ပရီးမီးယားလိဂ်မှာ မက်ဆီကို မြင်တွေ့ရနိုင်တယ်လို့ ကာကာ သုံးသပ်

Photo Credit

Photo Credit

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီအနေနဲ့ နူးကမ့်အခြေစိုက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေသလို သူ့ရဲ့စွမ်းဆောင်ရည်အရ လာလီဂါကနေ ပရီးမီးယားလိဂ်ကို ပြောင်းကစားရင်လည်း ပြဿနာမရှိလောက်ဘူးလို့ ခံစားနေရနိုင်ကြောင်း ဘရာဇီးကွင်းလယ်လူဟောင်း ကာကာက သုံးသပ်သွားပါတယ်။

Photo Credit

ရွှေဘောလုံးဆု စံချိန်တင် ၆ကြိမ်ရရှိထားတဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ နည်းပြဟောင်းဗယ်လ်ဗာဒီ ထုတ်ပယ်ခံရမှုနဲ့ပတ်သက်လို့ ကစားသမားတချို့မှာ တာဝန်ရှိတယ်လို့ စွပ်စွဲခဲ့တဲ့ ဘာစီလိုနာအသင်းအားကစားဒါရိုက်တာ အဘီဒယ်ရဲ့မှတ်ချက်အပေါ် မပျော်မရွှင်ဖြစ်နေပြီး အင်စတာဂရမ်ကနေ ပြန်လည်တုံ့ပြန်ခဲ့ပြီးနောက် သူ့ရဲ့အနာဂတ်က မသေမချာဖြစ်လာခဲ့ပါတယ်။

Photo Credit

သူဟာ ကစားသမားဘဝတစ်ခုလုံးကို ဘာစီလိုနာအသင်းနဲ့အတူ ဖြတ်သန်းလာခဲ့သူဖြစ်ပြီး အသင်းရဲ့ထာဝရဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေသလို ပွဲအများဆုံးကစားသူအဖြစ် စံချိန်တင်ထားတဲ့ အသင်းဖော်ဟောင်း ဇာဗီရဲ့မှတ်တမ်းကိုလည်း ကျော်ဖြတ်နိုင်ဖို့ နီးစပ်နေပါတယ်။ ဒါပေမဲ့ ကာကာကတော့ ဘာစီလိုနာအသင်းကနေ မက်ဆီ ထွက်ခွာမယ့်နေ့ ရောက်လာတော့မယ်လို့ ဆိုပါတယ်။

Photo Credit

၂၀၀၇ ခုနှစ်က ရွှေဘောလုံးဆုရရှိခဲ့ဖူးတဲ့ အေစီမီလန်နဲ့ ရီးရဲလ်ကွင်းလယ်လူဟောင်း ကာကာက ”ပရီးမီးယားလိဂ်မှာ ကစားဖို့က သူ့အတွက် ပြဿနာမရှိဘူးလို့ ထင်ပါတယ်။ ပရီးမီးယားလိဂ်မှမဟုတ်ပါဘူး။ ထိပ်တန်းလိဂ် ၃ခုမှာ သူကောင်းကောင်းကစားနိုင်ပါတယ်။ ဒါပေမဲ့ ကစားသမားဘဝနဲ့ပတ်သက်လို့ သူဘာလိုချင်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်”

Photo Credit

”တခြားကလပ်အသင်းတစ်သင်းမှာ သူကစားတာကို မြင်တွေ့ရဖို့ ခက်ပေမယ့် သူ့စိတ်ထဲမှာ အပြောင်းအလဲပြုလုပ်ဖို့ အချိန်တန်ပြီ၊ တခြားကလပ်အသင်းတစ်သင်းနဲ့အတူ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် အတွေ့အကြုံယူရမယ်လို့ ခံစားနေလောက်ပါတယ်။ ရီးရဲလ်ကနေ ရော်နယ်ဒို ထွက်သွားတုန်းကလည်း ကျွန်တော်တို့ ဝမ်းနည်းခဲ့ကြတာပဲ။ အဲဒီတုန်းက နောင်တရခဲ့ကြသူတွေလည်း အများကြီးရှိခဲ့တယ်”

Photo Credit

”ဒါပေမဲ့ သူ့ဘက်ကနေ အားလုံးက နားလည်ပေးခဲ့ကြပါတယ်။ ရော်နယ်ဒိုလည်း နောက်ထပ်စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်မှာပဲလေဆိုတဲ့ နားလည်မှုပေါ့။ အခု မက်ဆီရဲ့အခြေအနေကလည်း အဲဒီအတိုင်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Photo Credit

