
Facebook Page => https://bit.ly/3AQZRVp | App Download Link => https://bit.ly/3k41mc4
မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကစားသမား စီရော်နယ်လ်ဟိုဟာ ပရီးမီးယားလိဂ်(၂)ပွဲကစားပြီးချိန်မှာပဲ တစ်ချိန်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကျောနံပါတ်(၇)ပိုင်ရှင်ဟောင်းတွေဖြစ်တဲ့
ဆန်းချက်ဇ်၊ ဒီမာရီယာတို့ အသင်းအတွက်သွင်းယူခဲ့တဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်နဲ့တူညီသွားပြီဖြစ်ပါတယ်။
အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ နယူးကာဆယ်ကို (၄-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အတွက်ပွဲဦးထွက်ခဲ့ပြီး (၂)ဂိုးသွင်းယူခဲ့သလို မနေ့က ဝက်စ်ဟမ်းအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာလည်း အရေးပါတဲ့ချေပဂိုးသွင်းယူခဲ့ပါတယ်။
အဲဒါကြောင့် စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းမှာ နံပါတ်(၇)ဝတ်ပြီးကျရှုံးခဲ့တဲ့ ဆန်းချက်ဇ်၊ ဒီမာရီယာတို့ရဲ့ ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် သွင်းယူခဲ့တဲ့ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ကို ရက်ပိုင်းအတွင်းမှာပဲ အမီလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၈၊ ဇန်နဝါရီလတုန်းက အာဆင်နယ်အသင်းကနေ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့သူ ဆန်းချက်ဇ်ဟာ အသင်းမှာ(၁၈)လသာကစားခဲ့ရပြီး အင်တာမီလန်အသင်းကို အငှားနဲ့ပြောင်းရွှေ့ခဲ့ရပါတယ်။
ဆန်းချက်ဇ်ဟာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း(၃၂)ပွဲကစားခဲ့ပေမယ့် (၃)ဂိုးသာသွင်းယူနိုင်ခဲ့ပြီး နံပါတ်(၇)ဂျာစီနဲ့ထိုက်တန်တဲ့ကစားသမားတစ်ယောက်ဆိုတာ သက်သေမပြနိုင်ခဲ့ပါဘူး။
ဆန်းချက်ဇ်မတိုင်ခင် ၂၀၁၄ ခုနှစ်မှာ ယူနိုက်တက်အသင်းဟာ ရီးယဲလ်တောင်ပံတိုက်စစ်ကစားသမား ဒီမာရီယာကို အဲဒီအချိန်တုန်းက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၅၉.၇)သန်းနဲ့ခေါ်ယူခဲ့ပြီးတော့
ဂန္ထဝင်နံပါတ်(၇)ပေးအပ်ခဲ့ပေမယ့် ဒီမာရီယာဟာ ၂၀၁၄-၁၅ ရာသီပရီးမီးယားလိဂ်မှာ (၂၇)ပွဲကစား(၃)ဂိုးသာသွင်းယူခဲ့သလို တစ်ရာသီအကြာမှာပဲ PSG အသင်းဆီရောက်ရှိခဲ့တာပါ။
၂၀၀၉ ခုနှစ်မှာ ယူနိုက်တက်အသင်းနဲ့စီရော်နယ်လ်ဒို လမ်းခွဲခဲ့ပြီးနောက်ပိုင်း နံပါတ်(၇)ကို ကစားသမားတချို့ဝတ်ဆင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တဲ့အပြင် စိတ်ပျက်စရာအနေအထားတွေနဲ့ပါ ရင်ဆိုင်ခဲ့ရတာကြောင့် ကျောနံပါတ်(၇)က ကျိန်စာသင့်နေတဲ့နံပါတ်လို့တောင် သတ်မှတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ယူနိုက်တက်အသင်းကို စီရော်နယ်လ်ဒို ပြန်ရောက်လာချိန်မှာတော့ နံပါတ်(၇)ဂျာစီနဲ့အတူ ခြေစွမ်းပြကစားနေပြီး အသင်းအတွက်ပွဲဦးထွက်(၃)ပွဲကစားပြီးချိန်မှာပဲ (၄)ဂိုးအထိသွင်းယူထားတာဖြစ်ပါတယ်။
Facebook Page => https://bit.ly/3AQZRVp | App Download Link => https://bit.ly/3k41mc4




