ပရီးမီးယားလိဂ်မှာ မတူညီတဲ့ကစားသမားအများဆုံး ဂိုးသွင်းထားတဲ့အသင်းအဖြစ် ချယ်လ်ဆီးရပ်တည်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၇)ပွဲကစားပြီးချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ကစားသမား(၁၂)ဦးက အသင်းအတွက်ဂိုးသွင်းထားကြပြီး မတူညီတဲ့ကစားသမားအရေအတွက်အများဆုံး ဂိုးသွင်းထားတဲ့အသင်းအဖြစ်ရပ်တည်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ အခုလောလောဆယ် သွင်းဂိုး(၁၅)ဂိုးအထိသွင်းယူထားပြီး အဲဒီဂိုးတွေကို ကစားသမား(၁၂)ဦးက သွင်းခဲ့တာကြောင့် ဂိုးရဖို့တစ်ဦးတည်းကို အားကိုးနေတာမျိုးမဟုတ်ဘဲ နေရာစုံက,ကစားသမားတိုင်းဟာ ဂိုးသွင်းနိုင်စွမ်းရှိတဲ့သူတွေဆိုတာ သက်သေပြနေတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးအများဆုံးသွင်းယူထားသူက ပြီးခဲ့တဲ့နွေရာသီမှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၉၇.၅)သန်းနဲ့ရောက်ရှိခဲ့တဲ့ တိုက်စစ်မှူးလူကာကူဖြစ်ပြီး

(၃)ဂိုးသွင်းယူထားသလို သူ့နောက်မှာ လူငယ်နောက်ခံလူဖြစ်တဲ့ ချာလိုဘာက သွင်းဂိုး(၂)ဂိုးနဲ့ထူးထူးခြားခြား ဒုတိယအများဆုံးဖြစ်နေတာပါ။

ဒီရာသီမှ စီနီယာအသင်းအတွက်ပွဲထွက်ခွင့်ရခဲ့သူ ချာလိုဘာဟာ ပရီးမီးယားလိဂ်ပွဲဦးထွက်ဖြစ်တဲ့ ပဲလေ့စ်အသင်းကို (၃-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲ၊ ဆောက်သမ်တန်အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲတွေမှာ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ကျန်တဲ့ဂိုးတွေကိုတော့ ကစားသမား(၁၀)ဦးက သွင်းယူခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် ကျေနပ်စရာကောင်းတာက ခံစစ်ကစားသမားတွေကလည်း လိုအပ်ရင်ဂိုးတက်သွင်းနိုင်တာပဲဖြစ်ပြီး ချာလိုဘာအပြင် နောက်ခံလူတွေဖြစ်တဲ့

ရူဒီဂါ၊ မာကို့စ်အလွန်ဆို၊ သီယာဂိုဆေးလ်ဗား၊ ရိစ်ဂျိမ်းစ်၊ ချီဝဲလ်တို့လည်း ဂိုးသွင်းယူခဲ့တာကြောင့် (၁၂)ဂိုးထဲမှာ နောက်ခံလူတွေသွင်းယူခဲ့တာက (၅)ဂိုးအထိရှိနေပါတယ်။

ဒါ့အပြင် ကွင်းလယ်လူတွေဖြစ်တဲ့ ကိုဗစ်ချစ်၊ ကွန်တေတို့လည်း ဒီရာသီဂိုးပေါက်ရှာတွေခဲ့ပြီးဖြစ်သလို တိုက်စစ်ကစားသမားတွေထဲမှာ ဟာဗတ်ဇ်၊ ပူလီရှစ်နဲ့ Unlucky Striker ဗာနာတောင် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးနည်းပြတူချယ်လ်အနေနဲ့ တိုက်စစ်ကစားသမားတွေ အခုထက်ပိုဂိုးသွင်းနိုင်အောင် ကြိုးစားဖို့တစ်ခုသာ တောင်းဆိုရမယ့်အနေအထားရှိနေပြီး ဘာပဲဖြစ်ဖြစ်

နေရာစုံကနေဂိုးသွင်းနိုင်တဲ့သူတွေရှိနေတာက ချယ်လ်ဆီးအသင်းရဲ့ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်အတွက် အကျိုးကျေးဇူးအများကြီးရှိစေပါတယ်။

ပရီးမီးယားလိဂ်မှာ မတူညီတဲ့ကစားသမားအရေအတွက်အများဆုံးဂိုးသွင်းထားတဲ့အသင်းစာရင်းမှာ ချယ်လ်ဆီးအသင်းပြီးရင် လက်ရှိချန်ပီယံမန်စီးတီးအသင်းက (၉)ယောက်နဲ့ဒုတိယအများဆုံးဖြစ်နေပြီး အက်စတွန်ဗီလာအသင်းက (၈)ဦး၊ လီဗာပူးလ်နဲ့ဘရန့်ဖို့ဒ်အသင်းတို့က (၇)ဦးစီနဲ့ မန်စီးတီးနောက်မှာရပ်တည်နေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီးမီးယားလိဂ္မွာ မတူညီတဲ့ကစားသမားအမ်ားဆုံး ဂိုးသြင္းထားတဲ့အသင္းအျဖစ္ ခ်ယ္လ္ဆီးရပ္တည္ေန

