
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ခေတ်သစ် ဘောလုံးလောကမှာ ဂိုးသမား တစ်ယောက်ရဲ့ တာဝန်က ဂိုးဖမ်းဖို့တင်မဟုတ်တော့ဘဲ အသင်းအတွက် လိုအပ်ရင် ဂိုးတတ်သွင်းဖို့ပါ တာဝန်ရှိလာပါပြီ။
အရင်ခေတ်က ဂိုးသမားတွေဟာ နောက်တန်းကို အော်ဟစ်ညွှန်ကြားပြီး ခံစစ်ရဲ့အစိတ်အပိုင်း တစ်ခုအဖြစ်ပဲ ရှိခဲ့ကြပေမယ့် အခုခေတ်မှာတော့
အသင်းက ရှုံးနိမ့်နေတဲ့ ပွဲမျိုးရဲ့ နောက်ဆုံး မိနစ်မှာ ထောင့်ကန်ဘောတွေ ပြစ်ဒဏ်ဘောတွေ ရခဲ့ချိန်မှာ ဂိုးသမားတွေဟာ ရှေ့တက်ပြီး ဂိုးသွင်းဖို့ ကြိုးစားလာခဲ့ကြပါတယ်။
ဒီလိုမျိုး နောက်ဆုံးမိနစ်တွေမှာ ဂိုးသမားတွေ ရှေ့တက် ကြိုးစားမှုတွေ ရှိပေမယ့် အောင်မြင်တာ နည်းပါးလှပါတယ်။
ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ပွဲမှာ လီဗာပူးက အလီဆန် လုပ်ပြခဲ့သလို ပရီးမီးယားလိဂ် ပြိုင်ပွဲ သက်တမ်း ၃၀ ကျော်မှာ ဂိုးသမားတွေ ဂိုးသွင်း နိုင်ခဲ့တာက လက်ဆယ်ချောင်း မပြည့်ခဲ့ပါဘူး။
အယ်လီဆန် အပါအဝင် အခုမှ ၆ ယောက်ပဲ ရှိပါသေးတယ်။
၁.ပီတာရှမိုက်ကယ် (အဲဗာတန် – ဗီလာ) ၂၀၀၁။
ပရီးမီးယားလိဂ်မှာ ပထမဆုံး ဂိုးသွင်းခဲ့တဲ့ ဂိုးသမားကတော့ ပီတာရှမိုက်ကယ်ပါပဲ။
ယူနိုက်တက်မှာ ကစားရင်း ခေါင်းတိုက်ဂိုးတစ်ဂိုး သွင်းပေးနိုင်ခဲ့ဖူးပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲအနေနဲ့ အကျုံးမဝင်သေးတဲ့ အချိန်ကပါ။
၂၀၀၁ ခုနှစ် အောက်တိုဘာလထဲမှာ ကစားခဲ့တဲ့ပွဲမှာ အဲဗာတန်က ဗီလာ ကို ၃-၁ နဲ့ အနိုင်ရနေခဲ့ပါတယ်။
နောက်ဆုံးမိနစ်မှာ ထောင့်ကန်ဘောရခဲ့ပြီး ရှမိုက်ကယ်က ရှေ့တက်လာကာ တိုင်ထိပြန်ထွက်လာတဲ့ ဘောလုံးကို ကန်သွင်းခဲ့ပါတယ်။
သူဂိုးသွင်းနိုင်ခဲ့ပေမယ့် ဗီလာရဲ့ အရှုံးကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး။
၂.ဘရက်ဖရီဒယ် (ချာလ်တန် – ဘလက်ဘန်း) ၂၀၀၄။
ဘလက်ဘန်းက ချာလ်တန် ကို ၂-၁ နဲ့ အရေးနိမ့်နေတဲ့ပွဲရဲ့ နောက်ဆုံးမိနစ်မှာ ဖရီဒယ်က ထောင့်ကန်ဘောကနေ ရလာတဲ့ ဘောလုံးကို ဧရိယာအစပ်ကနေ တိုက်စစ်မှူးစတိုင် ကန်သွင်းပြီး ချေပဂိုး သွင်းပေးခဲ့ပါတယ်။
ဒါပေမယ့် ချာလ်တန်ဖက်က နောက်ထပ် တစ်ဂိုးပြန်ရပြီး ၃-၂ နဲ့ နိုင်သွားခဲ့လို့ပါပဲ။
၃.ပေါလ်ရော်ဘင်ဆင် (စပါး – ဝက်ဖိုဒ့်) ၂၀၀၇။
