ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် နောက်ဆုံးပွဲအထိ အဆုံးအဖြတ်ခံယူခဲ့ရတဲ့ ရာသီများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲက ပြီးခဲ့တဲ့ရာသီတွေကထက် ချန်ပီယံဆုအတွက် ပိုပြီးပြိုင်ဆိုင်မှုရှိတယ်လို့ ပြောရမှာပါ။ တခြားသောရာသီတွေမှာ ချန်ပီယံဖလားရရှိဖို့ (၂)သင်း အများဆုံး (၃)သင်းလောက်ပဲ အဓိကယှဉ်ပြိုင်ရလေ့ရှိပေမယ့် ဒီရာသီမှာတော့ ထူးထူးခြားခြားပဲ ချန်ပီယံဆုအတွက်(၄)သင်းအထိ အကြိတ်အနယ် ပြိုင်ဆိုင်နေတာကို တွေ့ရတယ်။

အခုလောလောဆယ် မန်ချက်စတာယူနိုက်တက်အသင်းက ရမှတ်(၄၀)နဲ့ ထိပ်ဆုံးကပြေးနေပြီး သူ့နောက်မှာ မန်စီးတီး (၃၈မှတ်)၊ လက်စတာ (၃၈မှတ်)နဲ့ လီဗာပူးလ် (၃၄မှတ်)တို့က ထပ်ကြပ်မကွာ လိုက်နေပါတယ်။ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့က တစ်ပွဲစီလျော့ထားလို့ ပွဲကျန်တွေကိုသာ အနိုင်ကစားခဲ့ရင် ချန်ပီယံပြေးလမ်းကြောင်းက အခုထက်ပိုပြီး ကြည့်ကောင်းလာမယ့်အနေအထားပါပဲ။

နောက်ထပ်ထူးခြားတာက ဒီ(၄)သင်းစလုံးဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ဖူးတာကြောင့် ပရိသတ်စိတ်ဝင်စားမှု ပိုမြင့်တက်နေတာလည်းဖြစ်ပါတယ်။ အင်္ဂါနဲ့ ဗုဒ္ဓဟူး ရက်ပိုင်းလေးကြားမှာပဲ အဆင့်(၁)နေရာအပြောင်းအလဲဖြစ်မှုက လျင်မြန်ခဲ့ပြီး ယူနိုက်တက်ရဲ့ နေရာကို လက်စတာ ယူ၊ သိပ်မကြာခင် မန်စီးတီးက ပြန်တက်၊ နောက်တော့ ယူနိုက်တက်အသင်းက အဆင့်(၁)ပြန်ဖြစ်ခဲ့တာပါ။

ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ် ပွဲစဉ်(၁၉)အပြီး အဆင့်(၁)နေရာ အပြောင်းအလဲ အမြန်ဆုံးဖြစ်ခဲ့တဲ့ရာသီလို့လည်း ပြောရမယ်။

အဲဒါကြောင့် ဒီရာသီ ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာ စောစောစီးစီး အဖြေထွက်ဖို့ ခက်တဲ့အခြေအနေဖြစ်ပြီး မထင်မှတ်ဘဲ နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်ခံယူရဖို့ရှိနေတယ်လို့လည်း သုံးသပ်ရမှာပါ။ ဒါကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ ရာသီပိတ်ပွဲအပြီးအထိ ကစားပြီးမှ ချန်ပီယံအဖြေထွက်ခဲ့တဲ့ အသင်းတွေကို ပရိသတ်တွေ ဗဟုသုတရစေဖို့ ဖော်ပြပေးလိုက်ပါတယ် . . .

၁၉၉၄-၉၅ (ချန်ပီယံ-ဘလက်ဘန်း)

၁၉၉၂ ခုနှစ်မှာ ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲခဲ့ပြီး ယူနိုက်တက်အသင်းက ၁၉၉၂-၉၃၊ ၁၉၉၃-၉၄ ရာသီတွေမှာ ဆက်တိုက်ဗိုလ်စွဲခဲ့တယ်။ ဒါပေမဲ့ ၁၉၉၄-၉၅ ရာသီမှာတော့ နည်းပြဒဲလ်ဂလစ်ရှ်ရဲ့ ဦးဆောင်မှု နာမည်ကျော်တွေဖြစ်ကြတဲ့ ရှီးယား၊ ခရစ္စဆပ်တန်တို့ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ဘလက်ဘန်းအသင်းက ယူနိုက်တက်ကို ကျော်ဖြတ်ပြီး ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ပါတယ်။

ဒါပေမဲ့ ဘလက်ဘန်းနဲ့ ယူနိုက်တက်အသင်းတို့ဟာ ရာသီကုန်ပွဲစဉ်(၄၂) (အဲဒီရာသီမှာ အသင်း ၂၂ သင်းအထိပါဝင်ခဲ့)မတိုင်ခင်အထိ ဘတစ်ပြန်ကျားတစ်ပြန် ယှဉ်ပြိုင်ခဲ့ရတာပါ။ ရာသီပိတ်ပွဲမတိုင်ခင် ဘလက်ဘန်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ အမှတ်ကွာခြားချက်က (၂)မှတ်သာရှိခဲ့ပြီး ရာသီပိတ်မှာ လီဗာပူးလ်-ဘလက်ဘန်း၊ ဝက်စ်ဟမ်းနဲ့ ယူနိုက်တက်တို့ ဆုံတွေ့ခဲ့ကြပါတယ်။

ဘလက်ဘန်းအသင်းက လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ပေမယ့် ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းကို အနိုင်မရခဲ့ဘဲ (၁)ဂိုးစီသရေကျခဲ့တာကြောင့် သူတို့ရဲ့ လက်ရှိချန်ပီယံဘွဲ့ကို လက်လွှတ်ခံခဲ့ရတယ်။

၁၉၉၈-၉၉ (ချန်ပီယံ – မန်ချက်စတာယူနိုက်တက်)

ယူနိုက်တက်အသင်း သမိုင်းတစ်လျှောက် စံချိန်တင်အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ၁၉၉၈-၉၉ ရာသီမှာ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ဟာ ရာသီပိတ်ပွဲစဉ်အထိ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပါတယ်။ ပွဲစဉ်(၃၈)မတိုင်ခင် ယူနိုက်တက်အသင်းက (၇၆)မှတ်၊ အာဆင်နယ်အသင်းက (၇၅)မှတ်နဲ့ အပြိုင်ဖြစ်နေခဲ့တာပါ။

နောက်ဆုံးပွဲမှာ ယူနိုက်တက်အသင်းဟာ စပါး၊ အာဆင်နယ်အသင်းက ဗီလာကို အိမ်ကွင်းတွေမှာ လက်ခံကစားခဲ့ရပြီး ယူနိုက်တက်-စပါးပွဲမှာ စပါးအသင်းဟာ အဖွင့်ဂိုးရခဲ့တာကြောင့် နှစ်ဖက်အသင်း ပရိသတ်တွေ အကြီးအကျယ် ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်းအတွက် ဘက်ခမ်နဲ့ အန်ဒီကိုးလ်တို့က ဂိုးတွေ သွင်းယူခဲ့ကြတာကြောင့် ယူနိုက်တက်ပရိသတ်တွေ အောင်ပွဲခံခဲ့ပြီး အာဆင်နယ်ကတော့ ဗီလာကို အနိုင်ရခဲ့ပေမယ့် အသည်းကွဲခဲ့ရပါတယ်။

၂၀၀၇-၀၈ (ချန်ပီယံ – ယူနိုက်တက်)

အဓိက ဖလား(၃)ခုရခဲ့တဲ့ ၁၉၉၈-၉၉ ရာသီပြီးရင် ယူနိုက်တက်တို့အတွက် ဒုတိယအကြီးအကျယ်ဆုံး ရာသီဖြစ်တဲ့ ၂၀၀၇-၀၈ ရာသီမှာလည်း ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံးပွဲအထိ အဆုံးအဖြတ်ခံယူခဲ့ရတယ်။

