ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ယှဉ်နိုင်တာ ချယ်လ်ဆီးတစ်သင်းသာရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ လက်ရှိ ချန်ပီယံအသင်းဖြစ်တဲ့ မန်စီးတီးအသင်းကို အဓိက စိန်ခေါ်နိုင်မယ့် ကလပ်အသင်းက တစ်သင်းတည်းသာ ရှိလို့နေပြီး

အဲဒီအသင်းက သူ့ရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းသာဖြစ်ကြောင်း ဂလင်းဂျွန်ဆင်က သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

ကုန်ခဲ့တဲ့ ၄ ရာသီအတွင်း အမှတ်ပေးဖလား ချန်ပီယံ ၃ ကြိမ်ဖြစ်ထားတဲ့ မန်စီးတီးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ထပ်မံ စိန်ခေါ်လာမှာဖြစ်ကာ သူ့ရဲ့ အဓိက ပြိုင်ဘက်အဖြစ် ချယ်လ်ဆီးက တစ်ပြေးနေတာဖြစ်ပါတယ်။

တိုက်စစ်မှူး လူကာကူနဲ့ ကွင်းလယ်လူ ဆာအူးလ်တို့ကို ခေါ်ယူထားတဲ့ ချယ်လ်ဆီးရဲ့ လူစာရင်းဟာ နေရာစုံမှာ တောင့်တင်းမှု ရှိနေတာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နည်းပြတူချယ်ရဲ့လက်အောက်မှာ ရလဒ်တွေရော ခြေစွမ်းပိုင်းတွေရော အတော်လေးကို တိုးတက်လာခဲ့ပြီး မနှစ်က ဘောလုံးရာသီအတွင်း

ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ချန်ပီယံ ဖြစ်ခဲ့ရသလို ပတ်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကိုလည်း ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ် အပါအဝင် တွေ့ဆုံမှု (၃)ကြိမ်လုံးမှာပါ အနိုင်ယူခဲ့ပါတယ်။

ဂလင်း ဂျွန်ဆင်က “မန်စီးတီးကို အနိုင်ယူလိုတဲ့ ဘယ်အသင်းမဆိုမနှစ်ကထက် တိုးတက်လာဖို့ လိုပါလိမ့်မယ်။

ဒါပေမယ့်လို့ ဒီရာသီမှာ မန်စီးတီးကို တွန်းအားပေးနိုင်မှာ တစ်သင်းတည်း ရှိပါတယ်။ အဲဒီအသင်းကတော့ ချယ်လ်ဆီးပါပဲ။”

“နည်းပြ သောမတ်စ်တူချယ်ကလည်း အံ့အားသင့်စရာကောင်းတဲ့ လူငယ်ကစားသမားတွေ အများစု ပါဝင်နေတဲ့ လူစာရင်းနဲ့ အံ့အားသင့်စရာ အောင်မြင်မှုတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ထိပ်တန်းတိုက်စစ်မှူး လူကာကူကိုပါ ခေါ်ယူထားပါသေးတယ်။

ချယ်လ်ဆီးက ဒီရာသီမှာ တကယ့်ကို ကြောက်စရာကောင်းတဲ့ အသင်းတစ်သင်း ဖြစ်နေပါပြီ။

လီဗာပူးကတော့ ဒီရာသီမှာ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ကို ခြိမ်းခြောက်နိုင်မယ့် အင်အားမျိုး ရှိမနေပါဘူး။

သူတို့အသင်းမှာက တကယ့်ကို တောင့်တင်းလှတဲ့ ကစားသမား (၁၅) (၁၆)ယောက်လောက် ရှိနေတာဆိုပေမယ့် ဒီကစားသမားတွေက ကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။

ဒီကစားသမားထဲက (၃) (၄)ယောက်လောက် ဒဏ်ရာရလိုက်မယ်ဆိုရင် အသင်းကို အတော် ထိခိုက်သွားနိုင်တယ်။ ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ကြိုးစားစဉ်မှာ အဓိက ကစားသမားတွေ ဒဏ်ရာရနေခဲ့ရာက မန်စီးတီးထံ ဆုဖလား ပြန်လွှဲခဲ့ရပါတယ်။

ဒီရာသီမှာတော့ ကိုနာတေး တစ်ဦးတည်း ခေါ်ယူထားမှုနဲ့အတူ မန်စီးတီး၊ ချယ်လ်ဆီးတို့လောက် ရေပန်းစားမှု မရှိကာ အဆင့် ၃ နေရာအတွက် ယူနိုက်တက်နဲ့ အဓိက ယှဉ်ပြိုင်ရမယ်လို့ သုံးသပ်ခံနေရတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီးမီးယားလိဂ္မွာ မန္စီးတီးကို ယွဥ္ႏိုင္တာ ခ်ယ္လ္ဆီးတစ္သင္းသာရွိ

၂၀၂၁-၂၀၂၂ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္းမွာ လက္ရွိ ခ်န္ပီယံအသင္းျဖစ္တဲ့ မန္စီးတီးအသင္းကို အဓိက စိန္ေခၚႏိုင္မယ့္ ကလပ္အသင္းက တစ္သင္းတည္းသာ ရွိလို႔ေနၿပီး အဲဒီအသင္းက သူ႔ရဲ႕ကလပ္အသင္းေဟာင္းျဖစ္တဲ့ ခ်ယ္လ္ဆီးအသင္းသာျဖစ္ေၾကာင္း ဂလင္းဂြၽန္ဆင္က သုံးသပ္ေျပာဆိုသြားခဲ့ပါတယ္။

