ပရီးမီးယားလိဂ်နဲ့ EFL ကစားသမားတွေကို လေ့ကျင့်ခန်းအစီအစဉ်မှာ တစ်ပတ်(၁၀)ကြိမ်သာ ခေါင်းတိုက်လေ့ကျင့်ခန်းလုပ်ဖို့ စည်းကမ်းသတ်မှတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်နဲ့ EFL ကလပ်အသင်းတွေမှာကစားနေတဲ့ ကစားသမားတွေအနေနဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ တစ်ပတ်ကို (၁၀)ကြိမ်သာ ပြင်းထန်အားပါတဲ့ ခေါင်းတိုက်လေ့ကျင့်ခန်းလုပ်ဖို့ တာဝန်ရှိသူတွေက စည်းကမ်းသတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

ဘောလုံးပွဲတွေမှာ တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင် ခေါင်းခုန်တိုက်တာ၊ အရှိန်ပြင်းထန်တဲ့ဘောလုံးတွေကို ခေါင်းတိုက်ဖျက်ထုတ်တာတွေကြောင့် ဘောလုံးသမားတွေဟာ အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါဝေဒနာတွေခံစားရလေ့ရှိတဲ့အတွက်

အဲဒီလိုမဖြစ်အောင်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက အခုလိုစည်းကမ်းချမှတ်ခဲ့တာပါ။

အင်္ဂလန်မှာ ကလေးသူငယ်တွေ ဘောလုံးလေ့ကျင့်တဲ့အခါ ခေါင်းတိုက်လေ့ကျင့်ခန်းမလုပ်ဖို့တားမြစ်ချက်ထုတ်ပြန်ခဲ့ပြီး အခု ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေအတွက်ပါ ကန့်သတ်ချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်တမ်းတွေအရ ဘောလုံးသမားတွေဟာ မကြာခဏခေါင်းတိုက်ကစားရလို့ ကစားသမားဘဝကအနားယူပြီးနောက်ပိုင်း ဦးနှောက်နဲ့အာရုံကြောရောဂါတွေကြောင့် သေဆုံးနိုင်ခြေပိုများတာကိုတွေ့ရှိရပြီး

ခေါင်းတိုက်ရတာအများဆုံးက အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာဖြစ်ပေမယ့် လေ့ကျင့်ခန်းဆင်းတဲ့အခါမှာတော့ တစ်ယောက်နဲ့တစ်ယောက်ခွန်အားသုံးခေါင်းတိုက်တာမျိုး မရှိပါဘူး။

ဒါပေမဲ့လည်း တိုက်စစ်မှူးတစ်ယောက် ဒါမှမဟုတ် နောက်တန်းလူတစ်ယောက်ကို ခေါင်းတိုက်ဖို့ ဖြတ်တင်ဘောပေးပို့တဲ့အခါ၊ (၃၅)မီတာအကွာကနေ ဘောလုံးကန်တင်ပေးလိုက်တဲ့အခါတွေမှာ ခွန်အားသုံးခေါင်းတိုက်ရတာဖြစ်လို့ အဲဒီလိုလေ့ကျင့်ခန်းတွေကို အကန့်အသတ်နဲ့သာလုပ်ဖို့ တာဝန်ရှိသူတွေက တားမြစ်ခဲ့တာဖြစ်ပါတယ်။

ဒီစည်းမျဉ်းဟာ လာမယ့် ၂၀၂၁-၂၂ ရာသီကစလို့ ပရီးမီးယားလိဂ်နဲ့ ကျန်တဲ့လိဂ်ပြိုင်ပွဲတွေအားလုံးအတွက် စတင်အကျုံးဝင်မှာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ကစားသမားအများစုဟာ ပွဲစဉ်တစ်ပွဲတည်းမှာပဲ ခေါင်းတိုက်တဲ့အကြိမ်အရေအတွက်က (၁၀)ကြိမ်နဲ့အကြိမ်(၂၀)ကြားအထိရှိပြီး မတော်တဆဖြစ်ရပ်တွေကြောင့် ဦးခေါင်းမှာထိခိုက်ဒဏ်ရာရတာတွေက မကြာခဏဆိုသလိုဖြစ်လေ့ရှိပါတယ်။

အဲဒါကြောင့်ပဲ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့ရာသီမှာ ကစားသမားတွေဦးခေါင်းမှာထိခိုက်ဒဏ်ရာရခဲ့ရင် သတ်မှတ်ထားတဲ့လူစားလဲမှုအကြိမ်ထက် အပိုလူစားလဲခွင့်ပြုတဲ့စည်းမျဉ်းကို စမ်းသပ်အသုံးပြုခဲ့ပြီး လာမယ့်ရာသီမှာလည်း ဆက်လက်ကျင့်သုံးသွားဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္နဲ႔ EFL ကစားသမားေတြကို ေလ့က်င့္ခန္းအစီအစဥ္မွာ တစ္ပတ္(၁၀)ႀကိမ္သာ ေခါင္းတိုက္ေလ့က်င့္ခန္းလုပ္ဖို႔ စည္းကမ္းသတ္မွတ္

