ပရီးမီးယားလိဂ်မှာ အသင်းပိုင်ရှင်ဆီကနေ ငွေတစ်ပြားမှအသုံးစရိတ်မရဘဲ ရပ်တည်နေတာက ဘယ်အသင်းများလဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မော်ဒန်ဘောလုံးလောကမှာ ကလပ်အသင်းပိုင်ရှင်တွေဟာ ကိုယ့်အသင်းအောင်မြင်မှုရယူနိုင်ဖို့အတွက် နာမည်ကျော်ကစားသမားတွေကို ငွေကုန်ကြေးကျခံခေါ်ယူလေ့ရှိပြီး တချို့အသင်းပိုင်ရှင်တွေဆို ပေါင်ဘီလီယံနဲ့ချီပြီးတော့ ငွေကြေးသုံးစွဲမှုတွေပြုလုပ်နေကြတာပါ။

ဒါပေမဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဟာ ၂၀၁၀ ကနေ ၂၀၂၀ ခုနှစ်အတွင်း ဆယ်စုနှစ်တစ်ခုလုံး အသင်းပိုင်ရှင်ဆီကနေ အသုံးစရိတ်တစ်ပြားတစ်ချပ်မှမရဘဲ ရုန်းကန်ဖြတ်သန်းနေရတာဖြစ်ပါတယ်။

အဲဒီအသင်းကတော့ ပရီးမီးယားလိဂ်အလယ်အလတ်စာရင်းဝင် နယူးကာဆယ်အသင်းပါပဲ။

Swiss Ramble လို့အမည်ရတဲ့ ဝက်ဘ်ဆိုက်ရဲ့စစ်တမ်းအရ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ အသင်းပိုင်ရှင်ဆီက အသုံးစရိတ်အများဆုံးရခဲ့တာက မန်စီးတီးအသင်းဖြစ်ပြီး တစ်ပေါင်မှမရဘဲ အသက်ဆက်နေရတာက နယူးကားဆယ်အသင်းဖြစ်နေပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း အဂွဲရိုး၊ ဒီဘရိုင်းနား၊ ဆာနေး၊ မန်ဒီ၊ ဝေါ်လ်ကာ၊ ရူဘင်ဒီယက်စ်စတဲ့ နာမည်ကျော်ကစားသမားတွေကို ခေါ်ယူဖို့အတွက်

ပေါင်(၁.၁၃)ဘီလီယံအထိ သုံးစွဲခဲ့သလို သိပ်မကြာသေးခင်ကလည်း ဂရီးလစ်ရှ်ကို ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)အထိပေးပြီးတော့ ခေါ်ယူခဲ့တာပါ။

ရုရှားသန်းကြွယ်သူဌေးအေဘရာမိုဗစ်ချ်ရဲ့ ချယ်လ်ဆီးအသင်းက ဆယ်စုနှစ်အတွင်း ပေါင်သန်း(၅၇၀)အထိသုံးစွဲခဲ့လို့ ဒုတိယအများဆုံးဖြစ်နေပြီး

ထူးခြားတာက အက်စတွန်ဗီလာအသင်းဟာ ပေါင်(၄၅၉)သန်းနဲ့ ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်၊ အာဆင်နယ်တို့ရဲ့အထက်မှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဂလေဇာမိသားစုပိုင် မန်ချက်စတာယူနိုက်တက်အသင်းဟာ မန်စီးတီး၊ ချယ်လ်ဆီး၊ အက်စတွန်ဗီလာ၊ အဲဗာတန်၊ ဘရိုက်တန်၊ လက်စတာတို့ရဲ့နောက်မှာသာရှိနေပြီး ဂလေဇာမိသားစုဟာ သူတို့အိတ်ကပ်ထဲကနေ ပေါင်(၂၉၇)သန်းအထိ ငွေကြေးသုံးစွဲခဲ့ကြတာဖြစ်ပါတယ်။

