ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဖာနန်ဒက်စ်ရလိမ့်မယ်လို့ ပီတာခရော့ချ်ဟောကိန်းထုတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မန်ယူအသင်းရရှိနေတဲ့ ပင်နယ်တီအရေအတွက်ကြောင့် အခုရာသီပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် အဖြစ်နိုင်ဆုံးကစားသမားက မန်ယူကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဖြစ်ကြောင်း လီဗာပူးတိုက်စစ်မှုးဟောင်းပီတာခရော့ချ်က အခိုင်အမာပြောကြားလိုက်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှာ ပင်နယ်တီ ၁၄ လုံးတောင်ရခဲ့ပြီး အဲဒါဟာ ပြိုင်ပွဲရဲ့စံချိန်သစ်လည်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဖာနန်ဒက်စ်ကလည်း ပြီးခဲ့တဲ့ဇန်နဝါရီမှာ စပို့တင်းကနေရောက်လာပြီးကတည်းက မန်ယူအတွက် သူကန်သွင်းပေးရတဲ့ပင်နယ်တီ ၆ လုံးစလုံးကို ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ မန်ယူဟာ ရာသီသစ်မှာလည်း ဘရိုက်တန်နဲ့ကစားခဲ့တဲ့ ဒုတိယမြောက်ပွဲစဉ်မှာတင် ပင်နယ်တီကန်ခွင့်ရခဲ့ကာ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာရတဲ့ အဲဒီပင်နယ်တီကို ဖာနန်ဒက်စ်ကန်သွင်းနိုင်ခဲ့လို့သာ အခုရာသီရဲ့ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲကို ရရှိခဲ့တာပါ။

ပြီးခဲ့တဲ့တနင်္လာမတိုင်ခင် ကစားခဲ့တဲ့ပရီးမီးယားလိဂ် ၂၅ ပွဲမှာ ပင်နယ်တီပေးမှု ၂၁ ကြိမ်ရှိခဲ့ပြီး VAR ပေါ်လာကတည်းက ပင်နယ်တီပေးမှုတွေပိုမျာလာခဲ့တာပါ။ ဒါကြောင့် ပီတာခရော့ချ်ကလည်း အဲဒီပေါ်တူဂီကြယ်ပွင့်ဟာ နောက်ထပ်ပင်နယ်တီများစွာကန်ရဦးမှာလို့ ယူဆထားပုံရပါတယ်။

အဲဒါကြောင့်လည်း Daily Mail သတင်းစာက အမေးအဖြေအစီအစဉ်တစ်ခုမှာ အင်္ဂလန်လကေ်ရွးစင်ဟောင်းလည်းဖြစ်တဲ့ ခရော့ချ်က”ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် ကျွန်တော်ကတော့ ဖာနန်ဒက်စ်ကို ထောက်ခံပါတယ်။ အခုကနေ လာမယ့်မေလအထိ မန်ယူကိုပင်နယ်တီပေးတယ်ဆိုတဲ့အသံကို တစ်ပတ်တစ်ခါ ကျွန်တော်ကြားရမှာပါ။ ၃၈ ပွဲရှိတယ်ဆိုတော့ ပင်နယ်တီ ၃၈ လုံးပေါ့ဗျာ။ ကျွန်တော်ပြောတာ သဘောတူကြရဲ့လား”လို့ ရေးသားခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကို ဖာနန္ဒက္စ္ရလိမ့္မယ္လုိ႔ ပီတာခေရာ့ခ်္ေဟာကိန္းထုတ္

မန္ယူအသင္းရရွိေနတဲ့ ပင္နယ္တီအေရအတြက္ေၾကာင့္ အခုရာသီပရီးမီးယားလိဂ္ေရႊဖိနပ္ဆုအတြက္ အျဖစ္ႏိုင္ဆုံးကစားသမားက မန္ယူကြင္းလယ္လူဘရူႏိုဖာနန္ဒက္စ္ျဖစ္ေၾကာင္း လီဗာပူးတိုက္စစ္မႈးေဟာင္းပီတာခေရာ႔ခ်္က အခုိင္အမာေျပာၾကားလုိက္ပါတယ္။ မန္ယူဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ပရီးမီးယားလိဂ္မွာ ပင္နယ္တီ ၁၄ လုံးေတာင္ရခဲ့ၿပီး အဲဒါဟာ ၿပိဳင္ပြဲရဲ႕စံခ်ိန္သစ္လည္း ျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ ဖာနန္ဒက္စ္ကလည္း ၿပီးခဲ့တဲ့ဇန္န၀ါရီမွာ စပို႔တင္းကေနေရာက္လာၿပီးကတည္းက မန္ယူအတြက္ သူကန္သြင္းေပးရတဲ့ပင္နယ္တီ ၆ လုံးစလုံးကုိ ဂိုးအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့ပါတယ္။ မန္ယူဟာ ရာသီသစ္မွာလည္း ဘရိုက္တန္နဲ႔ကစားခဲ့တဲ့ ဒုတိယေျမာက္ပြဲစဥ္မွာတင္ ပင္နယ္တီကန္ခြင့္ရခဲ့ကာ နာက်င္အခ်ိန္ပိုေနာက္ဆုံးမိနစ္မွာရတဲ့ အဲဒီပင္နယ္တီကို ဖာနန္ဒက္စ္ကန္သြင္းႏိုင္ခဲ့လုိ႔သာ အခုရာသီရဲ႕ပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲကို ရရွိခဲ့တာပါ။

ၿပီးခဲ့တဲ့တနလၤာမတိုင္ခင္ ကစားခဲ့တဲ့ပရီးမီးယားလိဂ္ ၂၅ ပြဲမွာ ပင္နယ္တီေပးမႈ ၂၁ ႀကိမ္ရွိခဲ့ၿပီး VAR ေပၚလာကတည္းက ပင္နယ္တီေပးမႈေတြပိုမ်ာလာခဲ့တာပါ။ ဒါေၾကာင့္ ပီတာခေရာ႔ခ်္ကလည္း အဲဒီေပၚတူဂီၾကယ္ပြင့္ဟာ ေနာက္ထပ္ပင္နယ္တီမ်ားစြာကန္ရဦးမွာလုိ႔ ယူဆထားပုံရပါတယ္။

အဲဒါေၾကာင့္လည္း Daily Mail သတင္းစာက အေမးအေျဖအစီအစဥ္တစ္ခုမွာ အဂၤလန္လကေ္ရြးစင္ေဟာင္းလည္းျဖစ္တဲ့ ခေရာ႔ခ်္က”ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုအတြက္ ကၽြန္ေတာ္ကေတာ့ ဖာနန္ဒက္စ္ကို ေထာက္ခံပါတယ္။ အခုကေန လာမယ့္ေမလအထိ မန္ယူကိုပင္နယ္တီေပးတယ္ဆုိတဲ့အသံကုိ တစ္ပတ္တစ္ခါ ကၽြန္ေတာ္ၾကားရမွာပါ။ ၃၈ ပြဲရွိတယ္ဆုိေတာ့ ပင္နယ္တီ ၃၈ လုံးေပါ့ဗ်ာ။ ကၽြန္ေတာ္ေျပာတာ သေဘာတူၾကရဲ႕လား”လို႔ ေရးသားခဲ့တာပါ။