ပွဲစဉ်(၃၈)မတိုင်ခင် ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့က (၈၄)မှတ်စီ အပြိုင်ဖြစ်နေပြီး နောက်ဆုံးပွဲမှာ ယူနိုက်တက်က ဝီဂန်ကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ချယ်လ်ဆီးက ဘော်လ်တန်ကို (၁)ဂိုးစီသရေကျခဲ့လို့ ချန်ပီယံဖြစ်ခွင့် လက်လွှတ်ခဲ့ရပါတယ်။

၂၀၀၉-၁၀ (ချန်ပီယံ – ချယ်လ်ဆီး)

ဒီရာသီမှာတော့ ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက်ကို လက်စားပြန်ချေနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့တယ်။ ပွဲစဉ်(၃၈)မကစားခင် ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့ကြားမှာ (၁)မှတ်သာကွာဟခဲ့ပေမယ့် ရာသီပိတ်မှာတော့ ချယ်လ်ဆီးက ဝီဂန်ကို (၈)ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

၂၀၁၁-၁၂ (ချန်ပီယံ – မန်စီးတီး)

ဒီရာသီကတော့ ပရီးမီးယားလိဂ်သမိုင်းမှာ ဖြစ်တောင့်ဖြစ်ခဲရာသီတစ်ခုလို့ ပြောရမှာပါ။ ပရီးမီးယားလိဂ်ဖလားကို မန်ချက်စတာမြို့ခံ(၂)သင်းအပြိုင်လုခဲ့ကြပြီး နောက်ဆုံးပွဲစဉ်မှာ မန်စီးတီး-QPR ၊ ဆန်းဒါးလန်း-ယူနိုက်တက်တို့ ဆုံတွေ့ခဲ့ကြတယ်။ မန်စီးတီးဟာ QPR ကို နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အထိ အကြိတ်အနယ်ကစားခဲ့ရပြီးမှ အဂွဲရိုးရဲ့ ဂိုးကြောင့် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ မန်ချက်စတာ(၂)သင်းဟာ (၈၉)မှတ်စီတူနေပေမယ့် ဂိုးကွာခြားချက်အရ မန်စီးတီးအသင်းက ချန်ပီယံဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

၂၀၁၃-၁၄ (ချန်ပီယံ – မန်စီးတီး)

လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ နီးစပ်ခဲ့ပြီးမှ ဂျရတ်ရဲ့ ခြေချော်လဲမှုနဲ့ ချယ်လ်ဆီးကို ရှုံး၊ ပဲလေ့စ်နဲ့ သရေကျခဲ့တာကြောင့် မန်စီးတီးအသင်းရဲ့ ကျော်တက်တာကို ခံခဲ့ရပါတယ်။ မန်စီးတီးအသင်းဟာ (၈၆)မှတ်ရရှိခဲ့ပြီး လီဗာပူးလ်ထက် (၂)မှတ်အသာနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဒုတိယအကြိမ် ရယူနိုင်ခဲ့တယ်။

၂၀၁၈-၁၉ (ချန်ပီယံ – မန်စီးတီး)

မန်စီးတီးအသင်းဟာ ချန်ပီယံဖြစ်ခဲ့တဲ့ အကြိမ်တော်တော်များများ နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ်ကစားရတာက ထူးခြားချက်ဖြစ်ပြီး ၂၀၁၈-၁၉ ရာသီမှာလည်း လီဗာပူးလ်နဲ့ အကြိတ်အနယ်ကစားခဲ့ရပြန်တယ်။ နောက်ဆုံးပွဲမတိုင်ခင် ဒီနှစ်သင်းအကြား အမှတ်ကွာဟချက်က (၁)မှတ်သာရှိပြီး ပွဲစဉ် (၃၈)မှာ မန်စီးတီးက ဘရိုက်တန်နဲ့ အဝေးကွင်းပွဲ ကစားရခဲ့ပါတယ်။ ၂၀၁၁-၁၂ ရာသီတုန်းကလို ဘရိုက်တန်အသင်းရဲ့ ဦးဆောင်ဂိုးကြောင့် မန်စီးတီး နောက်ကလိုက်ကစားခဲ့ရပေမယ့် ချေပဂိုး၊ အနိုင်ဂိုးတွေ လွယ်လွယ်ကူကူပြန်ရခဲ့ပြီး (၄-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့လို့ လီဗာပူးလ်ကို နောက်ကောက်ချနိုင်ခဲ့တယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ေနာက္ဆုံးပြဲအထိ အဆုံးအျဖတ္ခံယူခဲ့ရတဲ့ ရာသီမ်ား

ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲက ၿပီးခဲ့တဲ့ရာသီေတြကထက္ ခ်န္ပီယံဆုအတြက္ ပိုၿပီးၿပိဳင္ဆိုင္မႈရွိတယ္လို႔ ေျပာရမွာပါ။ တျခားေသာရာသီေတြမွာ ခ်န္ပီယံဖလားရရွိဖို႔ (၂)သင္း အမ်ားဆုံး (၃)သင္းေလာက္ပဲ အဓိကယွဥ္ၿပိဳင္ရေလ့ရွိေပမယ့္ ဒီရာသီမွာေတာ့ ထူးထူးျခားျခားပဲ ခ်န္ပီယံဆုအတြက္(၄)သင္းအထိ အႀကိတ္အနယ္ ၿပိဳင္ဆိုင္ေနတာကို ေတြ႕ရတယ္။ အခုေလာေလာဆယ္ မန္ခ်က္စတာယူႏိုက္တက္အသင္းက ရမွတ္(၄၀)နဲ႔ ထိပ္ဆုံးကေျပးေနၿပီး သူ႔ေနာက္မွာ မန္စီးတီး (၃၈မွတ္)၊ လက္စတာ (၃၈မွတ္)နဲ႔ လီဗာပူးလ္ (၃၄မွတ္)တို႔က ထပ္ၾကပ္မကြာ လိုက္ေနပါတယ္။ မန္စီးတီးနဲ႔ လီဗာပူးလ္အသင္းတို႔က တစ္ပြဲစီေလ်ာ့ထားလို႔ ပြဲက်န္ေတြကိုသာ အႏိုင္ကစားခဲ့ရင္ ခ်န္ပီယံေျပးလမ္းေၾကာင္းက အခုထက္ပိုၿပီး ၾကည့္ေကာင္းလာမယ့္အေနအထားပါပဲ။

ေနာက္ထပ္ထူးျခားတာက ဒီ(၄)သင္းစလုံးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ဖူးတာေၾကာင့္ ပရိသတ္စိတ္ဝင္စားမႈ ပိုျမင့္တက္ေနတာလည္းျဖစ္ပါတယ္။ အဂၤါနဲ႔ ဗုဒၶဟူး ရက္ပိုင္းေလးၾကားမွာပဲ အဆင့္(၁)ေနရာအေျပာင္းအလဲျဖစ္မႈက လ်င္ျမန္ခဲ့ၿပီး ယူႏိုက္တက္ရဲ႕ ေနရာကို လက္စတာ ယူ၊ သိပ္မၾကာခင္ မန္စီးတီးက ျပန္တက္၊ ေနာက္ေတာ့ ယူႏိုက္တက္အသင္းက အဆင့္(၁)ျပန္ျဖစ္ခဲ့တာပါ။ ဒါဟာ ပရီးမီးယားလိဂ္သမိုင္းမွာ ပထမဆုံးအႀကိမ္ ပြဲစဥ္(၁၉)အၿပီး အဆင့္(၁)ေနရာ အေျပာင္းအလဲ အျမန္ဆုံးျဖစ္ခဲ့တဲ့ရာသီလို႔လည္း ေျပာရမယ္။ အဲဒါေၾကာင့္ ဒီရာသီ ခ်န္ပီယံဘယ္သူျဖစ္မလဲဆိုတာ ေစာေစာစီးစီး အေျဖထြက္ဖို႔ ခက္တဲ့အေျခအေနျဖစ္ၿပီး မထင္မွတ္ဘဲ ေနာက္ဆုံးပြဲစဥ္အထိ အဆုံးအျဖတ္ခံယူရဖို႔ရွိေနတယ္လို႔လည္း သုံးသပ္ရမွာပါ။ ဒါေၾကာင့္ ပရီးမီးယားလိဂ္သမိုင္းမွာ ရာသီပိတ္ပြဲအၿပီးအထိ ကစားၿပီးမွ ခ်န္ပီယံအေျဖထြက္ခဲ့တဲ့ အသင္းေတြကို ပရိသတ္ေတြ ဗဟုသုတရေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္ . . .

