ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ယူနိုက်တက်နဲ့လိဒ်စ်ပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးနဲ့အပြိုင်စိန်ခေါ်နိုင်အောင်ပစ်မှတ်ထားနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၁-၂၂ ရာသီပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ်

မနက်ဖြန်(စနေနေ့)မြန်မာစံတော်ချိန်ညနေ(၆:၀၀)နာရီအချိန်ကျရင် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ လိဒ်စ်အသင်းနဲ့ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

၁၉၉၉-၀၀ ရာသီတုန်းက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လိဒ်စ်အသင်းဟာ ယူနိုက်တက်အသင်းကို ဖိအာပေးနိုင်တဲ့အဆင့်အထိရောက်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ဘဏ္ဍာရေးပြဿနာတွေကြောင့်

အသင်းက မတည်ငြိမ်မှုနဲ့အတူ ၂၀၀၃-၀၄ ရာသီမှာတန်းဆင်းခဲ့ရပြီး အဲဒီနောက်ပိုင်း လိဂ်ချန်ပီယံရှစ်နဲ့ League One ပြိုင်ပွဲတွေမှာသာ ကျင်လည်ခဲ့ရတာပါ။

ဒါပေမဲ့ နည်းပြကြီးဘီယဲလ်ဆာရဲ့ဦးဆောင်မှုနဲ့အတူ (၁၆)ရာသီအကြာ, ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်ခဲ့ပြီး ရာသီကုန်မှာလည်း အလယ်အလတ်အဆင့်ရပ်တည်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ခါးသီးတဲ့ပြိုင်ဘက်တွေထဲမှာ လိဒ်စ်အသင်းလည်းအပါအဝင်ဖြစ်တာကြောင့် ဒီနှစ်သင်း ရာသီအဖွင့်မှာဆုံတွေ့နေတဲ့အတွက် အကြိတ်အနယ်ရှိဦးမှာအမှန်ပါပဲ။

အဲဒါကြောင့် ယူနိုက်တက်နဲ့လိဒ်စ်အသင်းတို့ကစားမယ့်ရာသီအဖွင့်ပွဲစဉ်နဲ့ပတ်သက်တဲ့အချက်အလက်တချို့ကို ပရိသတ်တွေသိရှိနိုင်အောင်ဖော်ပြလိုက်ပါတယ် . . .

၁ – ဒီနှစ်သင်းဟာ ၁၉၇၀-၇၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရာသီအဖွင့်ပွဲမှာ ပြန်လည်ဆုံတွေ့မှာဖြစ်ပြီး ၁၉၇၀-၇၁ ရာသီမှာတော့ လိဒ်စ်အသင်းက ယူနိုက်တက်အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ (၁-၀)ဂိုးနဲ့အနိုင်ယူခဲ့ပါတယ်။

၂ – ၁၉၈၁၊ ဖေဖော်ဝါရီလမှာ ယူနိုက်တက်ကို (၁-၀)ဂိုးနဲ့အနိုင်ယူခဲ့ပြီးနောက်ပိုင်း လိဒ်စ်အသင်း အိုးလ်ထရက်ဖို့ဒ်မှာ နောက်ဆုံးကစားခဲ့တဲ့(၁၆)ပွဲမှာ တစ်ပွဲမှမနိုင်တော့ဘဲ (၆)ပွဲသရေ၊ (၁၀)ပွဲရှုံးနိမ့်ခဲ့သလို ပြီးခဲ့တဲ့ရာသီတုန်းကလည်း (၆-၂)ဂိုးနဲ့ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

၃ – ပြီးခဲ့တဲ့ရာသီတုန်းက အဖွင့်ပွဲမှာ ပဲလေ့စ်ကိုရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ၁၉၇၂-၇၃၊ ၁၉၇၃-၇၄ ရာသီနောက်ပိုင်း ရာသီအဖွင့်နှစ်ကြိမ်ဆက်တိုက် မရှုံးနိမ့်သေးပါဘူး။

၄ – လိဒ်စ်အသင်းဟာ ၁၉၉၀-၉၁ ရာသီကနေ တန်းဆင်းခဲ့ရတဲ့ ၂၀၀၃-၀၄ ရာသီအထိ(၁၄)ရာသီဆက်တိုက် ရာသီအဖွင့်ပွဲမှာ ရှုံးပွဲမရှိခဲ့ပေမယ့် တန်းပြန်တက်ခွင့်ရခဲ့တဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ လီဗာပူးလ်အသင်းကို (၄-၃)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး

လိဒ်စ်အသင်း ရာသီအဖွင့်နှစ်ကြိမ်ဆက်ရှုံးနိမ့်ခဲ့တာက ၁၉၈၀-၈၁ နဲ့ ၁၉၈၁-၈၂ ရာသီတွေမှာဖြစ်ပါတယ်။

၅ – ပြီးခဲ့တဲ့(၅)ရာသီအတွင်း ယူနိုက်တက်အသင်းရဲ့အဖွင့်ပွဲတွေမှာ ကစားသမားတွေဟာ အသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်ဂိုးသွင်းယူနိုင်ခဲ့ကြပြီး အဲဒီထဲက (၄)ဦးဟာ ကစားသမားသစ်တွေဖြစ်ကြပါတယ်။

၂၀၁၆-၁၇ ရာသီမှာ အီဘရာဟီမိုဗစ်၊ ၂၀၁၇-၁၈ မှာ လူကာကူ၊ ၂၀၁၈-၁၉ မှာ လုခ်ရှော၊ ၂၀၁၉-၂၀ ရာသီမှာ ဒန်နီယဲလ်ဂျိမ်းစ်၊ ၂၀၂၀-၂၁ ရာသီမှာ ဗန်ဒီဘိခ်တို့က ရာသီအဖွင့်မှာဂိုးသွင်းခဲ့တာဖြစ်ပြီး

လုခ်ရှောကလွဲလို့ ကျန်တဲ့ကစားသမားတွေဟာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ကြတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ယူႏိုက္တက္နဲ႔လိဒ္စ္ပြဲနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား

လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ မန္စီးတီးနဲ႔အၿပိဳင္စိန္ေခၚႏိုင္ေအာင္ပစ္မွတ္ထားေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၂၀၂၁-၂၂ ရာသီပရီးမီးယားလိဂ္အဖြင့္ပြဲအျဖစ္ မနက္ျဖန္(စေနေန႔)ျမန္မာစံေတာ္ခ်ိန္ညေန(၆:၀၀)နာရီအခ်ိန္က်ရင္ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ လိဒ္စ္အသင္းနဲ႔ယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။ ၁၉၉၉-၀၀ ရာသီတုန္းက ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ လိဒ္စ္အသင္းဟာ ယူႏိုက္တက္အသင္းကို ဖိအာေပးႏိုင္တဲ့အဆင့္အထိေရာက္ခဲ့ေပမယ့္ အဲဒီေနာက္ပိုင္းမွာေတာ့ ဘ႑ာေရးျပႆနာေတြေၾကာင့္ အသင္းက မတည္ၿငိမ္မႈနဲ႔အတူ ၂၀၀၃-၀၄ ရာသီမွာတန္းဆင္းခဲ့ရၿပီး အဲဒီေနာက္ပိုင္း လိဂ္ခ်န္ပီယံရွစ္နဲ႔ League One ၿပိဳင္ပြဲေတြမွာသာ က်င္လည္ခဲ့ရတာပါ။

ဒါေပမဲ့ နည္းျပႀကီးဘီယဲလ္ဆာရဲ႕ဦးေဆာင္မႈနဲ႔အတူ (၁၆)ရာသီအၾကာ, ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို တန္းတက္ခဲ့ၿပီး ရာသီကုန္မွာလည္း အလယ္အလတ္အဆင့္ရပ္တည္ႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ရဲ႕ခါးသီးတဲ့ၿပိဳင္ဘက္ေတြထဲမွာ လိဒ္စ္အသင္းလည္းအပါအဝင္ျဖစ္တာေၾကာင့္ ဒီႏွစ္သင္း ရာသီအဖြင့္မွာဆုံေတြ႕ေနတဲ့အတြက္ အႀကိတ္အနယ္ရွိဦးမွာအမွန္ပါပဲ။ အဲဒါေၾကာင့္ ယူႏိုက္တက္နဲ႔လိဒ္စ္အသင္းတို႔ကစားမယ့္ရာသီအဖြင့္ပြဲစဥ္နဲ႔ပတ္သက္တဲ့အခ်က္အလက္တခ်ိဳ႕ကို ပရိသတ္ေတြသိရွိႏိုင္ေအာင္ေဖာ္ျပလိုက္ပါတယ္ . . .

၁ – ဒီႏွစ္သင္းဟာ ၁၉၇၀-၇၁ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ရာသီအဖြင့္ပြဲမွာ ျပန္လည္ဆုံေတြ႕မွာျဖစ္ၿပီး ၁၉၇၀-၇၁ ရာသီမွာေတာ့ လိဒ္စ္အသင္းက ယူႏိုက္တက္အသင္းကို အိုးလ္ထရက္ဖို႔ဒ္မွာ (၁-၀)ဂိုးနဲ႔အႏိုင္ယူခဲ့ပါတယ္။

၂ – ၁၉၈၁၊ ေဖေဖာ္ဝါရီလမွာ ယူႏိုက္တက္ကို (၁-၀)ဂိုးနဲ႔အႏိုင္ယူခဲ့ၿပီးေနာက္ပိုင္း လိဒ္စ္အသင္း အိုးလ္ထရက္ဖို႔ဒ္မွာ ေနာက္ဆုံးကစားခဲ့တဲ့(၁၆)ပြဲမွာ တစ္ပြဲမွမႏိုင္ေတာ့ဘဲ (၆)ပြဲသေရ၊ (၁၀)ပြဲရႈံးနိမ့္ခဲ့သလို ၿပီးခဲ့တဲ့ရာသီတုန္းကလည္း (၆-၂)ဂိုးနဲ႔ဂိုးျပတ္ရႈံးနိမ့္ခဲ့ပါတယ္။

၃ – ၿပီးခဲ့တဲ့ရာသီတုန္းက အဖြင့္ပြဲမွာ ပဲေလ့စ္ကိုရႈံးနိမ့္ခဲ့တဲ့ ယူႏိုက္တက္အသင္းဟာ ၁၉၇၂-၇၃၊ ၁၉၇၃-၇၄ ရာသီေနာက္ပိုင္း ရာသီအဖြင့္ႏွစ္ႀကိမ္ဆက္တိုက္ မရႈံးနိမ့္ေသးပါဘူး။

၄ – လိဒ္စ္အသင္းဟာ ၁၉၉၀-၉၁ ရာသီကေန တန္းဆင္းခဲ့ရတဲ့ ၂၀၀၃-၀၄ ရာသီအထိ(၁၄)ရာသီဆက္တိုက္ ရာသီအဖြင့္ပြဲမွာ ရႈံးပြဲမရွိခဲ့ေပမယ့္ တန္းျပန္တက္ခြင့္ရခဲ့တဲ့ ၿပီးခဲ့တဲ့ရာသီမွာေတာ့ လီဗာပူးလ္အသင္းကို (၄-၃)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး လိဒ္စ္အသင္း ရာသီအဖြင့္ႏွစ္ႀကိမ္ဆက္ရႈံးနိမ့္ခဲ့တာက ၁၉၈၀-၈၁ နဲ႔ ၁၉၈၁-၈၂ ရာသီေတြမွာျဖစ္ပါတယ္။

၅ – ၿပီးခဲ့တဲ့(၅)ရာသီအတြင္း ယူႏိုက္တက္အသင္းရဲ႕အဖြင့္ပြဲေတြမွာ ကစားသမားေတြဟာ အသင္းအတြက္ ပထမဆုံးပရီးမီးယားလိဂ္ဂိုးသြင္းယူႏိုင္ခဲ့ၾကၿပီး အဲဒီထဲက (၄)ဦးဟာ ကစားသမားသစ္ေတြျဖစ္ၾကပါတယ္။ ၂၀၁၆-၁၇ ရာသီမွာ အီဘရာဟီမိုဗစ္၊ ၂၀၁၇-၁၈ မွာ လူကာကူ၊ ၂၀၁၈-၁၉ မွာ လုခ္ေရွာ၊ ၂၀၁၉-၂၀ ရာသီမွာ ဒန္နီယဲလ္ဂ်ိမ္းစ္၊ ၂၀၂၀-၂၁ ရာသီမွာ ဗန္ဒီဘိခ္တို႔က ရာသီအဖြင့္မွာဂိုးသြင္းခဲ့တာျဖစ္ၿပီး လုခ္ေရွာကလြဲလို႔ က်န္တဲ့ကစားသမားေတြဟာ ယူႏိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္ပြဲဦးထြက္အျဖစ္ ပါဝင္ကစားခဲ့ၾကတာျဖစ္ပါတယ္။