ငွေမသုံးလို့ ဝေဖန်ခံနေရတဲ့ အာဆင်နယ်အသင်းတောင် အသင်းရဲ့ရှယ်ယာအများဆုံးဖြစ်တဲ့ကရွန်ကီဆီကနေ အသုံးစရိတ်ပေါင်(၁၅)သန်းရရှိခဲ့ပြီး ‘ချစ်တီး’အကျဆုံးကတော့ နယူးကာဆယ်အသင်းပါပဲ။

နယူးကာဆယ်အသင်းပိုင်ရှင်မိုက်အက်ရှ်လေဟာ ဆယ်နှစ်အတွင်း သူ့အသင်းအတွက် ငွေကြေးတစ်ပြားတစ်ချပ်မှ စိုက်ထုတ်ပေးတာမျိုးမရှိခဲ့ဘဲ နယူးကာဆယ်အသင်းဟာ ကစားသမားသစ်ခေါ်မယ်ဆိုရင် ကစားသမားရောင်းချပြီးမှ ရလာတဲ့ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူအားဖြည့်ရတာပါ။

အဲဒါကြောင့်ပဲ နယူးကာဆယ်ပရိသတ်တွေက မိုက်အက်ရှ်လေကို ရာထူးကနုတ်ထွက်ဖို့ မကြာခဏဆန္ဒပြနေကြတာဖြစ်ပြီး ဒီလို’ချစ်တီး’ကျတဲ့ အသင်းပိုင်ရှင်လက်အောက်မှာတောင် ပရီးမီးယားလိဂ်မှာ ဆက်လက်ရပ်တည်နိုင်နေတဲ့ နယူးကာဆယ်အသင်းကို ချီးကျူးရမှာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္မွာ အသင္းပိုင္ရွင္ဆီကေန ေငြတစ္ျပားမွအသုံးစရိတ္မရဘဲ ရပ္တည္ေနတာက ဘယ္အသင္းမ်ားလဲ?

ေမာ္ဒန္ေဘာလုံးေလာကမွာ ကလပ္အသင္းပိုင္ရွင္ေတြဟာ ကိုယ့္အသင္းေအာင္ျမင္မႈရယူႏိုင္ဖို႔အတြက္ နာမည္ေက်ာ္ကစားသမားေတြကို ေငြကုန္ေၾကးက်ခံေခၚယူေလ့ရွိၿပီး တခ်ိဳ႕အသင္းပိုင္ရွင္ေတြဆို ေပါင္ဘီလီယံနဲ႔ခ်ီၿပီးေတာ့ ေငြေၾကးသုံးစြဲမႈေတြျပဳလုပ္ေနၾကတာပါ။ ဒါေပမဲ့ ပရီးမီးယားလိဂ္ကလပ္အသင္းတစ္သင္းဟာ ၂၀၁၀ ကေန ၂၀၂၀ ခုႏွစ္အတြင္း ဆယ္စုႏွစ္တစ္ခုလုံး အသင္းပိုင္ရွင္ဆီကေန အသုံးစရိတ္တစ္ျပားတစ္ခ်ပ္မွမရဘဲ ႐ုန္းကန္ျဖတ္သန္းေနရတာျဖစ္ပါတယ္။ အဲဒီအသင္းကေတာ့ ပရီးမီးယားလိဂ္အလယ္အလတ္စာရင္းဝင္ နယူးကာဆယ္အသင္းပါပဲ။

