင့် ရခဲ့ပါတယ်။ ဗန်ဒီဘိခ်ရဲ့ ချန်ပီယံလိဂ်မှာ ပြသနေတဲ့ ခြေစွမ်းကြောင့် ပရီးမီးယားလိဂ်မှာပါ ပွဲထွက်ခွင့်ရသင့်တယ်ဆိုပြီး ပရိသတ်တွေအပြင် ဖာဒီနန်လို ဂန္တဝင် ကစားသမားတွေကပါ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

မနေ့ညက ပွဲမှာတော့ ပေါ့ဂ်ဘာ၊ တော်မီနေးတို့ ဒဏ်ရာရနေခြင်းနဲ့အတူ နည်းပြ ဆိုးလ်ရှားက ယုံယုံကြည်ကြည်ပဲ နယ်သာလန်သားကို ကွင်းလယ်အတွင်းလူအဖြစ် တာဝန်ပေးခဲ့ပါတယ်။

တကယ့် ပွဲကစားချိန်မှာလည်း ကျေနပ်လောက်တဲ့ ခြေစွမ်းမျိုး ပြသထားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ရရှိအောင် ကူညီပေးခဲ့သလို ဖြတ်ထုတ်မှု အများအပြားကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။

အချက်အလက်တွေအရဆိုရင် နယ်သာလန်သားဟာ တစ်ဦးချင်းကျော်ဖြတ်မှု ၁၀၀% အောင်မြင်ခဲ့တာကို တွေ့ရပြီး ဆောက်သမ်တန် ကွင်းလယ်က စုပြုံ ဖြတ်ထုတ်မှုတွေကို ကျော်ဖြတ်ကာ တိုက်စစ်ကို ပံ့ပိုးနိုင်ခဲ့ပါတယ်။ ဘောလုံးပေးပိ့ုမှုပိုင်းမှာဆိုရင်လည်း ၈၂%အထိ အောင်မြင်ခဲ့ပြီး ရက်ရှ်ဖို့ဒ် အဆုံးမသတ်နိုင်ခဲ့တဲ့ အခွင့်အရေးမှလည်း ဗန်ဒီဘိခ်ရဲ့ အဝေးဘော ပေးပို့မှု ကောင်းမွန်ပုံကို မြင်တွေ့ရပါတယ်။

ပုံမှန် ကွင်းလယ်တိုက်စစ်နေရာ ကစားတဲ့ ကစားသမားဟာ အတွင်းထဲ ဝင်ကစားခဲ့ပေမဲ့ ဘောလုံး ဆယ်ယူမှု ၁၀ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ကာ ဖြတ်ထုတ်မှု ၄ကြိမ်ကိုလည်း ပုံမှန်နေရာ မဟုတ်တာတောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဗန်ဒီဘိခ်ကိုယ်တိုင်ကလည်း အေဂျက်စ်မှာတုန်းက သူ ကွင်းလယ်တိုက်စစ်ရော၊ ကွင်းလယ်အတွင်းလူ နေရာပါ ကစားခဲ့တဲ့အတွင် သူ့အတွက် လုံး၀ အဆင်ပြေကြောင်း ဘက်စ်ကီးရှီးယားနဲ့ ပွဲစဉ်အပြီးမှာ ပြောထားခဲ့ပါတယ်။

ဆောက်သမ်တန် ကစားသမားတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့မှုကြောင့် ဗန်ဒီဘိခ်တစ်ယောက် ခြေကျင်းဝတ်ဒဏ်ရာကြောင့် အမာရွတ်ကျန်ခဲ့တာကို လူမှုကွန်ရက်ပေါ် တင်ကာ ပရီးမီးယားလိဂ်က ကြိုဆိုပါတယ်ဆိုပြီး နောက်ပြောင်ခဲ့ပါသေးတယ်။

ပရိသတ်တွေကလည်း ဗန်ဒီဘိခ်ဟာ ကွင်းလယ်မှာ အသံတိတ် လူသတ်သမားအဖြစ် ဘောလုံးပေးပို့မှု ကောင်းမွန်ပုံတွေကို ချီးကျူးခဲ့ကြပါတယ်။

