ပရီးမီးယားလိဂ်သမိုင်းမှာ ပင်နယ်တီမှတ်တမ်း ဒုတိယအဆိုးဆုံးဖြစ်သွားတဲ့ မန်ယူ

Photo- Internet
Photo- Internet

မန်ယူအသင်းဟာ နော်ဝစ်ချ်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ပင်နယ်တီ ၂ ကြိမ်လွဲခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းမှာ ပင်နယ်တီမှတ်တမ်း ဒုတိယအဆိုးဆုံးအသင်းတွေထဲမှာတစ်သင်းအပါအဝင်အဖြစ် မှတ်တမ်းဝင်သွားတယ် လို့သိရပါတယ်။ ဒါဟာမလိုချင်တဲ့ မှတ်တမ်းတစ်ခုကို မန်ယူအသင်းရရှိ လိုက်တာလည်းဖြစ်ပါတယ်။

ဒီနိုင်ပွဲဟာ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီနောက်ပိုင်း မန်ယူအတွက်ပထမဆုံးအဝေးကွင်းနိုင်ပွဲဖြစ်ခဲ့ပြီး ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ ပင်နယ်တီလွဲခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဒီရာသီမှာ ပင်နယ်တီ ၆ ကြိမ်ရရှိခဲ့ရာမှာ ၄ ကြိမ်လွဲချော်မှုလည်း ဖြစ်ခဲ့ပြီး မှတ်တမ်းဆိုးကိုပါ ရရှိလိုက်တာဖြစ်ပါတယ်။

PC ; Internet

အခုတွက်ချက်ခဲ့မှုဟာ အရင်ကတစ်ရာသီလုံးလွဲခဲ့မှုတွေကို အခြေခံထားတာဖြစ်ပြီး မန်ယူကတော့ ရာသီစပြီး ၁၀ ပွဲသာရှိသေးလို့ နောက်ပိုင်းမှာ ထပ်ပြီးလွဲချော်မယ်ဆိုရင် အဆိုးဆုံးအသင်းတောင်ဖြစ်သွားနိုင်ပါတယ်။ လက်ရှိမှာ တစ်ရာသီအတွင်း ပင်နယ်တီအဆိုးဆုံးလွဲတဲ့အသင်းတွေအဖြစ် လီဗာပူးနဲ့ စပါးတို့ရပ်တည်နေတာပါ။

Photo – Internet

စပါးဟာ ၁၉၉၄-၉၅ ဘောလုံးရာသီမှာ ပင်နယ်တီ ၇ ကြိမ်ရခဲ့ပြီး ၅ ကြိမ်လွဲခဲ့သလို လီဗာပူးကလည်း ၂၀၁၁-၁၂ မှာ ၆ ကြိမ်ရပြီး ၅ ကြိမ်လွဲခဲ့ပါတယ်။ ၄ ကြိမ်စီလွဲခဲ့တဲ့ အသင်းတွေထဲမှာ စပါးထပ်ပါလာပြီး ၁၉၉၃-၉၄ တုန်းက ၁၁ ကြိမ်ရပြီး ၄ ကြိမ်လွဲခဲ့ပါတယ်။ ၄ ကြိမ်စီလွဲခဲ့တဲ့ အသင်းတွေထဲမှာ စပါးနဲ့ မန်ယူတို့အပြင် ဘလက်ဘန်း၊ လက်စတာ၊ အက်စ်တွန်ဗီလာ၊ ဝက်စ်ဘရွန်းနဲ့ အာဆင်နယ်တို့လည်း ပါဝင်နေပါတယ်။

 

Photo – Internet

မန်ယူအသင်းမှာ ဒီရာသီပင်နယ်တီလွဲခဲ့သူ ၃ ဦးရှိနေပြီးနောက်တစ်ဦးကတော့ ပေါ့ဂ်ဘာဖြစ်ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်ဟာ ၂၈ ပွဲတောင်ကစားဖို့ ကျန်နေသေးတဲ့အတွက် မန်ယူသာဆက်လွဲနေမယ်ဆိုရင် စံချိန်သစ်တင်သွားမှာဖြစ်ပါတယ်။

