ပရီးမီးယားလိဂ်ဂိုး(၁၀၀)ပြည့်မြောက်ခဲ့တဲ့ ဆာလာ အာဖရိက,ကစားသမားတွေထဲမှာ ဒရော့ဘာပြီးရင် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးဖြစ်လာ
Viber No => 09 969 710 910                                                         Shwe Casino Facebook Page Link => https://bit.ly/3AQZRVp                                                         Shwe Casino App Download Link => https://bit.ly/3k41mc4
လီဗာပူးလ်အသင်းရဲ့အီဂျစ်နာမည်ကျော်တိုက်စစ်ကစားသမား ဆာလာဟာ လိဒ်စ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ
အသင်းအတွက်(၁)ဂိုးသွင်းယူခဲ့ပြီး အခုဆိုရင် သူ့ရဲ့ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက် ဂိုး(၁၀၀)ပြည့်မြောက်ခဲ့ပါပြီ။
လိဒ်စ်အသင်းနဲ့ပွဲ ပထမပိုင်းမိနစ်(၂၀)မှာ နောက်ခံလူအာနိုးလ် ညာခြမ်းကနေ ပယ်နယ်တီဧရိယာထဲချိုးပေးလိုက်တဲ့ဘောလုံးကို
ဆာလာကအလိုက်သွင့်ကန်သွင်းပြီးတော့ ကစားသမားဘဝ ပရီးမီးယားလိဂ်ရာပြည့်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ဆာလာဟာ ချယ်လ်ဆီးအသင်းမှာကစားခဲ့တုန်းက ပရီးမီးယားလိဂ်(၂)ဂိုးသွင်းယူခဲ့ပြီး အခု လီဗာပူးလ်အသင်းနဲ့အတူ
ပရီးမီးယားလိဂ်(၉၈)ဂိုးအထိသွင်းယူခဲ့တာဖြစ်သလို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုး(၁၀၀)ပြည့်ခဲ့တဲ့
အယောက်(၃၀)မြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဆာလာဟာ ပရီးမီးယားလိဂ်ပွဲပေါင်း (၁၆၂)ပွဲကစားပြီးချိန်မှာပဲ ဂိုး(၁၀၀)ပြည့်ခဲ့တာကြောင့်
အလန်ရှီးယား(၁၂၄ပွဲ)၊ ဟယ်ရီကိန်း (၁၄၁)ပွဲ ၊ အဂွဲရိုး(၁၄၇)ပွဲ ၊ အွန်နရီ(၁၆ဝ)ပွဲ တို့ပြီးရင်
ပွဲအနည်းဆုံးနဲ့ ပရီးမီးယားလိဂ်ရာပြည့်သွင်းဂိုးမှတ်တမ်းပိုင်ဆိုင်ခဲ့သူအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါပြီ။
ဒါ့အပြင် အာဖရိက,ကစားသမားတွေထဲမှာ ဆာလာထက် ပရီးမီးလိဂ်သွင်းဂိုးပိုများတာဆိုလို့ ချယ်လ်ဆီးအသင်းဂန္ထဝင်တိုက်စစ်မှူးကြီး ဒရော့ဘာတစ်ယောက်သာရှိတော့တာပါ။
ဒရော့ဘာဟာ ချယ်လ်ဆီးအသင်းအတွက်ကစားခဲ့တဲ့ ၂၀၀၄-၂၀၁၂၊ ၂၀၁၄-၁၅ရာသီတွေမှာ စုစုပေါင်း(၁၀၄)ဂိုးအထိသွင်းယူခဲ့ပြီး
ဆာလာအနေနဲ့ ဒရော့ဘာတင်ရှိထားတဲ့ အာဖရိက,ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးစံချိန်ကို မကြာခင် ချိုးဖျက်နိုင်ဖို့လည်းရှိနေပါပြီ။
ဒီရာသီအဖွင့်ပွဲတုန်းက နောဝစ်ချ်အသင်းကို (၃-ဝ)ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဆာလာ တစ်ဂိုးသွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ
(၅)ရာသီဆက်တိုက်ဂိုးသွင်းခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါသေးတယ်။
အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ ဆာလာဟာ ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး
လီဗာပူးလ်ကစားသမားဘဝ (၄)နှစ်ကျော်ကာလအတွင်း ပြိုင်ပွဲစုံမှာ (၁၂၈)ဂိုးအထိသွင်းယူထားပြီး အသင်းနဲ့အတူ
ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေရယူနိုင်ခဲ့သူဖြစ်ပါတယ်။
Viber No => 09 969 710 910                                                         Shwe Casino Facebook Page Link => https://bit.ly/3AQZRVp                                                         Shwe Casino App Download Link => https://bit.ly/3k41mc4
zawgyi
ဒီရာသီအဖွင့်ပွဲတုန်းက နောဝစ်ခ်ျအသင်းကို (၃-၀)ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဆာလာ တစ်ဂိုးသွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ (၅)ရာသီဆက်တိုက်ဂိုးသွင်းခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါသေးတယ်။