ပရီးမီးယားလိဂ်ဆုတံဆိပ်ပေးနိုင်အောင် ဂျရတ်ကိုပြန်ခေါ်မယ်ဆိုတဲ့ကောလာဟလတွေကို လီဗာပူးCEO တုံ့ပြန်

photo-sportbible

photo-gettyimages

နောက်ဆုံးမှာ စတီဗင်ဂျရတ်တစ်ယောက် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကိုကိုင်မြှောက်နိုင်ဖို့ ပြန်ခေါ်မယ်ဆိုတဲ့ အိုင်ဒီယာကို လီဗာပူးအသင်းအမှုဆောင်ချုပ်ပီတာမိုးက ပယ်ချလိုက်ပါတယ်။ လီဗာပူးပရိသတ်အချို့ဟာ အသင်းဂန္ထဝင်ဖြစ်တဲ့စတီဗင်ဂျရတ်ကို ရိန်းဂျားနည်းပြရာထူးကနေနုတ်ထွက်စေကာ သူကပ်သီးလေးလွဲချော်ခဲ့ရတဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လိုအပ်တဲ့ ၅ ပွဲကစားဖို့ အသင်းကိုပြန်လာစေချင်နေကြတာပါ။

photo-social media

တကယ်လည်း ဂျရတ်ရဲ့လီဗာပူးကစားသမားဘဝမှာ တစ်ခုတည်းသောဆုဖလားအောင်မြင်မှုကွက်လပ်က ပရီးမီးယားလိဂ်ဖြစ်ခဲ့တာပါ။ သူဟာ ၂၀၁၃-၁၄ ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့် ရာသီသိမ်းဖို့ ၃ ပွဲအလို ချန်ပီယံပြိုင်ဘက်ချဲလ်ဆီးနဲ့အတွေ့မှာ သူ့ရဲ့ချော်လဲမှုကနေ ပေးဆပ်မှုကြီးမားခဲ့ရပြီး အဲဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားသွားခဲ့ကာ အခုချိန်ထိ ပြိုင်ဘက်ပရိသတ်တွေရဲ့လှောင်ပြောင်စရာဖြစ်နေတုန်းပါပဲ။ မကြာသေးခင်တုန်းကတော့ အဲဒီလီဗာပူးအသင်းခေါင်းဆောင်ဟောင်းက ဒီရာသီပရီးမီးယားလိဂ်မှာ လီဗာပူးဗိုလ်စွဲမယ်ဆိုရင် သူ့ကစားသမားဘဝရဲ့အမှောင်မိုက်ဆုံးနေ့ရက်တွေကနေ ကျော်လွန်သွားအောင် ကူညီပေးနိုင်လိမ့်မယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ဆုတံဆိပ်အတွက် သူ့ကိုပြန်ခေါ်ဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

photo-gettyimages

လီဗာပူးCEO ပီတာမိုးက”ပရီးမီးယားလိဂ်ဆုတံဆိပ်ပေးနိုင်ဖို့ ဂျရတ်ကို ကျွန်တော်တို့ ပြန်ခေါ်နိုင်မလားဆိုတဲ့မေးခွန်းမှာ ကျွန်တော်ပြန်မေးချင်တာက အဲဒီလိုဖြစ်ဖို့ လူစာရင်းထဲကနေ ဘယ်ကစားသမားကိုဖြုတ်မှာလဲ ဆိုတာပါပဲ။ သူဟာ မတူညီတဲ့ကလပ်တစ်ခုမှာ နည်းပြတာဝန်ယူထားတယ်ဆိုတာကို သတိမထားမိကြဘူးလား။ ကျွန်တော်တို့အားလုံး ဂျရတ်ကိုချစ်ကြသလို သူ့ရဲ့နည်းပြဘဝအတွက်လည်း အရမ်းကိုဂုဏ်ယူကြတာပါ။ ဒါပေမဲ့ ဆုတံဆိပ်အတွက် သူ့ကို ခဏပြန်ခေါ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ အဝတ်အစားလဲခန်းထဲက အသင်းလိုက်ဟန်ချက်ညီမှုကလည်း အရေးကြီးပါတယ်”လို့ ပြောသွားခဲ့တာပါ။

[Zawgyi]

ပရီးမီးယားလိဂ္ဆုတံဆိပ္ေပးႏိုင္ေအာင္ ဂ်ရတ္ကိုျပန္ေခၚမယ္ဆုိတဲ့ေကာလာဟလေတြကုိ လီဗာပူးCEO တု႔ံျပန္

