ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံးအိမ်ကွင်းရှုံးပွဲကြုံတွေ့ခဲ့တဲ့ ချယ်လ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ပရီးမီးယားလိဂ်ပွဲအဖြစ် ဝက်စ်ဘရွန်းအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ (၅-၂)ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအိမ်ကွင်းရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နည်းပြအဖြစ်တူချယ်လ်ကို စတင်ခန့်အပ်ခဲ့တဲ့ ဇန်နဝါရီလကတည်းက ပြိုင်ပွဲစုံရလဒ်တွေဆက်တိုက်ကောင်းခဲ့ပြီး ဝက်စ်ဘရွန်းနဲ့ပွဲမတိုင်ခင်အထိ ပြိုင်ပွဲစုံ(၁၄)ပွဲမှာ ရှုံးပွဲလုံးဝမရှိဘဲ ပေးဂိုးက(၂)ဂိုးသာရှိခဲ့တာပါ။

ဒါပေမဲ့ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ဝါရင့်နောက်ခံလူသီယာဂိုဆေးလ်ဗား အနီကတ်နဲ့အထုတ်ခံလိုက်ရတာနဲ့အတူ ဂိုးတွေပေးခဲ့ရပြီး (၅-၂)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲခဲ့တဲ့ ၁၉၉၂ ခုနှစ်ကစတင်ပြီး (၂၉)နှစ်အတွင်း ချယ်လ်ဆီးအသင်းဟာ မနေ့ကပွဲမတိုင်ခင် အိမ်ကွင်းမှာ (၃)ဂိုးနဲ့အထက်ပေးခဲ့ရတာဆိုလို့ (၇)ပွဲသာရှိခဲ့သလို အခုဝက်စ်ဘရွန်းနဲ့ပွဲမှာ ပထမဆုံးအကြိမ် (၅)ဂိုးအထိပေးခဲ့ရတာဖြစ်ပါတယ်။

အိမ်ကွင်းမှာ (၃)ဂိုးပြတ်ရှုံးခဲ့တဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲက ၁၉၉၅ခုနှစ်မှာ လိဒ်စ်အသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး နောက်နှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို (၄-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၀၂၊ ဧပြီလ(၂၀)ရက်တုန်းက စတမ်းဖို့ဒ်ဘရစ်ချ်မှာ (၃)ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဖက်ကို (၂)ကြိမ်တိုင် (၃)ဂိုးနဲ့အထက်သွင်းယူခဲ့တဲ့ ပထမဆုံးအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းရဲ့ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၁၉၉၇ခုနှစ်တုန်းက (၃)ဂိုးပြတ်အနိုင်ယူခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ မန်စီးတီးအသင်းက အဂွဲရိုးရဲ့သွင်းဂိုးတွေနဲ့ (၃)ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အလယ်အလတ်အသင်းတွေကိုလည်း အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ဖူးပြီး ၂၀၁၀ခုနှစ်တုန်းက ဆန်းဒါးလန်း၊ ၂၀၁၈ခုနှစ်မှာ ဘုန်းမောက်တို့ကို (၃)ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တိုက်ပွဲက ပြင်းထန်နေပြီး မနေ့ကကစားခဲ့တဲ့ပွဲတွေမှာ အဆင့်(၃)နေရာက လက်စတာနဲ့ အဆင့်(၄)နေရာက ချယ်လ်ဆီးတို့ ရှုံးပွဲတွေရင်ဆိုင်ခဲ့ရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့မျှာ်လင့်ချက်ရှိနေတဲ့အသင်းတွေအတွက် အခွင့်အရေးဖြစ်စေခဲ့ပါတယ်။

ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ အာဆင်နယ်နဲ့လီဗာပူးလ်အသင်းတို့ပွဲမှာ လီဗာပူးလ်က (၃)ဂိုးပြတ်အနိုင်ရခဲ့လို့ ချယ်လ်ဆီးနဲ့အမှတ်ကွာဟချက်ကို လျှော့ချနိုင်ခဲ့ပြီး ဒီနှစ်သင်းကြားအမှတ်ကွာဟချက်က (၂)မှတ်သာရှိတော့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္သမိုင္းမွာ အဆိုး႐ြားဆုံးအိမ္ကြင္းရႈံးပြဲႀကဳံေတြ႕ခဲ့တဲ့ ခ်ယ္လ္ဆီး