ကုန္ခဲ့တဲ့ ၄ ရာသီအတြင္း အမွတ္ေပးဖလား ခ်န္ပီယံ ၃ ႀကိမ္ျဖစ္ထားတဲ့ မန္စီးတီးဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကို ထပ္မံ စိန္ေခၚလာမွာျဖစ္ကာ သူ႔ရဲ႕ အဓိက ၿပိဳင္ဘက္အျဖစ္ ခ်ယ္လ္ဆီးက တစ္ေျပးေနတာျဖစ္ပါတယ္။တိုက္စစ္မႉး လူကာကူနဲ႔ ကြင္းလယ္လူ ဆာအူးလ္တို႔ကို ေခၚယူထားတဲ့ ခ်ယ္လ္ဆီးရဲ႕ လူစာရင္းဟာ ေနရာစုံမွာ ေတာင့္တင္းမႈ ရွိေနတာပဲ ျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ နည္းျပတူခ်ယ္ရဲ႕လက္ေအာက္မွာ ရလဒ္ေတြေရာ ေျခစြမ္းပိုင္းေတြေရာ အေတာ္ေလးကို တိုးတက္လာခဲ့ၿပီး မႏွစ္က ေဘာလုံးရာသီအတြင္း ဥေရာပ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာပါ ခ်န္ပီယံ ျဖစ္ခဲ့ရသလို ပတ္ဂြာဒီယိုလာရဲ႕ မန္စီးတီးအသင္းကိုလည္း ခ်န္ပီယံလိဂ္ဖိုင္နယ္ပြဲစဥ္ အပါအဝင္ ေတြ႕ဆုံမႈ (၃)ႀကိမ္လုံးမွာပါ အႏိုင္ယူခဲ့ပါတယ္။

ဂလင္း ဂြၽန္ဆင္က “မန္စီးတီးကို အႏိုင္ယူလိုတဲ့ ဘယ္အသင္းမဆိုမႏွစ္ကထက္ တိုးတက္လာဖို႔ လိုပါလိမ့္မယ္။ ဒါေပမယ့္လို႔ ဒီရာသီမွာ မန္စီးတီးကို တြန္းအားေပးႏိုင္မွာ တစ္သင္းတည္း ရွိပါတယ္။ အဲဒီအသင္းကေတာ့ ခ်ယ္လ္ဆီးပါပဲ။”

“နည္းျပ ေသာမတ္စ္တူခ်ယ္ကလည္း အံ့အားသင့္စရာေကာင္းတဲ့ လူငယ္ကစားသမားေတြ အမ်ားစု ပါဝင္ေနတဲ့ လူစာရင္းနဲ႔ အံ့အားသင့္စရာ ေအာင္ျမင္မႈတစ္ခုကို ရယူႏိုင္ခဲ့ပါတယ္။ ဒီရာသီမွာလည္း ထိပ္တန္းတိုက္စစ္မႉး လူကာကူကိုပါ ေခၚယူထားပါေသးတယ္။ ခ်ယ္လ္ဆီးက ဒီရာသီမွာ တကယ့္ကို ေၾကာက္စရာေကာင္းတဲ့ အသင္းတစ္သင္း ျဖစ္ေနပါၿပီ။ လီဗာပူးကေတာ့ ဒီရာသီမွာ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ကို ၿခိမ္းေျခာက္ႏိုင္မယ့္ အင္အားမ်ိဳး ရွိမေနပါဘူး။ သူတို႔အသင္းမွာက တကယ့္ကို ေတာင့္တင္းလွတဲ့ ကစားသမား (၁၅) (၁၆)ေယာက္ေလာက္ ရွိေနတာဆိုေပမယ့္ ဒီကစားသမားေတြက ႀကံ့ခိုင္ေနဖို႔ လိုအပ္ပါတယ္။ ဒီကစားသမားထဲက (၃) (၄)ေယာက္ေလာက္ ဒဏ္ရာရလိုက္မယ္ဆိုရင္ အသင္းကို အေတာ္ ထိခိုက္သြားႏိုင္တယ္။ ” လို႔ သုံးသပ္ေျပာဆိုသြားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ခ်န္ပီယံဘြဲ႕ကို ကာကြယ္ဖို႔ ႀကိဳးစားစဥ္မွာ အဓိက ကစားသမားေတြ ဒဏ္ရာရေနခဲ့ရာက မန္စီးတီးထံ ဆုဖလား ျပန္လႊဲခဲ့ရပါတယ္။ ဒီရာသီမွာေတာ့ ကိုနာေတး တစ္ဦးတည္း ေခၚယူထားမႈနဲ႔အတူ မန္စီးတီး၊ ခ်ယ္လ္ဆီးတို႔ေလာက္ ေရပန္းစားမႈ မရွိကာ အဆင့္ ၃ ေနရာအတြက္ ယူႏိုက္တက္နဲ႔ အဓိက ယွဥ္ၿပိဳင္ရမယ္လို႔ သုံးသပ္ခံေနရတာျဖစ္ပါတယ္။