ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပဲလေ့စ်ကို အမှားမခံဘဲ အနိုင်ယူခဲ့တဲ့ မန်စီးတီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)စနေနေ့ပွဲတွေမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ (၉၀%)သေချာနေတဲ့ မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ပဲလေ့စ်အသင်းကို အမှားအယွင်းမရှိအနိုင်ယူပြီး ချန်ပီယံဆုနဲ့လက်တစ်ကမ်းအကွာကို ရောက်လာခဲ့ပါပြီ။

တန်းမဆင်းရဖို့ ရာနှုန်းပြည့်နီးပါးစိတ်ချသွားရပြီဖြစ်သလို ဥရောပဝင်ခွင့်မျှော်လင့်ချက်လည်း ဘာမှမရှိတော့တဲ့ ပဲလေ့စ်အသင်းဟာ ဒီပွဲမှာ မန်စီးတီးကို ဒုက္ခပေးနိုင်တာမျိုးမရှိဘဲ မန်စီးတီးအသင်းက အခက်အခဲမရှိအမှတ်ပြည့်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာဟာ လာမယ့်တစ်ပတ်မှာ ချန်ပီယံလိဂ်ရှိနေတာကြောင့် ဒီဘရိုင်းနား၊ ဂွမ်ဒိုဂန်၊ ဖိုဒန်၊ ဘာနာဒိုဆေးလ်ဗား၊ မာရက်ဇ်တို့ကို အနားပေးခဲ့ပေမယ့်

မန်စီးတီးအသင်းရဲ့ပွဲထွက်လူစာရင်းက တောင့်တင်းခဲ့ပြီး ဂျေးဆု၊ စတာလင်၊ ဖာရန်တောရက်စ်အပြင် ဝါရင့်တိုက်စစ်မှူးအဂွဲရိုးလည်း ဒီပွဲမှာပွဲထွက်ကစားခဲ့တယ်။

မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို (၅၇)မိနစ်မှာ နောက်ခံလူမန်ဒီရဲ့ဖန်တီးပေးမှုကနေ အဂွဲရိုးက သွင်းယူခဲ့တာကြောင့် ရာသီကုန်ရင်အသင်းနဲ့လမ်းခွဲမယ့် အဂွဲရိုးအတွက် ကျေနပ်စရာလို့ပြောရမှာပါ။

ဒုတိယဂိုးကိုတော့ မိနစ်ပိုင်းအကြာမှာပဲ ဖာရန်တောရက်စ်က သွင်းယူခဲ့ပြီး အဝေးကွင်းပေးဂိုးမဲ့နိုင်ပွဲတစ်ပွဲ ပိုင်ဆိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အခုပွဲကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ တင်ရှိထားတဲ့ သူတို့အသင်းရဲ့အဝေးကွင်းနိုင်ပွဲဆက်စံချိန်ကို ပြန်လည်ရယူနိုင်ခဲ့ပါပြီ။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက ဆောက်သမ်တန်အသင်းကို အဝေးကွင်းမှာ (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက်ပိုင်း အဝေးကွင်း(၁၁)ပွဲဆက်အနိုင်ရခဲ့တာဖြစ်ပြီး

၂၀၁၆-၁၇ ရာသီကုန်ခါနီးကနေ ၂၀၁၇ မေလအတွင်းတင်ရှိခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲဆက်အများဆုံးနိုင်ပွဲစံချိန်ကို ပြန်လည်ပိုင်ဆိုင်ခဲ့တာပါ။

မန်စီးတီးအသင်းလိုပဲ ချယ်လ်ဆီးအသင်းကလည်း ၂၀၀၈ ခုနှစ်တုန်းက ဧပြီလကနေ ဒီဇင်ဘာလအထိ အဝေးကွင်း(၁၁)ပွဲဆက်အနိုင်ရခဲ့ဖူးပြီး တကယ်လို့ မန်စီးတီးအသင်းသာ

