ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း မရှိတော့ဘူးလို့ ဆိုးလ်ရှား ဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက သူတို့အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အနေအထား မရှိတော့ဘူးလို့ အဲဗာတန်နဲ့ (၃)ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ ဝန်ခံပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ မနေ့က ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ (၂)ဂိုးပြတ်အနိုင်ရနေပြီးမှာ ဒီဂီယာရဲ့အမှားတချို့ကြောင့် ချေပဂိုးတွေ ပြန်ပေးခဲ့ရသလို တွမ်မီနေးက ဦးဆောင်ဂိုးပြန်သွင်းခဲ့ပေမယ့် ပွဲပြီးခါနီးမှာ တွမ်ဇီဘီကြောင့် ပေးလိုက်ရတဲ့ပြစ်ဒဏ်ဘောကနေ အဲဗာတန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်က ချေပဂိုးသွင်းယူခဲ့လို့ အဖိုးတန်(၃)မှတ် ဆုံးရှုံးခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ (၈)နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူဖို့ မျှော်လင့်ချက်ရှိခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၃)ပွဲမှာ အမှားအယွင်းတွေရှိခဲ့တာကြောင့် သူတို့ရဲ့ ချန်ပီယံမျှော်လင့်ချက်က တော်တော်လေးကို အားနည်းသွားပါပြီ။

အဲဒါကြောင့် ဆိုးလ်ရှားက “ကျွန်တော်တို့အသင်းကို ပရီးမီးယားလိဂ်ဖလား ရယူနိုင်စွမ်းရှိတဲ့အသင်းစာရင်းထဲကနေ ဖယ်ထုတ်လိုက်ပါတော့။ အခုလောလောဆယ် ကျွန်တော်တို့ကို အသင်းကောင်းတစ်သင်းအဖြစ်သာ သတ်မှတ်ရတော့မှာဖြစ်ပြီး ရာသီကုန်ကျရင် ဘယ်နေရာမှာ ရပ်တည်နိုင်မလဲဆိုတာသာ စောင့်ကြည့်ရမှာပါ။

အသင်းက ကစားသမားတွေအနေနဲ့ ဂိုးတွေကို လွယ်လွယ်ကူကူ ပေးလိုက်တာမျိုး မဖြစ်အောင်ကြိုးစားသင့်နေပါပြီ။ မပေးသင့်တဲ့ ဂိုးတွေပေးလိုက်ရတာကြောင့် အဖိုးတန်(၂)မှတ် ဆုံးရှုံးလိုက်ရပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားပုံကောင်းခဲ့ပေမယ့် ဂိုးပေါက်တည့်မှု (၃)ကြိမ်ကနေ (၃)ဂိုးပေးလိုက်ရပြီး အဲဒါက တကယ့်ကို စိတ်ပျက်စရာကောင်းပါတယ်။

ဒီပေးဂိုးတွေအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်လိုပေမယ့် အခုထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးလုပ်ပြသင့်တယ်ဆိုတာ ကစားသမားတွေ အားလုံးနားလည်သဘောပေါက်သင့်တယ်ထင်ပါတယ်”လို့ ပြောကြားခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၄)ပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပြီး (၂)ပွဲသရေ၊ တစ်ပွဲရှုံးခဲ့တာကြောင့် ဖြစ်နိုင်ခြေရှိတဲ့ (၁၂)မှတ်ထဲက (၅)မှတ်သာရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်က ဆိုးရွားလွန်းပြီး နောက်ဆုံး(၄)ပွဲမှာ အိမ်ကွင်းပွဲစဉ်(၂)ပွဲဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်၊ အဲဗာတန်တို့ကို အနိုင်မကစားနိုင်ခဲ့ပါဘူး။

အခုလောလောဆယ် ယူနိုက်တက်အသင်းဟာ ထိပ်ဆုံးက မန်စီးတီးထက် (၂)ပွဲပိုကစားထားပြီး (၂)မှတ်အကွာ (၄၅)မှတ်နဲ့ အဆင့်(၂)နေရာမှာရပ်တည်နေဆဲဆိုပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်လင့်ဖို့ထက် လက်ရှိနေရာမှာ ဆက်ရှိနေဖို့ကိုသာ ပိုအာရုံစိုက်ရတော့မယ့်အနေအထားပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏိုင္စြမ္း မရွိေတာ့ဘူးလို႔ ဆိုးလ္ရွား ဝန္ခံ

