ပရီးမီးယားလိဂ်မှာ ပေါ့ဂ်ဘာက အခြားသူတွေထက် တစ်ဆင့်မြင့်တဲ့သူဖြစ်ပြီး ယှဉ်နိုင်တဲ့ ဘောလုံးသမား ခပ်ရှားရှားပဲ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လက်ရှိပရီးမီးယားလ်ဂ်မှာ ကစားနေကြတဲ့ ဘောလုံးသမားတွေထဲမှာ မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာထက်ခြေစွမ်းသာတဲ့ ဘောလုံးသမားဆိုတာ ခပ်ရှားရှားပဲ လို့ မန်ယူအသင်း ဂန္ထဝင်ကစားသမား လီရှပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ ပရီးမီးယားလိဂ် ကစားသမားအတော်များများထက် တစ်ဆင့်မြင့်တဲ့ ကစားသမားဖြစ်တဲ့အတွက် မန်ယူအသင်းအနေနဲ့ သူ့ကို အသင်းမှာ ဆက်ထိန်းထားဖို့ လိုအပ်တယ်လို့လည်း လီရှပ်က တိုက်တွန်းသွားခဲ့ပါသေးတယ်။
လီရှပ်က “ပေါလ်ပေါ့ဘာရဲ့နှလုံးသားဟာယူနိုက်တက်မှာရှိနေတယ်ဆိုရင်နွေရာသီမကုန်ခင်မှာသူ့ကိုစာချုပ်သစ်ချုပ်ဖို့အကောင်းဆုံးကြိုးစားမှာပါ။ သူသာ အသင်းအတွက် စာချုပ်သစ်မချုပ်ချင်ရင် နွေရာသီဈေးကွက်စတာနဲ့ ကျွန်တော် သူ့ကို ရောင်းချဖို့ကြိုးစားမှာဖြစ်ပြီး သူ့နေရာအစားထိုးနိုင်မယ့်သူကိုရှာဖွေနေမှာပါ။
ကမ္ဘာ့အဆင့်ခြေစွမ်းမျိုးရှိတဲ့ ကစားသမားတစ်ယောက်ကိုပေါ့။ ဒါပေမယ့် ကျွန်တော်သူ့ကို အသင်းမှာ ဆက်ထိန်းထားဖို့ကြိုးစားသွားမှာပါ။
ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က ပေါ့ဘာရဲ့ပရိသတ်ပါ။ သူ့ကိုကြိုက်ပါတယ်။ သူကစားတာ ကြည့်ရတာ သဘောကျပါတယ်။ သူက ပွဲအပေါ် အရမ်းအာရုံစိုက်ထားရင် အခြားကစားသမားတွေထက်သာလွန်နေတတ်သူပါ သူသာ ကြံ့ခိုင်မှုပြည့်ဝပြီး အသင်းနဲ့ တစ်သားတည်းဖြစ်သွားရင် ပွဲကိုအနိုင်ဖို့သေချာပါတယ်။ သူက ခံစစ်ပိုင်းမှာ တခါတလေ အားနည်းတတ်ပေမယ့် တိုက်စစ်ပိုင်း လိုက်ပါတဲ့နေရာမှာအတော်လေးကောင်းတဲ့သူပါ။
ဒီတော့ သူ့ရဲ့ဒီအကျင့်ကို ကာကွယ်ဖို့ ကစားသမားတချို့လိုအပ်ပါတယ်။ ဒါပေမယ့် သူက ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းရာမှာ တကယ်ကိုကောင်းတဲ့သူပါ။
သူအခွင့်အရေးတွေဖန်တီးပြီး ဂိုးတွေသွင်းယူနိုင်တာ ကျွန်တော်တို့ သိပြီးသားပါ” လို့ပြောခဲ့ပါတယ်။
ပေါ့ဘာအနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်တချို့ကို လွဲချော်ခဲ့ပေမယ့်နည်းပြဆိုးရှားရဲ့ အဓိက ကစားသမားဖြစ်လာခဲ့ပြီး ပြိုင်ပွဲစုံ၃၅ပွဲ ပါဝင်ကစားပေးထားပြီး ၅ဂိုး သွင်းပေးထားတာဖြစ်ပါတယ်။ အသင်းကွင်းလယ်မှာ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့ ၂ဦးကို တွဲဖက်ပွဲထုတ်ပြီး ရလဒ်တွေပိုကောင်းအောင် ကစားပြဖို့ ကစားသမားဟောင်းပေါ်စခိုးလ်က နည်းပြဆိုးလ်ရှားကိုတောင်းဆိုထားပြီး သူတို့ ၂ဦးဟာ ဂရန်နာဒါနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်ပထမပိုင်းနဲ့ ဘန်လေကိုအနိုင်ရခဲ့တဲ့ပွဲတွေမှာ အတွဲညီညီ ကစားနိုင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ပေါ့၈်ဘာက ဖာနန်ဒက်စ်ဟာ ဘောလုံးနဲ့ပတ်သတ်ရင် အားလုံးလုပ်နိုင်ပေမယ့် ခံစစ်ကစားတာ မစွံဘူးလို့ အရွန်းဖောက်ခဲ့ပါသေးတယ်။ လက်ရှိမှာ ပေါ့ဂ်ဘာဟာ မန်ယူအသင်းနဲပ စာချုပ်သက်တမ်း ၁နှစ် ကျန်နေသေးပြီး စာချုပ်သစ် ဒါမှမဟုတ် အသင်းပြောင်းရွှေ့ဖို့ ကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ မရှိသေးပါဘူး။ တကယ်လို့ ပေါ့ဂ်ဘာကို စာချုပ်သစ်မချုပ်ဖြစ်ခဲ့ဘူးဆိုရင် နောက်နှစ် ဇန်နဝါရီဈေးကွက်မှာ ရောင်းချနိုင်မှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရမှာဖြစ်ပါတယ်။
ထွက်ပေါ်နေတဲ့ သတင်ေးတွအရတော့ ကွင်းလယ်လူ ဖာနန်ဒက်စ်ကလည်း သူသာ မန်ယူနဲ့ စာချုပ်သက်တမ်းတိုးခဲ့ရင် ပေါ့ဂ်ဘာလည်း စာချုပ်သစ်ချုပ်ဆိုမှ ဖြစ်မယ်လို့ ပြောကြားထားတယ်လို့ သိရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi