ပရီးမီးယားလိဂ်ပွဲစဉ် (၁)၊ စူပါဆန်းဒေး ပွဲကြိုခန့်မှန်းချက်

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဝက်စ်ဘရွန်း – လက်စတာ (ည ရး၃၀)

ဝက်စ်ဘရွန်းဟာ ချန်ပီယံရှစ်မှာ ၂နှစ်ကြာကစားခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို ပြန်လည်တက်ရောက်နိုင်ခဲ့တာဖြစ်ပေမယ့် နည်းပြဘီလစ်ရဲ့အသင်းက တန်းပြန်ဆင်းရဖို့ ဘွတ်ကီတွေရဲ့ အလေးပေးမှုမှာ ဒုတိယနေရာ ရောက်နေပါတယ်။ ဝက်စ်ဘရွန်းဟာ ပြီးခဲ့တဲ့ရာသီက တိုက်ရိုက်တန်းတက်လာတာဖြစ်ပေမယ့် ရာသီပိတ် ၁၁ ပွဲမှာ ၃ပွဲပဲအနိုင်ရခဲ့ပြီး အဓိကပြိုင်ဘက် ဘရန့်ဖို့ဒ်ကပါ ခြေပျက်သွားလို့ ဒုတိယနေရာနဲ့ တိုက်ရိုက်တန်းတက်ခွင့်ရခဲ့တာပါ။

Photo Credit

လက်စတာကလည်း ရာသီပိတ်ပွဲမှာ ယူနိုက်တက်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရပြီး တစ်ရာသီလုံး ပုံစံကောင်းရရှိခဲ့ရာကနေ ရာသီပိတ် ၁၇ပွဲမှာ ၄ပွဲပဲ အနိုင်ရခဲ့တဲ့အထိ ခြေစွမ်းကျဆင်းသွားလို့ ချန်ပီယံဆုစိန်ခေါ်နိုင်တဲ့အဆင့်ကနေ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ဆုံးရှုံးခဲ့ရတာပါ။ အဓိကဘယ်နောက်ခံလူ ချီဝဲလ်ကို ချဲလ်ဆီးအသင်းဆီ ဆုံးရှုံးထားရပေမယ့် အတ္တလန္တာကနေ ကာစတက်နီကို ပြန်လည်အားဖြည့်ထားပါတယ်။

Photo Credit

လက်စတာဟာ ပြီးခဲ့တဲ့ရာသီက တန်းတက်အသင်းတွေနဲ့ ၆ပွဲကစားခဲ့ရာမှာ ၁၃ မှတ်ရယူနိုင်ခဲ့ပြီး ရာသီအဖွင့် ၁၇ပွဲမှာလည်း ၂ပွဲပဲ အရေးနိမ့်ခဲ့ပါတယ်။ လက်စတာဘော်ဒီက ရွေးချယ်ချင်စရာကောင်းပေမယ့် ဂိုးအောက်က ပိုကောင်းမယ်ထင်ပါတယ်။

Photo Credit

စပါး – အဲဗာတန် (ည ၁၀း၀၀)

စပါးနည်းပြ မော်ရင်ညိုအတွက် ပထမဆုံးရာသီအပြည့်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားရမှာဖြစ်ပြီး နွေရာသီအတွင်း ခံစစ်ပိုင်းကို အဓိကထားပြင်ဆင်နေတဲ့အနက် ဝုဗ်နောက်ခံလူ ဒိုဟာတီ၊ ဆောက်သမ်တန်ကွင်းလယ်လူ ဟိုဂျက်နဲ့ အင်္ဂလန်ဂိုးသမားဟောင်း ဂျိုးဟတ်တို့ကို ခေါ်ယူထားပါတယ်။

Photo Credit

အဲဗာတန်ကလည်း ဒီနွေရာသီမှာ အသင်းကို အထူးပြုပြင်ထားပြီး အထူးသဖြင့် ကွင်းလယ်မှာ အယ်လန်(နာပိုလီ)၊ ဒူကိုရေး(ဝက်ဖို့ဒ်)နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်(ရီးရဲလ်)တို့ကို ခေါ်ယူထားပါတယ်။ မော်ရင်ညိုက ခံစစ်အားပြုနည်းပြဖြစ်ပေမယ့် စပါးကတော့ လိဂ်နောက်ဆုံး ၁၃ပွဲမှာ ၉ပွဲအထိ ဂိုးပေးထားရပါတယ်။

Photo Credit

အဲဗာတန်ရဲ့ လိဂ်နောက်ဆုံး ၁၆ပွဲအနက် နှစ်သင်းစလုံး ဂိုးသွင်းနိုင်တာ ၁၀ပွဲအထိရှိပြီး ကွင်းလယ်ပိုင်းကလည်း ခြေစွမ်းပြဖို့ အသင့်ရှိနေပါတယ်။ နှစ်သင်းစလုံး တိုက်စစ်အပြိုင် ဖွင့်ကစားလာနိုင်လို့ ဂိုးအပေါ်တစ်ကွက်တည်း ကြိုက်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ပရီးမီးယားလိဂ္ပြဲစဥ္ (၁)၊ စူပါဆန္းေဒး ပြဲႀကိဳခန္႔မွန္းခ်က္

၀က္စ္ဘရြန္း – လက္စတာ (ည ၇း၃၀)

၀က္စ္ဘရြန္းဟာ ခ်န္ပီယံရွစ္မွာ ၂ႏွစ္ၾကာကစားခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ကို ျပန္လည္တက္ေရာက္ႏိုင္ခဲ့တာျဖစ္ေပမယ့္ နည္းျပဘီလစ္ရဲ႕အသင္းက တန္းျပန္ဆင္းရဖုိ႔ ဘြတ္ကီေတြရဲ႕ အေလးေပးမႈမွာ ဒုတိယေနရာ ေရာက္ေနပါတယ္။ ၀က္စ္ဘရြန္းဟာ ၿပီးခဲ့တဲ့ရာသီက တိုက္႐ိုက္တန္းတက္လာတာျဖစ္ေပမယ့္ ရာသီပိတ္ ၁၁ ပြဲမွာ ၃ပြဲပဲအႏိုင္ရခဲ့ၿပီး အဓိကၿပိဳင္ဘက္ ဘရန္႔ဖုိ႔ဒ္ကပါ ေျခပ်က္သြားလုိ႔ ဒုတိယေနရာနဲ႔ တုိက္႐ိုက္တန္းတက္ခြင့္ရခဲ့တာပါ။

လက္စတာကလည္း ရာသီပိတ္ပြဲမွာ ယူႏုိက္တက္ကို အေရးနိမ့္ကာ ခ်န္ပီယံလိဂ္၀င္ခြင့္ ဆုံး႐ံႈးခဲ့ရၿပီး တစ္ရာသီလုံး ပုံစံေကာင္းရရွိခဲ့ရာကေန ရာသီပိတ္ ၁၇ပြဲမွာ ၄ပြဲပဲ အႏိုင္ရခဲ့တဲ့အထိ ေျခစြမ္းက်ဆင္းသြားလုိ႔ ခ်န္ပီယံဆုစိန္ေခၚႏုိင္တဲ့အဆင့္ကေန ခ်န္ပီယံလိဂ္၀င္ခြင့္ပါ ဆုံး႐ံႈးခဲ့ရတာပါ။ အဓိကဘယ္ေနာက္ခံလူ ခ်ီ၀ဲလ္ကို ခ်ဲလ္ဆီးအသင္းဆီ ဆုံး႐ံႈးထားရေပမယ့္ အတၱလႏၱာကေန ကာစတက္နီကို ျပန္လည္အားျဖည့္ထားပါတယ္။

လက္စတာဟာ ၿပီးခဲ့တဲ့ရာသီက တန္းတက္အသင္းေတြနဲ႔ ၆ပြဲကစားခဲ့ရာမွာ ၁၃ မွတ္ရယူႏုိင္ခဲ့ၿပီး ရာသီအဖြင့္ ၁၇ပြဲမွာလည္း ၂ပြဲပဲ အေရးနိမ့္ခဲ့ပါတယ္။ လက္စတာေဘာ္ဒီက ေရြးခ်ယ္ခ်င္စရာေကာင္းေပမယ့္ ဂိုးေအာက္က ပိုေကာင္းမယ္ထင္ပါတယ္။

စပါး – အဲဗာတန္ (ည ၁၀း၀၀)

စပါးနည္းျပ ေမာ္ရင္ညိဳအတြက္ ပထမဆုံးရာသီအျပည့္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ႀကိဳးစားရမွာျဖစ္ၿပီး ေႏြရာသီအတြင္း ခံစစ္ပိုင္းကို အဓိကထားျပင္ဆင္ေနတဲ့အနက္ ၀ုဗ္ေနာက္ခံလူ ဒုိဟာတီ၊ ေဆာက္သမ္တန္ကြင္းလယ္လူ ဟုိဂ်က္နဲ႔ အဂၤလန္ဂိုးသမားေဟာင္း ဂ်ိဳးဟတ္တုိ႔ကို ေခၚယူထားပါတယ္။

အဲဗာတန္ကလည္း ဒီေႏြရာသီမွာ အသင္းကို အထူးျပဳျပင္ထားၿပီး အထူးသျဖင့္ ကြင္းလယ္မွာ အယ္လန္(နာပိုလီ)၊ ဒူကုိေရး(၀က္ဖုိ႔ဒ္)နဲ႔ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္(ရီးရဲလ္)တုိ႔ကို ေခၚယူထားပါတယ္။ ေမာ္ရင္ညိဳက ခံစစ္အားျပဳနည္းျပျဖစ္ေပမယ့္ စပါးကေတာ့ လိဂ္ေနာက္ဆုံး ၁၃ပဲြမွာ ၉ပြဲအထိ ဂိုးေပးထားရပါတယ္။

အဲဗာတန္ရဲ႕ လိဂ္ေနာက္ဆုံး ၁၆ပြဲအနက္ ႏွစ္သင္းစလုံး ဂိုးသြင္းႏုိင္တာ ၁၀ပြဲအထိရွိၿပီး ကြင္းလယ္ပိုင္းကလည္း ေျခစြမ္းျပဖုိ႔ အသင့္ရွိေနပါတယ္။ ႏွစ္သင္းစလုံး တုိက္စစ္အၿပိဳင္ ဖြင့္ကစားလာႏုိင္လုိ႔ ဂိုးအေပၚတစ္ကြက္တည္း ႀကိဳက္ပါတယ္။