ပရီးမီးယားလိဂ်မှာ နည်းပြဟောင်းအမ်မရီထက် ရလဒ်ပိုဆိုးနေတဲ့ အာတီတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြအမ်မရီကို (၁၈)လအကြာမှာ ရာထူးကနေထုတ်ပယ်ခဲ့ပြီး နည်းပြသစ်အဖြစ် အာတီတာကို ခန့်အပ်ခဲ့ပေမယ့် အာတီတာလက်ထက် ပရီးမီးယားလိဂ်ရလဒ်တွေက အမ်မရီထက် ပိုမိုဆိုးရွားနေပါပြီ။

အခု ဗီလာရီးယဲလ်အသင်းကို ကိုင်တွယ်နေတဲ့ အူနိုင်းအမ်မရီဟာ ၂၀၁၈ ခုနှစ်၊ မေလတုန်းက အာဆင်နယ်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး ရလဒ်ဆိုးတွေကြောင့် ၂၀၁၉ နိုဝင်ဘာလမှာပဲ ရာထူးကအထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

အမ်မရီကို ရာထူးကထုတ်ပယ်ခဲ့ချိန်မှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာအဆင့်(၈)နေရာမှာသာ ရပ်တည်နေရသလို ပြိုင်ပွဲစုံ(၇)ပွဲဆက် တစ်ပွဲမှနိုင်ပွဲမရခဲ့ဘဲ (၁၇)နှစ်အတွင်း အဆိုးရွားဆုံးရလဒ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အဲဒါကြောင့် အမ်မရီကို ရာထူးကထုတ်ပယ်ခဲ့ပြီး မကြာခင်မှာပဲ အသင်းကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အာတီတာနဲ့ အစားထိုးခဲ့ပေမယ့် အာတီတာလက်ထက်မှာလည်း အသင်းက အခြေအနေသိပ်မကောင်းသေးပါဘူး။

အာဆင်နယ်အသင်းဟာ ဒီရာသီအစပိုင်း ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရပြီး ၁၉၇၄ နောက်ပိုင်းအဆိုးရွားဆုံးအနေအထားဖြစ်ခဲ့သလို အခုနှစ်ထဲမှာတော့ ရလဒ်ကောင်းတချို့ပြန်လည်ရယူနေပေမယ့် အဆင့်(၄)နေရာက ချယ်လ်ဆီးနဲ့ (၉)မှတ်အကွာ အဆင့်(၉)နေရာမှာသာ ရပ်တည်နေတာပါ။

ဒါ့အပြင် (၁၈)လအတွင်း အမ်မရီနဲ့ အာတီတာတို့ရဲ့ ပရီးမီးယားလိဂ်စွမ်းဆောင်ရည်မှတ်တမ်းကို နှိုင်းယှဉ်ကြည့်ရင် နည်းပြဟောင်းအမ်မရီက အသာရနေတာကို တွေ့ရမှာဖြစ်ပါတယ်။

အမ်မရီဟာ ပရီးမီးယားလိဂ်(၅၁)ပွဲကိုင်တွယ်ပြီးချိန်မှာ (၂၅)ပွဲနိုင်၊ (၁၃)ပွဲသရေ၊ (၁၃)ပွဲရှုံး၊ ရမှတ်(၈၈)မှတ်၊ တစ်ပွဲပျမ်းမျှရမှတ်(၁.၇၃)မှတ်ရယူနိုင်ခဲ့ပြီး အနိုင်ရာခိုင်နှုန်းက (၄၉%)ရှိခဲ့ပါတယ်။ အာတီတာလက်ထက်မှာတော့ (၄၉)ပွဲကိုင်တွယ်ခဲ့အပြီး နိုင်ပွဲ(၂၁)ပွဲ၊ သရေ(၁၂)ပွဲ၊ ရှုံးပွဲက(၁၆)ပွဲအထိရှိခဲ့သလို တစ်ပွဲပျမ်းမျှရမှတ်(၁.၅၃)မှတ်နဲ့ အနိုင်ရာခိုင်နှုန်းက (၄၃%)သာရှိခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ (၃)ဂိုးပြတ်ရှုံးနိမ့်ပြီးမှ ချေပဂိုးတွေလိုက်သွင်းပြီး သရေတစ်မှတ်ရယူနိုင်ခဲ့တဲ့အပြင် ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲမှာ (၂)ပွဲသာအနိုင်ရခဲ့ပါတယ်။ လက်ရှိရလဒ်ပိုင်းအရ အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အဆင့်(၄)နေရာမျှော်လင့်ချက်က မဖြစ်နိုင်တော့ဘဲ ယူရိုပါလိဂ်မှာ မဖြစ်မနေဗိုလ်စွဲမှသာ ချန်ပီယံလိဂ်ဝင်ခွင့်ပိုင်ဆိုင်နိုင်မယ့်အနေအထားပါပဲ။

