ပရီးမီးယားလိဂ်နိုင်ပွဲဆက်စံချိန်ကျိုးပျက်သွားပေမယ့် နောက်ကျချေပဂိုးကြောင့် ယူနိုက်တက်နဲ့ပွဲမှာ ရှုံးပွဲမရှိစံချိန် ဆက်ထိန်းနိုင်ခဲ့တဲ့လီဗာပူး (ယူနိုက်တက် ၁-၁ လီဗာပူး ပွဲပြီးမြင်ကွင်းကျယ်)

Photo Credit

Photo Credit

ပွဲကတော့ အစောပိုင်းမှာ အေးစက်စက်ဖြစ်နေခဲ့ပါတယ်။ ပထမပိုင်း ၂၅ မိနစ်အတွင်း တစ်သင်းကို ဂိုးပေါက်တည့်မှု ၁ကြိမ်စီပဲရှိခဲ့ပြီး ဝစ်ချ်နယ်လ်ဒန်နဲ့ မက်တိုမီနေးတို့ရဲ့ကန်ချက်တွေက ပျော့လည်းပျော့သလို ဒီဂီယာနဲ့ အလီဆင်တို့ဆီပဲ တည့်တည့်ရောက်သွားပါတယ်။

Photo Credit

အစောပိုင်းမှာ လီဗာပူးတိုက်စစ်မှူး ဖာမီနို ပင်နယ်တီဧရိယာထဲကနေ ဘယ်ခြေနဲ့ ပြေးပြေးလွှားလွှားကန်သွင်းခဲ့ပေမယ့် ထိချက်ချော်သွားလို့ ဂိုးပေါက်နဲ့ အတော်လေးလွဲသွားပါတယ်။ ခြေကျင်းဝတ်ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ဆာလက်ရဲ့နေရာမှာ အစားဝင်ကစားခွင့်ရခဲ့တဲ့ အိုရီဂီလည်း ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပြီး မိနစ် ၆၀မပြည့်ခင်မှာပဲ ချိန်ဘာလိန်နဲ့ လူစားလဲခံခဲ့ရပါတယ်။

Photo Credit

ပွဲအစ ၂၅ မိနစ်အတွင်း ယူနိုက်တက်ကွင်းလယ်လူ ပါရဲရားလည်း ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပြီး အောင်မြင်စွာဘောလုံးပေးပို့နိုင်တဲ့အကြိမ်အရေအတွက် (၇ကြိမ်)က ဘောလုံးဆုံးရှုံးရတဲ့အကြိမ်အရေအတွက် (၁၀ကြိမ်)ထက် ၃ကြိမ်တောင် ပိုများနေခဲ့ပါတယ်။

Photo Credit

ပွဲချိန် ၃၃မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ မာနေး ဘေးထွက်ဘောမဖြစ်အောင် ခက်ခက်ခဲခဲပြေးလွှားဆယ်ယူပြီး ဂိုးရှေ့အသာချိုးပေးတာကို အသင့်ရှိနေတဲ့ ဖာမီနို မနားတမ်းကန်သွင်းခဲ့ပေမယ့် အားပျော့သွားလို့ ယူနိုက်တက်ဂိုးသမား ဒီဂီယာအသာအယာကာကွယ်နိုင်ခဲ့ပါတယ်။

Photo Credit

မာနေးရဲ့ပြေးအားနဲ့ အကွက်မြင်မှုက ချီးကျူးရမှာဖြစ်ပေမယ့် ဖာမီနိုရဲ့အဆုံးသတ်ကတော့ လိုအပ်ချက်တွေရှိနေခဲ့ပါတယ်။

Photo Credit

သိပ်မကြာခင် ဟန်ဒါဆန် အသာခုတ်တင်ပေးလိုက်တာကို ဖာမီနိုပဲ ခေါင်းတိုက်သွင်းခဲ့ပေမယ့် လူကျွံနေသလို ဒီဂီယာလည်း ပုတ်ထုတ်ပြီးသားဖြစ်နေပါတယ်။ အဲဒီနောက် ပွဲချိန် ၃၆ မိနစ်မှာ ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရသွားခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဒန်နီရယ်ဂျိမ်းစ် ဖြတ်တင်ပေးတာကို ရက်ရှ်ဖို့ဒ်က ပိတ်သွင်းခဲ့တာပါ။

Photo Credit

အဲဒီဂိုးအတွက် Build-up လုပ်ရာမှာ အိုရီဂီကို ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဖ် ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး လီဗာပူးအသင်းသားတွေ စောဒကတက်ခဲ့ပြီး VAR နဲ့ပါ ပြန်ကြည့်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ဦးဆောင်ဂိုးကို အတည်ပြုခဲ့ပါတယ်။

Photo Credit

ရက်ရှ်ဖို့ဒ်လည်း ပရီးမီးယားလိဂ်မှာ လီဗာပူးဘက်ကို ၃ဂိုးသွင်းယူထားပြီးဖြစ်ကာ သူအများဆုံးသွင်းယူထားတဲ့ လက်စတာ(၄ဂိုး)ပြီးရင် လီဗာပူးက သူ့ရဲ့ဖေးဘရိတ်အသင်းဖြစ်လာပါတယ်။

Photo Credit

ဒန်နီရယ်ဂျိမ်းစ်ရဲ့ ယူနိုက်တက်အတွက် သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးက ချဲလ်ဆီးဘက်ကို သွင်းယူခဲ့တာဖြစ်သလို အခုသူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဂိုးဖန်တီးမှုကလည်း နောက်ထပ်အသင်းကြီးဖြစ်တဲ့ လီဗာပူးနဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်အတွက် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

Photo Credit

ပထမပိုင်းပြီးခါနီးမှာ မာနေးက လီဗာပူးအတွက် ချေပဂိုးသွင်းယူခဲ့ပေမယ့် ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဖ်နဲ့ယှဉ်အလုမှာ မာနေး လက်နဲ့ထိခဲ့တယ်ဆိုပြီး VAR က ဂိုးအဖြစ် ငြင်းဆန်ခဲ့လို့ လီဗာပူးအသင်းအတွက် နစ်နာခဲ့ရပါတယ်။

Photo Credit

ယူနိုက်တက်ရဲ့ဦးဆောင်ဂိုးကို VAR ပြန်ကြည့်ပေမယ့် ဂိုးအဖြစ် ခွင့်ပြုလိုက်ချိန်မှာ လီဗာပူးအတွက် ချေပဂိုးကိုကျတော့ VAR နဲ့ ငြင်းဆန်ခံခဲ့ရလို့ ကွင်းဘေးစည်းမှာရှိနေတဲ့ လီဗာပူးနည်းပြကလော့ပ်လည်း ပေါက်ကွဲသွားပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ဒီရာသီမှာ လီဗာပူးကို ပထမပိုင်းအပြီး ဦးဆောင်ကစားနိုင်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လာသလို ရက်ရှ်ဖို့ဒ်ကလည်း နယူးကာဆယ်ကစားသမား ဝီလျံနောက်ပိုင်း ဒီရာသီမှာ လီဗာပူးဘက်ကို ပထမပိုင်းအတွင်း ဂိုးသွင်းယူနိုင်တဲ့ဒုတိယမြောက်ကစားသမားဖြစ်လာပါတယ်။

Photo Credit

ဒုတိယပိုင်းပြန်အစမှာ ယူနိုက်တက်က လျင်လျင်မြန်မြန်နဲ့ ဖိအားပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လီဗာပူးက ချေပဂိုးရဖို့ ဖိအားပေးကစားလာပါတယ်။

Photo Credit

လီဗာပူးဟာ ဒုတိယပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့အထိ ဖိအားပေးနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေမဖန်တီးနိုင်ခဲ့ဘဲ နောက်ပိုင်းမှာ ခံစစ်ပိတ်ကစားသွားတဲ့ယူနိုက်တက်ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

Photo Credit

ဒါပေမဲ့ ပွဲချိန် ၈၄ မိနစ်မှာ ရောဘတ်ဆန်ရဲ့ဖြတ်တင်ဘောကနေ လွတ်ထွက်လာတာကို လယ်လာနာက အနီးကပ်ပိတ်သွင်းယူနိုင်ခဲ့လို့ လီဗာပူးအသင်း ချေပဂိုးရရှိခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ဒီပွဲမှာ သရေကျခဲ့လို့ အဆင့် ၁၃ နေရာ ကျဆင်းသွားပြီး လီဗာပူးကတော့ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကျိုးပျက်သွားခဲ့ရပေမယ့် ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိစံချိန်ဆက်ထိန်းကာ စီးတီးကို ၆ မှတ်ဖြတ်နိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

ပရီးမီးယားလိဂ္ႏိုင္ပဲြဆက္စံခ်ိန္က်ိဳးပ်က္သြားေပမယ့္ ေနာက္က်ေခ်ပဂိုးေၾကာင့္ ယူႏုိက္တက္နဲ႔ပြဲမွာ ႐ံႈးပြဲမရွိစံခ်ိန္ ဆက္ထိန္းႏိုင္ခဲ့တဲ့လီဗာပူး (ယူႏုိက္တက္ ၁-၁ လီဗာပူး ပြဲၿပီးျမင္ကြင္းက်ယ္)

ပြဲကေတာ့ အေစာပို္င္းမွာ ေအးစက္စက္ျဖစ္ေနခ့ဲပါတယ္။ ပထမပိုင္း ၂၅ မိနစ္အတြင္း တစ္သင္းကို ဂိုးေပါက္တည့္မႈ ၁ႀကိမ္စီပဲရွိခဲ့ၿပီး ၀စ္ခ်္နယ္လ္ဒန္နဲ႔ မက္တိုမီေနးတို႔ရဲ႕ကန္ခ်က္ေတြက ေပ်ာ့လည္းေပ်ာ့သလို ဒီဂီယာနဲ႔ အလီဆင္တုိ႔ဆီပဲ တည့္တည့္ေရာက္သြားပါတယ္။
အေစာပိုင္းမွာ လီဗာပူးတုိက္စစ္မွဴး ဖာမီႏို ပင္နယ္တီဧရိယာထဲကေန ဘယ္ေျခနဲ႔ ေျပးေျပးလႊားလႊားကန္သြင္းခဲ့ေပမယ့္ ထိခ်က္ေခ်ာ္သြားလို႔ ဂိုးေပါက္နဲ႔ အေတာ္ေလးလြဲသြားပါတယ္။ ေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ မပါ၀င္ႏုိင္ခဲ့တဲ့ဆာလက္ရဲ႕ေနရာမွာ အစား၀င္ကစားခြင့္ရခဲ့တဲ့ အိုရီဂီလည္း ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခ့ဲရၿပီး မိနစ္ ၆၀မျပည့္ခင္မွာပဲ ခ်ိန္ဘာလိန္နဲ႔ လူစားလဲခံခဲ့ရပါတယ္။
ပြဲအစ ၂၅ မိနစ္အတြင္း ယူႏုိက္တက္ကြင္းလယ္လူ ပါရဲရားလည္း ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရၿပီး ေအာင္ျမင္စြာေဘာလုံးေပးပုိ႔ႏိုင္တဲ့အႀကိမ္အေရအတြက္ (၇ႀကိမ္)က ေဘာလုံးဆုံး႐ံႈးရတဲ့အႀကိမ္အေရအတြက္ (၁၀ႀကိမ္)ထက္ ၃ႀကိမ္ေတာင္ ပိုမ်ားေနခဲ့ပါတယ္။
ပြဲခ်ိန္ ၃၃မိနစ္မွာ တန္ျပန္တုိက္စစ္ကေန မာေနး ေဘးထြက္ေဘာမျဖစ္ေအာင္ ခက္ခက္ခဲခဲေျပးလႊားဆယ္ယူၿပီး ဂိုးေရွ႕အသာခ်ိဳးေပးတာကို အသင့္ရွိေနတဲ့ ဖာမီႏို မနားတမ္းကန္သြင္းခဲ့ေပမယ့္ အားေပ်ာ့သြားလုိ႔ ယူႏုိက္တက္ဂုိးသမား ဒီဂီယာအသာအယာကာကြယ္ႏိုင္ခဲ့ပါတယ္။
မာေနးရဲ႕ေျပးအားနဲ႔ အကြက္ျမင္မႈက ခ်ီးက်ဴးရမွာျဖစ္ေပမယ့္ ဖာမီႏိုရဲ႕အဆုံးသတ္ကေတာ့ လုိအပ္ခ်က္ေတြရွိေနခဲ့ပါတယ္။
သိပ္မၾကာခင္ ဟန္ဒါဆန္ အသာခုတ္တင္ေပးလုိက္တာကို ဖာမီႏိုပဲ ေခါင္းတုိက္သြင္းခဲ့ေပမယ့္ လူကၽြံေနသလုိ ဒီဂီယာလည္း ပုတ္ထုတ္ၿပီးသားျဖစ္ေနပါတယ္။ အဲဒီေနာက္ ပြဲခ်ိန္ ၃၆ မိနစ္မွာ ယူႏုိက္တက္အသင္း ဦးေဆာင္ဂိုးရသြားခဲ့ၿပီး တန္ျပန္တုိက္စစ္ကေန ဒန္နီရယ္ဂ်ိမ္းစ္ ျဖတ္တင္ေပးတာကို ရက္ရွ္ဖုိ႔ဒ္က ပိတ္သြင္းခဲ့တာပါ။
အဲဒီဂိုးအတြက္ Build-up လုပ္ရာမွာ အုိရီဂီကို ယူႏုိက္တက္ေနာက္ခံလူ လင္ဒီေလာ့ဖ္ ျပစ္ဒဏ္က်ဴးလြန္တယ္ဆုိၿပီး လီဗာပူးအသင္းသားေတြ ေစာဒကတက္ခဲ့ၿပီး VAR နဲ႔ပါ ျပန္ၾကည့္ခဲ့ေပမယ့္ ယူႏုိက္တက္ရဲ႕ဦးေဆာင္ဂိုးကို အတည္ျပဳခဲ့ပါတယ္။
