ပရီးမီးယားလိဂ်ခေတ်မှာ အကောင်းဆုံးအဖြစ် စီရော်နယ်လ်ဒို၊ ဆာလာကိုကျော်ဖြတ်ပြီး အွန်နရီရွေးချယ်ခံရ

ပရိသတ်တွေဆီက မဲဆန္ဒကောက်ခံချက်အရ အာဆင်နယ်အသင်းဂန္ထဝင်

တိုက်စစ်မှူးအွန်နရီဟာ ပရီးမီးယားလိဂ်ခေတ်မှာ အကောင်းဆုံးကစားသမားအဖြစ်

ရွေးချယ်ခံခဲ့ရပါတယ်။ ဗြိတိန်နာမည်ကျော် ဘွတ်ကီဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့

Betfair နဲ့ အချက်အလက်စစ်တမ်းကောက်ခံတဲ့ YouGov အဖွဲ့တို့ပူးပေါင်းပြီး

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားက

ဘယ်သူများလဲဆိုတာ ပရိသတ်အယောက်(၁၀၀၀)ကျော်ဆီကနေ

မဲဆန္ဒကောက်ခံခဲ့တာမှာ အွန်နရီက လက်ရှိနာမည်ကျော်ကစားသမားတွေဖြစ်တဲ့

စီရော်နယ်လ်ဒို၊ ဆာလာတို့ထက် မဲအရေအတွက် ပိုရခဲ့တာဖြစ်ပါတယ်။

အသက်(၄၄)နှစ်အရွယ်ရှိပြီဖြစ်သူ အွန်နရီဟာ အာဆင်နယ်အသင်းမှာ

၁၉၉၉-၂၀၀၇၊ ၂၀၁၂ ခုနှစ်တွေမှာကစားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲပေါင်း

(၂၅၈)ပွဲကစား၊ (၁၇၅)ဂိုးသွင်းယူခဲ့သလို အသင်းအတွက် အမှတ်ပေးဖလား

(၂)ကြိမ်၊ FA ဖလား(၂)ကြိမ်ရှိခဲ့ပါတယ်။ အွန်နရီရဲ့ အကြီးမားဆုံးအောင်မြင်မှုက

၂၀၀၃-၀၄ ရာသီမှာ အာဆင်နယ်အသင်းရှုံးပွဲမရှိချန်ပီယံဖြစ်အောင်

စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ဂန္ထဝင်တစ်ဦးအဖြစ် သတ်မှတ်

ခံထားရသလို အခု ပရိသတ်တွေက ရွေးချယ်တဲ့ ပရီးမီးယားလိဂ်

သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားစာရင်းမှာလည်း

ထိပ်ဆုံးနေရာရရှိခဲ့တာဖြစ်ပါတယ်။ အွန်နရီဟာ မဲရေအတွက်(၁၅%)

ရရှိခဲ့ပြီး သူ့နောက်မှာတော့ ယူနိုက်တက်အသင်းမှာ လက်ရှိကစားနေတဲ့

ပေါ်တူဂီနာမည်ကျော်တိုက်စစ်ကစားသမားစီရော်နယ်လ်ဒိုက

ရပ်တည်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်

သွင်းဂိုးအများဆုံးကစားသမားစံချိန်ပိုင်ဆိုင်ထားတဲ့ ဘလက်ဘန်းနဲ့

နယူးကာဆယ်နာမည်ကျော်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက

တတိယရခဲ့သလို ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးကန်တိုနာ၊

လီဗာပူးလ်ဂန္ထဝင်ကွင်းလယ်လူဂျရတ်တို့ဟာလည်း ထိပ်ဆုံး(၅)ဦးစာရင်းမှာပါဝင်ခဲ့ကြပါတယ်။

zawgyi

ပရီးမီးယားလိဂ္ေခတ္မွာ အေကာင္းဆုံးအျဖစ္ စီေရာ္နယ္လ္ဒို၊ ဆာလာကိုေက်ာ္ျဖတ္ၿပီး အြန္နရီေ႐ြးခ်ယ္ခံရ

ပရိသတ္ေတြဆီက မဲဆႏၵေကာက္ခံခ်က္အရ အာဆင္နယ္အသင္းဂႏၴဝင္

တိုက္စစ္မႉးအြန္နရီဟာ ပရီးမီးယားလိဂ္ေခတ္မွာ အေကာင္းဆုံးကစားသမားအျဖစ္

ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ၿဗိတိန္နာမည္ေက်ာ္ ဘြတ္ကီဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့

Betfair နဲ႔ အခ်က္အလက္စစ္တမ္းေကာက္ခံတဲ့ YouGov အဖြဲ႕တို႔ပူးေပါင္းၿပီး

ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားက

ဘယ္သူမ်ားလဲဆိုတာ ပရိသတ္အေယာက္(၁၀၀၀)ေက်ာ္ဆီကေန

မဲဆႏၵေကာက္ခံခဲ့တာမွာ အြန္နရီက လက္ရွိနာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့

စီေရာ္နယ္လ္ဒို၊ ဆာလာတို႔ထက္ မဲအေရအတြက္ ပိုရခဲ့တာျဖစ္ပါတယ္။

အသက္(၄၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အြန္နရီဟာ အာဆင္နယ္အသင္းမွာ

၁၉၉၉-၂၀၀၇၊ ၂၀၁၂ ခုႏွစ္ေတြမွာကစားခဲ့ၿပီး ပရီးမီးယားလိဂ္ပြဲေပါင္း

(၂၅၈)ပြဲကစား၊ (၁၇၅)ဂိုးသြင္းယူခဲ့သလို အသင္းအတြက္ အမွတ္ေပးဖလား

(၂)ႀကိမ္၊ FA ဖလား(၂)ႀကိမ္ရွိခဲ့ပါတယ္။ အြန္နရီရဲ႕ အႀကီးမားဆုံးေအာင္ျမင္မႈက

၂၀၀၃-၀၄ ရာသီမွာ အာဆင္နယ္အသင္းရႈံးပြဲမရွိခ်န္ပီယံျဖစ္ေအာင္

စြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး အသင္းရဲ႕ဂႏၴဝင္တစ္ဦးအျဖစ္ သတ္မွတ္

ခံထားရသလို အခု ပရိသတ္ေတြက ေ႐ြးခ်ယ္တဲ့ ပရီးမီးယားလိဂ္

သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားစာရင္းမွာလည္း

ထိပ္ဆုံးေနရာရရွိခဲ့တာျဖစ္ပါတယ္။ အြန္နရီဟာ မဲေရအတြက္(၁၅%)

ရရွိခဲ့ၿပီး သူ႔ေနာက္မွာေတာ့ ယူႏိုက္တက္အသင္းမွာ လက္ရွိကစားေနတဲ့

ေပၚတူဂီနာမည္ေက်ာ္တိုက္စစ္ကစားသမားစီေရာ္နယ္လ္ဒိုက

ရပ္တည္ႏိုင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္

သြင္းဂိုးအမ်ားဆုံးကစားသမားစံခ်ိန္ပိုင္ဆိုင္ထားတဲ့ ဘလက္ဘန္းနဲ႔

နယူးကာဆယ္နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း အလန္ရွီးယားက

တတိယရခဲ့သလို ယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉးကန္တိုနာ၊

လီဗာပူးလ္ဂႏၴဝင္ကြင္းလယ္လူဂ်ရတ္တို႔ဟာလည္း ထိပ္ဆုံး(၅)ဦးစာရင္းမွာပါဝင္ခဲ့ၾကပါတယ္။