ပရီးမီးယားလိဂ်ရာသီ ပြန်လည်စတင်ဖို့ အသင်း ၂၀စလုံး ထပ်လောင်းအတည်ပြု

Photo Credit

Photo Credit

သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ၄နာရီကြာ အစည်းအဝေးပွဲမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ကာလအတွင်း ဘောလုံးပွဲတွေ ဘယ်လိုပြန်စတင်နိုင်မလဲဆိုတာ အဓိကထားဆွေးနွေးခဲ့ပြီး ကလပ်အသင်းတွေက လက်ရှိရာသီကို ပြီးဆုံးတဲ့အထိ ကျင်းပဖို့ ဆန္ဒရှိတဲ့အကြောင်း ထပ်လောင်းအသိပေးခဲ့ပါတယ်။

Photo Credit

အဲဒီအစည်းအဝေးမှာ နိုင်ငံအတွင်းရှိ လူနေရပ်ကွက်နဲ့ဝေးရာ ကြားကွင်း ၁၀ကွင်းမှာ ပွဲတွေကျင်းပဖို့လည်း သဘောတူညီခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ရဲ့ Project Restart စီမံကိန်းအရ ဘောလုံးပွဲတွေပြန်စတင်ဖို့ အစိုးရဆီကနေ ခွင့်ပြုချက် တောင်းခံထားပြီး ပွဲတွေကို ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပဖို့ကလည်း သေချာသလောက်ရှိနေပါတယ်။

Photo Credit

ဘောလုံးပွဲတွေ ပြန်စတင်တဲ့အချိန်မှာ ဝက်စ်ဟမ်းရဲ့ လန်ဒန်ကွင်း၊ စီးတီးရဲ့အီတီဟတ်ကွင်း၊ အာဆင်နယ်ရဲ့ အမ်းမရိတ်စ်ကွင်းတွေကို ကြားကွင်းအဖြစ် အသုံးပြုဖွယ်ရှိနေသလို နောဝစ်ချ်ရဲ့ ကာရိုးလ်ရုဒ်၊ ဘုန်းမောက်ရဲ့ဗစ်တာလီကွင်းနဲ့ ဗီလာရဲ့ဗီလာပါ့ခ်ကွင်းတွေလည်း ဖြစ်လာနိုင်ပါတယ်။

Photo Credit

”ဒီနေ့ပြုလုပ်တဲ့ အစည်းအဝေးမှာ တာဝန်ရှိသူတွေက ဘောလုံးပွဲတွေပြန်စဖို့ ဖြစ်နိုင်ခြေရှိတဲ့အကြောင်းအရာတွေကို ဆွေးနွေးခဲ့ပြီး အဲဒီမှာ ဘေးအန္တရာယ်ကင်းရှင်းလည်း အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့အဓိကရည်မှန်းချက်ကတော့ ကစားသမားတွေ၊ နည်းပြတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ အသင်းဝန်ထမ်းတွေ၊ ပရိသတ်တွေနဲ့ လူမှုအဖွဲ့အစည်းတွေအားလုံးရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးတို့ဖြစ်ပါတယ်”

Photo Credit

”အစိုးရရဲ့လမ်းညွှန်ချက်တွေနဲ့အညီပဲ လေ့ကျင့်ခန်း၊ ပွဲတွေ ကစားမှာပါ။ ပြီးတော့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေရဲ့ အကြံဉာဏ်လည်းယူသွားမှာဖြစ်ပြီး ကစားသမားတွေ၊ နည်းပြတွေနဲ့လည်း ဆွေးနွေးသွားမှာပါ။ အစိုးရက အားကစားပြိုင်ပွဲတွေ စတင်ဖို့ ဆေးဘက်ဆိုင်ရာအုပ်စုဖွဲ့ဖို့ စီစဉ်နေတာကိုလည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကြိုဆိုပါတယ်။ ဒီနေ့အစည်းအဝေးမှာ ဘာဆုံးဖြတ်ချက်မှ မချမှတ်နိုင်ခဲ့ပေမယ့် Project Restart ကို ထောက်ပံ့ပေးမယ့်အချက်အလက်တွေ မျှဝေနိုင်ခဲ့ပါတယ်”လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit

ပြင်သစ်လီဂူး-၁ နဲ့ နယ်သာလန်ပြည်တွင်းလိဂ်ပြိုင်ပွဲတွေကို ဖျက်သိမ်းလိုက်ပြီဖြစ်ပေမယ့် ပရီးမီးယားလိဂ်ကတော့ အငြင်းပွားမှုတွေ၊ အချင်းများမှုတွေ ဖြစ်မလာစေရေးအတွက် ယခုရာသီကို ပြီးဆုံးတဲ့ကျင်းပဖို့ ကြိုးစားနေပါတယ်။ လီဂူး-၁ က ယခုရာသီကို ဖျက်သိမ်းလိုက်ပြီး ပီအက်စ်ဂျီကို အမှတ်ပေးချန်ပီယံအဖြစ် သတ်မှတ်လိုက်ပြီးနောက် ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတဲ့ လီယွန်အသင်းက ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကို တရားစွဲသွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit

Zawgyi

ပရီးမီးယားလိဂ္ရာသီ ျပန္လည္စတင္ဖို႔ အသင္း ၂၀စလုံး ထပ္ေလာင္းအတည္ျပဳ

ေသာၾကာေန႔က ျပဳလုပ္ခဲ့တဲ့ ၄နာရီၾကာ အစည္းအေ၀းပြဲမွာ ကို႐ိုနာဗုိင္းရပ္စ္ျဖစ္ပြားေနတဲ့ကာလအတြင္း ေဘာလုံးပဲြေတြ ဘယ္လုိျပန္စတင္ႏုိင္မလဲဆုိတာ အဓိကထားေဆြးေႏြးခဲ့ၿပီး ကလပ္အသင္းေတြက လက္ရွိရာသီကို ၿပီးဆုံးတဲ့အထိ က်င္းပဖို႔ ဆႏၵရွိတဲ့အေၾကာင္း ထပ္ေလာင္္းအသိေပးခဲ့ပါတယ္။
အဲဒီအစည္းအေ၀းမွာ ႏိုင္ငံအတြင္းရွိ လူေနရပ္ကြက္နဲ႔ေ၀းရာ ၾကားကြင္း ၁၀ကြင္းမွာ ပြဲေတြက်င္းပဖို႔လည္း သေဘာတူညီခဲ့ၾကပါတယ္။
ပရီးမီးယားလိဂ္ရဲ႕ Project Restart စီမံကိန္းအရ ေဘာလုံးပဲြေတြျပန္စတင္ဖို႔ အစိုးရဆီကေန ခြင့္ျပဳခ်က္ ေတာင္းခံထားၿပီး ပြဲေတြကို ပရိသတ္မပါဘဲ တံခါးပိတ္က်င္းပဖို႔ကလည္း ေသခ်ာသေလာက္ရွိေနပါတယ္။
ေဘာလုံးပဲြေတြ ျပန္စတင္တဲ့အခ်ိန္မွာ ၀က္စ္ဟမ္းရဲ႕ လန္ဒန္ကြင္း၊ စီးတီးရဲ႕အီတီဟတ္ကြင္း၊ အာဆင္နယ္ရဲ႕ အမ္းမရိတ္စ္ကြင္းေတြကို ၾကားကြင္းအျဖစ္ အသုံးျပဳဖြယ္ရွိေနသလို ေနာ၀စ္ခ်္ရဲ႕ ကာ႐ိုးလ္႐ုဒ္၊ ဘုန္းေမာက္ရဲ႕ဗစ္တာလီကြင္းနဲ႔ ဗီလာရဲ႕ဗီလာပါ့ခ္ကြင္းေတြလည္း ျဖစ္လာႏုိင္ပါတယ္။
”ဒီေန႔ျပဳလုပ္တဲ့ အစည္းအေ၀းမွာ တာ၀န္ရွိသူေတြက ေဘာလုံးပဲြေတြျပန္စဖို႔ ျဖစ္ႏုိင္ေျခရွိတ့ဲအေၾကာင္းအရာေတြကို ေဆြးေႏြးခဲ့ၿပီး အဲဒီမွာ ေဘးအႏၱရာယ္ကင္းရွင္းလည္း အဓိကေနရာကေန ပါ၀င္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ရဲ႕အဓိကရည္မွန္းခ်က္ကေတာ့ ကစားသမားေတြ၊ နည္းျပေတြ၊ နည္းျပအဖြဲ႕၀င္ေတြ၊ အသင္း၀န္ထမ္းေတြ၊ ပရိသတ္ေတြနဲ႔ လူမႈအဖြဲ႕အစည္းေတြအားလုံးရဲ႕ က်န္းမာေရးနဲ႔ ေဘးအႏၱရာယ္ကင္းရွင္းေရးတို႔ျဖစ္ပါတယ္”
”အစိုးရရဲ႕လမ္းညႊန္ခ်က္ေတြနဲ႔အညီပဲ ေလ့က်င့္ခန္း၊ ပြဲေတြ ကစားမွာပါ။ ၿပီးေတာ့ ေဆးဘက္ဆုိင္ရာအဖြဲ႕ေတြရဲ႕ အႀကံဉာဏ္လည္းယူသြားမွာျဖစ္ၿပီး ကစားသမားေတြ၊ နည္းျပေတြနဲ႔လည္း ေဆြးေႏြးသြားမွာပါ။
အစိုးရက အားကစားၿပိဳင္ပြဲေတြ စတင္ဖို႔ ေဆးဘက္ဆုိင္ရာအုပ္စုဖြဲ႕ဖို႔ စီစဥ္ေနတာကိုလည္း ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က ႀကိဳဆုိပါတယ္။ ဒီေန႔အစည္းအေ၀းမွာ ဘာဆုံးျဖတ္ခ်က္မွ မခ်မွတ္ႏိုင္ခဲ့ေပမယ့္ Project Restart ကို ေထာက္ပံ့ေပးမယ့္အခ်က္အလက္ေတြ မွ်ေ၀ႏုိင္ခဲ့ပါတယ္”လုိ႔ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
ျပင္သစ္လီဂူး-၁ နဲ႔ နယ္သာလန္ျပည္တြင္းလိဂ္ၿပိဳင္ပြဲေတြကို ဖ်က္သိမ္းလုိက္ၿပီျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ကေတာ့ အျငင္းပြားမႈေတြ၊ အခ်င္းမ်ားမႈေတြ ျဖစ္မလာေစေရးအတြက္ ယခုရာသီကို ၿပီးဆုံးတဲ့က်င္းပဖို႔ ႀကိဳးစားေနပါတယ္။
လီဂူး-၁ က ယခုရာသီကို ဖ်က္သိမ္းလုိက္ၿပီး ပီအက္စ္ဂ်ီကို အမွတ္ေပးခ်န္ပီယံအျဖစ္ သတ္မွတ္လုိက္ၿပီးေနာက္ ဥေရာပ၀င္ခြင့္နဲ႔ လဲြေခ်ာ္ခဲ့ရတဲ့ လီယြန္အသင္းက ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ကို တရားစြဲသြားမယ္လုိ႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။