ပရီးမီးယားလိဂ်ပွဲစဉ် (၂)၊ စူပါဆန်းဒေးပွဲစဉ်များ ပွဲကြိုခန့်မှန်းချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဆောက်သမ်တန် – တော့တင်ဟမ် (ညနေ ၅း၃၀)

ဒီနှစ်သင်း ရင်ဆိုင်ခဲ့တဲ့ပြိုင်ပွဲစုံနောက်ဆုံး ၁၁ပွဲအနက် နှစ်သင်းစလုံး ဂိုးသွင်းနိုင်တာ ၁၀ပွဲအထိရှိခဲ့ပြီး ဆောက်သမ်တန်က စပါးနဲ့ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံးအိမ်ကွင်း ၄ပွဲဆက် ရှုံးပွဲမရှိကစားထားပါတယ်။ ဆောက်သမ်တန်က မနှစ်ကလိုပဲ ဒီနှစ်မှာလည်း တာထွက်နှေးနေပြီး ဒဏ်ရာရများနေတဲ့ ပဲလေ့စ်ကို ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့သလို ကြားရက်မှာလည်း ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့ဒ်ကို အရေးနိမ့်ကာ ကာရာဘောင်ဖလားကနေ စောစောစီးစီးထွက်ခဲ့ရပါတယ်။

စပါးကလည်း အခြေအနေသိပ်မကောင်းဘဲ ရာသီအဖွင့်မှာ အဲဗာတန်ကို အရေးနိမ့်ခဲ့ရပြီး ယူရိုပါလိဂ်မှာလည်း အသင်းငယ်လေး ပလော့ဗ်ဒစ်ဗ်ကို နောက်ကျသွင်းဂိုးတွေကြောင့်သာ အရေးမနိမ့်ခဲ့ရတာပါ။ စပါးက မူလဖွင့်လှစ်မှု -၃၅ ကနေ -၅၀ ဖြစ်လာပြီး ဂိုးပေါင်းကလည်း ၂-၈၀ ကနေ ၂-၉၀ ဖြစ်လာပါတယ်။ ဆောက်သမ်တန်ဘော်ဒီကို ဂိုးပေါ်နဲ့တွဲရွေးထားချင်ပါတယ်။

နယူးကာဆယ် – ဘရိုက်တန် (ည ရး၃၀)

နယူးကာဆယ်က ရာသီအဖွင့်မှာ ဝက်စ်ဟမ်းကို လန်ဒန်မှာ ဂိုးပြတ်အနိုင်ရခဲ့သလို ကာရာဘောင်မှာလည်း အသင်းနိုင်၊ ကြေးအောင်ကစားထားပါတယ်။ ဒီလိုအချိန်မှာ ဘရိုက်တန်ကတော့ အဖွင့်ပွဲမှာ ချဲလ်ဆီးကို ဂိုးပြတ်အရေးနိမ့်ထားပါတယ်။

ဒီလိုအနေအထားမှာ နယူးကာဆယ်ရဲ့အကျောပေးမှုက -၄၀ ကနေ -၁၅ ဖြစ်လာပြီး အမှန်တကယ်ဆို -၆၀ လောက်အထိ အကျောပေးသင့်တာပါ။ မဖြစ်သင့်တဲ့အကျောပေးမှုမှာ ဘရိုက်တန်ဘော်ဒီကိုပဲ အကြိုက်တွေ့နေမိပါတယ်။

ချဲလ်ဆီး – လီဗာပူး (ည ၁၀း၀၀)

ဒီနှစ်သင်း တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၄ပွဲအနက် ၃ပွဲ ဂိုးပေါ်ထားပြီး လီဗာပူးက ပြိုင်ပွဲအသွင်နောက်ဆုံး ၁၆ပွဲအနက် ၅၀%ပွဲပဲ အနိုင်ရခဲ့ပေမယ့် ချဲလ်ဆီးကတော့ ပြည်တွင်းအိမ်ကွင်း နောက်ဆုံး ၇ပွဲဆက်အနိုင်ရထားပါတယ်။

ဒါပေမဲ့ ဘရိုက်တန်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ချဲလ်ဆီးရဲ့ကစားပုံ လိုအပ်ချက်တွေရှိနေဆဲဖြစ်ပြီး လီဗာပူးကလည်း ခံစစ်ပိုင်း ပေါက်ထွက်နေပါတယ်။ လီဗာပူးဟာ ရာသီအဖွင့်မှာ တန်းတက်လိဒ်ယူနိုက်တက်ကို ၃ဂိုးအထိ ပေးခဲ့ရသလို နောက်ဆုံး ၁၆ပွဲမှာလည်း ခံစစ်က ၂ပွဲပဲပေးဂိုးမရှိကစားထားပါတယ်။ ဒီနှစ်သင်း ဇူလိုင်လတုန်းက အန်ဖီးလ်မှာရင်ဆိုင်ခဲ့တုန်းကလည်း ၅-၃ ဂိုးနဲ့ လီဗာပူးအသင်း အနိုင်ရခဲ့ပြီး ဂိုးတွေပေါ်ခဲ့တာ မြင်လို့တောင်မကောင်းပါဘူး။

အခုလည်း ဂိုးပေါင်းကြေးက ဝင်ရိုးပြောင်းသွားတဲ့အထိ ကြေးပြင်းလာပါတယ်။ ဒါပေမဲ့ အစဉ်အလာပိုင်းအရ ဂိုးပေါ်လေ့ရှိလာတာကြောင့် ဒီပွဲမှာလည်း ဂိုးပေါ်တစ်ကွက်တည်း ကစားသင့်ပါတယ်။
လက်စတာ – ဘန်လေ (ည ၁၂း၃၀)

ဘန်လေက လက်စတာနဲ့ရင်ဆိုင်ခဲ့တဲ့နောက်ဆုံး ၅ပွဲမှာ ၃ပွဲ ရှုံးပွဲမရှိခဲ့သလို ပရီးမီးယားလိဂ်နောက်ဆုံး ၈ပွဲမှာလည်း ၁ပွဲပဲအရေးနိမ့်ခဲ့ပါတယ်။ လက်စတာကလည်း အိမ်ကွင်းနောက်ဆုံး ၁၅ပွဲအနက် ၆ပွဲပဲအနိုင်ရထားပေမယ့် အဖွင့်ပွဲမှာတော့ ဝက်စ်ဘရွန်းကိုဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ဒီလိုအနေအထားမှာ လက်စတာရဲ့အကျောပေးမှု ၁+၃၅ ကနေ ၁+၂၅ ဖြစ်လာပြီး ဂိုးပေါင်းကြေးက ၂-၉၀ ကနေ ၂-၈၀ ဖြစ်လာပါတယ်။ ဘော်ဒီကြေးက ပြောစရာသိပ်မရှိပေမယ့် ဂိုးအောက်ကစားလေ့ရှိတဲ့အသင်းနှစ်သင်းရဲ့အားပြိုင်မှုမှာ ၂-၈၀ ဆိုတဲ့ ဂိုးပေါင်းဖွင့်လှစ်မှုက နည်းနည်းပြင်းတယ်လို့ ထင်ပါတယ်။ ဂိုးပေါ်ပဲ ကြိုက်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi











လက်စတာ – ဘန်လေ (ည ၁၂း၃၀)

