
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘရိုက်တန်အသင်းရဲ့ဂိုးသမားသစ်ဖြစ်သူ ရှာပန်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အရပ်အမြင့်ဆုံးကစားသမားစာရင်းမှာ မန်စီးတီးဂိုးသမားဟောင်းပန်တီလီမွန်၊ အဲဗာတန်တိုက်စစ်မှူးဟောင်းလာစီနာထရာအိုရေးတို့နဲ့အတူ ထိပ်ဆုံးနေရာမှာပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။
အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ ရှာပန်ဟာ အရပ်အမြင့်(၆)ပေ၊ (၈)လက်မအထိရှိပြီး မကြာသေးခင်ကမှ အေဂျက်စ်အသင်းကနေ ဘရိုက်တန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးတော့ ပွဲထွက်ဂိုးသမားနေရာအတွက် ရော်ဘတ်ဆန်းချက်ဇ်နဲ့အတူ တိုက်ပွဲဝင်ရမှာပါ။
၂၀၁၃-၁၄ ရာသီက မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိခဲ့တဲ့ ဂိုးသမားဟောင်း ပန်တီလီမွန်ကလည်း အရပ်အမြင့်(၆)ပေ၊ (၈)လက်မအထိရှိပြီး ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့
ဆန်းဒါးလန်း၊ ဝက်ဖို့ဒ်အသင်းတွေမှာ ကစားသမားဘဝဖြတ်သန်းခဲ့ပြီးတဲ့နောက် အခု ရိုမေးနီးယားကလပ်ဒန်နစ်ဇ်လစ်စပေါ်အသင်းမှာ ကစားနေသူဖြစ်ပါတယ်။
အိုင်ဗရီကို့စ်တိုက်စစ်မှူး လာစီနာထရာအိုရေးကတော့ ၂၀၁၄ ခုနှစ်မှာ အဲဗာတန်အသင်းဆီအငှားနဲ့ရောက်ရှိလာပြီး ပရီးမီးယားလိဂ်(၁)ပွဲသာကစားခဲ့ရပေမယ့် သူကလည်း အရပ်အမြင့်(၆)ပေ၊ (၈)လက်မအထိရှိလို့ အရပ်အမြင့်ဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အရပ်မြင့်မားတဲ့သူတွေထဲမှာ အထင်ရှားဆုံးကတော့ ပီတာခရော့ချ်ပဲဖြစ်ပြီး သူ့အရပ်အမြင့်က (၆)ပေ၊ (၇)လက်မရှိတာကြောင့် အရပ်အမြင့်ဆုံးမဟုတ်ခဲ့ပေမယ့်လည်း ကစားသမားဘဝမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။
ပီတာခရော့ချ်ဟာ စပါး၊ လီဗာပူးလ်၊ ဘန်လေအပါအဝင် ပရီးမီးယားလိဂ်ကလပ်(၈)သင်းမှာကစားခဲ့ဖူးပြီး လီဗာပူးလ်အသင်းနဲ့ FA ဖလားဆွတ်ခူးခဲ့သလို ၂၀၀၆-၀၇ ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်ခဲ့ဖူးပါတယ်။
ခရော့ချ်လိုပဲ အရပ်မြင့်ပြီးဂိုးသွင်းကောင်းတာက ဘာမင်ဂမ်အသင်းနာမည်ကျော်တိုက်စစ်မှူးဟောင်း ဇီဂစ်ဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၅)နှစ်ကြာကစားခဲ့တာပါ။
ထူးခြားတာတစ်ခု ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အရပ်အမြင့်ဆုံးစာရင်းမှာ ပါဝင်ခဲ့ကြတဲ့ကစားသမားတော်တော်များများထဲမှာ ကလပ်အသင်းတွေနဲ့အတူ ကြီးမားတဲ့အောင်မြင်မှုရခဲ့တဲ့သူက လက်ချိုးရေလို့ရပြီး တချို့ဆို ပရိသတ်တွေတောင် သိပ်မသိတဲ့ကစားသမားတွေဖြစ်ကြပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အရပ္အျမင့္ဆုံးကစားသမားအျဖစ္စာရင္းဝင္ခဲ့တဲ့ ဘ႐ိုက္တန္ဂိုးသမားသစ္
