ပရီးမီးယားလိဂ်ရဲ့ အငှားလာကစားတဲ့ အသင်းတွေမှာ ခြေစွမ်းပြအောင်မြင်ခဲ့ကြတဲ့သူများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုတလော မန်ယူကနေ ဝက်စ်ဟမ်းကိုအငှားနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဂိုးတွေသွင်း ခြေစွမ်းတွေပြနေတဲ့ လင်ဂတ်ကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အငှားစနစ်နဲ့ လာကစားရင်း ခြေစွမ်းပြအောင်မြင်မှုတွေရတဲ့ ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

တီဗက်ဇ် (ဝက်စ်ဟမ်းမှ မန်ယူ – ၂၀၀၇-၂၀၀၉)

တီဗက်ဇ်ဟာ မန်ယူအသင်းမှာ ၂နှစ်အငှားစာချုပ်အတွက် ပေါင် ၁၀သန်းဝန်းကျင် ရရှိခဲ့ပြီး ကစားသမားဘဝမှာလည်း အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ မန်ယူအသင်းမှာ ကစားခဲ့တဲ့ ၂နှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို၂ကြိမ်ဆက်တိုက်ရရှိခဲ့သလို ချန်ပီယံလိ၈် ဆုဖလားကိုလည်း ၂၀၀၈မှာ ၁ကြိမ် ရရှိခဲ့ပါတယ်။ ၂၀၁၁မှာ ကစားသမားဘဝကနေ အနားယူမယ်လို့ တီဗက်ဇ်က စီစဉ်ထားဖူးတာကြောင့် နည်းပြဖာဂူဆန်က သူ့ကို အပြီးသတ်မခေါ်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် တီဗက်ဇ်ဟာ မန်ယူက ထွက်ခွာပြီး မန်စီးတီး ပြောင်းခဲ့ပါတယ်။

ရော်ဘီကိန်း (အင်တာမှ လိဒ် – ၂၀၀၀-၂၀၀၁)
အင်တာမီလန်မှာ နေရာမရတဲ့ အိုင်ယာလန်တိုက်စစ်မှုး ရော်ဘီကိန်းဟာ နေည်းပြဒေးဗစ်အိုလာရီရဲ့ လိဒ်ယူနိုင်တက်အသင်းကို တစ်ရာသီ အငှားစာချုပ်နဲ့ လာကစားခဲ့တာပါ။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ပွဲ ကစားပေးခဲ့ပြီး ၉၈ိုးသွင်းယူနိုင်ခဲ့တဲ့အတွက် သူ့ကို လိဒ်အသင်းက အငှားစာချုပ်သက်တမ်းပြည့်တဲ့အချိန်မှာ ပေါင် ၁၂သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။

ဝီရှီရီ (အာဆင်နယ်မှ ဘော်လ်တန် – ၂၀၁၀)
ခြေစွမ်းရှိတဲ့ ဝီရှီရီကို အာဆင်နယ်နည်းပြ အာစဝ်၀င်းဂါးက ခြေစွမ်းပိုတိုးတက်ဖို့အတွက် ဘော်တန်ကို အငှားချခဲ့ပါတယ်။ ဘော်လ်တန်မှာ ဝီရှီရီဟာ ၁၄ပွဲ ပါဝင်ကစာခဲ့ပြီး ၁ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် ဘော်လ်တန်အသင်းကသူ့ခြေစွမ်းကို ကြိုက်ပြီး အငှားနဲ့ ထပ်ခေါ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အာစင်ဝင်းဂါးက အာဆင်နယ်မှာ ပွဲထွက်ကစားဖို့ လုံလောက်ပြီလို့ ယူဆတဲ့အတွက် လက်မခံခဲ့ပါဘူး။

လာဆင် (ဟဲလ်ဆင်ဘော့ဂ်မှ မန်ယူ ၂၀၀၇)
လာဆင်ဟာ မန်ယူအသင်းမှာ ကာလတိုအဖြစ် ရက်ပေါင်း ၇၀သာ လာရောက်ကစားခဲ့တာပါ။ မန်ယူအတွက် ၁၃ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၃ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဘောလုံးအတွေ့အကြုံတွေက မန်ယူအသင်းကရူနီ၊ အလန်စမစ်၊ စီရော်နယ်ဒို တို့အတွက် အဖိုးတန်တာကြောင့် နည်းပြဖာဂူဆန်က အသင်းမှာ ဆက်ရှိနေစေလိုပေမယ့် လာဆင်က သူ့ရဲ့မိသားစုကို ဟဲလ်ဆင်ဘော့ဂ်မှာ ပြန်ကစားဖို့ ကတိပေးထားတာကြောင့် ပြန်ခွင့်ပြုခဲ့ရတာပါ။

လူကာကူ (ချဲလ်ဆီးမှ ဝက်စ်ဘရွန်း – ၂၀၁၀-၁၃)

လက်ရှိ အင်တာမီလန်မှာ ခြေစွမ်းပြနေတဲ့ လူကာကူဟာ ချဲ်ဆီးကနေ ဝက်စ်ဘရွန်းကို အငှားလာကစားခဲ့တုန်းက ဂိုးသွင်းအားကောင်းခဲ့ပြီး ပရီးမီးယားလိ၈် ၃၅ပွဲမှာ ၁၇ဂိုး သွင်းနိုင်ခဲ့ပါတယ်။

မန်ယူနည်းပြ ဖာဂူဆန်ရဲ့ နည်းပြဘဝနောက်ဆုံးပွဲမှာမန်ယူဖက်ကို ဟက်ထရစ် သွင်းနိုင်ခဲ့တဲ့သူတစ်ဦးပါ။ အဲဗာတန်ကို အငှားနဲ့ သွားကစားတော့လည်း ၃၁ပွဲမှာ ၁၅ဂိုး သွင်းနိုင်ခဲ့ပြီး ရာသီကုန်မှာ အဆင့် ၅နေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

သူတို့တွေအပြင် ဂျာမနီထိပ်တန်းတိုက်စစ်မှုးဖြစ်တဲ့ ဂျာဂင်ကလင်းစမန်းက စီးရီအေ ဆမ်ဒိုးရီးယားကနေ စပါးအသင်းဆီကို (၁၉၉၇-၉၈) တစ်ရာသီ၊ စပိန်ကစားသမား အိုင်ဗန်ကမ်ပိုက ရီးရဲလ်ကနေ ဘော်လ်တန်ကို (၂၀၀၂-၀၃) ဘောလုံးရာသီတွေမှာ အငှားလာကစားခဲ့ကြပြီး ခြေစွမ်းပြ အောင်မြင်ခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi









