ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ပစ်မှတ်ကို ခေါ်ယူနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ဥရောပရဲ့ အကောင်းဆုံး ခံစစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဒေးယော့ အိုပါမကာနို ဟာ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွေ့ဖို့ရှိကြောင်း လက်ရှိဘွန်ဒက်လီဂါ ချန်ပီယံ အသင်းရဲ့ အားကစား ဒါရိုက်တာက အတည်ပြုပြောကြားလိုက်ပါတယ်။

အိုပါမကာနိုဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရောက်ရှိခဲ့တဲ့ RB လိုက်ဇစ်အသင်းနဲ့ အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချဲလ်ဆီး ၊ လီဗာပူး နှင့် အာဆင်နယ် အသင်းတွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။

အသက် ( ၂၂ ) နှစ် အရွယ် ခံစစ်မှူးဟာ ပြီးခဲ့တဲ့ ဇူလိုင်လက လိုက်ဇစ်အသင်းနဲ့ အတူ စာချုပ်သစ်ချုပ်ဆိုထားပေမယ့် ပြောင်းရွေ့ကြေး ယူရို ( ၄၂.၅ ) သန်းသာ သတ်မှတ်ထားတဲ့အတွက် အလားအလာများစွာရှိတဲ့ အိုပါမကာနိုကို သင့်လျော်တဲ့ ပစ်မှတ်အဖြစ် အသင်းကြီးတွေ များစွာစောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဘိုင်ယန်ရဲ့ အားကစားဒါရိုက်တာ Hasan Salihamidzic ကတော့ Bild သတင်းစားနဲ့ တွေ့ဆုံရာမှာ ဂျာမန်ချန်ပီယံဟာ လိုက်ဇစ်အသင်းနဲ့ လပေါင်းများစွာဆွေးနွေးပြီးနောက် ခံစစ်ကစားသမားအတွက် အပြောင်းအရွေ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ဆိုပါတယ်။

“ ကျွန်တော့်အနေနဲ့ ‌ဒေးယော့ အိုပါမကာနိုက ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွေ့မယ်ဆိုတာ အတည်ပြုပြောကြားလိုပါတယ်။ ကျွန်တော်တို့ လပေါင်းများစွာ ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ရပါတယ်။”

Sky Germany အဆိုအရ အိုပါမကာနိုဟာ ယခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒေးဗစ် အလာဘာနေရာ အစားထိုးဖို့ အလိုင်းရင့် အရိန်နာနဲ့ ( ၅ ) နှစ် သက်တမ်း စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။

Zawgyi

ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ ပစ္မွတ္ကို ေခၚယူႏိုင္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္

ဥေရာပရဲ႕ အေကာင္းဆုံး ခံစစ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ ေဒးေယာ့ အိုပါမကာႏို ဟာ ဘိုင္ယန္ျမဴးနစ္ထံ ေျပာင္းေ႐ြ႕ဖို႔ရွိေၾကာင္း လက္ရွိဘြန္ဒက္လီဂါ ခ်န္ပီယံ အသင္းရဲ႕ အားကစား ဒါ႐ိုက္တာက အတည္ျပဳေျပာၾကားလိုက္ပါတယ္။ အိုပါမကာႏိုဟာ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ေရာက္ရွိခဲ့တဲ့ RB လိုက္ဇစ္အသင္းနဲ႔ အတူ ေျခစြမ္းျပ ကစားႏိုင္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ အသင္းႀကီးေတြ ျဖစ္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္ ၊ ခ်ဲလ္ဆီး ၊ လီဗာပူး ႏွင့္ အာဆင္နယ္ အသင္းေတြရဲ႕ စိတ္ဝင္စားျခင္းခံခဲ့ရပါတယ္။

အသက္ ( ၂၂ ) ႏွစ္ အ႐ြယ္ ခံစစ္မႉးဟာ ၿပီးခဲ့တဲ့ ဇူလိုင္လက လိုက္ဇစ္အသင္းနဲ႔ အတူ စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားေပမယ့္ ေျပာင္းေ႐ြ႕ေၾကး ယူ႐ို ( ၄၂.၅ ) သန္းသာ သတ္မွတ္ထားတဲ့အတြက္ အလားအလာမ်ားစြာရွိတဲ့ အိုပါမကာႏိုကို သင့္ေလ်ာ္တဲ့ ပစ္မွတ္အျဖစ္ အသင္းႀကီးေတြ မ်ားစြာေစာင့္ၾကည့္ေနခဲ့ၾကတာ ျဖစ္ပါတယ္။ ဘိုင္ယန္ရဲ႕ အားကစားဒါ႐ိုက္တာ Hasan Salihamidzic ကေတာ့ Bild သတင္းစားနဲ႔ ေတြ႕ဆုံရာမွာ ဂ်ာမန္ခ်န္ပီယံဟာ လိုက္ဇစ္အသင္းနဲ႔ လေပါင္းမ်ားစြာေဆြးေႏြးၿပီးေနာက္ ခံစစ္ကစားသမားအတြက္ အေျပာင္းအေ႐ြ႕ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ ဆိုပါတယ္။

“ ကြၽန္ေတာ့္အေနနဲ႔ ‌ေဒးေယာ့ အိုပါမကာႏိုက ဘိုင္ယန္ျမဴးနစ္အသင္းထံ ေျပာင္းေ႐ြ႕မယ္ဆိုတာ အတည္ျပဳေျပာၾကားလိုပါတယ္။ ကြၽန္ေတာ္တို႔ လေပါင္းမ်ားစြာ ျပင္းျပင္းထန္ထန္ ေဆြးေႏြးခဲ့ရပါတယ္။” Sky Germany အဆိုအရ အိုပါမကာႏိုဟာ ယခုေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ေဒးဗစ္ အလာဘာေနရာ အစားထိုးဖို႔ အလိုင္းရင့္ အရိန္နာနဲ႔ ( ၅ ) ႏွစ္ သက္တမ္း စာခ်ဳပ္ခ်ဳပ္ဆိုမယ္လို႔ သိရပါတယ္။