
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
‘The Bees’လို့ နာမည်ပြောင်ရထားတဲ့ ဘရန့်ဖို့ဒ်အသင်းကတော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်တန်းတက်ခွင့်ရခဲ့ပြီး တန်းတက်အသင်းလို့မထင်ရလောက်အောင် ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းမှာပါ အားရစရာကောင်းတဲ့စွမ်းဆောင်ရည်နဲ့ရှေ့ဆက်နေပါတယ်။
ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ နာမည်ကြီးအာဆင်နယ်ကို အနိုင်ယူပြပြီးတော့ သူတို့ဟာ ပရီးမီးယားလိဂ်ကို အိမ်ဖြည့်အသင်းလုပ်ဖို့လာတာမဟုတ်ဘူးဆိုတာ ပြသခဲ့သလို
ပြီးခဲ့တဲ့တစ်ပတ်က ချန်ပီယံဟောင်းလီဗာပူးလ်ကို (၃-၃)ဂိုးစီသရေ၊ အခုတစ်ပတ်မှာတော့ အိမ်ကွင်းခြေစွမ်းမာတဲ့ဝက်စ်ဟမ်းအသင်းကို သူတို့ကွင်းမှာပဲ (၂-၁)ဂိုးနဲ့အနိုင်ကစားလိုက်ပြန်ပါပြီ။
အခုပွဲမှာ သူရဲကောင်းထပ်ဖြစ်ခဲ့တာက လီဗာပူးလ်နဲ့သရေကျခဲ့တဲ့ပွဲတုန်းက လူစားဝင်လာပြီးတော့ အရေးပါတဲ့ချေပဂိုးသွင်းယူခဲ့သူ တောင်ပံတိုက်စစ်ကစားသမားဝီဆာပဲဖြစ်ပြီး
(၈၂)မိနစ်မှာလူစားဝင်၊ (၁၂)မိနစ်အကြာမှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့အတွက် ပရီးမီးယားလိဂ်နောက်ဆုံးနှစ်ပွဲမှာ သူ့ကြောင့် ဘရန့်ဖို့ဒ်အသင်း (၄)မှတ်အထိရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် ဘရန့်ဖို့ဒ်အသင်းဟာ ပရီးမီးယားလိဂ်အဝေးကွင်း(၄)ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ (၂)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့လို့ ၂၀၀၈-၀၉ ရာသီက ဟားလ်စီးတီးအသင်းနောက်ပိုင်း တန်းတက်အသင်းတွေထဲမှာ ပရီးမီးယားလိဂ်အဝေးကွင်း(၄)ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းပိုင်ဆိုင်ခဲ့တဲ့အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ဒိန်းမတ်လူမျိုးနည်းပြသောမတ်စ်ဖရန့်ခ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေကို ‘ပျားလိုက်တုပ်’နေတဲ့ ဘရန့်ဖို့ဒ်အသင်းဟာ ပွဲစဉ်(၇)ပွဲကစားပြီးချိန်မှာ ဘရိုက်တန်တစ်သင်းကိုသာ ရှုံးနိမ့်ထားပြီး (၃)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၁၂)မှတ်နဲ့အဆင့်(၇)နေရာအထိ ရောက်ရှိလာပြီဖြစ်ပါတယ်။
အံ့အားသင့်စရာကောင်းတာက လန်ဒန်မြို့ခံကလပ်တစ်သင်းဖြစ်တဲ့ ဘရန့်ဖို့ဒ်အသင်းဟာ မြို့ခံပြိုင်ဘက်အသင်းတွေကို ကောင်းကောင်းနှိပ်ကွပ်နေတာဖြစ်ပြီး အာဆင်နယ်ကို အိမ်ကွင်းမှာအနိုင်၊ ပဲလေ့စ်နဲ့အဝေးကွင်းသရေ၊ အခုဝက်စ်ဟမ်းကို အဝေးကွင်းမှာ အနိုင်ယူလိုက်ပြန်ပါပြီ။