ရက္ရွ္ဖုိ႔ဒ္လည္း ပရီးမီးယားလိဂ္မွာ လီဗာပူးဘက္ကို ၃ဂိုးသြင္းယူထားၿပီးျဖစ္ကာ သူအမ်ားဆုံးသြင္းယူထားတ့ဲ လက္စတာ(၄ဂိုး)ၿပီးရင္ လီဗာပူးက သူ႕ရဲ႕ေဖးဘရိတ္အသင္းျဖစ္လာပါတယ္။
ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ ယူႏုိက္တက္အတြက္ သူ႕ရဲ႕ပထမဆုံးပရီးမီးယားလိဂ္သြင္းဂိုးက ခ်ဲလ္ဆီးဘက္ကို သြင္းယူခဲ့တာျဖစ္သလုိ အခုသူ႕ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ဂိုးဖန္တီးမႈကလည္း ေနာက္ထပ္အသင္းႀကီးျဖစ္တ့ဲ လီဗာပူးနဲ႔ပြဲမွာ ရက္ရွ္ဖို႔ဒ္အတြက္ ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။
ပထမပိုင္းၿပီးခါနီးမွာ မာေနးက လီဗာပူးအတြက္ ေခ်ပဂိုးသြင္းယူခဲ့ေပမယ့္ ယူႏုိက္တက္ေနာက္ခံလူ လင္ဒီေလာ့ဖ္နဲ႔ယွဥ္အလုမွာ မာေနး လက္နဲ႔ထိခဲ့တယ္ဆုိၿပီး VAR က ဂိုးအျဖစ္ ျငင္းဆန္ခဲ့လုိ႔ လီဗာပူးအသင္းအတြက္ နစ္နာခဲ့ရပါတယ္။
ယူႏုိက္တက္ရဲ႕ဦးေဆာင္ဂိုးကို VAR ျပန္ၾကည့္ေပမယ့္ ဂိုးအျဖစ္ ခြင့္ျပဳလုိက္ခ်ိန္မွာ လီဗာပူးအတြက္ ေခ်ပဂိုးကိုက်ေတာ့ VAR နဲ႔ ျငင္းဆန္ခံခဲ့ရလုိ႔ ကြင္းေဘးစည္းမွာရွိေနတဲ့ လီဗာပူးနည္းျပကေလာ့ပ္လည္း ေပါက္ကြဲသြားပါတယ္။
ယူႏိုက္တက္ဟာ ဒီရာသီမွာ လီဗာပူးကို ပထမပိုင္းအၿပီး ဦးေဆာင္ကစားႏိုင္ခဲ့တဲ့ ပထမဆုံးအသင္းျဖစ္လာသလို ရက္ရွ္ဖို႔ဒ္ကလည္း နယူးကာဆယ္ကစားသမား ၀ီလ်ံေနာက္ပိုင္း ဒီရာသီမွာ လီဗာပူးဘက္ကို ပထမပိုင္းအတြင္း ဂိုးသြင္းယူႏိုင္တဲ့ဒုတိယေျမာက္ကစားသမားျဖစ္လာပါတယ္။
ဒုတိယပိုင္းျပန္အစမွာ ယူႏုိက္တက္က လ်င္လ်င္ျမန္ျမန္နဲ႔ ဖိအားေပးႏိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ လီဗာပူးက ေခ်ပဂိုးရဖို႔ ဖိအားေပးကစားလာပါတယ္။
လီဗာပူးဟာ ဒုတိယပိုင္းမွာ ေဘာလုံးပိုင္ဆုိင္မႈ ၇၀ ရာခုိင္ႏႈန္းေက်ာ္ရွိတ့ဲအထိ ဖိအားေပးႏိုင္ခဲ့ေပမယ့္ အပိုင္အခြင့္အေရးေတြမဖန္တီးႏိုင္ခဲ့ဘဲ ေနာက္ပိုင္းမွာ ခံစစ္ပိတ္ကစားသြားတဲ့ယူႏုိက္တက္ခံစစ္ကို မေက်ာ္ျဖတ္ႏိုင္ခဲ့ပါဘူး။
ဒါေပမဲ့ ပြဲခ်ိန္ ၈၄ မိနစ္မွာ ေရာဘတ္ဆန္ရဲ႕ျဖတ္တင္ေဘာကေန လြတ္ထြက္လာတာကို လယ္လာနာက အနီးကပ္ပိတ္သြင္းယူႏိုင္ခဲ့လုိ႔ လီဗာပူးအသင္း ေခ်ပဂုိးရရွိခဲ့ပါတယ္။
ယူႏုိက္တက္ဟာ ဒီပြဲမွာ သေရက်ခဲ့လို႔ အဆင့္ ၁၃ ေနရာ က်ဆင္းသြားၿပီး လီဗာပူးကေတာ့ ရာႏႈန္းျပည့္ႏိုင္ပဲြဆက္စံခ်ိန္က်ိဳးပ်က္သြားခဲ့ရေပမယ့္ ပရီးမီးယားလိဂ္မွာ ႐ံႈးပြဲမရွိစံခ်ိန္ဆက္ထိန္းကာ စီးတီးကို ၆ မွတ္ျဖတ္ႏုိင္ခဲ့ပါတယ္။