ပရီးမီးယားလိဂ်ရဲ့ ကြမ်းတမ်းတဲ့ ကစားဟန်အတွက် အသင့်ရှိနေမယ်ဆိုတဲ့ ဗန်ဒီဘိခ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ဒီကနေ့မှာ ဝက်စ်ဟမ်းနဲ့အဝေးကွင်းပရီးမီးယားလိဂ်ပွဲစဉ် ကစားရမှာဖြစ်ပြီး ဒီပွဲစဉ်မှာ ဗန်ဒီဘိခ်ပါဝင်ကစားခွင့်ရမယ်လို့သိရပါတယ်။ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဆောက်သမ်တန်နဲ့ပွဲအပြီး အဝတ်လဲခန်းထဲမှာ သူ့ခြေချင်းဝတ်ရောင်ကိုင်း နေတာကို အင်စတာဂရမ်ပေါ်တင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ကြမ်းတမ်းတဲ့ ကစားဟန်ကို ရဲရင့်စွာရင်ဆိုင်သွားမှာဖြစ်ပြီး ဒီစိန်ခေါ်မှုအတွက် အဆင်သင့်ရှိနေမယ်လို့ MUTVအင်တာဗျူးမှာ ပြောလိုက်ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲစဉ်ဟာသူ့အတွက် ယူနိုက်တက်ကစားသမားဘဝမှာ ဒုတိယအကြိမ်ပွဲထွက်ခွင့်ရမယ့် ပွဲစဉ်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာတော့ သူ့အတွက်ပရီးမီးယားလိဂ်မှာ ပထမဆုံးမိနစ် ၉၀ ပြည့်ကစားရတဲ့ပွဲဖြစ်ပြီး လူချကစားခံရမှုတွေကြောင့် ခြေချင်းဝတ်ရောင်ကိုင်းသွားခဲ့ရပါတယ်။

ဆောက်သမ်တန်နဲ့ပွဲဟာ သူ့အတွက်ပရီးမီးယားလိဂ်မှာ ပထမဆုံးမိနစ် ၉၀ ပြည့်ကစားရတဲ့ပွဲဖြစ်ပြီး လူချကစားခံရမှုတွေကြောင့် ခြေချင်းဝတ်ရောင်ကိုင်းနေတာပါ။

သူဟာ ဒီပုံကို ပရီးမီးယားလိဂ်က ကြိုဆိုလိုက်ပုံ ‘Welcome to the Premier League!’ လို့ ပုံစာရေးထိုးခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားကလည်း ဗန်ဒီဘိခ်ဟာ ပရီးမီးယားလိဂ် ကစားဟန် နဲ့ အံဝင်ဖို့လိုအပ်နေသေးကြောင်း ပြောကြားခဲ့သေးပြီး ဒီအချက်ကြောင့် သူ့ကိုပွဲထွက်စာရင်းကနေ အသုံးမပြုသေးတာလို့လည်း အကြောင်းပြခဲ့ပါတယ်။ ဒါပေမယ့် လည်းဖိအားတွေကြောင့် နောက်ဆုံးမှာ အသုံးပြုခဲ့ရပြီး ကစားသမားကလည်း ခြေစွမ်းပြနိုင်ခဲ့တာပါ။

အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ မန်ယူတရားဝင်ဝက်ဆိုက်နဲ့ အင်တာဗျူးမှာ သူထိခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီးမေးမြန်းခံရမှုကို ဗန်ဒီဘိခ်က အခုလို ဘဲဖြေကြားခဲ့တာဖြစ်ပါတယ်။ သူက”ပရီးမီးယားလိဂ်ဟာ ကစားပုံကြမ်းတယ်ဆိုတာ အေဂျက်မှာရှိနေတုန်းကတည်းက သိထားပြီးသားပါ။ ဒီအတွက် ကျွန်တော့်ဘက်ကအေးဆေးပါဘဲ။

ဘယ်လိုမှလည်း မခံစားရပါဘူး။ နယ်သာလန်မှာတုန်းကလည်း တစ်ပတ်ကို (၃)ပွဲကစားခဲ့ရလို့ အင်္ဂလန်မှာပွဲအများကြီးကစားရမယ်ဆိုတာကိုလည်း သိထားပြီးသားပါ။

လေ့ကျင့်ခန်းတွေပြုလုပ်ပုံကလည်း သိပ်ကောင်းပါတယ်။ ဒါပေမယ့် တကယ်ဝင်ကစားခွင့်ရဖို့တော့ လိုတာပေါ့။ ပရီးမီးယားလိဂ်ဟာ အကြီးကျယ်ဆုံးပြိုင်ပွဲတစ်ခုဖြစ်ပြီး အံအားသင့်စရာလည်းကောင်းပါတယ်၊။ ဒါကြောင့် စိန်ခေါ်မှုမှန်သမျှအတွက် အဆင်သင့်ရှိနေမှာပါ” လို့ပြောသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီးမီးယားလိဂ္ရဲ႕ ၾကမ္းတမ္းတဲ့ ကစားဟန္အတြက္ အသင့္ရွိေနမယ္ဆိုတဲ့ ဗန္ဒီဘိခ္

