ပရီးမီးယားလိဂ်ရဲ့ဖန်တီးမှုစံချိန်တစ်ခုကိုတင်လိုက်နိုင်တဲ့ ဒီဘရိုင်းနား

Photo- Internet
Photo- Internet

မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားဟာ ရှက်ဖီးယူနိုက်တက်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းရဲ့ဖန်တီးမှုစံချိန်တစ်ခုကို ရယူလိုက်နိုင်တယ်လို့ သိရပါတယ်။ သူဟာဒီပွဲမှာ အဂူရိုရဲ့ ၇၃ မိနစ်မှာသွင်းယူခဲ့တဲ့ ဂိုးအတွက် ဖန်တီးမှုပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။

ဒီဖန်တီးမှုကြောင့် ဒီဘရိုင်းနားဟာ ဒီရာသီမှာဂိုးဖန်တီးမှု ၁၅ ကြိမ်ပြည့်ခဲ့ပါတယ်။ ဒါကြောင့် သူဟာပရီးမီးယားလိဂ်ရဲ့မတူညီတဲ့ရာသီ ၃ ခုမှာ အနည်းဆုံး ၁၅ ကြိမ်ဖန်တီးပေးနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ၁၈ ကြိမ်၊ ၂၀၁၇-၁၈ မှာ ၁၆ ကြိမ်စီဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Photo- Internet

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဒီဘရိုင်းနားဟာ ဒီရာသီပရီးမီးယားလိဂ်မှာလည်း ၇ ဂိုးသွင်းယူထားလို့ ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီတုန်းက ၈ ဂိုးသွင်းယူပြီး သူရဲ့ဂိုအများဆုံးသွင်းယူခဲ့တဲ့ မှတ်တမ်းကောင်းကိုလည်း လိုက်မီဖို့ ၁ ဂိုးသာလိုအပ်တော့တာဖြစ်ပါတယ်။

Photo- Internet

မနေ့ညကပွဲမှာ ရှက်ဖီးယူနိုက်တက်ဟာ မန်စီးတီးကိုအကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့လို့ သူတို့တွေဘာကြောင့် အဆင့် ၇ ရောက်နေရသလဲဆိုတာကို ပြသသွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဘရိုင်းနားရဲ့ဖန်တီးပေးမှုနဲ့ အဂူရိုရဲ့အဆုံးသတ်တို့က အဓိက ကွာခြားချက်ဖြစ်ခဲ့လို့ ကပ်ပြီးရှုံးနိမ့်သွားတာဖြစ်ပါတယ်။

Photo- Internet

ရှက်ဖီးယူနိုက်တက်အသင်းနည်းပြ ခရစ္စဝိုင်ဒါကလည်း သူ့အသင်းရဲ့ကစားပုံကို အရမ်းကျေနပ်မိပေမယ့် ဒီဘရိုင်းနားရဲ့အံအားသင့်စရာကောင်းတဲ့ ပေးပို့မှုနဲ့ အဂူရိုရဲ့လှုပ်ရှားမှုတွေက သူတို့ကိုရှုံးပွဲတွေ့စေခဲ့တာလို့ ပွဲအပြီးမှာဝန်ခံသွားခဲ့ပါတယ်။

Photo- Internet

Zawgyi

ပရီးမီးယားလိဂ္ရဲ႕ဖန္တီးမႈစံခ်ိန္တစ္ခုကိုတင္လိုက္ႏိုင္တဲ႔ ဒီဘရိုင္းနား

မန္စီးတီးအသင္းကြင္းလယ္လူ ဒီဘရိုင္းနားဟာ ရွက္ဖီးယူႏိုက္တက္ကို ၁-၀ နဲ႔အႏိုင္ရခဲ့တဲ႔ အေ၀းကြင္းပြဲစဥ္မွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ သမိုင္းရဲ႕ဖန္တီးမႈစံခ်ိန္တစ္ခုကို ရယူလိုက္ႏိုင္တယ္လို႔ သိရပါတယ္။ သူဟာဒီပြဲမွာ အဂူရိုရဲ႕ ၇၃ မိနစ္မွာသြင္းယူခဲ့တဲ႔ ဂိုးအတြက္ ဖန္တီးမႈျပဳလုပ္ေပးလိုက္တာျဖစ္ပါတယ္။

ဒီဖန္တီးမႈေၾကာင့္ ဒီဘရိုင္းနားဟာ ဒီရာသီမွာဂိုးဖန္တီးမႈ ၁၅ ႀကိမ္ျပည့္ခဲ့ပါတယ္။ ဒါေၾကာင့္ သူဟာပရီးမီးယားလိဂ္ရဲ႕မတူညီတဲ႔ရာသီ ၃ ခုမွာ အနည္းဆုံး ၁၅ ႀကိမ္ဖန္တီးေပးႏိုင္ခဲ့တဲ႔ ပထမဆုံးကစားသမားအျဖစ္ သမိုင္းမွတ္တမ္း၀င္ခဲ့တာျဖစ္ပါတယ္။ သူဟာ ၂၀၁၆-၁၇ ေဘာလုံးရာသီမွာ ၁၈ ႀကိမ္၊ ၂၀၁၇-၁၈ မွာ ၁၆ ႀကိမ္စီဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ႔ ဒီဘရိုင္းနားဟာ ဒီရာသီပရီးမီးယားလိဂ္မွာလည္း ၇ ဂိုးသြင္းယူထားလို႔ ၿပီးခဲ့တဲ႔ ၂၀၁၇-၁၈ ေဘာလုံးရာသီတုန္းက ၈ ဂိုးသြင္းယူၿပီး သူရဲ႕ဂိုအမ်ားဆုံးသြင္းယူခဲ့တဲ႔ မွတ္တမ္းေကာင္းကိုလည္း လိုက္မီဖို႔ ၁ ဂိုးသာလိုအပ္ေတာ႔တာျဖစ္ပါတယ္။

မေန႔ညကပြဲမွာ ရွက္ဖီးယူႏိုက္တက္ဟာ မန္စီးတီးကိုအေကာင္းဆုံးတုံ႔ျပန္ကစားႏိုင္ခဲ့လို႔ သူတို႔ေတြဘာေၾကာင့္ အဆင့္ ၇ ေရာက္ေနရသလဲဆိုတာကို ျပသသြားႏိုင္ခဲ့ပါတယ္။ ဒါေပမယ္႔ ဒီဘရိုင္းနားရဲ႕ဖန္တီးေပးမႈနဲ႔ အဂူရိုရဲ႕အဆုံးသတ္တို႔က အဓိက ကြာျခားခ်က္ျဖစ္ခဲ့လို႔ ကပ္ၿပီးရႈံးနိမ္႔သြားတာျဖစ္ပါတယ္။

ရွက္ဖီးယူႏိုက္တက္အသင္းနည္းျပ ခရစၥ၀ုိင္ဒါကလည္း သူ႔အသင္းရဲ႕ကစားပုံကို အရမး္ေက်နပ္မိေပမယ္႔ ဒီဘရိုင္းနားရဲ႕အံအားသင့္စရာေကာင္းတဲ႔ ေပးပို႔မႈနဲ႔ အဂူရိုရဲ႕လႈပ္ရွားမႈေတြက သူတို႔ကိုရႈံးပြဲေတြ႔ေစခဲ့တာလို႔ ပြဲအၿပီးမွာ၀န္ခံသြားခဲ့ပါတယ္။