Swiss Ramble လို႔အမည္ရတဲ့ ဝက္ဘ္ဆိုက္ရဲ႕စစ္တမ္းအရ ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း ပရီးမီးယားလိဂ္ကလပ္အသင္းေတြထဲမွာ အသင္းပိုင္ရွင္ဆီက အသုံးစရိတ္အမ်ားဆုံးရခဲ့တာက မန္စီးတီးအသင္းျဖစ္ၿပီး တစ္ေပါင္မွမရဘဲ အသက္ဆက္ေနရတာက နယူးကားဆယ္အသင္းျဖစ္ေနပါတယ္။ မန္စီးတီးအသင္းဟာ ၂၀၁၀ ခုႏွစ္ကေန ၂၀၂၀ ခုႏွစ္အတြင္း အဂြဲ႐ိုး၊ ဒီဘ႐ိုင္းနား၊ ဆာေနး၊ မန္ဒီ၊ ေဝၚလ္ကာ၊ ႐ူဘင္ဒီယက္စ္စတဲ့ နာမည္ေက်ာ္ကစားသမားေတြကို ေခၚယူဖို႔အတြက္ ေပါင္(၁.၁၃)ဘီလီယံအထိ သုံးစြဲခဲ့သလို သိပ္မၾကာေသးခင္ကလည္း ဂရီးလစ္ရွ္ကို ပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၁၀၀)အထိေပးၿပီးေတာ့ ေခၚယူခဲ့တာပါ။

႐ုရွားသန္းႂကြယ္သူေဌးေအဘရာမိုဗစ္ခ်္ရဲ႕ ခ်ယ္လ္ဆီးအသင္းက ဆယ္စုႏွစ္အတြင္း ေပါင္သန္း(၅၇၀)အထိသုံးစြဲခဲ့လို႔ ဒုတိယအမ်ားဆုံးျဖစ္ေနၿပီး ထူးျခားတာက အက္စတြန္ဗီလာအသင္းဟာ ေပါင္(၄၅၉)သန္းနဲ႔ ထိပ္သီးအသင္းေတြျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္၊ လီဗာပူးလ္၊ အာဆင္နယ္တို႔ရဲ႕အထက္မွာ ရပ္တည္ေနတာျဖစ္ပါတယ္။ ဂေလဇာမိသားစုပိုင္ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ မန္စီးတီး၊ ခ်ယ္လ္ဆီး၊ အက္စတြန္ဗီလာ၊ အဲဗာတန္၊ ဘ႐ိုက္တန္၊ လက္စတာတို႔ရဲ႕ေနာက္မွာသာရွိေနၿပီး ဂေလဇာမိသားစုဟာ သူတို႔အိတ္ကပ္ထဲကေန ေပါင္(၂၉၇)သန္းအထိ ေငြေၾကးသုံးစြဲခဲ့ၾကတာျဖစ္ပါတယ္။

ေငြမသုံးလို႔ ေဝဖန္ခံေနရတဲ့ အာဆင္နယ္အသင္းေတာင္ အသင္းရဲ႕ရွယ္ယာအမ်ားဆုံးျဖစ္တဲ့က႐ြန္ကီဆီကေန အသုံးစရိတ္ေပါင္(၁၅)သန္းရရွိခဲ့ၿပီး ‘ခ်စ္တီး’အက်ဆုံးကေတာ့ နယူးကာဆယ္အသင္းပါပဲ။ နယူးကာဆယ္အသင္းပိုင္ရွင္မိုက္အက္ရွ္ေလဟာ ဆယ္ႏွစ္အတြင္း သူ႔အသင္းအတြက္ ေငြေၾကးတစ္ျပားတစ္ခ်ပ္မွ စိုက္ထုတ္ေပးတာမ်ိဳးမရွိခဲ့ဘဲ နယူးကာဆယ္အသင္းဟာ ကစားသမားသစ္ေခၚမယ္ဆိုရင္ ကစားသမားေရာင္းခ်ၿပီးမွ ရလာတဲ့ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႔ ေခၚယူအားျဖည့္ရတာပါ။ အဲဒါေၾကာင့္ပဲ နယူးကာဆယ္ပရိသတ္ေတြက မိုက္အက္ရွ္ေလကို ရာထူးကႏုတ္ထြက္ဖို႔ မၾကာခဏဆႏၵျပေနၾကတာျဖစ္ၿပီး ဒီလို’ခ်စ္တီး’က်တဲ့ အသင္းပိုင္ရွင္လက္ေအာက္မွာေတာင္ ပရီးမီးယားလိဂ္မွာ ဆက္လက္ရပ္တည္ႏိုင္ေနတဲ့ နယူးကာဆယ္အသင္းကို ခ်ီးက်ဴးရမွာပါပဲ။