ပရီးမီးယားလိဂ်ရဲ့ ဒီဇင်ဘာလအတွက် အကောင်းဆုံး နည်းပြဆုကို ဒီးစမစ် ရရှိ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အက်စတွန်ဗီလာအသင်းနည်းပြ ဒီးစမစ်ဟာ ဒီဇင်ဘာလအတွင်း ( ၅ ) ပွဲဆက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့တဲ့အတွက် အဲဗာတန်အသင်း နည်းပြ အန်ဆလော့တီ ၊ ဘန်လေ နည်းပြ Sean Dyche နှင့် ယူနိုက်တက်နည်းပြ အိုလေ ဂန်နား ဆိုးရှားတို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး နည်းပြ အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
စမစ်ရဲ့ အသင်းက ဒီဇင်ဘာလအတွင်း ( ၃ ) ပွဲ နိုင် ၊ ( ၂ ) ပွဲသရေ ရလာဒ်ပိုင်ဆိုင်ခဲ့ပြီး ၂၀၂၀ ကို အမှတ်ပေးဇယားအဆင့် ( ၅ ) နေရာကနေ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ( ၈ ) ဂိုးသွင်းယူနိုင်ခဲ့ပြီး ပေးဂိုး ( ၂ ) ဂိုးသာ ရှိခဲ့ကာ clean sheet ( ၄ ) ပွဲထိ ရယူနိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ် အသင်းနှင့် ဝက်စ်ဘရွန်းအသင်းတွေကို ( ၂ ) ပွဲဆက် ( 3 – 0 ) ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ပိုင်းကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ဒီးစမစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ နှင့် နိုဝင်ဘာလတွေမှာ အဆိုပါဆုအတွက် အဆိုပြုခြင်းခံခဲ့ရပေမယ့် တတိယအကြိမ်မြောက် အဆိုပြုခြင်းခံရတဲ့ ဒီဇင်ဘာလမှသာ အဆိုပါဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
စမစ်ဟာ အဆိုပါဆုကို ရရှိတဲ့ စတုတ္ထမြောက် အက်စတွန်ဗီလာအသင်းနည်းပြ ဖြစ်ပြီး Brian Little ( ၁၉၉၅ ၊ ဇန်နဝါရီ ) ၊ John Gregory ( ၁၉၉၈ ၊ စက်တင်ဘာ ) နှင့် Martin O’Neill ( ၂၀၀၇ ဧပြီ ၊ ၂၀၀၇ နိုဝင်ဘာ ၊ ၂၀၀၈ ဒီဇင်ဘာ ၊ ၂၀၁၀ ဧပြီ ) တို့ရဲ့ ခြေလှမ်းတွေနောက်ကို အမီလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ Source : Premier League
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi