ပရီးမီးယားလိဂ်(၅)ပွဲဆက်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ဗီလာနည်းပြရာထူးက ဒင်းစမစ်အထုတ်ခံခဲ့ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်စတွန်ဗီလာအသင်းဟာ သောကြာနေ့က ဆောက်သမ်တန်အသင်းနဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ(၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး (၄၈)နာရီအကြာမှာပဲ နည်းပြဖြစ်သူ ဒင်းစမစ်ကို ရာထူးကထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲမှာ စပါးကို(၂-၁)ဂိုး၊ ဝုလ်ဗ်ကို(၂-၃)ဂိုး၊ အာဆင်နယ်ကို(၃-၁)ဂိုး၊ ဝက်စ်ဟမ်းကို (၄-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့အပြင်

အခု ဆောက်သမ်တန်ကို(၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် တန်းဆင်းဇုန်နဲ့(၂)မှတ်အကွာ အဆင့်(၁၆)နေရာမှာရပ်တည်နေတဲ့အတွက် တာဝန်ရှိသူတွေက ဒင်းစမစ်နဲ့လမ်းခွဲဖို့ဆုံးဖြတ်လိုက်တာပါ။

၂၀၁၈ အောက်တိုဘာလမှာ အက်စတွန်ဗီလာနည်းပြအဖြစ်စတင်ဆောင်ရွက်ခဲ့တဲ့ ဒင်းစမစ်ဟာ ၂၀၁၈-၁၉ ရာသီကုန်မှာ ပရီးမီးယားလိဂ်တန်းတက်ခွင့် Play-Offs မှာ ဗိုလ်စွဲအောင်စွမ်းဆောင်ခဲ့ပြီး

ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ရောက်အောင်ဦးဆောင်ခဲ့သလို ၂၀၂၀ လိဂ်ဖလားဗိုလ်လုပွဲအဆင့်အထိပို့ဆောင်နိုင်ခဲ့တဲ့အပြင်

သူ့လက်ထက်မှာ ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးလ်အသင်းကို (၇-၂)ဂိုးနဲ့အနိုင်ယူခဲ့တာက အကြီးမားဆုံးနိုင်ပွဲဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ အသင်းခေါင်းဆောင်ဂရီးလစ်ရှ်ကို မန်စီးတီးအသင်းဆီပေါင်သန်း(၁၀၀)နဲ့ရောင်းချပြီးတော့ ဘွမ်ဒီယာ၊ လီယွန်ဘိုင်လီ၊ ဒန်နီအင့်စ်တို့အတွက်

ပေါင်သန်း(၈၀)ကျော်အသုံးပြုပြီးအားဖြည့်ခဲ့ပေမယ့် အက်စတွန်ဗီလာအသင်းရဲ့ရလဒ်တွေက ဆိုးရွားခဲ့တာကြောင့် (၃)နှစ်ကျော်အကြာမှာပဲ ဒင်းစမစ်ဟာ အသင်းနည်းပြရာထူးကနေ အထုတ်ခံလိုက်ရပြီဖြစ်ပါတယ်။

အခုလောလောဆယ်ဒင်းစမစ်အပါအဝင် ဒီရာသီပရီးမီးယားလိဂ်မှာ ရာထူးကအထုတ်ခံခဲ့ရတာက ဆစ္စကိုမူနော့ဇ်(ဝက်ဖို့ဒ်)၊ စတိဗ်ဘရုစ်(နယူးကာဆယ်)၊ နူနိုဆန်တို(စပါး)၊ ဒန်နီယဲလ်ဖာ့ခ်(နောဝစ်ချ်)နဲ့

အခု ဒင်းစမစ်တို့အပါအဝင်(၆)ဦးအထိရှိနေပြီး ဒါက ပြီးခဲ့တဲ့တစ်ရာသီလုံးမှာ အထုတ်ခံခဲ့ရတဲ့နည်းပြအရေအတွက်ထက် ပိုများနေတာပါ။

လက်ရှိအချိန်မှာတော့ အက်စတွန်ဗီလာအသင်းဟာ နည်းပြသစ်ခန့်အပ်ဖို့ပြင်ဆင်နေပြီး

ဒိန်းမတ်လက်ရွေးစင်အသင်းနည်းပြကတ်စ်ပါဟာဂျူမန်း၊ ရိုးမားအသင်းနည်းပြဟောင်းဖွန်ဆက်ကာ၊ ချယ်လ်ဆီးနည်းပြဟောင်းလမ်းပတ်နဲ့

ဒင်းစမစ်ရဲ့လက်ထောက်နည်းပြအဖြစ်ဆောင်ရွက်ခဲ့ဖူးတဲ့ ဂျွန်တယ်ရီတို့ကို ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီးမီးယားလိဂ္(၅)ပြဲဆက္ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ ဗီလာနည္းျပရာထူးက ဒင္းစမစ္အထုတ္ခံခဲ့ရ

အက္စတြန္ဗီလာအသင္းဟာ ေသာၾကာေန႔က ေဆာက္သမ္တန္အသင္းနဲ႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ(၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး (၄၈)နာရီအၾကာမွာပဲ နည္းျပျဖစ္သူ ဒင္းစမစ္ကို ရာထူးကထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။

အက္စတြန္ဗီလာအသင္းဟာ ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္(၅)ပြဲမွာ စပါးကို(၂-၁)ဂိုး၊ ဝုလ္ဗ္ကို(၂-၃)ဂိုး၊ အာဆင္နယ္ကို(၃-၁)ဂိုး၊ ဝက္စ္ဟမ္းကို (၄-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့အျပင္ အခု ေဆာက္သမ္တန္ကို(၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ တန္းဆင္းဇုန္နဲ႔(၂)မွတ္အကြာ အဆင့္(၁၆)ေနရာမွာရပ္တည္ေနတဲ့အတြက္ တာဝန္ရွိသူေတြက ဒင္းစမစ္နဲ႔လမ္းခြဲဖို႔ဆုံးျဖတ္လိုက္တာပါ။

၂၀၁၈ ေအာက္တိုဘာလမွာ အက္စတြန္ဗီလာနည္းျပအျဖစ္စတင္ေဆာင္႐ြက္ခဲ့တဲ့ ဒင္းစမစ္ဟာ ၂၀၁၈-၁၉ ရာသီကုန္မွာ ပရီးမီးယားလိဂ္တန္းတက္ခြင့္ Play-Offs မွာ ဗိုလ္စြဲေအာင္စြမ္းေဆာင္ခဲ့ၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲဆီ ျပန္လည္ေရာက္ေအာင္ဦးေဆာင္ခဲ့သလို ၂၀၂၀ လိဂ္ဖလားဗိုလ္လုပြဲအဆင့္အထိပို႔ေဆာင္ႏိုင္ခဲ့တဲ့အျပင္ သူ႔လက္ထက္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံလီဗာပူးလ္အသင္းကို (၇-၂)ဂိုးနဲ႔အႏိုင္ယူခဲ့တာက အႀကီးမားဆုံးႏိုင္ပြဲျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီမွာ အသင္းေခါင္းေဆာင္ဂရီးလစ္ရွ္ကို မန္စီးတီးအသင္းဆီေပါင္သန္း(၁၀၀)နဲ႔ေရာင္းခ်ၿပီးေတာ့ ဘြမ္ဒီယာ၊ လီယြန္ဘိုင္လီ၊ ဒန္နီအင့္စ္တို႔အတြက္ ေပါင္သန္း(၈၀)ေက်ာ္အသုံးျပဳၿပီးအားျဖည့္ခဲ့ေပမယ့္ အက္စတြန္ဗီလာအသင္းရဲ႕ရလဒ္ေတြက ဆိုး႐ြားခဲ့တာေၾကာင့္ (၃)ႏွစ္ေက်ာ္အၾကာမွာပဲ ဒင္းစမစ္ဟာ အသင္းနည္းျပရာထူးကေန အထုတ္ခံလိုက္ရၿပီျဖစ္ပါတယ္။

အခုေလာေလာဆယ္ဒင္းစမစ္အပါအဝင္ ဒီရာသီပရီးမီးယားလိဂ္မွာ ရာထူးကအထုတ္ခံခဲ့ရတာက ဆစၥကိုမူေနာ့ဇ္(ဝက္ဖို႔ဒ္)၊ စတိဗ္ဘ႐ုစ္(နယူးကာဆယ္)၊ ႏူႏိုဆန္တို(စပါး)၊ ဒန္နီယဲလ္ဖာ့ခ္(ေနာဝစ္ခ်္)နဲ႔ အခု ဒင္းစမစ္တို႔အပါအဝင္(၆)ဦးအထိရွိေနၿပီး ဒါက ၿပီးခဲ့တဲ့တစ္ရာသီလုံးမွာ အထုတ္ခံခဲ့ရတဲ့နည္းျပအေရအတြက္ထက္ ပိုမ်ားေနတာပါ။

လက္ရွိအခ်ိန္မွာေတာ့ အက္စတြန္ဗီလာအသင္းဟာ နည္းျပသစ္ခန႔္အပ္ဖို႔ျပင္ဆင္ေနၿပီး ဒိန္းမတ္လက္ေ႐ြးစင္အသင္းနည္းျပကတ္စ္ပါဟာဂ်ဴမန္း၊ ႐ိုးမားအသင္းနည္းျပေဟာင္းဖြန္ဆက္ကာ၊ ခ်ယ္လ္ဆီးနည္းျပေဟာင္းလမ္းပတ္နဲ႔ ဒင္းစမစ္ရဲ႕လက္ေထာက္နည္းျပအျဖစ္ေဆာင္႐ြက္ခဲ့ဖူးတဲ့ ဂြၽန္တယ္ရီတို႔ကို ပစ္မွတ္ထားေနတယ္လို႔ သတင္းထြက္ေနပါတယ္။