ပရီးမီးယားလိဂ်ဖလားကို လွယ်လွယ်ကူကူနဲ့ ရရှိခဲ့ဖူးတဲ့ အသင်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ပွဲစဉ်(၂၃)ကိုရောက်ရှိလာပြီဖြစ်တာကြောင့် ပြိုင်ပွဲကာလ (၃)ပုံ (၂)ပုံအထိယှဉ်ပြိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခုလောလောဆယ် မန်စီးတီးအသင်းက တစ်ပွဲလျော့ထားပြီး (၂၂)ပွဲကစား ရမှတ်(၅၀)နဲ့ မန်ချက်စတာယူနိုက်တက်ကို (၅)မှတ်၊ လက်စတာကို (၇)မှတ်၊ လီဗာပူးလ်ကို (၁၀)မှတ်အထိဖြတ်နိုင်ခဲ့ပါပြီ။

သင်္ချာနည်းအရ ချန်ပီယံဘယ်အသင်းဖြစ်မလဲဆိုတာ အဖြေမထွက်သေးပေမယ့် လက်ရှိအသင်းရဲ့ခြေစွမ်း၊ အမှတ်ဖြတ်ထားနိုင်မှုအရတော့ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ဖလားကို တစ်ကျော့ပြန်သိမ်းပိုက်နိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ ပြောရမှာပါ။ သူ့အောက်က အသင်းတွေရဲ့ ရလဒ်ပိုင်းမတည်ငြိမ်မှုကြောင့် မန်စီးတီးအသင်း ရာသီမကုန်ခင်မှာပဲ ချန်ပီယံဆုကို လွယ်လွယ်ကူကူ ဆွတ်ခူးနိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ ချန်ပီယံဆုကို အမှတ်ပြတ်နဲ့ ဆွတ်ခူးခဲ့တဲ့ အသင်း(၅)သင်းရှိခဲ့ပြီး အဲဒီအသင်းတွေကတော့ . . . .

Arsenal (2003/04) – Won by 11 points
၂၀၀၃-၀၄ ရာသီကတော့ အာဆင်နယ်အသင်းရဲ့ သမိုင်းမှာ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တဲ့ ရာသီတစ်ခုပါပဲ။ ရှုံးပွဲမရှိ စံချိန်နဲ့ ချန်ပီယံဖြစ်ခဲ့ပြီး ပွဲစဉ်မပြီးခင်မှာပဲ ချန်ပီယံဖြစ်ခဲ့သလို ရာသီကုန်မှာ ဒုတိယနေရာက ချယ်လ်ဆီးအသင်းကို (၁၁)မှတ်အထိ ဖြတ်နိုင်ခဲ့ပါတယ်။

Man United (2012/13) – Won by 11 points
မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန် Alex Ferguson ရဲ့ နည်းပြဘ၀ နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၁၂-၁၃ ရာသီမှာ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရာသီမကုန်ခင်မှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီရာသီမှာ မန်ယူအသင်းကို စတင်ရောက်ရရှိခဲ့တဲ့ တိုက်စစ်မှူး ဗန်ပါစီ Robin van Persie ကလည်း သွင်းဂိုး(၂၆)ဂိုးနဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ပိုင်ဆိုင်ခဲ့တယ်။

Chelsea (2004/05) – Won by 12 points
ချယ်လ်ဆီးအသင်းကို မော်ရင်ဟို Jose Morinho စရောက်ရောက်ချင်းမှာပဲ ပရီးမီးယားလိဂ် ဆုဖလား ရယူပြနိုင်ခဲ့ပါတယ်။ အဲဒီရာသီတုန်းက မော်ရင်ဟိုရဲ့ ချယ်လ်ဆီးအသင်းဟာ တားဆီးလို့ မရနိုင်တဲ့ခြေစွမ်းမျိုး ပြသခဲ့ပြီး နှစ်ပေါင်း(၅၀)ကြာဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ရယူနိုင်ခဲ့တယ်။ ဒါ့အပြင် အဲဒီတုန်းက စံချိန်တင်ရမှတ် (၉၅)မှတ် ရယူခဲ့သလို ပေးဂိုးကလည်း တစ်ရာသီလုံးမှ (၁၅)ဂိုးသာ ရှိခဲ့တယ်။

