ပရီးမီးယားလိဂ်ဆယ်စုနှစ်အကောင်းဆုံးအသင်းမှာ သူမပါခဲ့လို့ ကာရေဂါကို တုံ့ပြန်ခဲ့တဲ့ တယ်ရီ

photo-express

photo-gettyimages

ချဲလ်ဆီးဂန္ထဝင်ဂျွန်တယ်ရီဟာ ကာရေဂါနဲ့ဂယ်ရီနဗီးလ်တို့ရွေးခဲ့တဲ့ ပရီးမီးယားလိဂ်ဆယ်စုနှစ်အကောင်းဆုံးအသင်းနဲ့ ပတ်သက်လု့ိ သဘောမတူနိုင်ဖြစ်ခဲ့ရပါတယ်။ အကြောင်းရင်းကတော့ အဲဒီမှာ သူပါသင့်တယ်လို့ ထင်မြင်နေတာပါပဲ။ Sky Sports ရုပ်သံရဲ့ဝေဖန်သုံးသပ်သူတွေဖြစ်ကြတဲ့ လီဗာပူးနောက်ခံလူဟောင်းကာရေဂါနဲ့ မန်ယူနောက်ခံလူဟောင်းဂယ်ရီနဗီးလ်တို့ဟာ Monday Night Football အစီအစဉ်မှာ နောက်ဆုံးဆယ်စုနှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းကို သူတို့စိတ်ကြိုက်တစ်သင်းစီရွေးချယ်ခဲ့ကြပါတယ်။

photo-gettyimages

သူတို့ရွေးချယ်ကြတဲ့ဆယ်စုနှစ်အကောင်းဆုံးအသင်းမှာ မန်စီတီးနောက်ခံလူဟောင်းကွန်ပနီနဲ့ လက်ရှိလီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်တို့ဟာ ဗဟိုခံစစ်မှာ ပါဝင်နေကြပါတယ်။ ကာရေဂါက Sky Sports ရုပ်သံမှာ နဗီးလ်နဲ့ရွေးခဲ့တဲ့ ဆယ်စုနှစ်အကောင်းဆုံးနှစ်သင်းပုံကို ဆိုရှယ်မီဒီယာပေါ်တင်လိုက်တဲ့အခါ တယ်ရီက အချက်အလက်နဲ့အတူ အဲဒီပု့ိစ်ရဲ့အောက်မှာ ဝင်မန့်ပြီး တုံ့ပြန်ခဲ့တာပါ။ သူဟာ ဗိုလ်စွဲခဲ့တဲ့ ၂၀၁၄-၁၅ ရာသီမှာ ပွဲစဉ်တိုင်း မိနစ်တိုင်းကစားခဲ့ပြီး အဲဒီလိုလုပ်နိုင်တဲ့ ၅ ယောက်မြောက်ကစားသမားဖြစ်တယ်လို့ ဝင်မန့်ခဲ့တာပါ။

photo-social media

နောက်ဆုံးဆယ်စုနှစ်အတွင်းမှာတော့ ကွန်ပနီဟာ မန်စီးတီးအသင်းခေါင်းဆောင်အဖြစ်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ၄ ကြိမ်ရရှိခဲ့ပါတယ်။ ဗန်ဒစ်ဂျ်ကတော့ ပရီးမီးယားလိဂ်မှာ ဗိုလ်မစွဲဖူးသေးဘဲ ချန်ပီယံလိဂ်အောင်မြင်မှုတစ်ကြိမ်သာ ရှိသေးတာပါ။ ဒါပေမဲ့ တယ်ရီကတော့ တူညီတဲ့ကာလအတွင်းမှာပဲ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်မှာ ၃ ကြိမ်ချန်ပီယံဖြစ်ခဲ့တာပါ။ ပရီးမီးယားလိဂ်တစ်ခုတည်းဆိုရင်တော့ သူ့ဘက်က မကျေနပ်တာဟာ ဖြစ်သင့်တာပါပဲ။

[Zawgyi]

ပရီးမီးယားလိဂ္ဆယ္စုႏွစ္အေကာင္းဆုံးအသင္းမွာ သူမပါခဲ့လို႔ ကာေရဂါကို တုံ႔ျပန္ခဲ့တဲ့ တယ္ရီ