လာမယ့်မေလ(၁၅)ရက်ကျရင် နယူးကာဆယ်နဲ့ကစားမယ့်အဝေးကွင်းပွဲမှာ နိုင်ပွဲထပ်ရခဲ့မယ်ဆိုရင်တော့ စံချိန်သစ်တင်နိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မန်စီးတီးအသင်းဟာ (၃၄)ပွဲကစား၊ ရမှတ်(၈၀)ရရှိထားပြီး အဆင့်(၂)နေရာက မန်ချက်စတာယူနိုက်တက်အသင်းကို တစ်ပွဲပို၊ (၁၃)မှတ်အထိဖြတ်ထားနိုင်ခဲ့ပါပြီ။

ယူနိုက်တက်အသင်းဟာ မနက်ဖြန်ကျရင် လီဗာပူးလ်နဲ့ပွဲကြီးပွဲကောင်းကစားရမှာဖြစ်ပြီး တကယ်လို့ ယူနိုက်တက်အသင်း ရှုံးပွဲတွေ့ခဲ့ရင်တော့ မန်စီးတီးအသင်းက ရာသီကုန်ဖို့ (၄)ပွဲအလိုမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပါ။

ပရီးမီးယားလိဂ်မှာ Goal Difference နဲ့ ဆုံးဖြတ်တာဖြစ်လို့ မန်စီးတီးနဲ့ယူနိုက်တက်ကြားမှာ ဂိုးကွာခြားချက်က (၁၈)ဂိုးအထိရှိနေပြီး ယူနိုက်တက်အသင်းက လီဗာပူးလ်နဲ့ပွဲမှာ သရေကျခဲ့ရင်တောင်

မန်စီးတီးအသင်းဟာ ယူနိုက်တက်နဲ့ (၁၂)မှတ်အကွာ၊ ဂိုးကွာခြားချက်(+၁၈ဂိုး)အထိအသာရနေတာကြောင့် ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုက မန်စီးတီးအတွက်သေချာသွားပြီလို့ သတ်မှတ်ရမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ပဲေလ့စ္ကို အမွားမခံဘဲ အႏိုင္ယူခဲ့တဲ့ မန္စီးတီး

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ပြဲစဥ္(၃၄)စေနေန႔ပြဲေတြမွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ (၉၀%)ေသခ်ာေနတဲ့ မန္စီးတီးအသင္းဟာ အေဝးကြင္းမွာ ပဲေလ့စ္အသင္းကို အမွားအယြင္းမရွိအႏိုင္ယူၿပီး ခ်န္ပီယံဆုနဲ႔လက္တစ္ကမ္းအကြာကို ေရာက္လာခဲ့ပါၿပီ။

တန္းမဆင္းရဖို႔ ရာႏႈန္းျပည့္နီးပါးစိတ္ခ်သြားရၿပီျဖစ္သလို ဥေရာပဝင္ခြင့္ေမွ်ာ္လင့္ခ်က္လည္း ဘာမွမရွိေတာ့တဲ့ ပဲေလ့စ္အသင္းဟာ ဒီပြဲမွာ မန္စီးတီးကို ဒုကၡေပးႏိုင္တာမ်ိဳးမရွိဘဲ မန္စီးတီးအသင္းက အခက္အခဲမရွိအမွတ္ျပည့္ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မန္စီးတီးနည္းျပဂြါဒီယိုလာဟာ လာမယ့္တစ္ပတ္မွာ ခ်န္ပီယံလိဂ္ရွိေနတာေၾကာင့္ ဒီဘ႐ိုင္းနား၊ ဂြမ္ဒိုဂန္၊ ဖိုဒန္၊ ဘာနာဒိုေဆးလ္ဗား၊ မာရက္ဇ္တို႔ကို အနားေပးခဲ့ေပမယ့္ မန္စီးတီးအသင္းရဲ႕ပြဲထြက္လူစာရင္းက ေတာင့္တင္းခဲ့ၿပီး ေဂ်းဆု၊ စတာလင္၊ ဖာရန္ေတာရက္စ္အျပင္ ဝါရင့္တိုက္စစ္မႉးအဂြဲ႐ိုးလည္း ဒီပြဲမွာပြဲထြက္ကစားခဲ့တယ္။

မန္စီးတီးအသင္းအတြက္ အဖြင့္ဂိုးကို (၅၇)မိနစ္မွာ ေနာက္ခံလူမန္ဒီရဲ႕ဖန္တီးေပးမႈကေန အဂြဲ႐ိုးက သြင္းယူခဲ့တာေၾကာင့္ ရာသီကုန္ရင္အသင္းနဲ႔လမ္းခြဲမယ့္ အဂြဲ႐ိုးအတြက္ ေက်နပ္စရာလို႔ေျပာရမွာပါ။ ဒုတိယဂိုးကိုေတာ့ မိနစ္ပိုင္းအၾကာမွာပဲ ဖာရန္ေတာရက္စ္က သြင္းယူခဲ့ၿပီး အေဝးကြင္းေပးဂိုးမဲ့ႏိုင္ပြဲတစ္ပြဲ ပိုင္ဆိုင္ခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ အခုပြဲကို အႏိုင္ရခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္မွာ တင္ရွိထားတဲ့ သူတို႔အသင္းရဲ႕အေဝးကြင္းႏိုင္ပြဲဆက္စံခ်ိန္ကို ျပန္လည္ရယူႏိုင္ခဲ့ပါၿပီ။

မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလတုန္းက ေဆာက္သမ္တန္အသင္းကို အေဝးကြင္းမွာ (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ပိုင္း အေဝးကြင္း(၁၁)ပြဲဆက္အႏိုင္ရခဲ့တာျဖစ္ၿပီး ၂၀၁၆-၁၇ ရာသီကုန္ခါနီးကေန ၂၀၁၇ ေမလအတြင္းတင္ရွိခဲ့တဲ့ ပရီးမီးယားလိဂ္အေဝးကြင္းပြဲဆက္အမ်ားဆုံးႏိုင္ပြဲစံခ်ိန္ကို ျပန္လည္ပိုင္ဆိုင္ခဲ့တာပါ။

မန္စီးတီးအသင္းလိုပဲ ခ်ယ္လ္ဆီးအသင္းကလည္း ၂၀၀၈ ခုႏွစ္တုန္းက ဧၿပီလကေန ဒီဇင္ဘာလအထိ အေဝးကြင္း(၁၁)ပြဲဆက္အႏိုင္ရခဲ့ဖူးၿပီး တကယ္လို႔ မန္စီးတီးအသင္းသာ လာမယ့္ေမလ(၁၅)ရက္က်ရင္ နယူးကာဆယ္နဲ႔ကစားမယ့္အေဝးကြင္းပြဲမွာ ႏိုင္ပြဲထပ္ရခဲ့မယ္ဆိုရင္ေတာ့ စံခ်ိန္သစ္တင္ႏိုင္မွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ မန္စီးတီးအသင္းဟာ (၃၄)ပြဲကစား၊ ရမွတ္(၈၀)ရရွိထားၿပီး အဆင့္(၂)ေနရာက မန္ခ်က္စတာယူႏိုက္တက္အသင္းကို တစ္ပြဲပို၊ (၁၃)မွတ္အထိျဖတ္ထားႏိုင္ခဲ့ပါၿပီ။

ယူႏိုက္တက္အသင္းဟာ မနက္ျဖန္က်ရင္ လီဗာပူးလ္နဲ႔ပြဲႀကီးပြဲေကာင္းကစားရမွာျဖစ္ၿပီး တကယ္လို႔ ယူႏိုက္တက္အသင္း ရႈံးပြဲေတြ႕ခဲ့ရင္ေတာ့ မန္စီးတီးအသင္းက ရာသီကုန္ဖို႔ (၄)ပြဲအလိုမွာပဲ ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္မွာပါ။

ပရီးမီးယားလိဂ္မွာ Goal Difference နဲ႔ ဆုံးျဖတ္တာျဖစ္လို႔ မန္စီးတီးနဲ႔ယူႏိုက္တက္ၾကားမွာ ဂိုးကြာျခားခ်က္က (၁၈)ဂိုးအထိရွိေနၿပီး ယူႏိုက္တက္အသင္းက လီဗာပူးလ္နဲ႔ပြဲမွာ သေရက်ခဲ့ရင္ေတာင္ မန္စီးတီးအသင္းဟာ ယူႏိုက္တက္နဲ႔ (၁၂)မွတ္အကြာ၊ ဂိုးကြာျခားခ်က္(+၁၈ဂိုး)အထိအသာရေနတာေၾကာင့္ ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုက မန္စီးတီးအတြက္ေသခ်ာသြားၿပီလို႔ သတ္မွတ္ရမွာပဲျဖစ္ပါတယ္။