M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
စစ်တမ်းအချက်အလက်တွေအရ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မိနစ်(၉၀)အတွင်း ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနိုင်မှု(Pressing)အပိုင်းမှာအားအနည်းဆုံးကစားသမားအဖြစ်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုက အံ့အားသင့်စရာကောင်းလောက်အောင် သတ်မှတ်ခံထားရပါတယ်။
အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းဆီတစ်ကျော့ပြန်ရောက်လာချိန်မှာ ခြေစွမ်းပြဂိုးတွေသွင်းယူနေပေမယ့် လွန်ခဲ့တဲ့(၁၂)နှစ်လောက်က ပရိသတ်တွေမြင်တွေ့ခဲ့ရတဲ့ စီရော်နယ်လ်ဒိုလိုမျိုး စွမ်းဆောင်ရည်မရှိတော့ဘူးဆိုတာ စစ်တမ်းတွေက သက်သေပြနေပါပြီ။
လက်ရှိစီရော်နယ်လ်ဒိုရဲ့ အားနည်းချက်က အရင်လိုအင်တိုက်အားတိုက်မကစားနိုင်တာနဲ့ ပြေးအားကျဆင်းသွားတာဖြစ်ပြီး ဂိုးသွင်းသေချာမှု၊ ပယ်နယ်တီဧရိယာအတွင်း ပါးပါးနပ်နပ်နဲ့နေရာယူကစားနိုင်မှုအပိုင်းတွေမှာတော့ အရင်ကထက်ပိုကောင်းလာပါတယ်။
ဒါပေမဲ့လည်း ပရီးမီးယားလိဂ်ဆိုတာက တခြားလိဂ်ပြိုင်ပွဲတွေထက်ပြိုင်ဆိုင်မှုပိုပြင်းထန်တာကြောင့် တိုက်စစ်ကစားသမားတွေအနေနဲ့ ပြိုင်ဘက်ခံစစ်ကို အချိန်တိုင်းဖိအားပေးနိုင်ဖို့ လိုအပ်ပါတယ်။
စီရော်နယ်လ်ဒိုဟာ မိနစ်(၉၀)အတွင်း ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနိုင်မှုအကြိမ်ေပေါင်းက တစ်ပွဲပျမ်းမျှ(၂.၇)ကြိမ်သာရှိပြီး ပရီးမီးယားလိဂ်တိုက်စစ်ကစားသမားတွေထဲမှာ အနည်းဆုံးဖြစ်နေတာပဲဖြစ်ပါတယ်။
အခုစာရင်းက ဒီရာသီပရီးမီးယားလိဂ်မှာ မိနစ်ပေါင်း(၂၇၀)နဲ့အထက်ကစားထားတဲ့ တိုက်စစ်ကစားသမားတွေကိုရွေးချယ်ပြီးတော့ ဘယ်သူက ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနိုင်မှုအများဆုံးလဲဆိုတာ တွက်ချက်တာဖြစ်ပြီး စီရော်နယ်လ်ဒိုဟာ ဇယားအောက်ဆုံးမှာသာ ရပ်တည်နေရတာပါ။
နယူးကာဆယ်တိုက်စစ်မှူးစိန့်မက်ဆီမင်တောင် စီရော်နယ်လ်ဒိုထက် စွမ်းဆောင်ရည်ပိုကောင်းနေပြီး သူ့ရဲ့ပြိုင်ဘက်ကို Pressing လုပ်နိုင်မှုအကြိမ်က တစ်ပွဲကို (၅.၂)ကြိမ်အထိရှိနေတာဖြစ်ပါတယ်။
ဒီရာသီပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနိုင်မှုအကြိမ်အများဆုံးကတော့ ခရစ္စတယ်ပဲလေ့စ်အသင်းတောင်ပံတိုက်စစ်ကစားသမား ဇာဟာဖြစ်ပြီး တစ်ပွဲပျမ်းမျှအကြိမ်(၂၀)အထိ Pressing လုပ်နိုင်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနိုင်မှုအနည်းဆုံးအဖြစ် စီရော်နယ်လ်ဒို အံ့အားသင့်စရာသတ်မှတ်ခံရ