ဘ႐ိုက္တန္အသင္းရဲ႕ဂိုးသမားသစ္ျဖစ္သူ ရွာပန္ဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အရပ္အျမင့္ဆုံးကစားသမားစာရင္းမွာ မန္စီးတီးဂိုးသမားေဟာင္းပန္တီလီမြန္၊ အဲဗာတန္တိုက္စစ္မႉးေဟာင္းလာစီနာထရာအိုေရးတို႔နဲ႔အတူ ထိပ္ဆုံးေနရာမွာပူးတြဲရပ္တည္ႏိုင္ခဲ့ပါတယ္။ အသက္(၂၁)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ရွာပန္ဟာ အရပ္အျမင့္(၆)ေပ၊ (၈)လက္မအထိရွိၿပီး မၾကာေသးခင္ကမွ ေအဂ်က္စ္အသင္းကေန ဘ႐ိုက္တန္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေတာ့ ပြဲထြက္ဂိုးသမားေနရာအတြက္ ေရာ္ဘတ္ဆန္းခ်က္ဇ္နဲ႔အတူ တိုက္ပြဲဝင္ရမွာပါ။
၂၀၁၃-၁၄ ရာသီက မန္စီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆုရရွိခဲ့တဲ့ ဂိုးသမားေဟာင္း ပန္တီလီမြန္ကလည္း အရပ္အျမင့္(၆)ေပ၊ (၈)လက္မအထိရွိၿပီး ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ ဆန္းဒါးလန္း၊ ဝက္ဖို႔ဒ္အသင္းေတြမွာ ကစားသမားဘဝျဖတ္သန္းခဲ့ၿပီးတဲ့ေနာက္ အခု ႐ိုေမးနီးယားကလပ္ဒန္နစ္ဇ္လစ္စေပၚအသင္းမွာ ကစားေနသူျဖစ္ပါတယ္။ အိုင္ဗရီကို႔စ္တိုက္စစ္မႉး လာစီနာထရာအိုေရးကေတာ့ ၂၀၁၄ ခုႏွစ္မွာ အဲဗာတန္အသင္းဆီအငွားနဲ႔ေရာက္ရွိလာၿပီး ပရီးမီးယားလိဂ္(၁)ပြဲသာကစားခဲ့ရေပမယ့္ သူကလည္း အရပ္အျမင့္(၆)ေပ၊ (၈)လက္မအထိရွိလို႔ အရပ္အျမင့္ဆုံးကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။
ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အရပ္ျမင့္မားတဲ့သူေတြထဲမွာ အထင္ရွားဆုံးကေတာ့ ပီတာခေရာ့ခ်္ပဲျဖစ္ၿပီး သူ႔အရပ္အျမင့္က (၆)ေပ၊ (၇)လက္မရွိတာေၾကာင့္ အရပ္အျမင့္ဆုံးမဟုတ္ခဲ့ေပမယ့္လည္း ကစားသမားဘဝမွာ ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ပါတယ္။ ပီတာခေရာ့ခ်္ဟာ စပါး၊ လီဗာပူးလ္၊ ဘန္ေလအပါအဝင္ ပရီးမီးယားလိဂ္ကလပ္(၈)သင္းမွာကစားခဲ့ဖူးၿပီး လီဗာပူးလ္အသင္းနဲ႔ FA ဖလားဆြတ္ခူးခဲ့သလို ၂၀၀၆-၀၇ ရာသီမွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအဆင့္အထိ တက္ေရာက္ခဲ့ဖူးပါတယ္။
ခေရာ့ခ်္လိုပဲ အရပ္ျမင့္ၿပီးဂိုးသြင္းေကာင္းတာက ဘာမင္ဂမ္အသင္းနာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ဇီဂစ္ျဖစ္ၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ (၅)ႏွစ္ၾကာကစားခဲ့တာပါ။ ထူးျခားတာတစ္ခု ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အရပ္အျမင့္ဆုံးစာရင္းမွာ ပါဝင္ခဲ့ၾကတဲ့ကစားသမားေတာ္ေတာ္မ်ားမ်ားထဲမွာ ကလပ္အသင္းေတြနဲ႔အတူ ႀကီးမားတဲ့ေအာင္ျမင္မႈရခဲ့တဲ့သူက လက္ခ်ိဳးေရလို႔ရၿပီး တခ်ိဳ႕ဆို ပရိသတ္ေတြေတာင္ သိပ္မသိတဲ့ကစားသမားေတြျဖစ္ၾကပါတယ္။