လာမယ့်နိုင်ငံတကာပွဲတွေအပြီးကျရင်လည်း ပွဲစဉ်(၈)အဖြစ်ကစားရမယ့်အသင်းက လန်ဒန်ထိပ်သီးချယ်လ်ဆီးအသင်းနဲ့ဖြစ်တာကြောင့် The Bees တို့ အပြာရောင်ခြင်္သေ့တွေကို ‘ပျားဆိပ်’တက်အောင် လုပ်ပြနိုင်ဦးမလားဆိုတာ စိတ်ဝင်စားရာပါပဲ။
အခုနောက်ပိုင်းနှစ်တွေမှာ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့အသင်းတချို့ဟာ တန်းတက်လာတဲ့ရာသီမှာပဲ ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ရပြီး ရာသီကုန်ကျရင် တန်းပြန်ဆင်းရလေ့ရှိပေမယ့်
ဘရန့်ဖို့ဒ်ကတော့ အခုခြေစွမ်းနဲ့ရလဒ်ပိုင်းအရ ပရီးမီးယားလိဂ်မှာ အလယ်အလတ်အဆင့်တစ်ခုရဖို့ မျှော်လင့်နိုင်တဲ့အနေအထားဖြစ်နေပါပြီ။
ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲဆက်ရှုံးပွဲမရှိဘဲ (၃)ပွဲအထိအနိုင်ရခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းဟာ မကြာသေးခင်က မြန်မာနိုင်ငံအတွက် ဆုတောင်းပေးခဲ့တဲ့အသင်းဖြစ်တာကြောင့် သူတို့အသင်း ရလဒ်ကောင်းတွေဆက်လက်ပိုင်ဆိုင်နိုင်အောင် မြန်မာ့ဘောလုံးပရိသတ်တွေကလည်း ပြန်ပြီးဆုတောင်းပေးလိုက်ရအောင်လား . . .
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ပရီးမီးယားလိဂ္ပြဲဦးထြက္ရာသီမွာ မထင္မွတ္တာေတြလုပ္ျပေနၿပီး အဆင့္(၇)ေနရာတက္လွမ္းလာတဲ့ ဘရန႔္ဖို႔ဒ္
‘The Bees’လို႔ နာမည္ေျပာင္ရထားတဲ့ ဘရန႔္ဖို႔ဒ္အသင္းကေတာ့ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ပရီးမီးယားလိဂ္တန္းတက္ခြင့္ရခဲ့ၿပီး တန္းတက္အသင္းလို႔မထင္ရေလာက္ေအာင္ ေျခစြမ္းပိုင္းေရာ၊ ရလဒ္ပိုင္းမွာပါ အားရစရာေကာင္းတဲ့စြမ္းေဆာင္ရည္နဲ႔ေရွ႕ဆက္ေနပါတယ္။ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲမွာ နာမည္ႀကီးအာဆင္နယ္ကို အႏိုင္ယူျပၿပီးေတာ့ သူတို႔ဟာ ပရီးမီးယားလိဂ္ကို အိမ္ျဖည့္အသင္းလုပ္ဖို႔လာတာမဟုတ္ဘူးဆိုတာ ျပသခဲ့သလို ၿပီးခဲ့တဲ့တစ္ပတ္က ခ်န္ပီယံေဟာင္းလီဗာပူးလ္ကို (၃-၃)ဂိုးစီသေရ၊ အခုတစ္ပတ္မွာေတာ့ အိမ္ကြင္းေျခစြမ္းမာတဲ့ဝက္စ္ဟမ္းအသင္းကို သူတို႔ကြင္းမွာပဲ (၂-၁)ဂိုးနဲ႔အႏိုင္ကစားလိုက္ျပန္ပါၿပီ။
အခုပြဲမွာ သူရဲေကာင္းထပ္ျဖစ္ခဲ့တာက လီဗာပူးလ္နဲ႔သေရက်ခဲ့တဲ့ပြဲတုန္းက လူစားဝင္လာၿပီးေတာ့ အေရးပါတဲ့ေခ်ပဂိုးသြင္းယူခဲ့သူ ေတာင္ပံတိုက္စစ္ကစားသမားဝီဆာပဲျဖစ္ၿပီး (၈၂)မိနစ္မွာလူစားဝင္၊ (၁၂)မိနစ္အၾကာမွာ အႏိုင္ဂိုးသြင္းယူခဲ့တဲ့အတြက္ ပရီးမီးယားလိဂ္ေနာက္ဆုံးႏွစ္ပြဲမွာ သူ႔ေၾကာင့္ ဘရန႔္ဖို႔ဒ္အသင္း (၄)မွတ္အထိရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ ဘရန႔္ဖို႔ဒ္အသင္းဟာ ပရီးမီးယားလိဂ္အေဝးကြင္း(၄)ပြဲဆက္တိုက္ရႈံးပြဲမရွိခဲ့ဘဲ (၂)ပြဲႏိုင္၊ (၂)ပြဲသေရက်ခဲ့လို႔ ၂၀၀၈-၀၉ ရာသီက ဟားလ္စီးတီးအသင္းေနာက္ပိုင္း တန္းတက္အသင္းေတြထဲမွာ ပရီးမီးယားလိဂ္အေဝးကြင္း(၄)ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းပိုင္ဆိုင္ခဲ့တဲ့အသင္းအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။
ဒိန္းမတ္လူမ်ိဳးနည္းျပေသာမတ္စ္ဖရန႔္ခ္ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းေတြကို ‘ပ်ားလိုက္တုပ္’ေနတဲ့ ဘရန႔္ဖို႔ဒ္အသင္းဟာ ပြဲစဥ္(၇)ပြဲကစားၿပီးခ်ိန္မွာ ဘ႐ိုက္တန္တစ္သင္းကိုသာ ရႈံးနိမ့္ထားၿပီး (၃)ပြဲႏိုင္၊ (၃)ပြဲသေရ၊ (၁၂)မွတ္နဲ႔အဆင့္(၇)ေနရာအထိ ေရာက္ရွိလာၿပီျဖစ္ပါတယ္။ အံ့အားသင့္စရာေကာင္းတာက လန္ဒန္ၿမိဳ႕ခံကလပ္တစ္သင္းျဖစ္တဲ့ ဘရန႔္ဖို႔ဒ္အသင္းဟာ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းေတြကို ေကာင္းေကာင္းႏွိပ္ကြပ္ေနတာျဖစ္ၿပီး အာဆင္နယ္ကို အိမ္ကြင္းမွာအႏိုင္၊ ပဲေလ့စ္နဲ႔အေဝးကြင္းသေရ၊ အခုဝက္စ္ဟမ္းကို အေဝးကြင္းမွာ အႏိုင္ယူလိုက္ျပန္ပါၿပီ။
လာမယ့္ႏိုင္ငံတကာပြဲေတြအၿပီးက်ရင္လည္း ပြဲစဥ္(၈)အျဖစ္ကစားရမယ့္အသင္းက လန္ဒန္ထိပ္သီးခ်ယ္လ္ဆီးအသင္းနဲ႔ျဖစ္တာေၾကာင့္ The Bees တို႔ အျပာေရာင္ျခေသၤ့ေတြကို ‘ပ်ားဆိပ္’တက္ေအာင္ လုပ္ျပႏိုင္ဦးမလားဆိုတာ စိတ္ဝင္စားရာပါပဲ။ အခုေနာက္ပိုင္းႏွစ္ေတြမွာ ပရီးမီးယားလိဂ္ကို တန္းတက္လာတဲ့အသင္းတခ်ိဳ႕ဟာ တန္းတက္လာတဲ့ရာသီမွာပဲ ရလဒ္ဆိုးေတြနဲ႔ရင္ဆိုင္ရၿပီး ရာသီကုန္က်ရင္ တန္းျပန္ဆင္းရေလ့ရွိေပမယ့္ ဘရန႔္ဖို႔ဒ္ကေတာ့ အခုေျခစြမ္းနဲ႔ရလဒ္ပိုင္းအရ ပရီးမီးယားလိဂ္မွာ အလယ္အလတ္အဆင့္တစ္ခုရဖို႔ ေမွ်ာ္လင့္ႏိုင္တဲ့အေနအထားျဖစ္ေနပါၿပီ။
ၿပိဳင္ပြဲစုံေနာက္ဆုံး(၄)ပြဲဆက္ရႈံးပြဲမရွိဘဲ (၃)ပြဲအထိအႏိုင္ရခဲ့တဲ့ ဘရန႔္ဖို႔ဒ္အသင္းဟာ မၾကာေသးခင္က ျမန္မာႏိုင္ငံအတြက္ ဆုေတာင္းေပးခဲ့တဲ့အသင္းျဖစ္တာေၾကာင့္ သူတို႔အသင္း ရလဒ္ေကာင္းေတြဆက္လက္ပိုင္ဆိုင္ႏိုင္ေအာင္ ျမန္မာ့ေဘာလုံးပရိသတ္ေတြကလည္း ျပန္ၿပီးဆုေတာင္းေပးလိုက္ရေအာင္လား . . .