စပါး ဂိုးဧရိယာထဲမှာရတဲ့ ပြစ်ဒဏ်ဘောကို ရော်ဘင်ဆင် က ကန်တင်ခဲ့ရာမှာ ဝက်ဖိုဒ့် ဂိုးဧရိယာထဲမှာ တစ်ချက်ထောက်ပြီး
အရှေ့ထွက်ပြီး နေရာယူလွဲမှား နေတဲ့ ဂိုးသမား ဘင်ဖော်စတာ ကို ကျော်ပြီး ဂိုးဝင် သွားခဲ့တာပဲဖြစ်ပါတယ်။
၄.တင်ဟောင်းဝပ် (အဲဗာတန် – ဘော်တန်) ၂၀၁၂။
ဂိုးမရှိ သရေကျနေတဲ့ အချိန်မှာ တင်ဟောင်းဝပ် ရဲ့ ကိုက် ၉၀ ကျော်က ကန်ချက်ဟာ ဂိုးအဖြစ် ပြောင်းလဲခဲ့ပြီး အဲဗာတန် ဦးဆောင်ခဲ့ပါတယ်။
ဒါပေမယ့် ဟောင်းဝပ် အတွက်တော့ သူ့ရဲ့ အမှတ်တဂိုး အတွက် မပျော်နိုင်ခဲ့ပါဘူး။
ပွဲအပြီးမှာ ဘောလ်တန် က ၂–၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။
၅.ဘာဂိုဗစ် (စတုတ် – ဆောက်သမ်တန်)
ဘာဂိုဗစ် ရဲ့ဲ့ဂိုးဟာ ပရီးမီးယားလိဂ်သမိုင်း တစ်လျောက် ဂိုးသမားတွေ ဂိုးသွင်းတဲ့ ၅ဂိုး ဖြစ်ခဲ့ရုံမကဘဲ အံံ့သြစရာဂိုးတစ်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။
ပွဲအစ ၁၃ စက္ကန့် မှာပဲ ဘာဂိုဗစ် ရှင်းထုတ်လိုက်တဲ့ ဘောလုံးဟာ ကွင်းထဲက ကစားသမား အယောက် ၂၀ ကို ကျော်ဖြတ်ပြီး
ဆောက်သမ်တန် ဂိုးသမား ဘိုရပ် ပေါ်ကကျော်ပြီး ဂိုးပိုက်ထဲကို တန်းဝင်ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်က္ ဂိုးလည္းဖမ္း ဂိုးလည္းသြင္းခဲ့ၾကသူမ်ား
ေခတ္သစ္ ေဘာလုံးေလာကမွာ ဂိုးသမား တစ္ေယာက္ရဲ႕ တာဝန္က ဂိုးဖမ္းဖို႔တင္မဟုတ္ေတာ့ဘဲ အသင္းအတြက္ လိုအပ္ရင္ ဂိုးတတ္သြင္းဖို႔ပါ တာဝန္ရွိလာပါၿပီ။ အရင္ေခတ္က ဂိုးသမားေတြဟာ ေနာက္တန္းကို ေအာ္ဟစ္ၫႊန္ၾကားၿပီး ခံစစ္ရဲ႕အစိတ္အပိုင္း တစ္ခုအျဖစ္ပဲ ရွိခဲ့ၾကေပမယ့္ အခုေခတ္မွာေတာ့ အသင္းက ရႈံးနိမ့္ေနတဲ့ ပြဲမ်ိဳးရဲ႕ ေနာက္ဆုံး မိနစ္မွာ ေထာင့္ကန္ေဘာေတြ ျပစ္ဒဏ္ေဘာေတြ ရခဲ့ခ်ိန္မွာ ဂိုးသမားေတြဟာ ေရွ႕တက္ၿပီး ဂိုးသြင္းဖို႔ ႀကိဳးစားလာခဲ့ၾကပါတယ္။
ဒီလိုမ်ိဳး ေနာက္ဆုံးမိနစ္ေတြမွာ ဂိုးသမားေတြ ေရွ႕တက္ ႀကိဳးစားမႈေတြ ရွိေပမယ့္ ေအာင္ျမင္တာ နည္းပါးလွပါတယ္ ။ ၿပီးခဲ့တဲ့ ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ လီဗာပူးက အလီဆန္ လုပ္ျပခဲ့သလို ပရီးမီးယားလိဂ္ ၿပိဳင္ပြဲ သက္တမ္း ၃၀ ေက်ာ္မွာ ဂိုးသမားေတြ ဂိုးသြင္း ႏိုင္ခဲ့တာက လက္ဆယ္ေခ်ာင္း မျပည့္ခဲ့ပါဘူး။ အယ္လီဆန္ အပါအဝင္ အခုမွ ၆ ေယာက္ပဲ ရွိပါေသးတယ္။
၁.ပီတာရွမိုက္ကယ္ (အဲဗာတန္ – ဗီလာ) ၂၀၀၁။