ေနာက္ဆုံးမွာ စတီဗင္ဂ်ရတ္တစ္ေယာက္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလားကိုကိုင္ေျမွာက္ႏိုင္ဖို႔ ျပန္ေခၚမယ္ဆုိတဲ့ အိုင္ဒီယာကို လီဗာပူးအသင္းအမႈေဆာင္ခ်ဳပ္ပီတာမုိးက ပယ္ခ်လိုက္ပါတယ္။ လီဗာပူးပရိသတ္အခ်ိဳ႕ဟာ အသင္းဂႏၳ၀င္ျဖစ္တဲ့စတီဗင္ဂ်ရတ္ကို ရိန္းဂ်ားနည္းျပရာထူးကေနႏုတ္ထြက္ေစကာ သူကပ္သီးေလးလြဲေခ်ာ္ခဲ့ရတဲ့ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ လိုအပ္တ့ဲ ၅ ပြဲကစားဖို႔ အသင္းကိုျပန္လာေစခ်င္ေနၾကတာပါ။

တကယ္လည္း ဂ်ရတ္ရဲ႕လီဗာပူးကစားသမားဘ၀မွာ တစ္ခုတည္းေသာဆုဖလားေအာင္ျမင္မႈကြက္လပ္က ပရီးမီးယားလိဂ္ျဖစ္ခဲ့တာပါ။ သူဟာ ၂၀၁၃-၁၄ ရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ အနီးစပ္ဆုံးျဖစ္ခဲ့ေပမယ့္ ရာသီသိမ္းဖုိ႔ ၃ ပြဲအလုိ ခ်န္ပီယံၿပိဳင္ဘက္ခ်ဲလ္ဆီးနဲ႔အေတြ႕မွာ သူ႔ရဲ႕ေခ်ာ္လဲမႈကေန ေပးဆပ္မႈႀကီးမားခဲ့ရၿပီး အဲဒါဟာ ပရီးမီးယားလိဂ္သမိုင္းမွာ နာမည္ဆိုးနဲ႔ေက်ာ္ၾကားသြားခဲ့ကာ အခုခ်ိန္ထိ ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္စရာျဖစ္ေနတုန္းပါပဲ။ မၾကာေသးခင္တုန္းကေတာ့ အဲဒီလီဗာပူးအသင္းေခါင္းေဆာင္ေဟာင္းက ဒီရာသီပရီးမီးယားလိဂ္မွာ လီဗာပူးဗုိလ္စြဲမယ္ဆိုရင္ သူ႔ကစားသမားဘ၀ရဲ႕အေမွာင္မိုက္ဆုံးေန႔ရက္ေတြကေန ေက်ာ္လြန္သြားေအာင္ ကူညီေပးႏိုင္လိမ့္မယ္လုိ႔ ေျပာထားပါတယ္။ ဒါေပမဲ့ ပရီးမီးယားလိဂ္ဆုတံဆိပ္အတြက္ သူ႔ကိုျပန္ေခၚဖုိ႔ကေတာ့ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး။

လီဗာပူးCEO ပီတာမိုးက”ပရီးမီးယားလိဂ္ဆုတံဆိပ္ေပးႏိုင္ဖို႔ ဂ်ရတ္ကို ကၽြန္ေတာ္တို႔ ျပန္ေခၚႏိုင္မလားဆုိတဲ့ေမးခြန္းမွာ ကၽြန္ေတာ္ျပန္ေမးခ်င္တာက အဲဒီလုိျဖစ္ဖို႔ လူစာရင္းထဲကေန ဘယ္ကစားသမားကိုျဖဳတ္မွာလဲ ဆုိတာပါပဲ။ သူဟာ မတူညီတဲ့ကလပ္တစ္ခုမွာ နည္းျပတာ၀န္ယူထားတယ္ဆုိတာကို သတိမထားမိၾကဘူးလား။ ကၽြန္ေတာ္တို႔အားလုံး ဂ်ရတ္ကိုခ်စ္ၾကသလို သူ႔ရဲ႕နည္းျပဘ၀အတြက္လည္း အရမ္းကိုဂုဏ္ယူၾကတာပါ။ ဒါေပမဲ့ ဆုတံဆိပ္အတြက္ သူ႔ကို ခဏျပန္ေခၚဖို႔ဆုိတာက မျဖစ္ႏိုင္ပါဘူး။ အ၀တ္အစားလဲခန္းထဲက အသင္းလိုက္ဟန္ခ်က္ညီမႈကလည္း အေရးႀကီးပါတယ္”လို႔ ေျပာသြားခဲ့တာပါ။