ပရီးမီးယားလိဂ်ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့ ဘာတွေလိုအပ်လဲဆိုတာ ဘုတ်အဖွဲ့ထံ အသိပေးလိုက်တဲ့ ဆိုးလ်ရှား

Photo Credit

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ရေးအတွက် အပြောင်းအရွှေ့ ၃ခုလောက် လုပ်နိုင်ခဲ့ရင် ဘယ်လောက်အထိ ဖြစ်လာနိုင်လဲဆိုတာ ရှင်းပြသွားပါတယ်။

Photo Credit

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီပွဲမှာ စီးတီးကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး ယခုရာသီအတွင်း နည်းပြဂွါဒီယိုလာရဲ့အသင်းကို ၃ကြိမ်မြောက် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ ဆိုးလ်ရှားကတော့ လက်ရှိအသင်းအင်အားစုဖွဲ့မှုအပေါ် အပြည့်အဝအားရကျေနပ်ခြင်းမရှိသေးဘဲ လာမယ့်နွေရာသီအတွင်း ကစားသမားသစ် ၃ဦးခေါ်ယူပေးဖို့ တောင်းဆိုသွားပါတယ်။

Photo Credit

”ဒီပွဲရလဒ်က ဘာကိုပြနေလဲဆိုရင် ကျွန်တော်တို့အသင်း လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတဲ့အကြောင်း၊ တိုးတက်လာပြီဆိုတဲ့အကြောင်းတွေပါ။ ကျွန်တော်တို့ဟာ ယူနိုက်တက်ဖြစ်ပြီး ကိုယ့်ရှေ့မှာရှိတဲ့ပြိုင်ဘက်ကို မိအောင်ဖမ်းနိုင်ဖို့ ကြိုးစားနေပါတယ်”

Photo Credit

”အချိန်တိုင်း တိုးတက်လာတယ်လို့လည်း ခံစားနေရပါတယ်။ ကစားသမား ၁ဦး၊ ၂ဦး၊ ၃ဦးလောက် အားဖြည့်လိုက်ရင် ချန်ပီယံလောင်းဖြစ်လာမှာဖြစ်ပြီး ဒါကိုလည်း သိထားပါတယ်။ အခုတော့ အမှတ်ပေးဇယားမှာ အမှတ်တွေရယူပြီး အပေါ်တက်နိုင်ဖို့ပဲ ကြိုးစားနေပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။

Photo Credit

”ဒီလိုကြိုးစားအားထုတ်မှုကောင်းတဲ့အသင်းသားတွေကို နည်းပြအဖြစ် တာဝန်ယူခွင့်ရတာ တကယ့်ကိုဂုဏ်ယူစရာကောင်းပြီး အသင်းသားတွေက သူတို့မှာရှိသမျှအရာအားလုံးပေးဆပ်ကစားနေတာပါ။ ၃ မှတ်ရခဲ့တာမှန်ပေမယ့် ဒီလိုပြဿနာတွေကြားထဲမှာ စီးတီးလိုအသင်းမျိုးကို အနိုင်ရခဲ့တာက တကယ့်ကိုအံ့အားသင့်စရာပါ”လို့ ဆိုးလ်ရှားက ဆက်ပြောပါတယ်။

Photo Credit

Zawgyi

ပရီးမီးယားလိဂ္ခ်န္ပီယံဆုစိန္ေခၚႏိုင္ဖို႔ ဘာေတြလုိအပ္လဲဆိုတာ ဘုတ္အဖြဲ႕ထံ အသိေပးလုိက္တဲ့ ဆုိးလ္ရွား

ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားက ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏုိင္ေရးအတြက္ အေျပာင္းအေရႊ႕ ၃ခုေလာက္ လုပ္ႏိုင္ခဲ့ရင္ ဘယ္ေလာက္အထိ ျဖစ္လာႏုိင္လဲဆုိတာ ရွင္းျပသြားပါတယ္။
ယူႏုိက္တက္ဟာ တနဂၤေႏြေန႔က မန္ခ်က္စတာဒါဘီပြဲမွာ စီးတီးကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ယခုရာသီအတြင္း နည္းျပဂြါဒီယိုလာရဲ႕အသင္းကို ၃ႀကိမ္ေျမာက္ အႏိုင္ရခဲ့တာလည္း ျဖစ္ပါတယ္။
ဒါေပမဲ့ ဆုိးလ္ရွားကေတာ့ လက္ရွိအသင္းအင္အားစုဖြဲ႕မႈအေပၚ အျပည့္အ၀အားရေက်နပ္ျခင္းမရွိေသးဘဲ လာမယ့္ေႏြရာသီအတြင္း ကစားသမားသစ္ ၃ဦးေခၚယူေပးဖို႔ ေတာင္းဆိုသြားပါတယ္။
”ဒီပဲြရလဒ္က ဘာကိုျပေနလဲဆုိရင္ ကၽြန္ေတာ္တို႔အသင္း လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနၿပီဆုိတဲ့အေၾကာင္း၊ တုိးတက္လာၿပီဆုိတဲ့အေၾကာင္းေတြပါ။ ကၽြန္ေတာ္တုိ႔ဟာ ယူႏုိက္တက္ျဖစ္ၿပီး ကိုယ့္ေရွ႕မွာရွိတဲ့ၿပိဳင္ဘက္ကို မိေအာင္ဖမ္းႏုိင္ဖို႔ ႀကိဳးစားေနပါတယ္”
”အခ်ိန္တုိင္း တုိးတက္လာတယ္လုိ႔လည္း ခံစားေနရပါတယ္။ ကစားသမား ၁ဦး၊ ၂ဦး၊ ၃ဦးေလာက္ အားျဖည့္လုိက္ရင္ ခ်န္ပီယံေလာင္းျဖစ္လာမွာျဖစ္ၿပီး ဒါကိုလည္း သိထားပါတယ္။ အခုေတာ့ အမွတ္ေပးဇယားမွာ အမွတ္ေတြရယူၿပီး အေပၚတက္ႏိုင္ဖို႔ပဲ ႀကိဳးစားေနပါတယ္”လုိ႔ ဆိုးလ္ရွားက ေျပာပါတယ္။
”ဒီလုိႀကိဳးစားအားထုတ္မႈေကာင္းတဲ့အသင္းသားေတြကို နည္းျပအျဖစ္ တာ၀န္ယူခြင့္ရတာ တကယ့္ကိုဂုဏ္ယူစရာေကာင္းၿပီး အသင္းသားေတြက သူတုိ႔မွာရွိသမွ်အရာအားလုံးေပးဆပ္ကစားေနတာပါ။ ၃ မွတ္ရခဲ့တာမွန္ေပမယ့္ ဒီလုိျပႆနာေတြၾကားထဲမွာ စီးတီးလုိအသင္းမ်ိဳးကို အႏိုင္ရခဲ့တာက တကယ့္ကိုအ့ံအားသင့္စရာပါ”လုိ႔ ဆုိးလ္ရွားက ဆက္ေျပာပါတယ္။