ပရီးမီးယားလိဂ္နဲ႔ EFL ကလပ္အသင္းေတြမွာကစားေနတဲ့ ကစားသမားေတြအေနနဲ႔ ေလ့က်င့္ခန္းအစီအစဥ္မွာ တစ္ပတ္ကို (၁၀)ႀကိမ္သာ ျပင္းထန္အားပါတဲ့ ေခါင္းတိုက္ေလ့က်င့္ခန္းလုပ္ဖို႔ တာဝန္ရွိသူေတြက စည္းကမ္းသတ္မွတ္လိုက္ၿပီျဖစ္ပါတယ္။ ေဘာလုံးပြဲေတြမွာ တစ္ေယာက္နဲ႔တစ္ေယာက္အၿပိဳင္အဆိုင္ ေခါင္းခုန္တိုက္တာ၊ အရွိန္ျပင္းထန္တဲ့ေဘာလုံးေတြကို ေခါင္းတိုက္ဖ်က္ထုတ္တာေတြေၾကာင့္ ေဘာလုံးသမားေတြဟာ အာ႐ုံေၾကာနဲ႔ပတ္သက္တဲ့ေရာဂါေဝဒနာေတြခံစားရေလ့ရွိတဲ့အတြက္ အဲဒီလိုမျဖစ္ေအာင္လို႔ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္တာဝန္ရွိသူေတြက အခုလိုစည္းကမ္းခ်မွတ္ခဲ့တာပါ။

အဂၤလန္မွာ ကေလးသူငယ္ေတြ ေဘာလုံးေလ့က်င့္တဲ့အခါ ေခါင္းတိုက္ေလ့က်င့္ခန္းမလုပ္ဖို႔တားျမစ္ခ်က္ထုတ္ျပန္ခဲ့ၿပီး အခု ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားေတြအတြက္ပါ ကန႔္သတ္ခ်က္ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ စစ္တမ္းေတြအရ ေဘာလုံးသမားေတြဟာ မၾကာခဏေခါင္းတိုက္ကစားရလို႔ ကစားသမားဘဝကအနားယူၿပီးေနာက္ပိုင္း ဦးေႏွာက္နဲ႔အာ႐ုံေၾကာေရာဂါေတြေၾကာင့္ ေသဆုံးႏိုင္ေျခပိုမ်ားတာကိုေတြ႕ရွိရၿပီး ေခါင္းတိုက္ရတာအမ်ားဆုံးက အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာျဖစ္ေပမယ့္ ေလ့က်င့္ခန္းဆင္းတဲ့အခါမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ခြန္အားသုံးေခါင္းတိုက္တာမ်ိဳး မရွိပါဘူး။

ဒါေပမဲ့လည္း တိုက္စစ္မႉးတစ္ေယာက္ ဒါမွမဟုတ္ ေနာက္တန္းလူတစ္ေယာက္ကို ေခါင္းတိုက္ဖို႔ ျဖတ္တင္ေဘာေပးပို႔တဲ့အခါ၊ (၃၅)မီတာအကြာကေန ေဘာလုံးကန္တင္ေပးလိုက္တဲ့အခါေတြမွာ ခြန္အားသုံးေခါင္းတိုက္ရတာျဖစ္လို႔ အဲဒီလိုေလ့က်င့္ခန္းေတြကို အကန႔္အသတ္နဲ႔သာလုပ္ဖို႔ တာဝန္ရွိသူေတြက တားျမစ္ခဲ့တာျဖစ္ပါတယ္။

ဒီစည္းမ်ဥ္းဟာ လာမယ့္ ၂၀၂၁-၂၂ ရာသီကစလို႔ ပရီးမီးယားလိဂ္နဲ႔ က်န္တဲ့လိဂ္ၿပိဳင္ပြဲေတြအားလုံးအတြက္ စတင္အက်ဳံးဝင္မွာလည္းျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ကစားသမားအမ်ားစုဟာ ပြဲစဥ္တစ္ပြဲတည္းမွာပဲ ေခါင္းတိုက္တဲ့အႀကိမ္အေရအတြက္က (၁၀)ႀကိမ္နဲ႔အႀကိမ္(၂၀)ၾကားအထိရွိၿပီး မေတာ္တဆျဖစ္ရပ္ေတြေၾကာင့္ ဦးေခါင္းမွာထိခိုက္ဒဏ္ရာရတာေတြက မၾကာခဏဆိုသလိုျဖစ္ေလ့ရွိပါတယ္။ အဲဒါေၾကာင့္ပဲ ပရီးမီးယားလိဂ္ေဘာလုံးအဖြဲ႕ခ်ဳပ္က ၿပီးခဲ့တဲ့ရာသီမွာ ကစားသမားေတြဦးေခါင္းမွာထိခိုက္ဒဏ္ရာရခဲ့ရင္ သတ္မွတ္ထားတဲ့လူစားလဲမႈအႀကိမ္ထက္ အပိုလူစားလဲခြင့္ျပဳတဲ့စည္းမ်ဥ္းကို စမ္းသပ္အသုံးျပဳခဲ့ၿပီး လာမယ့္ရာသီမွာလည္း ဆက္လက္က်င့္သုံးသြားဖို႔ရွိေနပါၿပီ။