အလားတူ ဂန္တဝင် ကစားသမား ရွိုင်ကိန်းကလည်း ဗန်ဒီဘိခ်ဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း ပြောကြားခဲ့ပါတယ်။ ရွိုင်ကိန်းက “သူ ကွင်းထဲကို ၂မိနစ်လောက် ရောက်သေးပေမဲ့ အခြား ကွင်းလယ်လူတွေရဲ့ စွမ်းဆောင်ရည်ကို ကြည့်လိုက်ရင် သူက ပွဲထွက်ခွင့် ထိုက်တန်တယ်ဆိုတာ မြင်ရမှာပါ”

“သူ့မှာ အရည်အချင်းရှိတယ်။ ဒီနေ့ အဲ့ဒါကို ယူနိုက်တက်က လိုအပ်ပြီး ဆောက်သမ်တန် ကွင်းလယ်က အားအင်အပြည့်နဲ့ ကစားတတ်တာကြောင့် သူ့အတွက် စာမေးပွဲကောင်းပါပဲ။ သူက ကစားသမားကောင်း ဖြစ်တာကြောင့် ပွဲထွက်နဲ့ ထိုက်တန်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် ပရိသတ်ကြား သိုးမည်းလို ဖြစ်နေတဲ့ ပေါ့ဂ်ဘာနဲ့ ပရိသတ်အချစ်တော် ဗန်ဒီဘိခ်တို့ကြား တိုက်ပွဲကို လာမယ့်ပွဲတွေမှာ မြင်တွေ့ရတော့မှာ ဖြစ်ပြီး ၂ဦးစလုံးရဲ့ ခြေစွမ်းကောင်းတွေကို မြင်တွေ့ရမလား စိတ်ဝင်တစား စောင့်ကြည့်သွားရမှာပါ….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီးမီးယားလိဂ္ ပထမဆုံး ပြဲထြက္ခြင့္ ပိုင္ဆိုင္ခဲ့တဲ့ ဗန္ဒီဘိခ္ ေပါ့ဂ္ဘာေနရာကို ၿခိမ္းေျခာက္ႏိုင္ၿပီလား…

မေန႔ညက ေဆာက္သမ္တန္နဲ႔ ပြဲစဥ္မွာ ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကတဲ့ ကြင္းလယ္လူ ဗန္ဒီဘိခ္ ပရီးမီးယားလိဂ္မွာ ပထမဆုံး ပြဲထြက္ခြင့္ ရခဲ့ပါတယ္။ ဗန္ဒီဘိခ္ရဲ႕ ခ်န္ပီယံလိဂ္မွာ ျပသေနတဲ့ ေျခစြမ္းေၾကာင့္ ပရီးမီးယားလိဂ္မွာပါ ပြဲထြက္ခြင့္ရသင့္တယ္ဆိုၿပီး ပရိသတ္ေတြအျပင္ ဖာဒီနန္လို ဂႏၲဝင္ ကစားသမားေတြကပါ ေတာင္းဆိုမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ မေန႔ညက ပြဲမွာေတာ့ ေပါ့ဂ္ဘာ၊ ေတာ္မီေနးတို႔ ဒဏ္ရာရေနျခင္းနဲ႔အတူ နည္းျပ ဆိုးလ္ရွားက ယုံယုံၾကည္ၾကည္ပဲ နယ္သာလန္သားကို ကြင္းလယ္အတြင္းလူအျဖစ္ တာဝန္ေပးခဲ့ပါတယ္။ တကယ့္ ပြဲကစားခ်ိန္မွာလည္း ေက်နပ္ေလာက္တဲ့ ေျခစြမ္းမ်ိဳး ျပသထားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ရရွိေအာင္ ကူညီေပးခဲ့သလို ျဖတ္ထုတ္မႈ အမ်ားအျပားကိုလည္း ျပဳလုပ္ေပးခဲ့ပါတယ္။