မေန႔က ပရီးမီးယားလိဂ္ပြဲအျဖစ္ ဝက္စ္ဘ႐ြန္းအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ (၅-၂)ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးအိမ္ကြင္းရႈံးပြဲနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ နည္းျပအျဖစ္တူခ်ယ္လ္ကို စတင္ခန႔္အပ္ခဲ့တဲ့ ဇန္နဝါရီလကတည္းက ၿပိဳင္ပြဲစုံရလဒ္ေတြဆက္တိုက္ေကာင္းခဲ့ၿပီး ဝက္စ္ဘ႐ြန္းနဲ႔ပြဲမတိုင္ခင္အထိ ၿပိဳင္ပြဲစုံ(၁၄)ပြဲမွာ ရႈံးပြဲလုံးဝမရွိဘဲ ေပးဂိုးက(၂)ဂိုးသာရွိခဲ့တာပါ။

ဒါေပမဲ့ ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ ဝါရင့္ေနာက္ခံလူသီယာဂိုေဆးလ္ဗား အနီကတ္နဲ႔အထုတ္ခံလိုက္ရတာနဲ႔အတူ ဂိုးေတြေပးခဲ့ရၿပီး (၅-၂)ဂိုးနဲ႔ ဂိုးျပတ္ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္လို႔ အမည္ေျပာင္းလဲခဲ့တဲ့ ၁၉၉၂ ခုႏွစ္ကစတင္ၿပီး (၂၉)ႏွစ္အတြင္း ခ်ယ္လ္ဆီးအသင္းဟာ မေန႔ကပြဲမတိုင္ခင္ အိမ္ကြင္းမွာ (၃)ဂိုးနဲ႔အထက္ေပးခဲ့ရတာဆိုလို႔ (၇)ပြဲသာရွိခဲ့သလို အခုဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ ပထမဆုံးအႀကိမ္ (၅)ဂိုးအထိေပးခဲ့ရတာျဖစ္ပါတယ္။

အိမ္ကြင္းမွာ (၃)ဂိုးျပတ္ရႈံးခဲ့တဲ့ ပထမဆုံးပရီးမီးယားလိဂ္ပြဲက ၁၉၉၅ခုႏွစ္မွာ လိဒ္စ္အသင္းကို ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ေနာက္ႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို (၄-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ၂၀၀၂၊ ဧၿပီလ(၂၀)ရက္တုန္းက စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ (၃)ဂိုးျပတ္အႏိုင္ရခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းဖက္ကို (၂)ႀကိမ္တိုင္ (၃)ဂိုးနဲ႔အထက္သြင္းယူခဲ့တဲ့ ပထမဆုံးအသင္းအျဖစ္မွတ္တမ္းဝင္ခဲ့တာပါ။

ခ်ယ္လ္ဆီးအသင္းရဲ႕ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္အသင္းဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ၁၉၉၇ခုႏွစ္တုန္းက (၃)ဂိုးျပတ္အႏိုင္ယူခဲ့ၿပီး ၂၀၁၆ ခုႏွစ္မွာေတာ့ မန္စီးတီးအသင္းက အဂြဲ႐ိုးရဲ႕သြင္းဂိုးေတြနဲ႔ (၃)ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ အလယ္အလတ္အသင္းေတြကိုလည္း အိမ္ကြင္းမွာ ဂိုးျပတ္ရႈံးနိမ့္ခဲ့ဖူးၿပီး ၂၀၁၀ခုႏွစ္တုန္းက ဆန္းဒါးလန္း၊ ၂၀၁၈ခုႏွစ္မွာ ဘုန္းေမာက္တို႔ကို (၃)ဂိုးျပတ္နဲ႔အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္တိုက္ပြဲက ျပင္းထန္ေနၿပီး မေန႔ကကစားခဲ့တဲ့ပြဲေတြမွာ အဆင့္(၃)ေနရာက လက္စတာနဲ႔ အဆင့္(၄)ေနရာက ခ်ယ္လ္ဆီးတို႔ ရႈံးပြဲေတြရင္ဆိုင္ခဲ့ရတာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔မွ်ာ္လင့္ခ်က္ရွိေနတဲ့အသင္းေတြအတြက္ အခြင့္အေရးျဖစ္ေစခဲ့ပါတယ္။ ဒီေန႔မနက္အေစာပိုင္းက ကစားခဲ့တဲ့ အာဆင္နယ္နဲ႔လီဗာပူးလ္အသင္းတို႔ပြဲမွာ လီဗာပူးလ္က (၃)ဂိုးျပတ္အႏိုင္ရခဲ့လို႔ ခ်ယ္လ္ဆီးနဲ႔အမွတ္ကြာဟခ်က္ကို ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီး ဒီႏွစ္သင္းၾကားအမွတ္ကြာဟခ်က္က (၂)မွတ္သာရွိေတာ့တာျဖစ္ပါတယ္။