မန္ယူအသင္းဟာ ဒီကေန႔မွာ ဝက္စ္ဟမ္းနဲ႔အေဝးကြင္းပရီးမီးယားလိဂ္ပြဲစဥ္ ကစားရမွာျဖစ္ၿပီး ဒီပြဲစဥ္မွာ ဗန္ဒီဘိခ္ပါဝင္ကစားခြင့္ရမယ္လို႔သိရပါတယ္။ ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့တစ္ပတ္က ေဆာက္သမ္တန္နဲ႔ပြဲအၿပီး အဝတ္လဲခန္းထဲမွာ သူ႔ေျခခ်င္းဝတ္ေရာင္ကိုင္း ေနတာကို အင္စတာဂရမ္ေပၚတင္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ ၾကမ္းတမ္းတဲ့ ကစားဟန္ကို ရဲရင့္စြာရင္ဆိုင္သြားမွာျဖစ္ၿပီး ဒီစိန္ေခၚမႈအတြက္ အဆင္သင့္ရွိေနမယ္လို႔ MUTVအင္တာဗ်ဴးမွာ ေျပာလိုက္ပါတယ္။

ဝက္စ္ဟမ္းနဲ႔ပြဲစဥ္ဟာသူ႔အတြက္ ယူႏိုက္တက္ကစားသမားဘဝမွာ ဒုတိယအႀကိမ္ပြဲထြက္ခြင့္ရမယ့္ ပြဲစဥ္တစ္ခုျဖစ္လာႏိုင္ပါတယ္။ ေဆာက္သမ္တန္နဲ႔ပြဲမွာေတာ့ သူ႔အတြက္ပရီးမီးယားလိဂ္မွာ ပထမဆုံးမိနစ္ ၉၀ ျပည့္ကစားရတဲ့ပြဲျဖစ္ၿပီး လူခ်ကစားခံရမႈေတြေၾကာင့္ ေျခခ်င္းဝတ္ေရာင္ကိုင္းသြားခဲ့ရပါတယ္။

သူဟာ ဒီပုံကို ပရီးမီးယားလိဂ္က ႀကိဳဆိုလိုက္ပုံ ‘Welcome to the Premier League!’ လို႔ ပုံစာေရးထိုးခဲ့ပါတယ္။ နည္းျပဆိုးလ္ရွားကလည္း ဗန္ဒီဘိခ္ဟာ ပရီးမီးယားလိဂ္ ကစားဟန္ နဲ႔ အံဝင္ဖို႔လိုအပ္ေနေသးေၾကာင္း ေျပာၾကားခဲ့ေသးၿပီး ဒီအခ်က္ေၾကာင့္ သူ႔ကိုပြဲထြက္စာရင္းကေန အသုံးမျပဳေသးတာလို႔လည္း အေၾကာင္းျပခဲ့ပါတယ္။ ဒါေပမယ့္ လည္းဖိအားေတြေၾကာင့္ ေနာက္ဆုံးမွာ အသုံးျပဳခဲ့ရၿပီး ကစားသမားကလည္း ေျခစြမ္းျပႏိုင္ခဲ့တာပါ။

အဂၤါေန႔ကျပဳလုပ္ခဲ့တဲ့ မန္ယူတရားဝင္ဝက္ဆိုက္နဲ႔ အင္တာဗ်ဴးမွာ သူထိခိုက္ခဲ့မႈနဲ႔ ပတ္သက္ၿပီးေမးျမန္းခံရမႈကို ဗန္ဒီဘိခ္က အခုလို ဘဲေျဖၾကားခဲ့တာျဖစ္ပါတယ္။ သူက”ပရီးမီးယားလိဂ္ဟာ ကစားပုံၾကမ္းတယ္ဆိုတာ ေအဂ်က္မွာရွိေနတုန္းကတည္းက သိထားၿပီးသားပါ။ ဒီအတြက္ ကြၽန္ေတာ့္ဘက္ကေအးေဆးပါဘဲ။ ဘယ္လိုမွလည္း မခံစားရပါဘူး။ နယ္သာလန္မွာတုန္းကလည္း တစ္ပတ္ကို (၃)ပြဲကစားခဲ့ရလို႔ အဂၤလန္မွာပြဲအမ်ားႀကီးကစားရမယ္ဆိုတာကိုလည္း သိထားၿပီးသားပါ။

ေလ့က်င့္ခန္းေတြျပဳလုပ္ပုံကလည္း သိပ္ေကာင္းပါတယ္။ ဒါေပမယ့္ တကယ္ဝင္ကစားခြင့္ရဖို႔ေတာ့ လိုတာေပါ့။ ပရီးမီးယားလိဂ္ဟာ အႀကီးက်ယ္ဆုံးၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး အံအားသင့္စရာလည္းေကာင္းပါတယ္၊။ ဒါေၾကာင့္ စိန္ေခၚမႈမွန္သမွ်အတြက္ အဆင္သင့္ရွိေနမွာပါ” လို႔ေျပာသြားခဲ့ပါတယ္။