ပရီးမီးယားလိဂ်နည်းပြတွေအတွက် အိပ်မက်ဆိုးတွေဖန်တီးပေးမယ့် အာဖရိကဖလားပြိုင်ပွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၁ အာဖရိကဖလားပြိုင်ပွဲဟာ လာမယ့်နှစ်၊ ဇန်နဝါရီ(၉)ရက်ကနေ ဖေဖော်ဝါရီ(၆)ရက်အထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်နာမည်ကျော်ကစားသမားတွေပါဝင်ယှဉ်ပြိုင်မှာဖြစ်လို့

သက်ဆိုင်ရာအသင်းနည်းပြတွေကတော့ ဒီပြိုင်ပွဲဟာ သူတို့အတွက် အိပ်မက်ဆိုးတွေဖန်တီးပေးမယ့်ပြိုင်ပွဲဖြစ်လာမလားဆိုပြီးတော့ စိုးရိမ်နေကြပါပြီ။

၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ရာသီဥတုအခြေအနေကြောင့် ပုံမှန်ကျင်းပနေတဲ့ ဇွန်လနဲ့ဇူလိုင်လအတွင်းမကျင်းပဘဲ

အခုနှစ် ဇန်နဝါရီ(၉)ရက်ကနေ ဖေဖော်ဝါရီ(၆)ရက်အထိကျင်းသွားဖို့ အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)ကစီစဉ်ခဲ့ပေမယ့် ကိုဗစ်ရောဂါဆိုးကြောင့် (၁)နှစ်နောက်ဆုတ်ပြီးကျင်းပသွားမှာဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲမှာ လီဗာပူးလ်အသင်းရဲ့အီဂျစ်နာမည်ကျော်တိုက်စစ်ကစားသမားဆာလာအပါအဝင် ပရီးမီးယားလိဂ်မှာကစားနေတဲ့

အာဖရိက,ကစားသမားတွေဟာ သူတို့ရဲ့လက်ရွေးစင်အသင်းတွေအတွက်ယှဉ်ပြိုင်ကစားကြမှာဖြစ်တဲ့အတွက် ကလပ်အသင်းတွေဟာ ကစားသမားတွေကို (၁)လလောက်လက်လွှတ်ရဖို့ရှိနေပါပြီ။

ဒီရာသီပရီးမီးယားလိဂ်မှာ ရလဒ်တွေမတည်မငြိမ်ဖြစ်နေတဲ့ ဝက်ဖို့ဒ်အသင်းက,ကစားသမား(၅)ဦးအထိ လက်လွှတ်ရမှာဖြစ်လို့ အသင်းအတွက်ထိုးနှက်ချက်ဖြစ်လာဖို့ရှိနေပါတယ်။

မကြာသေးခင်ကမှ ဝက်ဖို့ဒ်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခံခဲ့ရတဲ့ ရာနီရေးရီက “ဝက်ဖို့ဒ်တစ်သင်းတည်းအတွက်သာမဟုတ်ဘဲ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုလုံးအတွက် ဒါက အိပ်မက်ဆိုးတစ်ခုပါပဲ။

ကလပ်အသင်းတိုင်းဟာ ကစားသမားတချို့ကို လက်လွှတ်ဆုံးရှုံးရမှာပါ။

ဒီကိစ္စက မဖြစ်သင့်ပေမယ့် အသင်းရဲ့အဓိက,ကစားသမားတွေ မပါဝင်နိုင်တဲ့ကာလကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ ကျွန်တော်တို့အားလုံး ရင်ဆိုင်ဖြေရှင်းရတော့မှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အာဖရိကနိုင်ငံအသင်းတော်တော်များများက အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လေ့ကျင့်ခန်းစတင်ပြုလုပ်ဖို့ နှစ်သစ်ကူးကာလမတိုင်ခင် သက်ဆိုင်ရာအသင်းတွေနဲ့ပူးပေါင်းဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဆာလာ၊ နာဘီကီတာတို့ဟာ အီဂျစ်၊ ဂီနီအသင်းတို့အတွက်ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး

နောက်ခံလူဂျိုဝဲလ်မာတစ်ကတော့ ကင်မရွန်းအသင်းကနေ စောစောစီးစီးအနားယူခဲ့သလို လက်ရွေးစင်အသင်းအတွက်ပြန်ကစားမှာမဟုတ်ဘူးလို့ ငြင်းဆန်ထားတာကြောင့် အခုပြိုင်ပွဲမှာပါဝင်ကစားမှာမဟုတ်ပါဘူး။

အာဆင်နယ်၊ ပဲလေ့စ်အသင်းတို့ဟာလည်း ကစားသမား(၄)ဦးစီ စေလွှတ်ရမှာဖြစ်ပြီး အာဖရိက,ကစားသမားအရေအတွက် အနည်းငယ်သာရှိတဲ့ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီးအသင်းတို့ကတော့ သိပ်ပြီးပြဿနာမရှိတဲ့အနေအထားပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီးမီးယားလိဂ္နည္းျပေတြအတြက္ အိပ္မက္ဆိုးေတြဖန္တီးေပးမယ့္ အာဖရိကဖလားၿပိဳင္ပြဲ

၂၀၂၁ အာဖရိကဖလားၿပိဳင္ပြဲဟာ လာမယ့္ႏွစ္၊ ဇန္နဝါရီ(၉)ရက္ကေန ေဖေဖာ္ဝါရီ(၆)ရက္အထိက်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ပရီးမီးယားလိဂ္နာမည္ေက်ာ္ကစားသမားေတြပါဝင္ယွဥ္ၿပိဳင္မွာျဖစ္လို႔ သက္ဆိုင္ရာအသင္းနည္းျပေတြကေတာ့ ဒီၿပိဳင္ပြဲဟာ သူတို႔အတြက္ အိပ္မက္ဆိုးေတြဖန္တီးေပးမယ့္ၿပိဳင္ပြဲျဖစ္လာမလားဆိုၿပီးေတာ့ စိုးရိမ္ေနၾကပါၿပီ။

၂၀၂၁ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲကို ရာသီဥတုအေျခအေနေၾကာင့္ ပုံမွန္က်င္းပေနတဲ့ ဇြန္လနဲ႔ဇူလိုင္လအတြင္းမက်င္းပဘဲ အခုႏွစ္ ဇန္နဝါရီ(၉)ရက္ကေန ေဖေဖာ္ဝါရီ(၆)ရက္အထိက်င္းသြားဖို႔ အာဖရိကေဘာလုံးအဖြဲ႕ခ်ဳပ္(CAF)ကစီစဥ္ခဲ့ေပမယ့္ ကိုဗစ္ေရာဂါဆိုးေၾကာင့္ (၁)ႏွစ္ေနာက္ဆုတ္ၿပီးက်င္းပသြားမွာျဖစ္ပါတယ္။

အဲဒီၿပိဳင္ပြဲမွာ လီဗာပူးလ္အသင္းရဲ႕အီဂ်စ္နာမည္ေက်ာ္တိုက္စစ္ကစားသမားဆာလာအပါအဝင္ ပရီးမီးယားလိဂ္မွာကစားေနတဲ့ အာဖရိက,ကစားသမားေတြဟာ သူတို႔ရဲ႕လက္ေ႐ြးစင္အသင္းေတြအတြက္ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္တဲ့အတြက္ ကလပ္အသင္းေတြဟာ ကစားသမားေတြကို (၁)လေလာက္လက္လႊတ္ရဖို႔ရွိေနပါၿပီ။ ဒီရာသီပရီးမီးယားလိဂ္မွာ ရလဒ္ေတြမတည္မၿငိမ္ျဖစ္ေနတဲ့ ဝက္ဖို႔ဒ္အသင္းက,ကစားသမား(၅)ဦးအထိ လက္လႊတ္ရမွာျဖစ္လို႔ အသင္းအတြက္ထိုးႏွက္ခ်က္ျဖစ္လာဖို႔ရွိေနပါတယ္။

မၾကာေသးခင္ကမွ ဝက္ဖို႔ဒ္အသင္းနည္းျပသစ္အျဖစ္ခန႔္အပ္ခံခဲ့ရတဲ့ ရာနီေရးရီက “ဝက္ဖို႔ဒ္တစ္သင္းတည္းအတြက္သာမဟုတ္ဘဲ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတစ္ခုလုံးအတြက္ ဒါက အိပ္မက္ဆိုးတစ္ခုပါပဲ။ ကလပ္အသင္းတိုင္းဟာ ကစားသမားတခ်ိဳ႕ကို လက္လႊတ္ဆုံးရႈံးရမွာပါ။ ဒီကိစၥက မျဖစ္သင့္ေပမယ့္ အသင္းရဲ႕အဓိက,ကစားသမားေတြ မပါဝင္ႏိုင္တဲ့ကာလကို ဘယ္လိုေက်ာ္ျဖတ္ရမလဲဆိုတာ ကြၽန္ေတာ္တို႔အားလုံး ရင္ဆိုင္ေျဖရွင္းရေတာ့မွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အာဖရိကႏိုင္ငံအသင္းေတာ္ေတာ္မ်ားမ်ားက အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ ေလ့က်င့္ခန္းစတင္ျပဳလုပ္ဖို႔ ႏွစ္သစ္ကူးကာလမတိုင္ခင္ သက္ဆိုင္ရာအသင္းေတြနဲ႔ပူးေပါင္းဖို႔ ေတာင္းဆိုထားတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ ဆာလာ၊ နာဘီကီတာတို႔ဟာ အီဂ်စ္၊ ဂီနီအသင္းတို႔အတြက္ပါဝင္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ေနာက္ခံလူဂ်ိဳဝဲလ္မာတစ္ကေတာ့ ကင္မ႐ြန္းအသင္းကေန ေစာေစာစီးစီးအနားယူခဲ့သလို လက္ေ႐ြးစင္အသင္းအတြက္ျပန္ကစားမွာမဟုတ္ဘူးလို႔ ျငင္းဆန္ထားတာေၾကာင့္ အခုၿပိဳင္ပြဲမွာပါဝင္ကစားမွာမဟုတ္ပါဘူး။ အာဆင္နယ္၊ ပဲေလ့စ္အသင္းတို႔ဟာလည္း ကစားသမား(၄)ဦးစီ ေစလႊတ္ရမွာျဖစ္ၿပီး အာဖရိက,ကစားသမားအေရအတြက္ အနည္းငယ္သာရွိတဲ့ မန္ခ်က္စတာယူႏိုက္တက္၊ မန္စီးတီးအသင္းတို႔ကေတာ့ သိပ္ၿပီးျပႆနာမရွိတဲ့အေနအထားပါပဲ။