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာ ဆလားဗီးယားပရာဟာနဲ့ ဆုံတွေ့နေလို့ ပွဲချောင်နေပေမယ့် ဆီမီးဖိုင်နယ်မှာ ဒိုင်နမိုဇာဂရက်-ဗီလာရီးယဲလ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ နည်းပြဟောင်းအမ်မရီရဲ့အသင်းနဲ့တစ်ကျော့ပြန် ဆုံတွေ့ဖို့ရှိနေပါပြီ။ အခုလောလောဆယ် အာတီတာရဲ့အနာဂတ်က လှုပ်ခတ်မှုမရှိသေးပေမယ့် ရာသီကုန်မှာ ဥရောပပြိုင်ပွဲဝင်ခွင့်မရခဲ့ရင်တော့ နည်းပြရာထူးကို စွန့်လွှတ်ရဖို့နီးစပ်နေပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္မွာ နည္းျပေဟာင္းအမ္မရီထက္ ရလဒ္ပိုဆိုးေနတဲ့ အာတီတာ

အာဆင္နယ္အသင္းတာဝန္ရွိသူေတြဟာ ရလဒ္ဆိုးေတြေၾကာင့္ နည္းျပအမ္မရီကို (၁၈)လအၾကာမွာ ရာထူးကေနထုတ္ပယ္ခဲ့ၿပီး နည္းျပသစ္အျဖစ္ အာတီတာကို ခန႔္အပ္ခဲ့ေပမယ့္ အာတီတာလက္ထက္ ပရီးမီးယားလိဂ္ရလဒ္ေတြက အမ္မရီထက္ ပိုမိုဆိုး႐ြားေနပါၿပီ။ အခု ဗီလာရီးယဲလ္အသင္းကို ကိုင္တြယ္ေနတဲ့ အူႏိုင္းအမ္မရီဟာ ၂၀၁၈ ခုႏွစ္၊ ေမလတုန္းက အာဆင္နယ္နည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရၿပီး ရလဒ္ဆိုးေတြေၾကာင့္ ၂၀၁၉ ႏိုဝင္ဘာလမွာပဲ ရာထူးကအထုတ္ခံခဲ့ရတာျဖစ္ပါတယ္။ အမ္မရီကို ရာထူးကထုတ္ပယ္ခဲ့ခ်ိန္မွာ အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္မွာအဆင့္(၈)ေနရာမွာသာ ရပ္တည္ေနရသလို ၿပိဳင္ပြဲစုံ(၇)ပြဲဆက္ တစ္ပြဲမွႏိုင္ပြဲမရခဲ့ဘဲ (၁၇)ႏွစ္အတြင္း အဆိုး႐ြားဆုံးရလဒ္ေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ အမ္မရီကို ရာထူးကထုတ္ပယ္ခဲ့ၿပီး မၾကာခင္မွာပဲ အသင္းကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ အာတီတာနဲ႔ အစားထိုးခဲ့ေပမယ့္ အာတီတာလက္ထက္မွာလည္း အသင္းက အေျခအေနသိပ္မေကာင္းေသးပါဘူး။