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက သူတို႔အသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ့အေနအထား မရွိေတာ့ဘူးလို႔ အဲဗာတန္နဲ႔ (၃)ဂိုးစီသေရက်ခဲ့တဲ့ပြဲအၿပီးမွာ ဝန္ခံေျပာဆိုလိုက္ပါတယ္။ ယူႏိုက္တက္အသင္းဟာ မေန႔က ကစားခဲ့တဲ့ အဲဗာတန္နဲ႔ ပရီးမီးယားလိဂ္ပြဲမွာ (၂)ဂိုးျပတ္အႏိုင္ရေနၿပီးမွာ ဒီဂီယာရဲ႕အမွားတခ်ိဳ႕ေၾကာင့္ ေခ်ပဂိုးေတြ ျပန္ေပးခဲ့ရသလို တြမ္မီေနးက ဦးေဆာင္ဂိုးျပန္သြင္းခဲ့ေပမယ့္ ပြဲၿပီးခါနီးမွာ တြမ္ဇီဘီေၾကာင့္ ေပးလိုက္ရတဲ့ျပစ္ဒဏ္ေဘာကေန အဲဗာတန္တိုက္စစ္မႉး ကယ္လ္ဗတ္လူဝင္က ေခ်ပဂိုးသြင္းယူခဲ့လို႔ အဖိုးတန္(၃)မွတ္ ဆုံးရႈံးခဲ့ရပါတယ္။ ယူႏိုက္တက္အသင္းဟာ (၈)ႏွစ္ၾကာေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားကို ျပန္လည္ရယူဖို႔ ေမွ်ာ္လင့္ခ်က္ရွိခဲ့ေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္(၃)ပြဲမွာ အမွားအယြင္းေတြရွိခဲ့တာေၾကာင့္ သူတို႔ရဲ႕ ခ်န္ပီယံေမွ်ာ္လင့္ခ်က္က ေတာ္ေတာ္ေလးကို အားနည္းသြားပါၿပီ။

အဲဒါေၾကာင့္ ဆိုးလ္ရွားက “ကြၽန္ေတာ္တို႔အသင္းကို ပရီးမီးယားလိဂ္ဖလား ရယူႏိုင္စြမ္းရွိတဲ့အသင္းစာရင္းထဲကေန ဖယ္ထုတ္လိုက္ပါေတာ့။ အခုေလာေလာဆယ္ ကြၽန္ေတာ္တို႔ကို အသင္းေကာင္းတစ္သင္းအျဖစ္သာ သတ္မွတ္ရေတာ့မွာျဖစ္ၿပီး ရာသီကုန္က်ရင္ ဘယ္ေနရာမွာ ရပ္တည္ႏိုင္မလဲဆိုတာသာ ေစာင့္ၾကည့္ရမွာပါ။ အသင္းက ကစားသမားေတြအေနနဲ႔ ဂိုးေတြကို လြယ္လြယ္ကူကူ ေပးလိုက္တာမ်ိဳး မျဖစ္ေအာင္ႀကိဳးစားသင့္ေနပါၿပီ။ မေပးသင့္တဲ့ ဂိုးေတြေပးလိုက္ရတာေၾကာင့္ အဖိုးတန္(၂)မွတ္ ဆုံးရႈံးလိုက္ရပါတယ္။ ဒုတိယပိုင္းမွာ ကြၽန္ေတာ္တို႔ ကစားပုံေကာင္းခဲ့ေပမယ့္ ဂိုးေပါက္တည့္မႈ (၃)ႀကိမ္ကေန (၃)ဂိုးေပးလိုက္ရၿပီး အဲဒါက တကယ့္ကို စိတ္ပ်က္စရာေကာင္းပါတယ္။ ဒီေပးဂိုးေတြအတြက္ ဘယ္သူ႔ကိုမွ အျပစ္မတင္လိုေပမယ့္ အခုထက္ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္မ်ိဳးလုပ္ျပသင့္တယ္ဆိုတာ ကစားသမားေတြ အားလုံးနားလည္သေဘာေပါက္သင့္တယ္ထင္ပါတယ္”လို႔ ေျပာၾကားခဲ့တာပါ။

ယူႏိုက္တက္အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္(၄)ပြဲမွာ တစ္ပြဲသာအႏိုင္ရခဲ့ၿပီး (၂)ပြဲသေရ၊ တစ္ပြဲရႈံးခဲ့တာေၾကာင့္ ျဖစ္ႏိုင္ေျခရွိတဲ့ (၁၂)မွတ္ထဲက (၅)မွတ္သာရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ ဒီရာသီ အိမ္ကြင္းစြမ္းေဆာင္ရည္က ဆိုး႐ြားလြန္းၿပီး ေနာက္ဆုံး(၄)ပြဲမွာ အိမ္ကြင္းပြဲစဥ္(၂)ပြဲျဖစ္တဲ့ ရွက္ဖီးယူႏိုက္တက္၊ အဲဗာတန္တို႔ကို အႏိုင္မကစားႏိုင္ခဲ့ပါဘူး။ အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းဟာ ထိပ္ဆုံးက မန္စီးတီးထက္ (၂)ပြဲပိုကစားထားၿပီး (၂)မွတ္အကြာ (၄၅)မွတ္နဲ႔ အဆင့္(၂)ေနရာမွာရပ္တည္ေနဆဲဆိုေပမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ေမွ်ာ္လင့္ဖို႔ထက္ လက္ရွိေနရာမွာ ဆက္ရွိေနဖို႔ကိုသာ ပိုအာ႐ုံစိုက္ရေတာ့မယ့္အေနအထားပါပဲ။