Zawgyi

ပရီးမီးယားလိဂ္မွာ မက္ဆီကို ျမင္ေတြ႕ရႏိုင္တယ္လုိ႔ ကာကာ သုံးသပ္

ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီအေနနဲ႔ ႏူးကမ့္အေျခစိုက္အသင္းကေန ထြက္ခြာဖြယ္ရွိေနသလုိ သူ႕ရဲ႕စြမ္းေဆာင္ရည္အရ လာလီဂါကေန ပရီးမီးယားလိဂ္ကို ေျပာင္းကစားရင္လည္း ျပႆနာမရွိေလာက္ဘူးလုိ႔ ခံစားေနရႏိုင္ေၾကာင္း ဘရာဇီးကြင္းလယ္လူေဟာင္း ကာကာက သုံးသပ္သြားပါတယ္။
ေရႊေဘာလုံးဆု စံခ်ိန္တင္ ၆ႀကိမ္ရရွိထားတဲ့ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ နည္းျပေဟာင္းဗယ္လ္ဗာဒီ ထုတ္ပယ္ခံရမႈနဲ႔ပတ္သက္လုိ႔ ကစားသမားတခ်ိဳ႕မွာ တာ၀န္ရွိတယ္လုိ႔ စြပ္စြဲခဲ့တ့ဲ ဘာစီလိုနာအသင္းအားကစားဒါ႐ိုက္တာ အဘီဒယ္ရဲ႕မွတ္ခ်က္အေပၚ မေပ်ာ္မရႊင္ျဖစ္ေနၿပီး အင္စတာဂရမ္ကေန ျပန္လည္တုံ႔ျပန္ခဲ့ၿပီးေနာက္ သူ႕ရဲ႕အနာဂတ္က မေသမခ်ာျဖစ္လာခဲ့ပါတယ္။
သူဟာ ကစားသမားဘ၀တစ္ခုလုံးကို ဘာစီလုိနာအသင္းနဲ႔အတူ ျဖတ္သန္းလာခ့ဲသူျဖစ္ၿပီး အသင္းရဲ႕ထာ၀ရဂိုးသြင္းဘုရင္အျဖစ္ ရပ္တည္ေနသလို ပြဲအမ်ားဆုံးကစားသူအျဖစ္ စံခ်ိန္တင္ထားတဲ့ အသင္းေဖာ္ေဟာင္း ဇာဗီရဲ႕မွတ္တမ္းကိုလည္း ေက်ာ္ျဖတ္ႏိုင္ဖုိ႔ နီးစပ္ေနပါတယ္။ ဒါေပမဲ့ ကာကာကေတာ့ ဘာစီလိုနာအသင္းကေန မက္ဆီ ထြက္ခြာမယ့္ေန႔ ေရာက္လာေတာ့မယ္လုိ႔ ဆုိပါတယ္။
၂၀၀၇ ခုႏွစ္က ေရႊေဘာလုံးဆုရရွိခဲ့ဖူးတဲ့ ေအစီမီလန္နဲ႔ ရီးရဲလ္ကြင္းလယ္လူေဟာင္း ကာကာက ”ပရီးမီးယားလိဂ္မွာ ကစားဖုိ႔က သူ႕အတြက္ ျပႆနာမရွိဘူးလုိ႔ ထင္ပါတယ္။ ပရီးမီးယားလိဂ္မွမဟုတ္ပါဘူး။ ထိပ္တန္းလိဂ္ ၃ခုမွာ သူေကာင္းေကာင္းကစားႏိုင္ပါတယ္။ ဒါေပမဲ့ ကစားသမားဘ၀နဲ႔ပတ္သက္လုိ႔ သူဘာလုိခ်င္လဲဆုိတဲ့အေပၚမွာ မူတည္ပါတယ္”
”တျခားကလပ္အသင္းတစ္သင္းမွာ သူကစားတာကို ျမင္ေတြ႕ရဖို႔ ခက္ေပမယ့္ သူ႕စိတ္ထဲမွာ အေျပာင္းအလဲျပဳလုပ္ဖို႔ အခ်ိန္တန္ၿပီ၊ တျခားကလပ္အသင္းတစ္သင္းနဲ႔အတူ ကမၻာ့အေကာင္းဆုံးကစားသမားအျဖစ္ အေတြ႕အႀကံဳယူရမယ္လုိ႔ ခံစားေနေလာက္ပါတယ္။ ရီးရဲလ္ကေန ေရာ္နယ္ဒို ထြက္သြားတုန္းကလည္း ကၽြန္ေတာ္တုိ႔ ၀မ္းနည္းခဲ့ၾကတာပဲ။ အဲဒီတုန္းက ေနာင္တရခဲ့ၾကသူေတြလည္း အမ်ားႀကီးရွိခဲ့တယ္”
”ဒါေပမဲ့ သူ႕ဘက္ကေန အားလုံးက နားလည္ေပးခဲ့ၾကပါတယ္။ ေရာ္နယ္ဒိုလည္း ေနာက္ထပ္စိန္ေခၚမႈအသစ္ေတြနဲ႔ ရင္ဆုိင္ခ်င္မွာပဲေလဆုိတဲ့ နားလည္မႈေပါ့။ အခု မက္ဆီရဲ႕အေျခအေနကလည္း အဲဒီအတိုင္းပါပဲ”လုိ႔ ေျပာၾကားခဲ့ပါတယ္။