ပရီးမီးယားလိဂ်ဖလား ရယူပြီး ဝေဖန်သူတွေကို ပါးစပ်ပိတ်အောင်လုပ်ပြမယ်လို့ မက်ဂွိုင်းယား ကြုံးဝါး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားက ပရီးမီးယားလိဂ်ဖလား အရယူပြီး ယူနိုက်တက်အသင်းကို မုန်းတီးနေသူတွေရဲ့ ပါးစပ်ကို ပိတ်ပြမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ အခုလောလောဆယ် ထိပ်ဆုံးက မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး (၃)မှတ်အကွာ (၄၄)မှတ်နဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေသလို ၂၀၁၃ ခုနှစ်နောက်ပိုင်းဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်း ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ရဲ့လက်ထက်မှာ ကြီးမားတဲ့အောင်မြင်တွေ ရယူခဲ့ချိန်တုန်းက အသင်းရဲ့အောင်မြင်မှုအပေါ် အားပေးကြတဲ့သူတွေရှိသလို၊ မနာလိုကြတဲ့ပရိသတ်တွေလည်းရှိခဲ့ကြပြီး မက်ဂွိုင်းယားက အသင်းပရိသတ်တွေ ကျေနပ်မှုရဖို့အတွက် ပရီးမီးယားလိဂ်ဖလားကို အသင်းခေါင်းဆောင်အဖြစ် ရယူပေးဖို့ဆန္ဒရှိနေတာပါ။

မက်ဂွိုင်းယားက “ကျွန်တော်တို့အသင်းကို မုန်းတီးကြတဲ့သူတွေရှိတာကို ကြိုက်ပါတယ်။ အဲဒီအတွက်လည်း စိတ်မပူမိပါဘူး။ ယူနိုက်တက်အသင်းနဲ့အတူ ဖလားကိုင်မြှောက်ပြီး ကျွန်တော် ဝမ်းသာအားရဖြစ်နေမှာကို မမြင်ချင်တဲ့သူတွေ အများကြီးရှိနေပါလိမ့်မယ်။ ကျွန်တော်တို့အသင်းဟာ ကမ္ဘာပေါ်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုခံရတာအများဆုံးအသင်းဖြစ်ပါတယ်။

တော်တော်များများကတော့ ယူနိုက်တက်အသင်း အောင်မြင်မှာကို မလိုလားကြပါဘူး။ ကျွန်တော်တို့အသင်း ကျရှုံးတာကိုပဲ မြင်ချင်နေတာဖြစ်ပြီး အဲဒီလိုအနေအထားက ကျွန်တော့်အတွက်တော့ ဘာမှမထူးခြားတော့ပဲ ကျင့်သားရနေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက ဆောက်သမ်တန်အသင်းကို (၉)ဂိုးပြတ်အနိုင်ရခဲ့ပြီး ၁၉၉၅၊ မတ်လမှာ အစ်ဆွစ်ချ်ကို (၉)ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်သမိုင်းဝင်ရလဒ်တစ်ခုကို ပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်ပွဲကနေ လွယ်လွယ်နဲ့ လက်လျှော့ပြီးထွက်သွားမှာမဟုတ်ဘူးဆိုတာ ပြိုင်ဘက်အသင်းတွေကို သတိပေးလိုက်တယ်လို့လည်းပြောရမှာပါ။

ယူနိုက်တက်အသင်းဟာ အခုလာမယ့်စနေနေ့ကျရင် အိမ်ကွင်းမှာ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဓိကပြိုင်ဘက် မန်စီးတီးကတော့ လီဗာပူးလ်နဲ့အဝေးကွင်းပွဲကျပ် ရင်ဆိုင်ရမှာဖြစ်လို့ အမှတ်ကွာဟမှုကို လျှော့ချနိုင်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္ဖလား ရယူၿပီး ေဝဖန္သူေတြကို ပါးစပ္ပိတ္ေအာင္လုပ္ျပမယ္လို႔ မက္ဂြိဳင္းယား ႀကဳံးဝါး