ခ်ဲလ္ဆီးဂႏၳ၀င္ဂၽြန္တယ္ရီဟာ ကာေရဂါနဲ႔ဂယ္ရီနဗီးလ္တို႔ေရြးခဲ့တဲ့ ပရီးမီးယားလိဂ္ဆယ္စုႏွစ္အေကာင္းဆုံးအသငး္နဲ႔ ပတ္သက္လု႔ိ သေဘာမတူႏိုင္ျဖစ္ခဲ့ရပါတယ္။ အေၾကာင္းရင္းကေတာ့ အဲဒီမွာ သူပါသင့္တယ္လို႔ ထင္ျမင္ေနတာပါပဲ။ Sky Sports ရုပ္သံရဲ႕ေ၀ဖန္သုံးသပ္သူေတြျဖစ္ၾကတဲ့ လီဗာပူးေနာက္ခံလူေဟာင္းကာေရဂါနဲ႔ မန္ယူေနာက္ခံလူေဟာင္းဂယ္ရီနဗီးလ္တို႔ဟာ Monday Night Football အစီအစဥ္မွာ ေနာက္ဆုံးဆယ္စုႏွစ္အတြင္း ပရီးမီးယားလိဂ္ရဲ႕ေနရာအလိုက္အေကာင္းဆုံးအသင္းကို သူတို႔စိတ္ႀကိဳက္တစ္သငး္စီေရြးခ်ယ္ခဲ့ၾကပါတယ္။

သူတို႔ေရြးခ်ယ္ၾကတဲ့ဆယ္စုႏွစ္အေကာင္းဆုံးအသင္းမွာ မန္စီတီးေနာက္ခံလူေဟာင္းကြန္ပနီနဲ႔ လက္ရွိလီဗာပူးေနာက္ခံလူဗန္ဒစ္ဂ်္တို႔ဟာ ဗဟိုခံစစ္မွာ ပါ၀င္ေနၾကပါတယ္။ ကာေရဂါက Sky Sports ရုပ္သံမွာ နဗီးလ္န႔ဲေရြးခဲ့တဲ့ ဆယ္စုႏွစ္အေကာင္းဆုံးႏွစ္သင္းပုံကို ဆုိရွယ္မီဒီယာေပၚတင္လိုက္တဲ့အခါ တယ္ရီက အခ်က္အလက္နဲ႔အတူ အဲဒီပု႔ိစ္ရဲ႕ေအာက္မွာ ၀င္မန္႔ၿပီး တုံ႔ျပန္ခဲ့တာပါ။ သူဟာ ဗုိလ္စြဲခဲ့တဲ့႔ ၂၀၁၄-၁၅ ရာသီမွာ ပြဲစဥ္တိုင္း မိနစ္တုိငး္ကစားခဲ့ၿပီး အဲဒီလိုလုပ္ႏိုင္တဲ့ ၅ ေယာက္ေျမာက္ကစားသမားျဖစ္တယ္လို႔ ၀င္မန္႔ခဲ့တာပါ။

ေနာက္ဆုံးဆယ္စုႏွစ္အတြင္းမွာေတာ့ ကြန္ပနီဟာ မန္စီးတီးအသင္းေခါင္းေဆာင္အျဖစ္နဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ၄ ႀကိမ္ရရွိခဲ့ပါတယ္။ ဗန္ဒစ္ဂ်္ကေတာ့ ပရီးမီးယားလိဂ္မွာ ဗုိလ္မစြဲဖူးေသးဘဲ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈတစ္ႀကိမ္သာ ရွိေသးတာပါ။ ဒါေပမဲ့ တယ္ရီကေတာ့ တူညီတဲ့ကာလအတြင္းမွာပဲ ခ်ဲလ္ဆီးနဲ႔အတူ ပရီးမီးယားလိဂ္မွာ ၃ ႀကိမ္ခ်န္ပီယံျဖစ္ခဲ့တာပါ။ ပရီးမီးယားလိဂ္တစ္ခုတည္းဆိုရင္ေတာ့ သူ႔ဘက္က မေက်နပ္တာဟာ ျဖစ္သင့္တာပါပဲ။