၁၉၉၄-၉၅ (ခ်န္ပီယံ-ဘလက္ဘန္း)

၁၉၉၂ ခုႏွစ္မွာ ပရီးမီးယားလိဂ္လို႔ အမည္ေျပာင္းလဲခဲ့ၿပီး ယူႏိုက္တက္အသင္းက ၁၉၉၂-၉၃၊ ၁၉၉၃-၉၄ ရာသီေတြမွာ ဆက္တိုက္ဗိုလ္စြဲခဲ့တယ္။ ဒါေပမဲ့ ၁၉၉၄-၉၅ ရာသီမွာေတာ့ နည္းျပဒဲလ္ဂလစ္ရွ္ရဲ႕ ဦးေဆာင္မႈ နာမည္ေက်ာ္ေတြျဖစ္ၾကတဲ့ ရွီးယား၊ ခရစၥဆပ္တန္တို႔ရဲ႕ ေျခစြမ္းျပမႈနဲ႔အတူ ဘလက္ဘန္းအသင္းက ယူႏိုက္တက္ကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံခဲ့ပါတယ္။ ဒါေပမဲ့ ဘလက္ဘန္းနဲ႔ ယူႏိုက္တက္အသင္းတို႔ဟာ ရာသီကုန္ပြဲစဥ္(၄၂) (အဲဒီရာသီမွာ အသင္း ၂၂ သင္းအထိပါဝင္ခဲ့)မတိုင္ခင္အထိ ဘတစ္ျပန္က်ားတစ္ျပန္ ယွဥ္ၿပိဳင္ခဲ့ရတာပါ။ ရာသီပိတ္ပြဲမတိုင္ခင္ ဘလက္ဘန္းနဲ႔ ယူႏိုက္တက္အသင္းတို႔ရဲ႕ အမွတ္ကြာျခားခ်က္က (၂)မွတ္သာရွိခဲ့ၿပီး ရာသီပိတ္မွာ လီဗာပူးလ္-ဘလက္ဘန္း၊ ဝက္စ္ဟမ္းနဲ႔ ယူႏိုက္တက္တို႔ ဆုံေတြ႕ခဲ့ၾကပါတယ္။ ဘလက္ဘန္းအသင္းက လီဗာပူးလ္ကို ရႈံးနိမ့္ခဲ့ေပမယ့္ ယူႏိုက္တက္အသင္းဟာ ဝက္စ္ဟမ္းကို အႏိုင္မရခဲ့ဘဲ (၁)ဂိုးစီသေရက်ခဲ့တာေၾကာင့္ သူတို႔ရဲ႕ လက္ရွိခ်န္ပီယံဘြဲ႕ကို လက္လႊတ္ခံခဲ့ရတယ္။

၁၉၉၈-၉၉ (ခ်န္ပီယံ – မန္ခ်က္စတာယူႏိုက္တက္)