Photo – Internet

Zawgyi

ပရီးမီးယားလိဂ္သမိုင္းမွာ ပင္နယ္တီမွတ္တမ္း ဒုတိယအဆိုးဆုံးျဖစ္သြားတဲ႔ မန္ယူ

မန္ယူအသင္းဟာ ေနာ္၀စ္ခ်္ကို ၃-၁ နဲ႔အႏိုင္ရခဲ့တဲ႔ အေ၀းကြင္းပြဲစဥ္မွာ ပင္နယ္တီ ၂ ႀကိမ္လြဲခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲသမိုင္းမွာ ပင္နယ္တီမွတ္တမ္း ဒုတိယအဆိုးဆုံးအသင္းေတြထဲမွာတစ္သင္းအပါအ၀င္အျဖစ္ မွတ္္တမ္း၀င္သြားတယ္ လို႔သိရပါတယ္။ ဒါဟာမလိုခ်င္တဲ႔ မွတ္တမ္းတစ္ခုကို မန္ယူအသင္းရရွိ လိုက္တာလည္းျဖစ္ပါတယ္။

ဒီႏိုင္ပြဲဟာ ၿပီးခဲ့တဲ႔ေဖေဖၚ၀ါရီေနာက္ပိုင္း မန္ယူအတြက္ပထမဆုံးအေ၀းကြင္းႏိုင္ပြဲျဖစ္ခဲ့ၿပီး ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ ပင္နယ္တီလြဲခဲ့တာျဖစ္ပါတယ္။ ဒါဟာ ဒီရာသီမွာ ပင္နယ္တီ ၆ ႀကိမ္ရရွိခဲ့ရာမွာ ၄ ႀကိမ္လြဲေခ်ာ္မႈလည္း ျဖစ္ခဲ့ၿပီး မွတ္တမ္းဆိုးကိုပါ ရရွိလိုက္တာျဖစ္ပါတယ္။

အခုတြက္ခ်က္ခဲ့မႈဟာ အရင္ကတစ္ရာသီလုံးလြဲခဲ့မႈေတြကို အေျခခံထားတာျဖစ္ၿပီး မန္ယူကေတာ႔ ရာသီစၿပီး ၁၀ ပြဲသာရွိေသးလို႔ ေနာက္ပိုင္းမွာ ထပ္ၿပီးလြဲေခ်ာ္မယ္ဆိုရင္ အဆိုးဆုံးအသင္းေတာင္ျဖစ္သြားႏိုင္ပါတယ္။ လက္ရွိမွာ တစ္ရာသီအတြင္း ပင္နယ္တီအဆုိးဆုံးလြဲတဲ႔အသင္းေတြအျဖစ္ လီဗာပူးနဲ႔ စပါးတို႔ရပ္တည္ေနတာပါ။

စပါးဟာ ၁၉၉၄-၉၅ ေဘာလုံးရာသီမွာ ပင္နယ္တီ ၇ ႀကိမ္ရခဲ့ၿပီး ၅ ႀကိမ္လြဲခဲ့သလို လီဗာပူးကလည္း ၂၀၁၁-၁၂ မွာ ၆ ႀကိမ္ရၿပီး ၅ ႀကိမ္လြဲခဲ့ပါတယ္။ ၄ ႀကိမ္စီလြဲခဲ့တဲ႔ အသင္းေတြထဲမွာ စပါးထပ္ပါလာၿပီး ၁၉၉၃-၉၄ တုန္းက ၁၁ ႀကိမ္ရၿပီး ၄ ႀကိမ္လြဲခဲ့ပါတယ္။ ၄ ႀကိမ္စီလြဲခဲ့တဲ႔ အသင္းေတြထဲမွာ စပါးနဲ႔ မန္ယူတို႔အျပင္ ဘလက္ဘန္း၊ လက္စတာ၊ အက္စ္တြန္ဗီလာ၊ ၀က္စ္ဘရြန္းနဲ႔ အာဆင္နယ္တို႔လည္း ပါ၀င္ေနပါတယ္။

မန္ယူအသင္းမွာ ဒီရာသီပင္နယ္တီလြဲခဲ့သူ ၃ ဦးရွိေနၿပီးေနာက္တစ္ဦးကေတာ႔ ေပါ့ဂ္ဘာျဖစ္ပါတယ္။ ဒီရာသီပရီးမီးယားလိဂ္ဟာ ၂၈ ပြဲေတာင္ကစားဖို႔ က်န္ေနေသးတဲ႔အတြက္ မန္ယူသာဆက္လြဲေနမယ္ဆိုရင္ စံခ်ိန္သစ္တင္သြားမွာျဖစ္ပါတယ္။