ဒီရာသီ ပရီးမီးယားလိဂ္ပြဲစဥ္(၇)ပြဲကစားၿပီးခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းရဲ႕ကစားသမား(၁၂)ဦးက အသင္းအတြက္ဂိုးသြင္းထားၾကၿပီး မတူညီတဲ့ကစားသမားအေရအတြက္အမ်ားဆုံး ဂိုးသြင္းထားတဲ့အသင္းအျဖစ္ရပ္တည္ေနပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ အခုေလာေလာဆယ္ သြင္းဂိုး(၁၅)ဂိုးအထိသြင္းယူထားၿပီး အဲဒီဂိုးေတြကို ကစားသမား(၁၂)ဦးက သြင္းခဲ့တာေၾကာင့္ ဂိုးရဖို႔တစ္ဦးတည္းကို အားကိုးေနတာမ်ိဳးမဟုတ္ဘဲ ေနရာစုံက,ကစားသမားတိုင္းဟာ ဂိုးသြင္းႏိုင္စြမ္းရွိတဲ့သူေတြဆိုတာ သက္ေသျပေနတာျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းအတြက္ ဒီရာသီပရီးမီးယားလိဂ္မွာ ဂိုးအမ်ားဆုံးသြင္းယူထားသူက ၿပီးခဲ့တဲ့ေႏြရာသီမွာ ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၉၇.၅)သန္းနဲ႔ေရာက္ရွိခဲ့တဲ့ တိုက္စစ္မႉးလူကာကူျဖစ္ၿပီး (၃)ဂိုးသြင္းယူထားသလို သူ႔ေနာက္မွာ လူငယ္ေနာက္ခံလူျဖစ္တဲ့ ခ်ာလိုဘာက သြင္းဂိုး(၂)ဂိုးနဲ႔ထူးထူးျခားျခား ဒုတိယအမ်ားဆုံးျဖစ္ေနတာပါ။ ဒီရာသီမွ စီနီယာအသင္းအတြက္ပြဲထြက္ခြင့္ရခဲ့သူ ခ်ာလိုဘာဟာ ပရီးမီးယားလိဂ္ပြဲဦးထြက္ျဖစ္တဲ့ ပဲေလ့စ္အသင္းကို (၃-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲ၊ ေဆာက္သမ္တန္အသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲေတြမွာ ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး က်န္တဲ့ဂိုးေတြကိုေတာ့ ကစားသမား(၁၀)ဦးက သြင္းယူခဲ့တာျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းအတြက္ ေက်နပ္စရာေကာင္းတာက ခံစစ္ကစားသမားေတြကလည္း လိုအပ္ရင္ဂိုးတက္သြင္းႏိုင္တာပဲျဖစ္ၿပီး ခ်ာလိုဘာအျပင္ ေနာက္ခံလူေတြျဖစ္တဲ့ ႐ူဒီဂါ၊ မာကို႔စ္အလြန္ဆို၊ သီယာဂိုေဆးလ္ဗား၊ ရိစ္ဂ်ိမ္းစ္၊ ခ်ီဝဲလ္တို႔လည္း ဂိုးသြင္းယူခဲ့တာေၾကာင့္ (၁၂)ဂိုးထဲမွာ ေနာက္ခံလူေတြသြင္းယူခဲ့တာက (၅)ဂိုးအထိရွိေနပါတယ္။ ဒါ့အျပင္ ကြင္းလယ္လူေတြျဖစ္တဲ့ ကိုဗစ္ခ်စ္၊ ကြန္ေတတို႔လည္း ဒီရာသီဂိုးေပါက္ရွာေတြခဲ့ၿပီးျဖစ္သလို တိုက္စစ္ကစားသမားေတြထဲမွာ ဟာဗတ္ဇ္၊ ပူလီရွစ္နဲ႔ Unlucky Striker ဗာနာေတာင္ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ယ္လ္ဆီးနည္းျပတူခ်ယ္လ္အေနနဲ႔ တိုက္စစ္ကစားသမားေတြ အခုထက္ပိုဂိုးသြင္းႏိုင္ေအာင္ ႀကိဳးစားဖို႔တစ္ခုသာ ေတာင္းဆိုရမယ့္အေနအထားရွိေနၿပီး ဘာပဲျဖစ္ျဖစ္ ေနရာစုံကေနဂိုးသြင္းႏိုင္တဲ့သူေတြရွိေနတာက ခ်ယ္လ္ဆီးအသင္းရဲ႕ပရီးမီးယားလိဂ္ခ်န္ပီယံေမွ်ာ္လင့္ခ်က္အတြက္ အက်ိဳးေက်းဇူးအမ်ားႀကီးရွိေစပါတယ္။ ပရီးမီးယားလိဂ္မွာ မတူညီတဲ့ကစားသမားအေရအတြက္အမ်ားဆုံးဂိုးသြင္းထားတဲ့အသင္းစာရင္းမွာ ခ်ယ္လ္ဆီးအသင္းၿပီးရင္ လက္ရွိခ်န္ပီယံမန္စီးတီးအသင္းက (၉)ေယာက္နဲ႔ဒုတိယအမ်ားဆုံးျဖစ္ေနၿပီး အက္စတြန္ဗီလာအသင္းက (၈)ဦး၊ လီဗာပူးလ္နဲ႔ဘရန႔္ဖို႔ဒ္အသင္းတို႔က (၇)ဦးစီနဲ႔ မန္စီးတီးေနာက္မွာရပ္တည္ေနတာျဖစ္ပါတယ္။