ပရီးမီးယားလိဂ္မွာ ပထမဆုံး ဂိုးသြင္းခဲ့တဲ့ ဂိုးသမားကေတာ့ ပီတာရွမိုက္ကယ္ ပါပဲ။ ယူႏိုက္တက္မွာ ကစားရင္း ေခါင္းတိုက္ဂိုးတစ္ဂိုး သြင္းေပးႏိုင္ခဲ့ဖူးေပမယ့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအေနနဲ႔ အက်ဳံးမဝင္ေသးတဲ့ အခ်ိန္ကပါ။ ၂၀၀၁ ခုႏွစ္ ေအာက္တိုဘာလထဲမွာ ကစားခဲ့တဲ့ပြဲမွာ အဲဗာတန္က ဗီလာ ကို ၃-၁ နဲ႔ အႏိုင္ရေနခဲ့ပါတယ္။ ေနာက္ဆုံးမိနစ္မွာ ေထာင့္ကန္ေဘာရခဲ့ၿပီး ရွမိုက္ကယ္က ေရွ႕တက္လာကာ တိုင္ထိျပန္ထြက္လာတဲ့ ေဘာလုံးကို ကန္သြင္းခဲ့ ပါတယ္ ။ သူဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ဗီလာရဲ႕ အရႈံးကိုေတာ့ မကယ္တင္ႏိုင္ခဲ့ပါဘူး။
၂.ဘရက္ဖရီဒယ္ (ခ်ာလ္တန္ – ဘလက္ဘန္း) ၂၀၀၄။
ဘလက္ဘန္းက ခ်ာလ္တန္ ကို ၂-၁ နဲ႔ အေရးနိမ့္ေနတဲ့ပြဲရဲ႕ ေနာက္ဆုံးမိနစ္မွာ ဖရီဒယ္က ေထာင့္ကန္ေဘာကေန ရလာတဲ့ ေဘာလုံးကို ဧရိယာအစပ္ကေန တိုက္စစ္မႉးစတိုင္ ကန္သြင္းၿပီး ေခ်ပဂိုး သြင္းေပးခဲ့ပါတယ္။ ဒါေပမယ့္ ခ်ာလ္တန္ဖက္က ေနာက္ထပ္ တစ္ဂိုးျပန္ရၿပီး ၃-၂ နဲ႔ ႏိုင္သြားခဲ့လို႔ပါပဲ။
၃.ေပါလ္ေရာ္ဘင္ဆင္ (စပါး – ဝက္ဖိုဒ့္) ၂၀၀၇။
စပါး ဂိုးဧရိယာထဲမွာရတဲ့ ျပစ္ဒဏ္ေဘာကို ေရာ္ဘင္ဆင္ က ကန္တင္ခဲ့ရာမွာ ဝက္ဖိုဒ့္ ဂိုးဧရိယာထဲမွာ တစ္ခ်က္ေထာက္ၿပီး အေရွ႕ထြက္ၿပီး ေနရာယူလြဲမွား ေနတဲ့ ဂိုးသမား ဘင္ေဖာ္စတာ ကို ေက်ာ္ၿပီး ဂိုးဝင္ သြားခဲ့တာပဲျဖစ္ပါတယ္။
၄.တင္ေဟာင္းဝပ္ (အဲဗာတန္ – ေဘာ္တန္) ၂၀၁၂။
ဂိုးမရွိ သေရက်ေနတဲ့ အခ်ိန္မွာ တင္ေဟာင္းဝပ္ ရဲ႕ ကိုက္ ၉၀ ေက်ာ္က ကန္ခ်က္ဟာ ဂိုးအျဖစ္ ေျပာင္းလဲခဲ့ၿပီး အဲဗာတန္ ဦးေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္ ေဟာင္းဝပ္ အတြက္ေတာ့ သူ႔ရဲ႕ အမွတ္တဂိုး အတြက္ မေပ်ာ္ႏိုင္ခဲ့ပါဘူး။ ပြဲအၿပီးမွာ ေဘာလ္တန္ က ၂–၁ နဲ႔ အႏိုင္ရသြားခဲ့ပါတယ္။
၅.ဘာဂိုဗစ္ (စတုတ္ – ေဆာက္သမ္တန္)
ဘာဂိုဗစ္ ရဲ႕ဲ့ဂိုးဟာ ပရီးမီးယားလိဂ္သမိုင္း တစ္ေလ်ာက္ ဂိုးသမားေတြ ဂိုးသြင္းတဲ့ ၅ဂိုး ျဖစ္ခဲ့႐ုံမကဘဲ အံံ့ၾသစရာဂိုးတစ္ဂိုးလည္း ျဖစ္ခဲ့ပါတယ္။ ပြဲအစ ၁၃ စကၠန႔္ မွာပဲ ဘာဂိုဗစ္ ရွင္းထုတ္လိုက္တဲ့ ေဘာလုံးဟာ ကြင္းထဲက ကစားသမား အေယာက္ ၂၀ ကို ေက်ာ္ျဖတ္ၿပီး ေဆာက္သမ္တန္ ဂိုးသမား ဘိုရပ္ ေပၚကေက်ာ္ၿပီး ဂိုးပိုက္ထဲကို တန္းဝင္ေရာက္သြားခဲ့တာပဲ ျဖစ္ပါတယ္ ။