အာဆင္နယ္အသင္းဟာ ဒီရာသီအစပိုင္း ပရီးမီးယားလိဂ္မွာ ရလဒ္ဆိုးေတြနဲ႔ ဆက္တိုက္ရင္ဆိုင္ခဲ့ရၿပီး ၁၉၇၄ ေနာက္ပိုင္းအဆိုး႐ြားဆုံးအေနအထားျဖစ္ခဲ့သလို အခုႏွစ္ထဲမွာေတာ့ ရလဒ္ေကာင္းတခ်ိဳ႕ျပန္လည္ရယူေနေပမယ့္ အဆင့္(၄)ေနရာက ခ်ယ္လ္ဆီးနဲ႔ (၉)မွတ္အကြာ အဆင့္(၉)ေနရာမွာသာ ရပ္တည္ေနတာပါ။ ဒါ့အျပင္ (၁၈)လအတြင္း အမ္မရီနဲ႔ အာတီတာတို႔ရဲ႕ ပရီးမီးယားလိဂ္စြမ္းေဆာင္ရည္မွတ္တမ္းကို ႏႈိင္းယွဥ္ၾကည့္ရင္ နည္းျပေဟာင္းအမ္မရီက အသာရေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။ အမ္မရီဟာ ပရီးမီးယားလိဂ္(၅၁)ပြဲကိုင္တြယ္ၿပီးခ်ိန္မွာ (၂၅)ပြဲႏိုင္၊ (၁၃)ပြဲသေရ၊ (၁၃)ပြဲရႈံး၊ ရမွတ္(၈၈)မွတ္၊ တစ္ပြဲပ်မ္းမွ်ရမွတ္(၁.၇၃)မွတ္ရယူႏိုင္ခဲ့ၿပီး အႏိုင္ရာခိုင္ႏႈန္းက (၄၉%)ရွိခဲ့ပါတယ္။ အာတီတာလက္ထက္မွာေတာ့ (၄၉)ပြဲကိုင္တြယ္ခဲ့အၿပီး ႏိုင္ပြဲ(၂၁)ပြဲ၊ သေရ(၁၂)ပြဲ၊ ရႈံးပြဲက(၁၆)ပြဲအထိရွိခဲ့သလို တစ္ပြဲပ်မ္းမွ်ရမွတ္(၁.၅၃)မွတ္နဲ႔ အႏိုင္ရာခိုင္ႏႈန္းက (၄၃%)သာရွိခဲ့တာပါ။ အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့တစ္ပတ္က ဝက္စ္ဟမ္းနဲ႔ ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ (၃)ဂိုးျပတ္ရႈံးနိမ့္ၿပီးမွ ေခ်ပဂိုးေတြလိုက္သြင္းၿပီး သေရတစ္မွတ္ရယူႏိုင္ခဲ့တဲ့အျပင္ ပရီးမီးယားလိဂ္ေနာက္ဆုံး(၅)ပြဲမွာ (၂)ပြဲသာအႏိုင္ရခဲ့ပါတယ္။

လက္ရွိရလဒ္ပိုင္းအရ အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အဆင့္(၄)ေနရာေမွ်ာ္လင့္ခ်က္က မျဖစ္ႏိုင္ေတာ့ဘဲ ယူ႐ိုပါလိဂ္မွာ မျဖစ္မေနဗိုလ္စြဲမွသာ ခ်န္ပီယံလိဂ္ဝင္ခြင့္ပိုင္ဆိုင္ႏိုင္မယ့္အေနအထားပါပဲ။ အာဆင္နယ္အသင္းဟာ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္မွာ ဆလားဗီးယားပရာဟာနဲ႔ ဆုံေတြ႕ေနလို႔ ပြဲေခ်ာင္ေနေပမယ့္ ဆီမီးဖိုင္နယ္မွာ ဒိုင္နမိုဇာဂရက္-ဗီလာရီးယဲလ္ပြဲက အႏိုင္ရတဲ့အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္လို႔ နည္းျပေဟာင္းအမ္မရီရဲ႕အသင္းနဲ႔တစ္ေက်ာ့ျပန္ ဆုံေတြ႕ဖို႔ရွိေနပါၿပီ။ အခုေလာေလာဆယ္ အာတီတာရဲ႕အနာဂတ္က လႈပ္ခတ္မႈမရွိေသးေပမယ့္ ရာသီကုန္မွာ ဥေရာပၿပိဳင္ပြဲဝင္ခြင့္မရခဲ့ရင္ေတာ့ နည္းျပရာထူးကို စြန႔္လႊတ္ရဖို႔နီးစပ္ေနၿပီျဖစ္ပါတယ္။