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားက ပရီးမီးယားလိဂ္ဖလား အရယူၿပီး ယူႏိုက္တက္အသင္းကို မုန္းတီးေနသူေတြရဲ႕ ပါးစပ္ကို ပိတ္ျပမယ္လို႔ ႀကဳံးဝါးေျပာဆိုလိုက္ပါတယ္။ ယူႏိုက္တက္အသင္းဟာ အခုေလာေလာဆယ္ ထိပ္ဆုံးက မန္စီးတီးထက္ တစ္ပြဲပိုကစားထားၿပီး (၃)မွတ္အကြာ (၄၄)မွတ္နဲ႔ အဆင့္(၂)ေနရာမွာ ရပ္တည္ေနသလို ၂၀၁၃ ခုႏွစ္ေနာက္ပိုင္းေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ျပန္လည္ရယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္း ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္ရဲ႕လက္ထက္မွာ ႀကီးမားတဲ့ေအာင္ျမင္ေတြ ရယူခဲ့ခ်ိန္တုန္းက အသင္းရဲ႕ေအာင္ျမင္မႈအေပၚ အားေပးၾကတဲ့သူေတြရွိသလို၊ မနာလိုၾကတဲ့ပရိသတ္ေတြလည္းရွိခဲ့ၾကၿပီး မက္ဂြိဳင္းယားက အသင္းပရိသတ္ေတြ ေက်နပ္မႈရဖို႔အတြက္ ပရီးမီးယားလိဂ္ဖလားကို အသင္းေခါင္းေဆာင္အျဖစ္ ရယူေပးဖို႔ဆႏၵရွိေနတာပါ။

မက္ဂြိဳင္းယားက “ကြၽန္ေတာ္တို႔အသင္းကို မုန္းတီးၾကတဲ့သူေတြရွိတာကို ႀကိဳက္ပါတယ္။ အဲဒီအတြက္လည္း စိတ္မပူမိပါဘူး။ ယူႏိုက္တက္အသင္းနဲ႔အတူ ဖလားကိုင္ေျမႇာက္ၿပီး ကြၽန္ေတာ္ ဝမ္းသာအားရျဖစ္ေနမွာကို မျမင္ခ်င္တဲ့သူေတြ အမ်ားႀကီးရွိေနပါလိမ့္မယ္။ ကြၽန္ေတာ္တို႔အသင္းဟာ ကမာၻေပၚမွာ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈခံရတာအမ်ားဆုံးအသင္းျဖစ္ပါတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ယူႏိုက္တက္အသင္း ေအာင္ျမင္မွာကို မလိုလားၾကပါဘူး။ ကြၽန္ေတာ္တို႔အသင္း က်ရႈံးတာကိုပဲ ျမင္ခ်င္ေနတာျဖစ္ၿပီး အဲဒီလိုအေနအထားက ကြၽန္ေတာ့္အတြက္ေတာ့ ဘာမွမထူးျခားေတာ့ပဲ က်င့္သားရေနပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့အဂၤါေန႔တုန္းက ေဆာက္သမ္တန္အသင္းကို (၉)ဂိုးျပတ္အႏိုင္ရခဲ့ၿပီး ၁၉၉၅၊ မတ္လမွာ အစ္ဆြစ္ခ်္ကို (၉)ဂိုးျပတ္အႏိုင္ရခဲ့ၿပီးေနာက္ပိုင္း ပရီးမီးယားလိဂ္သမိုင္းဝင္ရလဒ္တစ္ခုကို ျပန္လည္ပိုင္ဆိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆု စိန္ေခၚပြဲကေန လြယ္လြယ္နဲ႔ လက္ေလွ်ာ့ၿပီးထြက္သြားမွာမဟုတ္ဘူးဆိုတာ ၿပိဳင္ဘက္အသင္းေတြကို သတိေပးလိုက္တယ္လို႔လည္းေျပာရမွာပါ။ ယူႏိုက္တက္အသင္းဟာ အခုလာမယ့္စေနေန႔က်ရင္ အိမ္ကြင္းမွာ အဲဗာတန္နဲ႔ ပရီးမီးယားလိဂ္ပြဲယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အဓိကၿပိဳင္ဘက္ မန္စီးတီးကေတာ့ လီဗာပူးလ္နဲ႔အေဝးကြင္းပြဲက်ပ္ ရင္ဆိုင္ရမွာျဖစ္လို႔ အမွတ္ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္ဖို႔ အခြင့္အေရးေကာင္းတစ္ခုပဲျဖစ္ပါတယ္။