ယူႏိုက္တက္အသင္း သမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့တဲ့ ၁၉၉၈-၉၉ ရာသီမွာ ယူႏိုက္တက္နဲ႔ အာဆင္နယ္အသင္းတို႔ဟာ ရာသီပိတ္ပြဲစဥ္အထိ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အႀကိတ္အနယ္ယွဥ္ၿပိဳင္ခဲ့ရပါတယ္။ ပြဲစဥ္(၃၈)မတိုင္ခင္ ယူႏိုက္တက္အသင္းက (၇၆)မွတ္၊ အာဆင္နယ္အသင္းက (၇၅)မွတ္နဲ႔ အၿပိဳင္ျဖစ္ေနခဲ့တာပါ။ ေနာက္ဆုံးပြဲမွာ ယူႏိုက္တက္အသင္းဟာ စပါး၊ အာဆင္နယ္အသင္းက ဗီလာကို အိမ္ကြင္းေတြမွာ လက္ခံကစားခဲ့ရၿပီး ယူႏိုက္တက္-စပါးပြဲမွာ စပါးအသင္းဟာ အဖြင့္ဂိုးရခဲ့တာေၾကာင့္ ႏွစ္ဖက္အသင္း ပရိသတ္ေတြ အႀကီးအက်ယ္ ရင္ခုန္စိတ္လႈပ္ရွားခဲ့ရတယ္။ ဒါေပမဲ့ ယူႏိုက္တက္အသင္းအတြက္ ဘက္ခမ္နဲ႔ အန္ဒီကိုးလ္တို႔က ဂိုးေတြ သြင္းယူခဲ့ၾကတာေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြ ေအာင္ပြဲခံခဲ့ၿပီး အာဆင္နယ္ကေတာ့ ဗီလာကို အႏိုင္ရခဲ့ေပမယ့္ အသည္းကြဲခဲ့ရပါတယ္။

၂၀၀၇-၀၈ (ခ်န္ပီယံ – ယူႏိုက္တက္)

အဓိက ဖလား(၃)ခုရခဲ့တဲ့ ၁၉၉၈-၉၉ ရာသီၿပီးရင္ ယူႏိုက္တက္တို႔အတြက္ ဒုတိယအႀကီးအက်ယ္ဆုံး ရာသီျဖစ္တဲ့ ၂၀၀၇-၀၈ ရာသီမွာလည္း ယူႏိုက္တက္နဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ေနာက္ဆုံးပြဲအထိ အဆုံးအျဖတ္ခံယူခဲ့ရတယ္။ ပြဲစဥ္(၃၈)မတိုင္ခင္ ခ်ယ္လ္ဆီးနဲ႔ ယူႏိုက္တက္အသင္းတို႔က (၈၄)မွတ္စီ အၿပိဳင္ျဖစ္ေနၿပီး ေနာက္ဆုံးပြဲမွာ ယူႏိုက္တက္က ဝီဂန္ကို (၂-ဝ)ဂိုးနဲ႔ အႏိုင္ရခဲ့ေပမယ့္ ခ်ယ္လ္ဆီးက ေဘာ္လ္တန္ကို (၁)ဂိုးစီသေရက်ခဲ့လို႔ ခ်န္ပီယံျဖစ္ခြင့္ လက္လႊတ္ခဲ့ရပါတယ္။

၂၀၀၉-၁၀ (ခ်န္ပီယံ – ခ်ယ္လ္ဆီး)

ဒီရာသီမွာေတာ့ ခ်ယ္လ္ဆီးအသင္းဟာ ယူႏိုက္တက္ကို လက္စားျပန္ေခ်ႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ပိုင္ဆိုင္ႏိုင္ခဲ့တယ္။ ပြဲစဥ္(၃၈)မကစားခင္ ခ်ယ္လ္ဆီးနဲ႔ ယူႏိုက္တက္တို႔ၾကားမွာ (၁)မွတ္သာကြာဟခဲ့ေပမယ့္ ရာသီပိတ္မွာေတာ့ ခ်ယ္လ္ဆီးက ဝီဂန္ကို (၈)ဂိုးျပတ္အႏိုင္ယူၿပီး ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

၂၀၁၁-၁၂ (ခ်န္ပီယံ – မန္စီးတီး)

