ပရီးမီးယားလိဂ်နာမည်ကျော်ကစားသမားတစ်ဦးရဲ့ နေအိမ်ကို ဓားကိုင်ဆောင်ထားတဲ့လူတစ်စုက အနုကြမ်းစီးခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်မှာကစားနေတဲ့ နာမည်ကျော်ကစားသမားတစ်ဦးရဲ့နေအိမ်ကို တောခုတ်ဓားရှည်တွေကိုင်ဆောင်ထားတဲ့

မျက်နှာဖုံးစွပ်လူတစ်စုက အနုကြမ်းစီးခဲ့ပြီး အဲဒီကစားသမားနဲ့သူ့ကောင်မလေးကို ကြိုးနဲ့တုပ်နှောင်ပြီးတော့ တန်ဖိုးရှိတဲ့ပစ္စည်းတွေလုယူသွားခဲ့ပါတယ်။

အဲဒီကစားသမားရဲ့နာမည်ကို ဗြိတိန်မီဒီယာတွေကမဖော်ပြခဲ့ဘဲ သူက ပြီးခဲ့တဲ့နိုင်ငံတကာပြိုင်ပွဲရက်သတ္တပတ်တုန်းက

လက်ရွေးစင်အသင်းအတွက်မကစားရတာကြောင့် ပေါင်(၁.၅)သန်းတန်တဲ့ သူ့နေအိမ်မှာ နိုင်ငံအသင်းရဲ့ပွဲကိုကြည့်ရှုအားပေးနေပြီး

သူ့ချစ်သူက ရေချိုးနေတုန်း မျက်နှာဖုံးစွပ်ထားတဲ့လူ(၄)ယောက်ဟာ အိမ်တံခါးပေါက်မှန်တွေကို ထိုးခွဲဝင်ရောက်ခဲ့သလို အဲဒီကစားသမားနဲ့သူ့ချစ်သူတို့နှစ်ယောက်စလုံးကို ကြိုးနဲ့တုပ်နှောင်ခဲ့တာဖြစ်ပါတယ်။

ဒီလူ(၄)ယောက်က အိမ်ထဲမှာရှိတဲ့ အဖိုးတန်နာရီတွေ၊ လက်ဝတ်ရတနာတွေနဲ့ ဖုန်းအပါအဝင်လျှပ်စစ်ပစ္စည်းတွေကို ယူဆောင်သွားခဲ့ကြပါတယ်။

အဲဒီဘောလုံးသမားနဲ့နီးစပ်တဲ့သူတစ်ဦးက “ဒီလိုအဖြစ်အပျက်မျိုးက လူတိုင်းအတွက် ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ အိပ်မက်ဆိုးတစ်ခုပါပဲ။

သူက သတ္တိကောင်းကောင်းနဲ့ ပြန်ရင်ဆိုင်ခဲ့ပေမယ့် လူအင်အားမမျှတဲ့အပြင် လုယက်သူတွေကလည်း ရက်စက်ကြမ်းကြုတ်တဲ့အမူအယာရှိကြတဲ့သူတွေပါ။

ဒီဘောလုံးသမားက ကွင်းပြင်ပမှာ လူသိထင်ရှားမဟုတ်ဘဲ အေးအေးဆေးဆေးနေထိုင်လေ့ရှိတာကြောင့် အခုလိုအဖြစ်အပျက်နဲ့ရင်ဆိုင်ခဲ့ရတဲ့အတွက် မယုံနိုင်လောင်အောင်ထိတ်လန့်တုန်လှုပ်နေတာဖြစ်ပါတယ်။

သူက ကြွားကြွားဝါ၀ါနေတတ်သူမဟုတ်သလို သာမန်လူတစ်ယောက်လိုပဲနေထိုင်လေ့ရှိသူဖြစ်ပါတယ်”လို့ ဗြိတိန်သတင်းစာ The Sun ကို ဖြေကြားခဲ့ပါတယ်။

အခုအဖြစ်အပျက်ကြောင့် အဲဒီဘောလုံးသမားကစားနေတဲ့ကလပ်အသင်းအပြင် ပရီးမီးယားလိဂ်တာဝန်ရှိသူတွေအတွက်ပါ အံ့အားသင့်ထိတ်လန့်ခဲ့ရပြီး

ဗြိတိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Daily Mail က ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဆီ ဆက်သွယ်မေးမြန်းမှုတွေပြုလုပ်ခဲ့ပါတယ်။

အခုနောက်ပိုင်းမှာ ဘောလုံးသမားတွေရဲ့နေအိမ်ကို အကြမ်းဖက်သမားတွေ ဝင်ရောက်လုယက်မှုက မကြာခဏဆိုသလိုဖြစ်ပွားနေပြီး

မကြာသေးခင်က ချယ်လ်ဆီးနောက်ခံလူရိစ်ဂျိမ်းစ်ရဲ့နေအိမ်ကို လူတစ်စုဟာ ဖောက်ထွင်းခဲ့သလို မတ်လတုန်းကလည်း

ရှက်ဖီးယူနိုက်တက်ဂိုးသမားရော်ဘင်အော်လ်ဆင်နဲ့သူ့မိသားစုကိုလည်း ဓားရှည်ကိုင်ဆောင်ထားတဲ့လူတစ်စုက ခြိမ်းခြောက်ပြီးတော့လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi






