
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသက်(၁၉)နှစ်အရွယ်ဆယ်ကျော်သက်တိုက်စစ်ကစားသမားဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဝုလ်ဗ်အသင်းကို (၁-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တစ်လုံးတည်းသောဂိုးသွင်းယူခဲ့ပြီး အခုဆိုရင် သူ့ရဲ့ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်က ဂိုး(၂၀)အထိရှိလာပါပြီ။
အခုဆိုရင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးဆယ်ကျော်သက်ကစားသမားတွေထဲမှာ ဂရင်းဝုဒ်က အာဆင်နယ်နာမည်ကျော်တိုက်စစ်မှူးဟောင်းအနယ်လ်ကာကို တစ်ဂိုးအသာနဲ့ကျော်ဖြတ်ပြီးတော့ အဆင့်(၄)နေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
အနယ်လ်ကာဟာ အသက်(၂၀)မပြည့်ခင်မှာ အာဆင်နယ်အတွက်(၄၂)ပွဲကစားပြီး (၁၉)ဂိုးအထိသွင်းယူခဲ့တဲ့အပြင် ၁၉၉၉ ခုနှစ်မှာ လာလီဂါထိပ်သီးရီးယဲလ်အသင်းဆီပြောင်းရွှေ့ခဲ့သူပါ။
လာမယ့်အောက်တိုဘာလ(၁)ရက်မှာ အသက်(၂၀)ပြည့်မယ့်ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီဝက်လောက်ကတည်းက ယူနိုက်တက်အသင်းတိုက်စစ်အတွက်ခြေစွမ်းပြကစားနေသလို အခုရာသီအစပိုင်းမှာလည်း သူ့ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရာသီအစ(၃)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးဆယ်ကျော်သက်ကစားသမားအဖြစ် ရပ်တည်နေတာက တစ်ချိန်က ‘ငှက်မြန်လေး’လို့ မြန်မာပရိသတ်တွေတင်စားခဲ့ကြတဲ့ လီဗာပူးလ်ဂန္ထဝင်တိုက်စစ်မှူးမိုက်ကယ်အိုဝင်ပဲဖြစ်ပြီး
အသက်(၂၀)မပြည့်ခင်မှာ အသင်းအတွက် ဂိုး(၄၀)အထိသွင်းယူခဲ့တဲ့အပြင် ၁၉၉၇-၉၈ ရာသီ PFA (၁)နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။
အိုဝင်ရဲ့နောက်မှာ ရပ်တည်နေတာက လီဗာပူးလ်ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးပဲဖြစ်တဲ့ ရော်ဘီဖောင်လာဖြစ်ပြီး ၁၉၉၀ ကျော်ကာလတွေမှာ ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့သူ ဖောင်လာဟာ ဆယ်ကျော်သက်ကစားသမားဘဝမှာ (၃၅)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဖောင်လာဟာ PFA (၁)နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆုကို (၂)ကြိမ်အထိဆွတ်ခူးခဲ့သလို ၁၉၉၄-၉၅ ရာသီမှာလည်း လီဗာပူးလ်အသင်းနဲ့အတူ လိဂ်ဖလားချန်ပီယံဖြစ်ခဲ့သူပါ။
သူတို့နှစ်ဦးပြီးရင်တော့ အဲဗာတန်နဲ့ ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးရွန်နီက စုစုပေါင်းသွင်းဂိုး(၃၀)နဲ့ တတိယနေရာမှာရပ်တည်နေပြီး ရွန်နီဟာ အဲဗာတန်ကစားသမားဘဝ ၂၀၀၂၊ အောက်တိုဘာလတုန်းက အာဆင်နယ်နဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ချိန်ကတည်းက နာမည်ကျော်ခဲ့သူလည်းဖြစ်ပါတယ်။
ဂရင်းဝုဒ်အနေနဲ့ အောက်တိုဘာလမှာ အသက်(၂၀)ပြည့်မှာဖြစ်လို့ ဒီကာလအတွင်း အိုဝင်ရဲ့စံချိန်ကို လိုက်မီဖို့က မဖြစ်နိုင်တော့ပေမယ့် ပရီးမီးယားလိဂ်ဂန္ထဝင်တွေနဲ့အတူ
ပြိုင်ပွဲသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးဆယ်ကျော်သက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရရှိခဲ့တာကတော့ ဂုဏ်ယူစရာအဖြစ် သတ်မှတ်ရမှာပဲဖြစ်ပါတယ် . . .