ဒီရာသီကေတာ့ ပရီးမီးယားလိဂ္သမိုင္းမွာ ျဖစ္ေတာင့္ျဖစ္ခဲရာသီတစ္ခုလို႔ ေျပာရမွာပါ။ ပရီးမီးယားလိဂ္ဖလားကို မန္ခ်က္စတာၿမိဳ႕ခံ(၂)သင္းအၿပိဳင္လုခဲ့ၾကၿပီး ေနာက္ဆုံးပြဲစဥ္မွာ မန္စီးတီး-QPR ၊ ဆန္းဒါးလန္း-ယူႏိုက္တက္တို႔ ဆုံေတြ႕ခဲ့ၾကတယ္။ မန္စီးတီးဟာ QPR ကို ေနာက္ဆုံးမိနစ္၊ ေနာက္ဆုံးစကၠန႔္အထိ အႀကိတ္အနယ္ကစားခဲ့ရၿပီးမွ အဂြဲ႐ိုးရဲ႕ ဂိုးေၾကာင့္ ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ မန္ခ်က္စတာ(၂)သင္းဟာ (၈၉)မွတ္စီတူေနေပမယ့္ ဂိုးကြာျခားခ်က္အရ မန္စီးတီးအသင္းက ခ်န္ပီယံျဖစ္ခဲ့တာပဲျဖစ္ပါတယ္။

၂၀၁၃-၁၄ (ခ်န္ပီယံ – မန္စီးတီး)

လီဗာပူးလ္အသင္း ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ နီးစပ္ခဲ့ၿပီးမွ ဂ်ရတ္ရဲ႕ ေျခေခ်ာ္လဲမႈနဲ႔ ခ်ယ္လ္ဆီးကို ရႈံး၊ ပဲေလ့စ္နဲ႔ သေရက်ခဲ့တာေၾကာင့္ မန္စီးတီးအသင္းရဲ႕ ေက်ာ္တက္တာကို ခံခဲ့ရပါတယ္။ မန္စီးတီးအသင္းဟာ (၈၆)မွတ္ရရွိခဲ့ၿပီး လီဗာပူးလ္ထက္ (၂)မွတ္အသာနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ဒုတိယအႀကိမ္ ရယူႏိုင္ခဲ့တယ္။

၂၀၁၈-၁၉ (ခ်န္ပီယံ – မန္စီးတီး)

မန္စီးတီးအသင္းဟာ ခ်န္ပီယံျဖစ္ခဲ့တဲ့ အႀကိမ္ေတာ္ေတာ္မ်ားမ်ား ေနာက္ဆုံးပြဲစဥ္အထိ အႀကိတ္အနယ္ကစားရတာက ထူးျခားခ်က္ျဖစ္ၿပီး ၂၀၁၈-၁၉ ရာသီမွာလည္း လီဗာပူးလ္နဲ႔ အႀကိတ္အနယ္ကစားခဲ့ရျပန္တယ္။ ေနာက္ဆုံးပြဲမတိုင္ခင္ ဒီႏွစ္သင္းအၾကား အမွတ္ကြာဟခ်က္က (၁)မွတ္သာရွိၿပီး ပြဲစဥ္ (၃၈)မွာ မန္စီးတီးက ဘ႐ိုက္တန္နဲ႔ အေဝးကြင္းပြဲ ကစားရခဲ့ပါတယ္။ ၂၀၁၁-၁၂ ရာသီတုန္းကလို ဘ႐ိုက္တန္အသင္းရဲ႕ ဦးေဆာင္ဂိုးေၾကာင့္ မန္စီးတီး ေနာက္ကလိုက္ကစားခဲ့ရေပမယ့္ ေခ်ပဂိုး၊ အႏိုင္ဂိုးေတြ လြယ္လြယ္ကူကူျပန္ရခဲ့ၿပီး (၄-၁)ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ရခဲ့လို႔ လီဗာပူးလ္ကို ေနာက္ေကာက္ခ်ႏိုင္ခဲ့တယ္။