ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းခွင့်အဖြုန်းဆုံး တိုက်စစ်မှုးမှာ ချဲလ်ဆီးက တီမိုဝါနာဖြစ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီအစမှာ ချဲလ်ဆီးအသင်းဟာ ကစားသမားအပြောင်းအရွှေ့ဈေးကွက်မှာ ပေါင်သန်း ၂၀၀ ကျော်အသုံးပြုခဲ့ပြီး အင်အားဖြည့်တင်းခဲ့တာပါ။

အသုံးပြုခဲ့တဲ့ ငွေကြေးနဲ့ လက်ရှိ ရပ်တည်မှုကို ယှဉ်ကြည့်ရင်တော့ ချန်ပီယံလိဂ် ဆီမီး၊ အက်ဖ်အေဗိုလ်လုပွဲနဲ့ ပရီးမီးယားလိဂ် အဆင့် ၄နေရာတို့မှာ ရှိနေတဲ့အတွက် မဆိုးဘူးလို့ သုံးသပ်နိုင်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးက ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ ပရိသတ်တွေ မျှော်လင့်ထားသလောက် ဖြစ်မလာသေးတာကတော့ ဂျာမန်အတွဲဖြစ်တဲ့ တိုက်စစ်မှုးတီမိုဝါနာနဲ့ ဟာဗက်ဇ် တို့၂ယောက်ပါပဲ။

အထူးသဖြင့် လိုက်ဇစ်မှာဂိုးတွေ တဒိုင်းဒိုင်းသွင်းပြခဲ့တဲ့ တီမိုဝါနာ ဆီကနေ သွင်းဂိုးတွေကို ချဲလ်ဆီးပရိသတ်တွေက မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမယ့် ချဲလ်ဆီးရဲ့ ပေါင် ၅၃သန်းတန် တိုက်စစ်မှုးဟာ အရေးကြီးပွဲတွေမှာ ဂိုးသွင်းခွင့်တွေ လွဲချော်ခဲ့တာတွေအပြင် ဒီရာသီ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံမှာ အပိုင်ဂိုးသွင်းခွင့် ၂၃ကြိမ်ကို လွဲချော်ထားတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားကြပါတယ်။

ဝါနာဟာ ဒီရာသီမှာ အသင်းအတွက် ၁၁ ဂိုးပဲ သွင်းထားနိုင်သေးတာပါ။

ရီးရဲလ်နဲပွဲမှာည်း ၆ကိုက်စည်းထဲက အပိုင်ကန်သွင်းခွင့်ကို ၈ိုးသမားကော်တွိုက်စ် ခြေထောက်မှန်အောင် ကန်သွင်းခဲ့တဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။

ဝါနာအတွက် အဖော်ရတာကတော့ လီဗာပူးတိုက်စစ်မှုး ဆာလက်ဖြစ်ပြီး သူဟာ ဒီရာသီမှာ ဝါနာပြီးရင် အသင်းအတွက် ဂိုးရနိုင်မယ့် အခွင့်အရေး ၂၂ကြိမ်ကို လွဲချော်ဖြုန်းတီးထားပါတယ်။

ဒါပေမယ့် ဆာလက်က ဝါနာထက် သာတာကတော့ လီဗာပူးအတွက် ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၉ဂိုး အထိသွင်းယူပေးထားပြီး ၁၈ဂိုးအထိ ဝါနာထက် ပိုသွင်းယူပေးထားနိုင်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်တန်းတိုက်စစ်မှုးတွေထဲမှာ သူတို့ ၂ယောက်ပြီးရင် နောက်ထပ် အခွင့်အရေးအများဆုံး ဖြုန်းထားတဲ့ သူကတော့ ဒီရာသီပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းထားတဲ့ ဟယ်ရီကိန်းပါပဲ။

ဟယ်ရီကိန်းဟာ အသင်းအတွက် ဂိုးရနိုင်မယ့် အခွင့်အရေး ၂၁ကြိမ် ကို လွဲချော်ထားတာပါ။ ဟယ်ရီကိန်းနဲ့အတူ လိဒ်တိုက်စစ်မှုး ဘန်ဖို့ဒ်ကလည်း ၂၁ကြိမ်နဲ့ တတိယနေရာမှာ ပူးတွဲရှိနေပါတယ်။

သူတို့တွေရဲ့ အနောက်မှာ လီဗာပူးက မာနေးနဲ့ လက်စတာက ဗာဒီတို့ ၂ယောက်က အကြိမ် ၂၀စီနဲ့ ပူးတွဲရှိနေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi








