ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာသီမကုန်ခင်မှာပဲ အစောဆုံးတန်းဆင်းခဲ့ရတဲ့အသင်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနေ့မနက်အစောပိုင်းတုန်းက ဝုလ်ဗ်အသင်းနဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့လို့ ရာသီကုန်ဖို့(၆)ပွဲအလိုမှာပဲ တန်းဆင်းရဖို့သေချာသွားပြီဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ စံချိန်မှတ်တမ်းဆိုးတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ရပါပြီ။ ဝုလ်ဗ်အသင်းနဲ့ပွဲမှာ တစ်လုံးတည်းသောဂိုးကို ဝီလီယံဟိုဆေးက သွင်းယူခဲ့ပြီး ရှက်ဖီးယူနိုက်တက်အသင်းအနေနဲ့ (၂)ရာသီကြာကျင်လည်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို လက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။

ဒါ့အပြင် ရှက်ဖီးယူနိုက်တက်အသင်းဟာ ရာသီကုန်ဖို့(၆)ပွဲအလိုမှာပဲ တန်းဆင်းခဲ့ရတာကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အစောဆုံးတန်းဆင်းခဲ့ရတဲ့ စတုတ္ထမြောက်အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက်မတိုင်ခင်က အစ်ဆွစ်ချ်၊ ဒါဘီ၊ ဟတ်ဒါဖီးလ်စတဲ့အသင်းတွေဟာလည်း ရာသီမကုန်ခင်မှာပဲ အစောဆုံးတန်းဆင်းဖို့သေချာခဲ့တဲ့အသင်းတွေအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

အစ်ဆွစ်ချ်အသင်းဟာ ၁၉၉၄-၉၅ ရာသီတုန်းက ပေးဂိုး(၉၃)ဂိုးအထိရှိခဲ့သလို ပရီးမီးယားလိဂ်ကို တန်းတက်ပြီး (၃)ရာသီအကြာမှာပဲ တန်းဆင်းခဲ့ရတာပါ။

ဒါဘီအသင်းကတော့ ၂၀၀၇-၀၈ ရာသီတုန်းက တစ်ရာသီလုံးမှာ တစ်ပွဲသာအနိုင်ရခဲ့ပြီး မတ်လမတိုင်ခင်မှာပဲ ပရီးမီးယားလိဂ်ကနေ တန်းဆင်းဖို့သေချာသွားခဲ့ပါတယ်။

၂၀၁၈-၁၉ ရာသီမှာ တန်းဆင်းခဲ့ရတဲ့ ဟတ်ဒါဖီးလ်အသင်းဟာ တစ်ရာသီလုံးမှာ နိုင်ပွဲ(၃)ပွဲသာရခဲ့ပြီး စုစုပေါင်းရမှတ်(၁၆)မှတ်နဲ့တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။

ဒီရာသီမှာတော့ ရှက်ဖီးယူနိုက်တက်အသင်းကလည်း (၃၂)ပွဲကစား၊ (၄)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂၆)ပွဲရှုံး၊ ရမှတ်(၁၄)မှတ်နဲ့ တန်းဆင်းဖို့သေချာသွားပြီဖြစ်သလို သူတို့ရဲ့ ယော့ခ်ရှိုင်းယား(Yorkshire)မြို့ခံပြိုင်ဘက် ဟတ်ဒါဖီးလ်အသင်းလို (၁၆)မှတ်နဲ့တန်းမဆင်းရဖို့အတွက် လက်ကျန်(၆)ပွဲမှာ(၃)မှတ်ရယူဖို့ လိုအပ်နေပါပြီ။

ဒီရာသီမတိုင်ခင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၉)နေရာရပ်တည်ခဲ့ပြီးမှ နောက်ရာသီမှာ တန်းဆင်းခဲ့ရတာက ဘာမင်ဂမ်တစ်သင်းသာရှိပြီး ၂၀၀၉-၁၀ ရာသီကုန်မှာ အဆင့်(၉)ရခဲ့ပေမယ့် နောက်ရာသီမှာတန်းဆင်းခဲ့ရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဘာမင်ဂမ်အသင်းလိုပဲ ရှက်ဖီးယူနိုက်တက်က စွမ်းဆောင်ပြခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အဆင့်(၉)ရခဲ့ပေမယ့် ဒီရာသီမှာတော့ တန်းဆင်းခဲ့ရပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ရာသီမကုန္ခင္မွာပဲ အေစာဆုံးတန္းဆင္းခဲ့ရတဲ့အသင္းမ်ား

ဒီေန႔မနက္အေစာပိုင္းတုန္းက ဝုလ္ဗ္အသင္းနဲ႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့လို႔ ရာသီကုန္ဖို႔(၆)ပြဲအလိုမွာပဲ တန္းဆင္းရဖို႔ေသခ်ာသြားၿပီျဖစ္တဲ့ ရွက္ဖီးယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ စံခ်ိန္မွတ္တမ္းဆိုးတစ္ခုကိုလည္း ပိုင္ဆိုင္ခဲ့ရပါၿပီ။ ဝုလ္ဗ္အသင္းနဲ႔ပြဲမွာ တစ္လုံးတည္းေသာဂိုးကို ဝီလီယံဟိုေဆးက သြင္းယူခဲ့ၿပီး ရွက္ဖီးယူႏိုက္တက္အသင္းအေနနဲ႔ (၂)ရာသီၾကာက်င္လည္ခဲ့ရတဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို လက္ျပႏႈတ္ဆက္လိုက္ရၿပီျဖစ္ပါတယ္။ ဒါ့အျပင္ ရွက္ဖီးယူႏိုက္တက္အသင္းဟာ ရာသီကုန္ဖို႔(၆)ပြဲအလိုမွာပဲ တန္းဆင္းခဲ့ရတာေၾကာင့္ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အေစာဆုံးတန္းဆင္းခဲ့ရတဲ့ စတုတၳေျမာက္အသင္းအျဖစ္မွတ္တမ္းဝင္ခဲ့ၿပီလည္းျဖစ္ပါတယ္။

ရွက္ဖီးယူႏိုက္တက္မတိုင္ခင္က အစ္ဆြစ္ခ်္၊ ဒါဘီ၊ ဟတ္ဒါဖီးလ္စတဲ့အသင္းေတြဟာလည္း ရာသီမကုန္ခင္မွာပဲ အေစာဆုံးတန္းဆင္းဖို႔ေသခ်ာခဲ့တဲ့အသင္းေတြအျဖစ္ မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။ အစ္ဆြစ္ခ်္အသင္းဟာ ၁၉၉၄-၉၅ ရာသီတုန္းက ေပးဂိုး(၉၃)ဂိုးအထိရွိခဲ့သလို ပရီးမီးယားလိဂ္ကို တန္းတက္ၿပီး (၃)ရာသီအၾကာမွာပဲ တန္းဆင္းခဲ့ရတာပါ။ ဒါဘီအသင္းကေတာ့ ၂၀၀၇-၀၈ ရာသီတုန္းက တစ္ရာသီလုံးမွာ တစ္ပြဲသာအႏိုင္ရခဲ့ၿပီး မတ္လမတိုင္ခင္မွာပဲ ပရီးမီးယားလိဂ္ကေန တန္းဆင္းဖို႔ေသခ်ာသြားခဲ့ပါတယ္။ ၂၀၁၈-၁၉ ရာသီမွာ တန္းဆင္းခဲ့ရတဲ့ ဟတ္ဒါဖီးလ္အသင္းဟာ တစ္ရာသီလုံးမွာ ႏိုင္ပြဲ(၃)ပြဲသာရခဲ့ၿပီး စုစုေပါင္းရမွတ္(၁၆)မွတ္နဲ႔တန္းဆင္းခဲ့ရတာျဖစ္ပါတယ္။ ဒီရာသီမွာေတာ့ ရွက္ဖီးယူႏိုက္တက္အသင္းကလည္း (၃၂)ပြဲကစား၊ (၄)ပြဲႏိုင္၊ (၂)ပြဲသေရ၊ (၂၆)ပြဲရႈံး၊ ရမွတ္(၁၄)မွတ္နဲ႔ တန္းဆင္းဖို႔ေသခ်ာသြားၿပီျဖစ္သလို သူတို႔ရဲ႕ ေယာ့ခ္ရႈိင္းယား(Yorkshire)ၿမိဳ႕ခံၿပိဳင္ဘက္ ဟတ္ဒါဖီးလ္အသင္းလို (၁၆)မွတ္နဲ႔တန္းမဆင္းရဖို႔အတြက္ လက္က်န္(၆)ပြဲမွာ(၃)မွတ္ရယူဖို႔ လိုအပ္ေနပါၿပီ။

ဒီရာသီမတိုင္ခင္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အဆင့္(၉)ေနရာရပ္တည္ခဲ့ၿပီးမွ ေနာက္ရာသီမွာ တန္းဆင္းခဲ့ရတာက ဘာမင္ဂမ္တစ္သင္းသာရွိၿပီး ၂၀၀၉-၁၀ ရာသီကုန္မွာ အဆင့္(၉)ရခဲ့ေပမယ့္ ေနာက္ရာသီမွာတန္းဆင္းခဲ့ရတာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ဘာမင္ဂမ္အသင္းလိုပဲ ရွက္ဖီးယူႏိုက္တက္က စြမ္းေဆာင္ျပခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက အဆင့္(၉)ရခဲ့ေပမယ့္ ဒီရာသီမွာေတာ့ တန္းဆင္းခဲ့ရၿပီျဖစ္ပါတယ္။