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံး ဆယ္ေက်ာ္သက္ကစားသမားမ်ား
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အသက္(၁၉)ႏွစ္အ႐ြယ္ဆယ္ေက်ာ္သက္တိုက္စစ္ကစားသမားဂရင္းဝုဒ္ဟာ ၿပီးခဲ့တဲ့တစ္ပတ္က ဝုလ္ဗ္အသင္းကို (၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္လုံးတည္းေသာဂိုးသြင္းယူခဲ့ၿပီး အခုဆိုရင္ သူ႔ရဲ႕ပရီးမီးယားလိဂ္သြင္းဂိုးအေရအတြက္က ဂိုး(၂၀)အထိရွိလာပါၿပီ။ အခုဆိုရင္ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးဆယ္ေက်ာ္သက္ကစားသမားေတြထဲမွာ ဂရင္းဝုဒ္က အာဆင္နယ္နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္းအနယ္လ္ကာကို တစ္ဂိုးအသာနဲ႔ေက်ာ္ျဖတ္ၿပီးေတာ့ အဆင့္(၄)ေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
အနယ္လ္ကာဟာ အသက္(၂၀)မျပည့္ခင္မွာ အာဆင္နယ္အတြက္(၄၂)ပြဲကစားၿပီး (၁၉)ဂိုးအထိသြင္းယူခဲ့တဲ့အျပင္ ၁၉၉၉ ခုႏွစ္မွာ လာလီဂါထိပ္သီးရီးယဲလ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူပါ။ လာမယ့္ေအာက္တိုဘာလ(၁)ရက္မွာ အသက္(၂၀)ျပည့္မယ့္ဂရင္းဝုဒ္ဟာ ၿပီးခဲ့တဲ့ရာသီဝက္ေလာက္ကတည္းက ယူႏိုက္တက္အသင္းတိုက္စစ္အတြက္ေျခစြမ္းျပကစားေနသလို အခုရာသီအစပိုင္းမွာလည္း သူ႔ပုံစံေကာင္းကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ရာသီအစ(၃)ပြဲဆက္တိုက္ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးဆယ္ေက်ာ္သက္ကစားသမားအျဖစ္ ရပ္တည္ေနတာက တစ္ခ်ိန္က ‘ငွက္ျမန္ေလး’လို႔ ျမန္မာပရိသတ္ေတြတင္စားခဲ့ၾကတဲ့ လီဗာပူးလ္ဂႏၴဝင္တိုက္စစ္မႉးမိုက္ကယ္အိုဝင္ပဲျဖစ္ၿပီး အသက္(၂၀)မျပည့္ခင္မွာ အသင္းအတြက္ ဂိုး(၄၀)အထိသြင္းယူခဲ့တဲ့အျပင္ ၁၉၉၇-၉၈ ရာသီ PFA (၁)ႏွစ္တာလူငယ္အေကာင္းဆုံးကစားသမားဆုဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။ အိုဝင္ရဲ႕ေနာက္မွာ ရပ္တည္ေနတာက လီဗာပူးလ္ဂႏၴဝင္တိုက္စစ္မႉးတစ္ဦးပဲျဖစ္တဲ့ ေရာ္ဘီေဖာင္လာျဖစ္ၿပီး ၁၉၉၀ ေက်ာ္ကာလေတြမွာ ေျခစြမ္းျပဂိုးေတြသြင္းယူခဲ့သူ ေဖာင္လာဟာ ဆယ္ေက်ာ္သက္ကစားသမားဘဝမွာ (၃၅)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ေဖာင္လာဟာ PFA (၁)ႏွစ္တာလူငယ္အေကာင္းဆုံးကစားသမားဆုကို (၂)ႀကိမ္အထိဆြတ္ခူးခဲ့သလို ၁၉၉၄-၉၅ ရာသီမွာလည္း လီဗာပူးလ္အသင္းနဲ႔အတူ လိဂ္ဖလားခ်န္ပီယံျဖစ္ခဲ့သူပါ။ သူတို႔ႏွစ္ဦးၿပီးရင္ေတာ့ အဲဗာတန္နဲ႔ ယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီက စုစုေပါင္းသြင္းဂိုး(၃၀)နဲ႔ တတိယေနရာမွာရပ္တည္ေနၿပီး ႐ြန္နီဟာ အဲဗာတန္ကစားသမားဘဝ ၂၀၀၂၊ ေအာက္တိုဘာလတုန္းက အာဆင္နယ္နဲ႔ပြဲမွာ ဂိုးသြင္းယူခဲ့ခ်ိန္ကတည္းက နာမည္ေက်ာ္ခဲ့သူလည္းျဖစ္ပါတယ္။ ဂရင္းဝုဒ္အေနနဲ႔ ေအာက္တိုဘာလမွာ အသက္(၂၀)ျပည့္မွာျဖစ္လို႔ ဒီကာလအတြင္း အိုဝင္ရဲ႕စံခ်ိန္ကို လိုက္မီဖို႔က မျဖစ္ႏိုင္ေတာ့ေပမယ့္ ပရီးမီးယားလိဂ္ဂႏၴဝင္ေတြနဲ႔အတူ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္သြင္းဂိုးအမ်ားဆုံးဆယ္ေက်ာ္သက္ကစားသမားစာရင္းမွာ ပါဝင္ခြင့္ရရွိခဲ့တာကေတာ့ ဂုဏ္ယူစရာအျဖစ္ သတ္မွတ္ရမွာပဲျဖစ္ပါတယ္ . . .