zawgyi
ပရီးမီးယားလိဂ္(၂)ပြဲကစားၿပီးခ်ိန္မွာပဲ ဆန္းခ်က္ဇ္၊ ဒီမာရီယာတို႔ရဲ႕ဂိုးအေရအတြက္နဲ႔ တူညီသြားတဲ့ စီေရာ္နယ္လ္ဒို




မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဟိုဟာ ပရီးမီးယားလိဂ္(၂)ပြဲကစားၿပီးခ်ိန္မွာပဲ တစ္ခ်ိန္က မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေက်ာနံပါတ္(၇)ပိုင္ရွင္ေဟာင္းေတြျဖစ္တဲ့ ဆန္းခ်က္ဇ္၊ ဒီမာရီယာတို႔ အသင္းအတြက္သြင္းယူခဲ့တဲ့ ပရီးမီးယားလိဂ္သြင္းဂိုးအေရအတြက္နဲ႔တူညီသြားၿပီျဖစ္ပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ နယူးကာဆယ္ကို (၄-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ ယူႏိုက္တက္အတြက္ပြဲဦးထြက္ခဲ့ၿပီး (၂)ဂိုးသြင္းယူခဲ့သလို မေန႔က ဝက္စ္ဟမ္းအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာလည္း အေရးပါတဲ့ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။ အဲဒါေၾကာင့္ စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အသင္းမွာ နံပါတ္(၇)ဝတ္ၿပီးက်ရႈံးခဲ့တဲ့ ဆန္းခ်က္ဇ္၊ ဒီမာရီယာတို႔ရဲ႕ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ သြင္းယူခဲ့တဲ့ပရီးမီးယားလိဂ္သြင္းဂိုးအေရအတြက္ကို ရက္ပိုင္းအတြင္းမွာပဲ အမီလိုက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၈၊ ဇန္နဝါရီလတုန္းက အာဆင္နယ္အသင္းကေန ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူ ဆန္းခ်က္ဇ္ဟာ အသင္းမွာ(၁၈)လသာကစားခဲ့ရၿပီး အင္တာမီလန္အသင္းကို အငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့ရပါတယ္။
ဆန္းခ်က္ဇ္ဟာ ယူႏိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္ပြဲေပါင္း(၃၂)ပြဲကစားခဲ့ေပမယ့္ (၃)ဂိုးသာသြင္းယူႏိုင္ခဲ့ၿပီး နံပါတ္(၇)ဂ်ာစီနဲ႔ထိုက္တန္တဲ့ကစားသမားတစ္ေယာက္ဆိုတာ သက္ေသမျပႏိုင္ခဲ့ပါဘူး။ ဆန္းခ်က္ဇ္မတိုင္ခင္ ၂၀၁၄ ခုႏွစ္မွာ ယူႏိုက္တက္အသင္းဟာ ရီးယဲလ္ေတာင္ပံတိုက္စစ္ကစားသမား ဒီမာရီယာကို အဲဒီအခ်ိန္တုန္းက ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္တဲ့ ေပါင္(၅၉.၇)သန္းနဲ႔ေခၚယူခဲ့ၿပီးေတာ့ ဂႏၴဝင္နံပါတ္(၇)ေပးအပ္ခဲ့ေပမယ့္ ဒီမာရီယာဟာ ၂၀၁၄-၁၅ ရာသီပရီးမီးယားလိဂ္မွာ (၂၇)ပြဲကစား(၃)ဂိုးသာသြင္းယူခဲ့သလို တစ္ရာသီအၾကာမွာပဲ PSG အသင္းဆီေရာက္ရွိခဲ့တာပါ။ ၂၀၀၉ ခုႏွစ္မွာ ယူႏိုက္တက္အသင္းနဲ႔စီေရာ္နယ္လ္ဒို လမ္းခြဲခဲ့ၿပီးေနာက္ပိုင္း နံပါတ္(၇)ကို ကစားသမားတခ်ိဳ႕ဝတ္ဆင္ခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့တဲ့အျပင္ စိတ္ပ်က္စရာအေနအထားေတြနဲ႔ပါ ရင္ဆိုင္ခဲ့ရတာေၾကာင့္ ေက်ာနံပါတ္(၇)က က်ိန္စာသင့္ေနတဲ့နံပါတ္လို႔ေတာင္ သတ္မွတ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္အသင္းကို စီေရာ္နယ္လ္ဒို ျပန္ေရာက္လာခ်ိန္မွာေတာ့ နံပါတ္(၇)ဂ်ာစီနဲ႔အတူ ေျခစြမ္းျပကစားေနၿပီး အသင္းအတြက္ပြဲဦးထြက္(၃)ပြဲကစားၿပီးခ်ိန္မွာပဲ (၄)ဂိုးအထိသြင္းယူထားတာျဖစ္ပါတယ္။