အခ်က္အလက္ေတြအရဆိုရင္ နယ္သာလန္သားဟာ တစ္ဦးခ်င္းေက်ာ္ျဖတ္မႈ ၁၀၀% ေအာင္ျမင္ခဲ့တာကို ေတြ႕ရၿပီး ေဆာက္သမ္တန္ ကြင္းလယ္က စုၿပဳံ ျဖတ္ထုတ္မႈေတြကို ေက်ာ္ျဖတ္ကာ တိုက္စစ္ကို ပံ့ပိုးႏိုင္ခဲ့ပါတယ္။ ေဘာလုံးေပးပိ့ုမႈပိုင္းမွာဆိုရင္လည္း ၈၂%အထိ ေအာင္ျမင္ခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ အဆုံးမသတ္ႏိုင္ခဲ့တဲ့ အခြင့္အေရးမွလည္း ဗန္ဒီဘိခ္ရဲ႕ အေဝးေဘာ ေပးပို႔မႈ ေကာင္းမြန္ပုံကို ျမင္ေတြ႕ရပါတယ္။ ပုံမွန္ ကြင္းလယ္တိုက္စစ္ေနရာ ကစားတဲ့ ကစားသမားဟာ အတြင္းထဲ ဝင္ကစားခဲ့ေပမဲ့ ေဘာလုံး ဆယ္ယူမႈ ၁၀ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ကာ ျဖတ္ထုတ္မႈ ၄ႀကိမ္ကိုလည္း ပုံမွန္ေနရာ မဟုတ္တာေတာင္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဗန္ဒီဘိခ္ကိုယ္တိုင္ကလည္း ေအဂ်က္စ္မွာတုန္းက သူ ကြင္းလယ္တိုက္စစ္ေရာ၊ ကြင္းလယ္အတြင္းလူ ေနရာပါ ကစားခဲ့တဲ့အတြင္ သူ႔အတြက္ လုံး၀ အဆင္ေျပေၾကာင္း ဘက္စ္ကီးရွီးယားနဲ႔ ပြဲစဥ္အၿပီးမွာ ေျပာထားခဲ့ပါတယ္။ ေဆာက္သမ္တန္ ကစားသမားေတြရဲ႕ ၾကမ္းၾကမ္းတမ္းတမ္း ကစားခဲ့မႈေၾကာင့္ ဗန္ဒီဘိခ္တစ္ေယာက္ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ အမာ႐ြတ္က်န္ခဲ့တာကို လူမႈကြန္ရက္ေပၚ တင္ကာ ပရီးမီးယားလိဂ္က ႀကိဳဆိုပါတယ္ဆိုၿပီး ေနာက္ေျပာင္ခဲ့ပါေသးတယ္။ ပရိသတ္ေတြကလည္း ဗန္ဒီဘိခ္ဟာ ကြင္းလယ္မွာ အသံတိတ္ လူသတ္သမားအျဖစ္ ေဘာလုံးေပးပို႔မႈ ေကာင္းမြန္ပုံေတြကို ခ်ီးက်ဴးခဲ့ၾကပါတယ္။

အလားတူ ဂႏၲဝင္ ကစားသမား ႐ြိဳင္ကိန္းကလည္း ဗန္ဒီဘိခ္ဟာ ပြဲထြက္ခြင့္နဲ႔ ထိုက္တန္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ႐ြိဳင္ကိန္းက “သူ ကြင္းထဲကို ၂မိနစ္ေလာက္ ေရာက္ေသးေပမဲ့ အျခား ကြင္းလယ္လူေတြရဲ႕ စြမ္းေဆာင္ရည္ကို ၾကည့္လိုက္ရင္ သူက ပြဲထြက္ခြင့္ ထိုက္တန္တယ္ဆိုတာ ျမင္ရမွာပါ” “သူ႔မွာ အရည္အခ်င္းရွိတယ္။ ဒီေန႔ အဲ့ဒါကို ယူႏိုက္တက္က လိုအပ္ၿပီး ေဆာက္သမ္တန္ ကြင္းလယ္က အားအင္အျပည့္နဲ႔ ကစားတတ္တာေၾကာင့္ သူ႔အတြက္ စာေမးပြဲေကာင္းပါပဲ။ သူက ကစားသမားေကာင္း ျဖစ္တာေၾကာင့္ ပြဲထြက္နဲ႔ ထိုက္တန္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။ ဒါေၾကာင့္ ပရိသတ္ၾကား သိုးမည္းလို ျဖစ္ေနတဲ့ ေပါ့ဂ္ဘာနဲ႔ ပရိသတ္အခ်စ္ေတာ္ ဗန္ဒီဘိခ္တို႔ၾကား တိုက္ပြဲကို လာမယ့္ပြဲေတြမွာ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ၿပီး ၂ဦးစလုံးရဲ႕ ေျခစြမ္းေကာင္းေတြကို ျမင္ေတြ႕ရမလား စိတ္ဝင္တစား ေစာင့္ၾကည့္သြားရမွာပါ….