Man United – 1999/2000 – Won by 18 points

၁၉၉၀ ကျော်ကာလတွေမှာ ပရီးမီးယားလိဂ်ကို လွှမ်းမိုးခဲ့တဲ့ မန်ယူအသင်းအတွက် အဲဒီအချိန်တုန်းက ပရီးမီးယားလိဂ်ဖလားဆိုတာက ရာသီမစတင်ခင်ကတည်းက သေချာနေတဲ့ ဖလားတစ်ခုပါပဲ။ ၁၉၉၉-၀၀ ရာသီမှာ မန်ယူအသင်းဟာ ဒုတိယနေရာက အာဆင်နယ်အသင်းကို (၁၈)မှတ်အထိဖြတ်နိုင်ခဲ့ပြီး သွင်းဂိုးကလည်း (၉၇)အထိ သွင်းယူနိုင်ခဲ့ပါတယ်။

Man City (2017/18) – Won by 19 points
မန်ယူအသင်းရဲ့ ခေတ်လွန်မှာ ပရီးမီးယားလိဂ်ကို လွှမ်းမိုးခဲ့တာက မြို့ခံပြိုင်ဘက် မန်စီးတီးဖြစ်ပါတယ်။ ၂၀၁၇-၁၈ ရာသီမှာ မန်စီးတီးအသင်းဟာ စံချိန်မှတ်တမ်းပေါင်း များစွာနဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့တာဖြစ်ပြီး စံချိန်တင်ရမှတ် (၁၀၀)၊ စံချိန်တင်သွင်းဂိုး အရေအတွက် (၁၀၆)ဂိုးအပြင် ဒုတိယနေရာက မန်ယူကို (၁၉)မှတ်အထိ ပြတ်ပြတ်သားသား ဖြတ်ထားနိုင်ခဲ့လို့ ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယနေရာကအသင်းကို စံချိန်တင် အမှတ်ဖြတ်နိုင်ခဲ့တဲ့ စံချိန်ကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။

Liverpool (2019/20) – Won by 18 Points
၁၉၉၀ နောက်ပိုင်း အမှတ်ပေးဖလားတစ်ခါမှ မရတော့တဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက နှစ်ပေါင်း(၃၀)အကြာမှာ ပထမဆုံး၊ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်စွဲခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒုတိယနေရာက မန်စီးတီးကို (၁၈)မှတ်ပြတ်နဲ့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးခဲ့တဲ့အပြင် စံချိန်မှတ်တမ်းကောင်းတချို့လည်း ပိုင်ဆိုင်ခဲ့ပြီး ရာသီကုန်ဖို့ (၇)ပွဲအလိုမှာကတည်းက ချန်ပီယံဖြစ်ခဲ့လို့ ပရီးမီးယားလိဂ်သမိုင်းမှာ အစောဆုံးချန်ပီယံဖြစ်ခဲ့တဲ့အသင်း၊ အိမ်ကွင်းနိုင်ပွဲဆက်စံချိန် (၂၄ပွဲ -၇ပွဲမှာ ၂၀၁၈-၁၉ ရာသီတွင် အနိုင်ရခဲ့ခြင်းဖြစ်)တွေကိုလည်း ပိုင်ဆိုင်ခဲ့တယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ကိုဗစ်ရောဂါဆိုးစတင်ဖြစ်ပွားနေချိန်မှာ လီဗာပူးလ်အသင်းက အသင်းပရိသတ်တွေအတွက် စိတ်ကျေနပ်စရာအောင်မြင်မှု ရယူပေးနိုင်ခဲ့တယ်လို့ပြောရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္ဖလားကို လြယ္လြယ္ကူကူနဲ႔ ရရွိခဲ့ဖူးတဲ့ အသင္းမ်ား

၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကေတာ့ ပြဲစဥ္(၂၃)ကိုေရာက္ရွိလာၿပီျဖစ္တာေၾကာင့္ ၿပိဳင္ပြဲကာလ (၃)ပုံ (၂)ပုံအထိယွဥ္ၿပိဳင္ခဲ့ၿပီးျဖစ္ပါတယ္။ အခုေလာေလာဆယ္ မန္စီးတီးအသင္းက တစ္ပြဲေလ်ာ့ထားၿပီး (၂၂)ပြဲကစား ရမွတ္(၅၀)နဲ႔ မန္ခ်က္စတာယူႏိုက္တက္ကို (၅)မွတ္၊ လက္စတာကို (၇)မွတ္၊ လီဗာပူးလ္ကို (၁၀)မွတ္အထိျဖတ္ႏိုင္ခဲ့ပါၿပီ။ သခ်ၤာနည္းအရ ခ်န္ပီယံဘယ္အသင္းျဖစ္မလဲဆိုတာ အေျဖမထြက္ေသးေပမယ့္ လက္ရွိအသင္းရဲ႕ေျခစြမ္း၊ အမွတ္ျဖတ္ထားႏိုင္မႈအရေတာ့ မန္စီးတီးအသင္းက ပရီးမီးယားလိဂ္ဖလားကို တစ္ေက်ာ့ျပန္သိမ္းပိုက္ႏိုင္ဖို႔ အေျခအေနေကာင္းေနတယ္လို႔ ေျပာရမွာပါ။ သူ႔ေအာက္က အသင္းေတြရဲ႕ ရလဒ္ပိုင္းမတည္ၿငိမ္မႈေၾကာင့္ မန္စီးတီးအသင္း ရာသီမကုန္ခင္မွာပဲ ခ်န္ပီယံဆုကို လြယ္လြယ္ကူကူ ဆြတ္ခူးႏိုင္မလားဆိုတာကလည္း စိတ္ဝင္စားစရာပါပဲ။ ပရီးမီးယားလိဂ္ သမိုင္းတစ္ေလွ်ာက္မွာ ခ်န္ပီယံဆုကို အမွတ္ျပတ္နဲ႔ ဆြတ္ခူးခဲ့တဲ့ အသင္း(၅)သင္းရွိခဲ့ၿပီး အဲဒီအသင္းေတြကေတာ့ . . . .

Arsenal (2003/04) – Won by 11 points
၂၀၀၃-၀၄ ရာသီကေတာ့ အာဆင္နယ္အသင္းရဲ႕ သမိုင္းမွာ ဘယ္ေတာ့မွ ေမ့လို႔ရမွာ မဟုတ္တဲ့ ရာသီတစ္ခုပါပဲ။ ရႈံးပြဲမရွိ စံခ်ိန္နဲ႔ ခ်န္ပီယံျဖစ္ခဲ့ၿပီး ပြဲစဥ္မၿပီးခင္မွာပဲ ခ်န္ပီယံျဖစ္ခဲ့သလို ရာသီကုန္မွာ ဒုတိယေနရာက ခ်ယ္လ္ဆီးအသင္းကို (၁၁)မွတ္အထိ ျဖတ္ႏိုင္ခဲ့ပါတယ္။

Man United (2012/13) – Won by 11 points
မန္ယူဂႏၴဝင္နည္းျပႀကီး ဖာဂူဆန္ Alex Ferguson ရဲ႕ နည္းျပဘ၀ ေနာက္ဆုံးရာသီျဖစ္တဲ့ ၂၀၁၂-၁၃ ရာသီမွာ မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရာသီမကုန္ခင္မွာ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အဲဒီရာသီမွာ မန္ယူအသင္းကို စတင္ေရာက္ရရွိခဲ့တဲ့ တိုက္စစ္မႉး ဗန္ပါစီ Robin van Persie ကလည္း သြင္းဂိုး(၂၆)ဂိုးနဲ႔ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆု ပိုင္ဆိုင္ခဲ့တယ္။

Chelsea (2004/05) – Won by 12 points

ခ်ယ္လ္ဆီးအသင္းကို ေမာ္ရင္ဟို Jose Morinho စေရာက္ေရာက္ခ်င္းမွာပဲ ပရီးမီးယားလိဂ္ ဆုဖလား ရယူျပႏိုင္ခဲ့ပါတယ္။ အဲဒီရာသီတုန္းက ေမာ္ရင္ဟိုရဲ႕ ခ်ယ္လ္ဆီးအသင္းဟာ တားဆီးလို႔ မရႏိုင္တဲ့ေျခစြမ္းမ်ိဳး ျပသခဲ့ၿပီး ႏွစ္ေပါင္း(၅၀)ၾကာေဝးကြာေနတဲ့ အမွတ္ေပးဖလားကို ရယူႏိုင္ခဲ့တယ္။ ဒါ့အျပင္ အဲဒီတုန္းက စံခ်ိန္တင္ရမွတ္ (၉၅)မွတ္ ရယူခဲ့သလို ေပးဂိုးကလည္း တစ္ရာသီလုံးမွ (၁၅)ဂိုးသာ ရွိခဲ့တယ္။

Man United – 1999/2000 – Won by 18 points
၁၉၉၀ ေက်ာ္ကာလေတြမွာ ပရီးမီးယားလိဂ္ကို လႊမ္းမိုးခဲ့တဲ့ မန္ယူအသင္းအတြက္ အဲဒီအခ်ိန္တုန္းက ပရီးမီးယားလိဂ္ဖလားဆိုတာက ရာသီမစတင္ခင္ကတည္းက ေသခ်ာေနတဲ့ ဖလားတစ္ခုပါပဲ။ ၁၉၉၉-၀၀ ရာသီမွာ မန္ယူအသင္းဟာ ဒုတိယေနရာက အာဆင္နယ္အသင္းကို (၁၈)မွတ္အထိျဖတ္ႏိုင္ခဲ့ၿပီး သြင္းဂိုးကလည္း (၉၇)အထိ သြင္းယူႏိုင္ခဲ့ပါတယ္။

Man City (2017/18) – Won by 19 points
မန္ယူအသင္းရဲ႕ ေခတ္လြန္မွာ ပရီးမီးယားလိဂ္ကို လႊမ္းမိုးခဲ့တာက ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးျဖစ္ပါတယ္။ ၂၀၁၇-၁၈ ရာသီမွာ မန္စီးတီးအသင္းဟာ စံခ်ိန္မွတ္တမ္းေပါင္း မ်ားစြာနဲ႔ ပရီးမီးယားလိဂ္ဖလားကို ရရွိခဲ့တာျဖစ္ၿပီး စံခ်ိန္တင္ရမွတ္ (၁၀၀)၊ စံခ်ိန္တင္သြင္းဂိုး အေရအတြက္ (၁၀၆)ဂိုးအျပင္ ဒုတိယေနရာက မန္ယူကို (၁၉)မွတ္အထိ ျပတ္ျပတ္သားသား ျဖတ္ထားႏိုင္ခဲ့လို႔ ပရီးမီးယားလိဂ္သမိုင္းမွာ ဒုတိယေနရာကအသင္းကို စံခ်ိန္တင္ အမွတ္ျဖတ္ႏိုင္ခဲ့တဲ့ စံခ်ိန္ကိုပါ ပိုင္ဆိုင္ခဲ့ပါတယ္။

Liverpool (2019/20) – Won by 18 Points
၁၉၉၀ ေနာက္ပိုင္း အမွတ္ေပးဖလားတစ္ခါမွ မရေတာ့တဲ့ လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီက ႏွစ္ေပါင္း(၃၀)အၾကာမွာ ပထမဆုံး၊ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ဗိုလ္စြဲခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ဒုတိယေနရာက မန္စီးတီးကို (၁၈)မွတ္ျပတ္နဲ႔ ပရီးမီးယားလိဂ္ဖလား ဆြတ္ခူးခဲ့တဲ့အျပင္ စံခ်ိန္မွတ္တမ္းေကာင္းတခ်ိဳ႕လည္း ပိုင္ဆိုင္ခဲ့ၿပီး ရာသီကုန္ဖို႔ (၇)ပြဲအလိုမွာကတည္းက ခ်န္ပီယံျဖစ္ခဲ့လို႔ ပရီးမီးယားလိဂ္သမိုင္းမွာ အေစာဆုံးခ်န္ပီယံျဖစ္ခဲ့တဲ့အသင္း၊ အိမ္ကြင္းႏိုင္ပြဲဆက္စံခ်ိန္ (၂၄ပြဲ -၇ပြဲမွာ ၂၀၁၈-၁၉ ရာသီတြင္ အႏိုင္ရခဲ့ျခင္းျဖစ္)ေတြကိုလည္း ပိုင္ဆိုင္ခဲ့တယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက ကိုဗစ္ေရာဂါဆိုးစတင္ျဖစ္ပြားေနခ်ိန္မွာ လီဗာပူးလ္အသင္းက အသင္းပရိသတ္ေတြအတြက္ စိတ္ေက်နပ္စရာေအာင္ျမင္မႈ ရယူေပးႏိုင္ခဲ့တယ္လို႔ေျပာရမွာပါ။